#တန်းတူ#
Vol. 51 Ch. 724
သူ့နယ်ပယ်က အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်သာမက ဓားတာအိုနယ်ပယ်ကလည်း အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို ရောက်သွားခဲ့သည်။
ယဲ့ချိုးပိုင် ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ!
လဲ့ကျန်းချီတွင် တွေးနေရန်အချိန်မရှိပေ။ သူ စုမုယောင်၊ ချန်ဟွီနှင့် တခြားသူများနှင့်အတူ ယုဟောင်အား စတင်တိုက်ခိုက်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားက ဓားဆန္ဒကိုစုစည်းရင်း သူ့ရှေ့က သွေးလက်သည်းအား ပိုင်းဖြတ်လာသည်။
တစ်ချိန်တည်းမှာပင် သူအချိန်အတန်ကြာ အသုံးမပြုခဲ့သည့် ကြယ်ကြွေဓားက ပထမဓားချက်အား ပိုင်းဖြတ်လာသည်။
ဂျုန်း......!
ကမ္ဘာကြီးထဲတွင် သွေးဆန္ဒနှင့် ဓားဆန္ဒတို့က နောက်ဆက်တွဲလှိုင်းများအဖြစ် ပြောင်းလဲကာ ဘက်ပေါင်းစုံ၌ ပျံ့သွားကြသည်။
သွေးလက်သည်း၏ တိုက်ခိုက်မှုအောက်တွင် ကိုးပေရှည်ကြယ်ကြွေဓားကို လက်နှစ်ဖက်နှင့် ကိုင်ထားသည့် ယဲ့ချိုးပိုင်မှာ နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်ရသည်။
သို့စေကာမူ ဒီတိုက်ခိုက်မှုကို သူခံနိုင်ရည်ရှိဆဲပင်။
ထို့နောက် အလွန်အမင်းမြန်ဆန်သည့်နှုန်းနှင့် ဓားကိုဆွဲထုတ်ရင်း ကြယ်ကြွေဓားပညာရပ်၏ ဒုတိယဓားချက်ကို ထပ်မံပိုင်းဖြတ်သည်။
တတိယဓားချက်...စတုတ္ထဓားချက်!
သတ္တမဓားချက်မြောက်တွင်သာ သူ့ရှေ့က သွေးလက်သည်းက ပြိုကွဲသွားရသည်။
ဒါကိုမြင်သောအခါ ပန်ရှီ၏မျက်နှာက မည်းမှောင်နေသည်။
သူမြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းပြီးသည့်တိုင် ယဲ့ချိုးပိုင် သူ့တိုက်ခိုက်မှုကို အမှန်တကယ် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အင်မော်တယ်တပိုင်းနယ်ပယ်မှာ တကယ်ပဲ မြေအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်နဲ့ တိုက်ခိုက်နိုင်တဲ့ ခွန်အားရှိတာလား!
ယေဘုယျအားဖြင့်ပြောရပါက မြေအင်မော်တယ်တစ်ယောက်ကို ရင်ဆိုင်ရသောအခါ အလွန်အမင်းပါရမီရှိသည့် အင်မော်တယ်တစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူပင်လျှင် ချေမှုန်းခံရပေလိမ့်မည်။
သို့စေကာမူ ယဲ့ချိုးပိုင်က ခြွင်းချက်ရှိသည့် လူသားပေတည်း။
ယဲ့ချိုးပိုင် ကြယ်ကြွေဓားကိုကိုင်ရင်း ခပ်ရေးရေးပြုံးကာ ပန်ရှီအားကြည့်သည်။
"တကယ်လို့ မင်းကသာ အစစ်အမှန် မြေအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူဆိုရင် ငါမင်းကိုတားနိုင်မှာမဟုတ်ဘူး"
