← Chapters

#တိုက်ခိုက်ခြင်း#

Vol. 51 Ch. 723

#တိုက်ခိုက်ခြင်း#

Vol. 51 Ch. 723

ရောက်လာသောသူများက ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ဖြစ်သည်။

သူတို့ထိုသုံးယောက်ကိုမြင်သောအခါ အကြောင်းရင်းတစ်ချို့ကြောင့် လင်းကျိနန်နှင့်ကျန်သောသူများ စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။

ဖြစ်နိုင်တာက ယဲ့ချိုးပိုင်တို့သုံးယောက်နှင့် ဘေးချင်းယှဉ်ပြီး တိုက်ခိုက်စဉ်ကာလအတွင်း သူတို့ယဲ့ချိုးပိုင်တို့ကို ဒီအုပ်စု၏ ကျောရိုးအဖြစ် မသိစိတ်က မှတ်ယူထားတာ ဖြစ်နိုင်ပေသည်။

ထိုအချိန်တွင် ပန်ရှီ ယဲ့ချိုးပိုင်အားကြည့်ရင်း ဆိုးယုတ်စွာပြုံးသည်။

"ဘာလဲ၊ နောက်ဆုံးတော့ မင်းမရှောင်တိမ်းတော့ဘူးလား"

"ပုန်းရမယ်"

ယဲ့ချိုးပိုင်ကိုးပေရှည်ကြယ်ကြွေဓားကို ကိုင်ရင်း ပန်ရှီအားလှည့်ကြည့်ကာ ခပ်ရေးရေးပြုံးသည်။

"ငါပုန်းနေဖို့မတွေးထားပါဘူး၊ အနည်းဆုံးတော့ ဘယ်သူမှငါ့ကို ပုန်းအောင်မလုပ်နိုင်ဘူး"

သူ့ဆရာဒေါသထွက်လာသည့်အချိန်နှင့် သူ့ကိုအမြဲအပြစ်တင်တတ်သည့် ဒုတိယဂျုနီယာညီမလေးကလွဲ၍ ဘယ်သူမှ ယဲ့ချိုးပိုင်ကို ပုန်းနေရအောင် မလုပ်နိုင်ပါ။

ဒါကိုကြားသောအခါ ပန်ရှီဒေါသမထွက်ဘဲ ယင်းအစား အေးစက်စွာနှာခေါင်းရှုံ့သည်။

"ဘာပဲဆိုဆို၊ မင်းတို့ဒီမှာရောက်နေပြီဆိုတော့ မင်းတို့နဲ့ငါ့ရဲ့ငရဲဂိုဏ်းကြားက အောင်နိုင်သူကို ဒီတိုက်ပွဲမှာ ဆုံးဖြတ်ရမယ်"

ပန်ရှီနှင့် ကျန်သောသုံးယောက်က စကားပြောရင်း လက်ချောင်းများနှင့် နဖူးကို ထိလိုက်ကြသည်။ သွေးရောင်ဝိဉာဉ်စွမ်းအားတစ်ခုက သူတို့ မျက်ခုံးကြားကနေ စိမ့်ထွက်လာခဲ့သည်။

ပြင်းထန်သည့်ဝိဉာဉ်ချီ အတက်အကျတစ်ခုက ပန်ရှီနှင့် ကျန်သောသူများကိုယ်မှ ပေါက်ကွဲလာခဲ့သည်။

"ကြည့်လေ၊ ငါမင်းကိုအရမ်းအလေးထားခဲ့ပါပြီ"

ပန်ရှီ ကိုယ်ခန္ဓာ၌ အဆက်မပြတ်ကြွယ်၀လာသည့် စွမ်းအင်ကို ခံစားရင်း သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသော်လည်း သူ့နှုတ်ခမ်းများ၌ အပြုံးတစ်ပွင့်ရှိသည်။

"လဲ့ကျန်းချီ၊ စုမုယောင်နဲ့ အဲဒီပါရမီရှင်လို့ ခေါ်တဲ့ကောင်တွေကို ကိုင်တွယ်တုန်းက ငါတို့ဘာလျှို့ဝှက်ကျင့်စဥ်ကိုမှ မသုံးခဲ့ဘူး"

"ပြီးတော့ မင်းတို့သုံးယောက်ကို လုံး၀ဖယ်ရှားပစ်ဖို့အတွက် မင်းလိုမျိုး သွေးပြောင်းလဲခြင်းနယ်ပယ်က ငါးပေါက်လေးကို ရင်ဆိုင်ဖို့အတွက် ငါတို့စွမ်းအားအပြည့်ကို သုံးမယ်၊ ဒါကြောင့် မင်းတို့ ဒီနေရာမှာ နောင်တမရှိဘဲ သေနိုင်ပါပြီ"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးရင်း ရှေ့တစ်လှမ်းလှမ်းလိုက်သည်။

