← Chapters

#အလုပ်များစွာလုပ်ဆောင်ခြင်း၊ မုဖူရှန်း တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ဆွဲချခြင်း#

Vol. 51 Ch. 725

#အလုပ်များစွာလုပ်ဆောင်ခြင်း၊ မုဖူရှန်း တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ဆွဲချခြင်း#

Vol. 51 Ch. 725

အသက်က လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာပင်။

တစ်ချို့အခြေအနေများတွင်မူ လူတစ်ချို့က သူတို့အသက်များကို စွန့်လွှတ်ကြသည်။

သို့စေကာမူ ဒီထဲတွင် ပန်ရှီမပါ၀င်ပါ။

သူ့အတွက်မူ သူဒီတစ်ကြိမ်ကျရှုံးခဲ့ပါက သူ့ရှေ့က ကြောက်စရာကောင်းသည့် ဓားသမား၏ သတ်ဖြတ်ခြင်းခံရမည်ကို ဘေးဖယ်ထားဦး၊ သူဆိုးရွားသည့်အခြေအနေ၌ ပြန်ပြေးလျှင်ပင် ငရဲဘိုးဘေး၏ တားဆီးခြင်းကို ခံရမည်သာ။

ဘိုးဘေး၏စရိုက်သဘာ၀က ငရဲဂိုဏ်းထဲတွင် ရှိမနေလျှင်ပင် ဂိုဏ်းတစ်ခုလုံး၌ ပျံ့နှံ့နေဆဲပင်။

ကြမ်းကြုတ်သည်၊ သွေးဆာသည်၊ အညှာအတာကင်းမဲ့သည်၊ အလွန်အမင်း ရက်စက်သည်။

ဒါကဂိုဏ်းထဲက လူများကိုရင်ဆိုင်ရသောအခါတွင်ပင် စိတ်ခံစားမရှိသကဲ့သို့ အတူတူသာဖြစ်သည်။

သူသေသွားပါက သူ့ပါရမီက ဘာများ အသုံး၀င်တော့မည်နည်း။

ပန်ရှီ၏အမြင်တွင် သူအသက်ရှင်နိုင်သရွေ့ အနာဂတ်တွင် သူ့ခွန်အားကို ပြန်လည်ရယူရန် အခွင့်အရေးတစ်ခု သေချာပေါက် ရှိလာပေလိမ့်မည်။

သွေးရောင်အမှတ်အသားက ပန်ရှီ၏ မျက်ခုံးအကြား ပေါ်လာသောအခါ အမှတ်အသားက တောက်ပစွာ လောင်ကျွမ်းလာသည်။

ရုတ်ချည်းဆိုသလို ပန်ရှီ၏ကိုယ်ခန္ဓာက ကြီးမားသည့် ပြောင်းလဲမှုတစ်ခုကို ကြုံလိုက်ရသည်။

သူ့တစ်ကိုယ်လုံးက နီရဲတောက်ပသည့် သွေးဖြင့် ဖုံးလွှမ်းနေသည်။

ပိုအရေးကြီးတာက ပန်ရှီ၏ မျက်လုံးထဲတွင် သွေးရောင်မီးတောက်တစ်ခု လောင်ကျွမ်းနေခြင်းပင်။

ဒါက ပန်ရှီ၏အသက်နှင့် ဝိဉာဉ်ကို လောင်မြိုက်နေသည့်အလားပင် ထင်ရသည်။

ထိုအချိန်တွင် အားနည်းလာခဲ့သည့် ပန်ရှီ၏အော်ရာက ထပ်မံထိုးတက်လာခဲ့သည်။

တကယ်တမ်းတွင် သူ့ခန္ဓာ၌ ထိုးတက်လာသည့် ဝိဉာဉ်ချီက သွေးရောင်ဖြစ်သည်။

ဒါက ပန်ရှီကိုယ်ထဲတွင် သွေးနှင့်ဝိဉာဉ်ချီပေါင်းစပ်မှု ဖြစ်ပုံရသည်။

ကျန်းချန်၊ ယုဟောင်နှင့် ဟန်ဟွားတို့ စိတ်ဖိစီးကြသည်။

သူတို့ကလည်း ခါးသက်သည့်တိုက်ပွဲတစ်ခုအတွင်း ကျဆင်းသွားကြ၏။

မုဖူရှန်းနှင့် ရှောင်ဟိုင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကလည်း အလားတူပင် မည့်သည့် အခွင့်ကောင်းကိုမှ မသိမ်းပိုက်နိုင်စေခဲ့ပါ။