"ဒါပေမယ့် မင်းက လျှို့ဝှက်ကျင့်စဉ်တစ်ခုနဲ့ မြေအင်မော်တယ်နယ်ပယ်ကို အတင်းတက်လှမ်းထားသူတစ်ယောက်ပဲလေ၊ ဖြတ်လမ်းနည်းကိုသုံးတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်က အစစ်အမှန်မြေအင်မော်တယ် ကျွမ်းကျင်သူတစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ"
ယဲ့ချိုးပိုင် မြေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများကို တွေ့ခဲ့ပြီးဖြစ်သည်။
အစစ်အမှန်မြေအင်မော်တယ်တစ်ဦးက ဝိဉာဉ်ချီ၏ အရည်အသွေး သို့မဟုတ် သိပ်သည်းမှုဖြစ်စေ၊ တိုက်ခိုက်သောအခါ ဖန်တီးသည့် စွမ်းအားဖြစ်စေ ဒီအရာတွေက ပန်ရှီယှဉ်၍မရနိုင်သည့် အရာများပင်။
ပန်ရှီကလည်း ဒါကိုကောင်းကောင်း သိပါသည်။
"ဒီလိုဆိုရင်တောင် ငါကမြေအင်မော်တယ်တစ်ယောက်ဖြစ်နေဆဲပဲ၊ ငါ့ဆီကနေ လက်ဖဝါးချက်ကို ခံရပြီးတာတောင် မင်းက မောက်မာနိုင်သေးတာလား"
ပန်ရှီလက်မြှောက်ကာ ကောင်းကင်က သွေးတိမ်ရှိရာသို့ ညွှန်ပြသည်။ သူယဲ့ချိုးပိုင်အား စိုက်ကြည့်ရင်း သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြောလာသည်။
"ငါ့ရဲ့ပထမတိုက်ခိုက်မှုကို မင်းတားဆီးနိုင်ဆိုရင်တောင် ဒုတိယအကြိမ်၊ တတိယအကြိမ်ဆိုရင်ရော"
"မင်းခုခံကာကွယ်နိုင်ဦးမလား"
ပန်ရှီလေထဲသို့ ညွှန်ပြနေစဉ် သွေးတိမ်ထဲက သွေးဆန္ဒက ချက်ချင်းဆိုသလို သွေးမကောင်းဆိုးဝါးတစ္ဆေအဖြစ် ပြောင်းသွား၏။ တစ်ချက်မြည်ဟီးရင်း ၎င်းက သွားများကို ဟကာ ခြေသည်းများကို ထုတ်ပြရင်း ယဲ့ချိုးပိုင်ထံ ပြေး၀င်လာသည်။
သွေးမကောင်းဆိုးဝါးတစ္ဆေ၏ မြည်ဟီးသံများက ကြယ်တိမ်တိုက်မြို့တစ်ခုလုံးအတွင်း ဖုံးလွှမ်းသွားခဲ့သည်။
လဲ့ကျန်းချီဖြစ်စေ၊ လင်းကျိနန်၊ စုမုယောင်၊ သို့မဟုတ် တစ်ခြားသူများဖြစ်စေ အားလုံးသက်ရောက်ခံရသည်။
မြည်ဟီးသံက ဝိဉာဉ်ကို တိုက်ရိုက်သက်ရောက်သည်။
မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ကတော့ အဆင်ပြေပါသည်။
မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက အတော်လေး အားကောင်းသည်။
ရှောင်ဟိုင်က နတ်ဆိုးသခင်၏ဝိဉာဉ်ပင်။ ဒါကမပြည့်စုံသေးသော်လည်း ဝိဉာဉ်လေးတစ်ခုက သူ့ကို လုံး၀မသက်ရောက်နိုင်ပေ။
ယဲ့ချိုးပိုင်ကရော!
သူအနည်းငယ် သက်ရောက်ခံရသော်လည်း ဓားဆန္ဒ၏ခုခံမှုအောက်တွင် ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါ။
သွေးမကောင်းဆိုး၀ါးတစ္ဆေက သွားများကိုပြရင်း သူ့ထံ ခြေသည်းများကို ထုတ်ပြနေတာကို သူမြင်သည်။
ယဲ့ချိုးပိုင်း ပိုင်းချလိုက်၏။
ကြယ်ကြွေဓားပညာရပ်!