"ငါသာတကယ်ပဲ သွေးပြောင်းလဲခြင်းနယ်ပယ်မှာ ရှိနေသေးတယ်ဆိုရင်တော့ မင်းပြိုင်ဘက်မဖြစ်နိုင်လောက်ဘူး၊ ဒါပေမယ့်....." ထို့နောက် ယဲ့ချိုးပိုင်လက်ထဲက ကိုးပေရှည်ကြယ်ကြွေဓားက အနည်းငယ် တုန်ခါသွားသည်။ ချက်ချင်းဆိုသလို ပန်ရှီနှင့် ကျန်သောသူများ၏ ကြက်သေသေနေသည့် အကြည့်အောက်တွင် ဝိဉာဉ်ချီက ပေါက်ကွဲသွားခဲ့သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ပန်ရှီ၏အမူအရာက ဖြည်းဖြည်းချင်း မည်းမှောင်လာခဲ့သည်။ သူ့မျက်လုံးများမှ မယုံနိုင်မှုတို့က သတ်ဖြတ်ခြင်းဆန္ဒဖြင့် အစားထိုးသွားသည်။

"အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်လား"

ဘာကြောင့် လဲ့ကျန်းချီနှင့် ကျန်သောသူများ အဆင့်ချိုးဖျက်ခဲ့သလဲဆိုတာ သူသိချင်နေခြင်းပင်။

"ကြည့်ရတာ ကြယ်တိမ်တိုက်မြို့မှာ ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုရှိပုံပဲ"

ယဲ့ချိုးပိုင်နောက်မှ ရှောင်ဟိုင်ရှေ့တစ်လှမ်းတိုးသည်။ ပုံစံကွက်ခြောက်ခုက သူ့ကိုယ်ခန္ဓာ၌ စတင်ပေါ်‌ပေါက်လာသည်။

ထိုအချိန်တွင် သူ့ကိုယ်ခွန်အားက မကြုံစဖူးအဆင့်တစ်ခုအထိ ထိုးတက်သွားခဲ့သည်။

မုဖူရှန်း ခြေတစ်လှမ်းနောက်ဆုတ်ကာ လက်ထဲတွင် အဆောင်အနည်းငယ်ကို ကိုင်ထားသည်။ သူတစ်ခြားလက်တစ်ဖက်၌ ရွှေရောင်နှင့်ခရမ်းရောင်မိုးကြိုးတစ်ခုက လက်ချောင်းထိပ်တွင် တဖျပ်ဖျပ် လင်း၀င်းနေသည်။

ဒါကိုမြင်သောအခါ လင်းကျိနန်၊ စုမုယောင်၊ လဲ့ကျန်းချီနှင့် ကျန်သောသူများ တုန်လှုပ်ချောက်ချားသွားကြ၏။

နောက်ထပ်အဆင့်ချိုးဖျက်တာလား!

ဘယ်လောက်ကြာသေးလို့လဲ!

သို့စေကာမူ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခဲ့သည့် ပန်ရှီနှင့်ကျန်သုံးယောက်ကလည်း မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းသွားခဲ့ကြလေပြီ။

ပန်ရှီအော်ဟစ်လိုက်သည်နှင့် ကျန်းချန်နှင့် ကျန်နှစ်ယောက်က သူ့နောက်ကနေ အနီးကပ်လိုက်သွားပြီး ယဲ့ချိုးပိုင်တို့သုံးယောက်ထံ ပြေး၀င်သွားကြ၏။

"မင်းတို့ခွန်အားက တိုးတက်လာတယ်ဆိုပေမယ့် မြေအင်မော်တယ်နယ်ပယ်ကို မကျော်လွှားနိုင်သေးပါဘူး"

အင်မော်တယ်တပိုင်းများက အင်မော်တယ်များ မဟုတ်ကြပါ။

မြေအင်မော်တယ်နယ်ပယ်ကို ရောက်မှသာလျှင် အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ကျင့်ကြံခြင်းကမ္ဘာတွင် ဘာကြောင့် ဒီလိုဆိုရိုးစကား ရှိရလေသနည်း။

အကြောင်းရင်းက ကျင့်ကြံသူတစ်ယောက်က မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းပြီးနောက် သူတို့ခွန်အားက အင်မော်တယ်တပိုင်းနယ်ပယ်က လူများထက် အများကြီး သာလွန်နေပေလိမ့်မည်။