ယုဟောင်တစ်ယောက်တည်းသာလျှင် လဲ့ကျန်းချီနှင့် ကျန်သောသူများကို ဖိနှိပ်ထားနိုင်သော်လည်း သူတို့၏အဆောင်တိုက်ခိုက်မှုများအောက်တွင် သူကလည်း အလွယ်တကူ မလွတ်မြောက်နိုင်ပေ။

ယခုတွင် လျှို့ဝှက်ကျင့်စဥ်အတွက် အချိန်က ကုန်လုနီးပါးဖြစ်နေလေပြီ။

ပန်ရှီ၏ဦးဆောင်မှုအောက်တွင် သူတို့ကလည်း ဝိဉာဉ်အမှတ်အသားကို စတင် လောင်ကျွမ်းပစ်ကြသည်။

သူတို့အော်ရာက ထိုးတက်လာခဲ့သည်။

ဒါကိုမြင်သောအခါ လူတိုင်း၏အမူအရာများက လေးနက်သွားကြ၏။

ထိုးတက်လာသည့် သွေးရောင်ဝိဉာဉ်ချီက သူတို့ခွန်အားကို မြေအင်မော်တယ်နယ်ပယ်ကို ပြန်လည်ရစေသည်သာမက အရင်ကထက်ပင် ပို၍ အားကောင်းလာသည်။

ထို့နောက် သူတို့ပြိုင်ဘက်များထံ ပြေး၀င်လာကြသည်။

လဲ့ကျန်းချီနှင့်ကျန်သောသူများက အလျင်အမြန် တိုက်ခိုက်ကြသော်လည်း ယုဟောင်၏အခြေအနေအောက်တွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိဘဲ လွင့်စင်သွားကြရသည်။

သူတို့ မုဖူရှန်းပေးခဲ့သည့်အဆောင်များကို ပစ်လွှတ်သလို တစ်ချိန်တည်းမှာပင် မိုးကြိုးက ပေါက်ကွဲလာသော်လည်း ယုဟောင်၏ပုံရိပ်က လုံး၀ရပ်တန့်ခြင်းမရှိ။

သူအဆောင်များပေါက်ကွဲသွားသည့် နေရာကနေ တိုက်ရိုက်ထွက်ပြေးကာ လဲ့ကျန်းချီနှင့် ကျန်သောသူများနောက်မှ ဆက်လိုက်နေသည်။

မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ယခုအခိုက်အတန့်၌ အဆောင်၏ သက်ရောက်မှုက မလုံလောက်တော့ပါ။

သေမင်းဝိဉာဉ်မြို့အလယ်ဗဟို၌ အင်မော်တယ်တပိုင်းနယ်ပယ်၏ အဆောင်များက သူတို့အပေါ် အသုံးမ၀င်ပေ။

သူလောလောဆယ်တော့ အဆောင်များကို လက်လျှော့ထားရုံသာ တတ်နိုင်သည်။

မုဖူရှန်း၏ဘယ်ဘက်တွင် ရစ်ပတ်ထားသည့် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးရှိနေသေးသည်။

သူ့ညာလက်ကမူ ရွှေရောင်ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးနှင့် စီးဆင်းနေသည်။

ထို့နောက် သူလက်နှစ်ဖက်စလုံးကို တစ်ချိန်တည်းတွင် ဆန့်ထုတ်လိုက်၏။

ချက်ချင်းဆိုသလို ယုဟောင်ရှေ့တွင် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက မိုးကြိုးလုံးတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ထံ လှိမ့်ဝင်လာသည်။