ဒီဓားက သွေးမကောင်းဆိုးဝါးတစ္ဆေနှင့် ထိပ်တိုက်တွေ့ဆုံသောအခါ မကောင်းဆိုးဝါးတစ္ဆေက ပျောက်ကွယ်သွားသော်လည်း အားကောင်းသည့် တန်ပြန်သက်ရောက်မှုက ယဲ့ချိုးပိုင်ကို ရပ်သွားစေပြီး အရူးအမူး နောက်ဆုတ်သွားစေသည်။
ပန်ရှီ ယဲ့ချိုးပိုင်ကို ကိုယ်ဟန်အနေအထားကို ညှိရန်အတွက် အချိန်မပေးပေ။ သူဆိုးယုတ်စွာပြုံးရင်း ယဲ့ချိုးပိုင်အား တိုက်ခိုက်ရန် နောက်ထပ်သွေးမကောင်းဆိုးဝါးတစ္ဆေတကောင်ကို ဆက်၍ အမိန့်ပေးသည်။
ယဲ့ချိုးပိုင်အတင်းအကျပ် ဓားလွှဲယမ်းရန်သာ တတ်နိုင်သည်။
ဓားချက်များက တစ်ချက်ပြီးတစ်ချက် ကျလာစဉ် သက်ရောက်မှုကလည်း ယဲ့ချိုးပိုင်၏ ပါးစပ်ထောင့်စွန်းကနေ သွေးများ စီးကျလာစေသည်။
ပန်ရှီ အစစ်အမှန်မြေအင်မော်တယ်နယ်ပယ်ကို မရောက်သေးသလို လျှို့ဝှက်ကျင့်စဉ်ကိုသာ အားကိုးထားခြင်းဖြစ်သော်လည်း မြေအင်မော်တယ်တစ်ဦး၏ အသွင်ရှိနေသေးသည်။
ဓားချက်တိုင်းတွင် ကြယ်ကြွေဓားပညာရပ်၏ ထူးခြားသောလက္ခဏာက အရင်ကထက် ပိုပို၍ အားကောင်းလာသည်။
ဓားချက် ၂၀မြောက်ကို ရောက်လာသောအခါ ဒီအစွမ်းထက်တန်ပြန်အားကြောင့် ယဲ့ချိုးပိုင်ထပ်မံ မလွင့်စင်သွားတော့ဘဲ ယင်းအစား ဓားချက်အရေအတွက် ပိုတိုးလာလေလေ၊ ယဲ့ချိုးပိုင် သွေးတစ္ဆေကို ပို၍ပင်ဖိနှိပ်ကု အနားချဉ်းကပ်ရင်း ပန်ရှီရှိရာဘက်သို့ ပိုင်းဖြတ်ပစ်သည်။
ဒီမြင်ကွင်းကို မြင်သောအခါ ပန်ရှီ၏ အမူအရာက ကြည့်ရဆိုးသွားခဲ့သည်။
ဒါကပင်လျှင် ယဲ့ချိုးပိုင်ကို မသတ်နိုင်ပေ။
သူဒါကိုတွေးနေစဉ် ယဲ့ချိုးပိုင်၏ပုံရိပ်က ပန်ရှီရှေ့ကို ရောက်လာလေပြီ။
ယဲ့ချိုးပိုင် ကြယ်ကြွေဓားလက်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ ခေါင်းပေါ်မြှောက်လိုက်၏။
ဓားပိုင်နက်ထဲက ဓားဆန္ဒက ကြယ်ကြွေဓားရှိရာသို့ လေပွေတစ်စင်းပမာ သိပ်သည်းလာသည်။
သူပန်ရှီအား အေးစက်စွာကြည့်သည်။
"၄၉ခုမြောက် ဓားချက်...."
ယဲ့ချိုးပိုင်၏ဓားက ထုတ်လွှတ်သည့် စွမ်းအားကို ခံစားမိသဖြင့် ပန်ရှီ၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားခဲ့သည်။ သူလက်ဖဝါးကို ဆန့်ထုတ်စဉ် သွေးတိမ်က ပန်ရှီလက်မောင်းတစ်ဝိုက်တွင် ရစ်ပတ်သွားခဲ့သည်။
ထို့နောက် လက်ဖဝါးနှင့် ယဲ့ချိုးပိုင်၏ဓားကို သူရင်ဆိုင်လိုက်သည်။
ဘန်း.......!
ဓားနှင့်သွေးလက်သည်းက တိုက်မိစဉ် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည့်အလားပင် ထင်ရပြီး ကြယ်တိမ်တိုက်မြို့ရိုးများက စတင်တုန်ခါလာသည်။
မြို့ထဲက စံအိမ်များပင်လျှင် နောက်ဆက်တွဲလှိုင်း၏ လွှမ်းမိုးမှုကြောင့် စတင်ပြိုကျလာကြ၏။
လူတိုင်းအားလပ်သည့်အချိန်၌ ဒီမြင်ကွင်းကို မြင်သောအခါ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြသည်။
ကွေ့ကောရင်လည်း အတော်လေးအံ့ဩသင့်နေသည်။
ယဲ့ချိုးပိုင်က တကယ်ပဲ မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းနေခဲ့တဲ့ ပန်ရှီကို ယှဉ်နိုင်တာလား!
အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်က မြေအင်မော်တယ်တစ်ဦးကို ခုခံနေခြင်း!
ဒီလိုအရာမျိုးကို သူတို့တစ်ခါမှ တွေးပင်မတွေးရဲကြပါ။
ဒီရှေးကျသည့်အမှန်တရားက သူတို့၏ ပုံသေအတွေးများကို ပုံသွင်းပေးပြီးသားဖြစ်သည်။ မြေအင်မော်တယ်နယ်ပယ်က အင်မော်တယ်တပိုင်းနယ်ပယ်နှင့် မြေအင်မော်တယ်နယ်ပယ်အကြားက ခြားထားသည့် အရာပင်။
မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်ကြသောသူများက အင်မော်တယ်တပိုင်းနယ်ပယ်က ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
သို့သော် ယခုတွင်မူ ယဲ့ချိုးပိုင်က အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ခွန်အားဖြင့် ပန်ရှီနှင့် တန်းတူဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ရမှတ်၏ အထက်တစ်၀က်ကျော်ကို သိမ်းပိုက်ထားခဲ့သည့် ပန်ရှီမှာ တဖြည်းဖြည်း ဟန်ချက်ညီလာရသည်။
ပန်ရှီအဖို့ ဒါကလက်ခံရန် ခက်ခဲလှသည်။
သူတို့အားလုံးက လျှို့ဝှက်ကျင့်စဉ်များကို သုံးထားကြသည်။
သူမြေအင်မော်တယ်နယ်ပယ်ကိုပင် တက်လှမ်းခဲ့သော်လည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အလွယ်တကူ မသတ်နိုင်သေး။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သူ့ကိုယ်ခန္ဓာက သွေးချီက စတင်အတက်အကျဖြစ်လာတာကို သူခံစားလိုက်ရသည်။ သူ့ခြေထောက်ကနေ တန်ပြန်သက်ရောက်မှု၏ အမျှင်တန်းများက ကိုယ်ထဲသို့ စတင်ဖြည်းဖြည်းချင်း ပြန့်လာခဲ့သည်။
လျှို့ဝှက်ကျင့်စဉ်အတွက် အချိန်က ကုန်လုနီးပါးဖြစ်နေပြီဆိုတာ ပန်ရှီနားလည်လိုက်သည်။
အကယ်၍ လျှို့ဝှက်ကျင့်စဉ်အတွက် အချိန်ကသာ ကုန်ဆုံးသွားပါက သူသေရမည်။
သူကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် ငရဲဘိုးဘေးထံမှ အပြစ်ဒဏ်က သူ့ကို သေချာပေါက်သေစေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူအကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သည်။
အညှာအတာကင်းမဲ့သည့်ဘိုးဘေးက သူတို့ကို ဘယ်လိုလုပ် အလွှတ်ပေးမည်နည်း။
ပန်ရှီအံကြိတ်လိုက်သည်။
"ငါအစွမ်းကုန်လုပ်တော့မယ်....."
ထို့နောက် သူ့မျက်လုံးကြားက သွေးရောင်ဝိဉာဉ်စွမ်းအားအမှတ်အသားက စတင် လောင်ကျွမ်းလာသည်။
ဒါကိုမြင်သောအခါ ကျန်းချန်နှင့် ကျန်သောသူများ ထိတ်လန့်သွားကြ၏။
ကွေ့ကောရင်ပင်လျှင် အနည်းငယ် အံ့ဩသင့်သွားခဲ့ရသည်။
"ကြည့်ရတာ ပန်ရှီက ထောင့်တစ်ခုထဲကို တွန်းပို့ခံလိုက်ရပုံပဲ....."
"ဒီလှုပ်ရှားမှုကို အသုံးပြုပြီးနောက်မှာ တန်ပြန်သက်ရောက်မှုက သူ့ကျင့်ကြံခြင်းသက်တမ်းကို ဖျက်ဆီးပစ်လိမ့်မယ်..."
သို့စေကာမူ ဘာကပိုအရေးအကြီးဆုံးနည်း။ သူ့အသက်လား၊ နောက်ဆက်တွဲတုံ့ပြန်မှုလား!
ပန်ရှီပထမတစ်ခုကို ရွေးခဲ့သည်မှာ သေချာသည်။
အသက်ရှိမှသာလျှင် မျှော်လင့်ချက်ဆိုတာ ရှိလာပေလိမ့်မည်။
အပိုင်း(725) coming။