ခွန်အားအရာ၌ ကွာခြားချက်ကလည်း အတော်လေး ကြီးမားသည်။

ပန်ရှီနှင့် ကျန်သောသူများ ပြေး၀င်လာတာကို ယဲ့ချိုးပိုင်တို့မြင်သည်။

ကောင်းကင်ရှိ သွေးတိမ်တိုက်ကလည်း ပန်ရှီတို့နောက်ကနေ လိုက်လာကြသည်။

သွေးအနံ့က ကြယ်တိမ်တိုက်မြို့တစ်ခုလုံးတွင် ပြည့်နှက်နေသည်။

ဒီမြင်ကွင်းကို မြင်သောအခါ ယဲ့ချိုးပိုင် မရှောင်တိမ်းဘဲ ကိုးပေရှည်ကြယ်ကြွေဓားကို ကိုင်ရင်း ပန်ရှီထံ ပြေး၀င်သွားခဲ့သည်။

"မကြိုးစားကြည့်ရင် ဘယ်လိုသိမှာလဲ"

အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကို တက်လှမ်းပြီးနောက် သူ့လက်ရှိခွန်အားကို အတည်ပြုရန်အတွက် တိုက်ပွဲတစ်ပွဲကို သူအရေးတကြီး လိုအပ်သည်။

ဒါ့အပြင် တိုက်ပွဲနှင့်အတူ သူ့လက်ရှိနယ်ပယ်ကို ယဲ့ချိုးပိုင် တည်ငြိမ်အောင် လုပ်နိုင်သည်။

ရှောင်ဟိုင်က ကျန်းချန်ထံ ပြေး၀င်သွား၏။

လူနှစ်ယောက်ကျန်သေးတာပဲ!

မုဖူရှန်း လင်းကျိနန်အား အားကိုးရာမဲ့စွာ ကြည့်ရင်းမေးသည်။

"မင်းမှာ တိုက်ခိုက်ဖို့စွမ်းရည်ရှိသေးလား"

လင်းကျိနန် တခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်သည်။

"သူတို့ထဲက တစ်ယောက်ကို အချိန်ဆွဲထားဖို့ဆိုတာတော့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် အရမ်းတော့ မကြာလောက်ဘူး"

မည်သို့ပင်ဆိုစေကာမူ လဲ့ကျန်းချီနှင့် ကျန်သောသူများက အပြင်းအထန် ဒဏ်ရာရထားကြသည် မဟုတ်ပေလော။

မုဖူရှန်း အဆောင်အနည်းငယ်ကိုပစ်ပြီး လဲ့ကျန်းချီနှင့် ကျန်သောသူများထံ ဖြန့်ဝေလိုက်သည်။

"အန္တရာယ်တခုခုရှိလာတာနဲ့ ဒီအဆောင်တွေကို သုံးလိုက်ပါ၊ မင်းတို့တစ်ယောက်ကို အချိန်ဆွဲထားနိုင်သရွေ့ အဆင်ပြေတယ်"

ထို့နောက် မုဖူရှန်း ဟန်ဟွားကိုကြည့်ရင်း အဆောင်အနည်းငယ် ပစ်လိုက်သည်။

ယခုအချိန်တွင်ပင် အစစ်အမှန်တိုက်ပွဲက စတင်လေတော့သည်။

ဒီတိုက်ပွဲတွင် ငရဲဂိုဏ်းက သူများဖြစ်ဖြစ် ယဲ့ချိုးပိုင်တို့ဘက်ကဖြစ်ဖြစ် တစ်ဘက်ကတော့ သေချာပေါက် သေရပေမည်။

ကွေ့ရောရင် ဒီမြင်ကွင်းကို တခြားတစ်ဘက်ကနေ မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက် အဆင့်ချိုးဖျက်ခဲ့သည့်ခွန်အားက တကယ်ကို မြန်ဆန်လွန်းသည်။

ဒါကအရမ်းမြန်လွန်းသဖြင့် သူတို့ပင် တစ်ခါမှ မကြားခဲ့ဖူးပါ။

ကွေ့ကောရင်၏ အဓိကအာရုံစိုက်မှုက ရှောင်ဟိုင်သာဖြစ်သည်။

ယခုတစ်ကြိမ်တွင် ရှောင်ဟိုင်၏ ရုပ်ခွန်အားက မဟာပြိုင်ပွဲတုန်းကထက် ဆယ်ဆပိုမိုအားကောင်းနေလေပြီ။

အကယ်၍သူ့တွင်သာ သံလိုက်အိမ်မြှောင်ထောင်ချောက် အခင်းအကျင်းသာမရှိပါက တစ်ဘက်လူကို ထပ်မံအနိုင်ယူရန် အခွင့်အရေးရှိတော့မည်လား။

‌အဖြေကတော့ မရှိပါ။

ကွေ့ကောရင် မည်းမှောင်သည့် အမူအရာဖြင့် ဒါကိုတွေးတောနေသည်။

ထိုအချိန်က သူကရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်ခဲ့ပါ။ ယခုသူ့ခွန်အားကလည်း တိုးတက်လာခဲ့သော်လည်း ရှောင်ဟိုင်နှင့်ယှဉ်ပါက ဒါက မလုံလောက်သေးတာ ရှင်းလင်းနေသည်။

"ကြည့်ရတာ ခန်းမသခင်ကို ငါဒီအကြောင်း အသိပေးရတော့မယ်ထင်တယ်၊ မဟုတ်ဘူးဆိုရင် ဒါက ငါတို့ကောင်းကင်ပြာမြစ်ဝါနန်းတော်ရဲ့ ကိစ္စတွေကို တကယ်ပဲ ပျက်စီးစေလိမ့်မယ်...."

ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့် ပန်ရှီတို့က ထိပ်တိုက် စတင်တိုက်ခိုက်ကြသည်။

ပန်ရှီ ဆိုးယုတ်စွာပြုံးရင်းပြောသည်။

"ငါ့တိုက်ခိုက်မှုကို မင်းဘယ်လိုတားဆီးမလဲ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ရိုက်ချလိုက်သည်။

ရုတ်ချည်းဆိုသလို ကောင်းကင်ပေါ်က သွေးတိမ်တိုက်များက ပေါက်ကွဲသွားကြပြီး သွေးအော်ရာစီးကြောင်းများက ပန်ရှီလက်ဖဝါးပေါ်၌ စုစည်းလာကြသည်။

ထို့နောက် လေဟာနယ်ကိုရိုက်ခွဲကာ ဝိဉာဉ်များကို ဆုတ်ဖြဲပစ်ချင်နေပုံရသည့် ဧရာမသွေးလက်သည်းတစ်ခုအဖြစ် သိပ်သည်းသွားပြီး ယဲ့ချိုးပိုင်အား ရုတ်တရက် ဖမ်းကိုင်သည်။

ယဲ့ချိုးပိုင် ပန်ရှီ၏စကားလုံးများကို လျစ်လျူရှုထားသည်။

လက်ထဲတွင် ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်ထားရင်း ဓားဆန္ဒက ရုတ်တရက် ကောင်းကင်ပေါ် ထိုးတက်သွား၏။

ဓားမြည်သံများထွက်လာသည်။ အင်မော်တယ်ဖမ်းစားမှုလှိုင်းများက ဓားပိုင်နက်ထဲတွင် ပြည့်နှက်သွားခဲ့သည်။

ပြန်လည်သက်သာလာသည့် လဲ့ကျန်းချီမှာ ဒီအင်မော်တယ်ဖမ်းစားမှုကို အာရုံခံမိသည်။ သူရုတ်တရက်ခေါင်းလှည့်ကာ ယဲ့ချိုးပိုင်ရှိရာဘက်သို့ လှည့်ကြည့်ရင်း သူ့အမူအရာက တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။

"အင်မော်တယ်ဓား၊ မဟုတ်ဘူး၊ ဒါမမှန်ဘူး၊ အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်"

သူကအင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်သာ ဖြစ်သော်လည်း အင်မော်တယ်ဓားနယ်ပယ်၏ အစွန်းကို တက်လှမ်းနေလေပြီ။

ဒီအစွန်းလေးကပင် မရေမတွက်နိုင်လောက်သည့် ဓားသမားများကို ပိတ်ဆို့ထားလေသည်။

ယဲ့ချိုးပိုင်ကရော!

သူ့နယ်ပယ်က အင်မော်တယ်တပိုင်းနယ်ပယ်သာ ဖြစ်သော်လည်း သူ့ဓားတာအိုက အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကိုပင် ရောက်နေလေပြီ။

ဒါဘယ်လိုမျိုး ပုံမှန်မဟုတ်တဲ့ ဓားတာအို ပါရမီလဲ!

အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက ဓားသမားအားလုံးအတွင်း လူတစ်ယောက်တည်းကသာ သူနှင့်ယှဉ်နိုင်သည်။

လူအနည်းစုကသာ ဒီလူအကြောင်းကိုသိကြသည်။

သို့စေကာမူ လဲ့ကျန်းချီက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းအကြောင်းကို နားလည်သည်။

ထိုလူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို တည်ထောင်သူပေတည်း။

ဓားတာအို၌ သူ့၏ကြောက်ခမန်းလိလိ ပါရမီကို ပြသပြီးနောက် သူအလယ်အလတ်အဆင့်ကြယ်နယ်မြေကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

ဒီလူ၏တည်ရှိမှုကို သိသူများက ဒီလူက သေသွားပြီ သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်းကို ရန်စမိသဖြင့် တံခါးပိတ်ကျင့်ကြံနေခဲ့သည်ဟု ခန့်မှန်းကြသည်။

အပိုင်း(724) coming။

All Chapters