ထိုအခါမှသာ ‌ယုဟောင်၏ တိုးတက်မှုကို သူတို့တားဆီးနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးက ဟန်ဟွားကို ၀န်းရံပစ်သည်။

ဟန်ဟွားချက်ချင်းအော်သစ်သည်။

"မြန်မြန်တိုက်ခိုက်ပြီး သူ့ကိုထိန်းထား"

လဲ့ကျန်းချီနှင့် ကျန်သောသူများက ယုဟောင်ကို နောက်ထပ်ယှဉ်နိုင်စွမ်းမရှိတော့ပါ။

မုဖူရှန်းသူ့အာရုံကို လွှဲပြောင်းရင်း သူတို့အပေါ်က ဖိအားကို လျှော့ချရန် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကို အသုံးပြုရုံသာ တတ်နိုင်တော့သည်။

ထို့နောက်မှသာ သူဟန်ဟွားကို ကြည့်လိုက်၏။

ဟန်ဟွား ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးဝိုင်းရံမှုအလယ်၌ ရပ်နေသည်။ ဒီမြင်ကွင်းကို မြင်သောအခါ သူလေးနက်စွာပြောသည်။

"မင်းခွန်အားက အရမ်းကြောက်စရာကောင်းလွန်းတယ်လို့ ပြောရမယ်၊ ငါ့မှာသာ လျှို့ဝှက်ကျင့်စဉ်ရဲ့ အကူအညီမရှိရင် ငါတကယ် မင်းပြိုင်ဘက်မဟုတ်ဘူး"

သူ့ခွန်းအားက သိသာထင်ရှားနေသည်။

"ဒါပေမယ့်....၊ အခုမင်းစိတ်ဝိဉာဉ်ခွဲခြားတာကို သုံးမယ်ဆိုရင်တော့ မင်းက သေခြင်းတရားကို ရေတွက်နေတာပဲ" ထို့နောက် ဟန်ဟွား ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

သွေးရောင်ဝိဉာဉ်ချီက သွေးတိမ်ထဲတွင် ပေါင်းစပ်သွားသည်။

သွေးရောင်လက်ဖဝါးချက်၏ စွမ်းအားက အရင်ကထက် အနည်းငယ်မျှသာ အားကောင်းလာခဲ့ခြင်းမဟုတ်။

ဒီလက်ဖဝါးချက်အောက်တွင် ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုး၌ အပေါက်တစ်ပေါက် တိုက်ရိုက်ပွင့်သွားခဲ့သည်။

ဟန်ဟွား၏ပုံရိပ်က သွေးအရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး ပြေး၀င်လာသည်။

သူမုဖူရှန်းအား ထပ်မံရိုက်ချသည်။

ဒါကိုမြင်သောအခါ မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ့ဝိဉာဉ်စွမ်းအားက ၀င်ရောက်လာပြီး ရှေ့၌ အတားအဆီးတစ်ခုကို ဖန်တီးသည်။

သူညာလက်ကို မြှောက်လိုက်သည်။ သူ့လက်ဖဝါးထဲတွင် ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးက ရွှေမိုးကြိုးလှံသုံးချောင်းအဖြစ် သိပ်သည်းသွား၏။

သူလက်ဖဝါးကိုအောက်သို့ ဝှေ့ယမ်းလိုက်သည်။

ရွှေမိုးကြိုးလှံသုံးချောင်းက သွေးအရိပ်ကို ထိုးဖောက်သွားခဲ့သည်။

လှံကလေထဲတွင် မြည်ဟီးနေသည်။

ရွှေမိုးကြိုးက လေဟာနယ်ကို ဖျက်ဆီးချင်သည့်အလားထင်ရပြီး ကောင်းကင်ဘုံတာအိုက ဆင်းသက်ကာ အပြစ်ပေးနေသည်ပမာ။

ဒါကိုမြင်သောအခါ ဟန်ဟွားနှာခေါင်းရှုံ့သည်။ သူရွှေမိုးကြိုးလှံကို လက်နှစ်ဖက်နှင့် ဖမ်းကိုင်လိုက်၏။

သူကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးကနေ သိပ်သည်းထားသော လှံကို လက်ထဲတွင် တိုက်ရိုက်ဖမ်းယူသည်။

ကျန်သောလှံများကိုမူ သူတစ်ချက်ကန်ထည့်ပစ်သည်။ သွေးရောင်ဝိဉာဉ်ချီက သူ့ခြေဖဝါးကိုဖုံးသွားပြီး ကန်ထုတ်ပစ်သည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ရွှေလှံကလည်း ချေမွခံလိုက်ရသည်။

ဒါကိုမြင်သောအခါ မုဖူရှန်း၏ နှုတ်ခမ်းများက နက်နဲသည့်အပြုံးဖြင့် ကွေးညွတ်သွားခဲ့သည်။

ရွှေလှံသုံးချောင်းချေမွခံလိုက်ရသည့် အခိုက်အတန့်၌ အလွန်အမင်းသိပ်သည်းနေသော ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးက ပေါက်ကွဲသွား၏။

ဂျုန်း......!

ဟန်ဟွားကို ဗဟိုပြုရင်း မရေမတွက်နိုင်လောက်သည့် မိုးကြိုးစင်းများက သူ့အပေါ် အဆက်မပြတ် ရိုက်ခတ်ပြီး ဖုံးလွှမ်းပစ်သည်။

အဖျက်စွမ်းအားက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ဒီခွန်အားက အင်မော်တယ်တပိုင်းနယ်ပယ်က လူတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ ခွန်အားလား!

ကွေ့ကောရင်၏ အမူအရာက တင်းမာသွား၏။

ဘာလို့ ဒီကောင်သုံးကောင်က နယ်ပယ်တိုင်းမှာ ဒီလောက်ကြောက်စရာ ကောင်းနေရတာလဲ!

သူတို့နောက်မှာ တကယ်ပဲ ဘယ်သူများ ရှိနေတာလဲ!

တိုက်ခိုက်မှုအပြီးတွင် ချန်ဟွီလွင့်စင်သွားရသည်။ သူဒီမြင်ကွင်းကို သတိထားမိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။

လေနှင့်မိုးကြိုးဆန္ဒတွင် သူရရှိခဲ့သည့် အောင်မြင်မှုများက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးရှိ လူငယ်မျိုးဆက်များအကြား ထိပ်တန်းအဆင့်တွင် ရှိသည်ဟုဆို၍ရသည်။

သို့စေကာမူ မုဖူရှန်း ထုတ်လွှတ်သည့် မိုးကြိုးစွမ်းအားကို မြင်သောအခါ သူအလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

မုဖူရှန်း၏မိုးကြိုးစွမ်းအားအောက်တွင် သူ့မိုးကြိုးက လုံး၀ယှဉ်၍မရနိုင်ပေ။

ဒါ့အပြင် ဟန်ဟွားကို ၀န်းရံနေသည့် ခရမ်းမိုးကြိုးဖြစ်စေ ပေါက်ကွဲနေသည့် ရွှေမိုးကြိုးဖြစ်စေ ထို့ထဲတွင် မဟာတာအို၏ စွမ်းအားကို သူမပြတ်မသား ခံစားနေရသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိုကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများအတွက်ပင်လျှင် တာအိုဥပဒေသအဆင့်ကို ထိနိုင်သောသူက အတော်လေးနည်းပါးသည်။

တာအိုဥပဒေသ၏ တည်ရှိမှုကို ပြောစရာပင်မလို။

ယခုအခိုက်အတန့်၌ မုဖူရှန်း၏ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးတို့က မိုးကြိုးတာအိုစည်းမျဉ်း၏ အစွန်းကို ထိနေပြီဟု ဆို၍ရသည်။

ဒါ့အပြင် ဒါက မုဖူရှန်း ဒီမိုးကြိုးနှစ်ခု၏ စွမ်းအားအပြည့်ကို မထုတ်လွှတ်နိုင်သည့် အခြေအနေအောက်တွင် ဖြစ်သည်။

သို့စေကာမူ မုဖူရှန်း ယုဟောင်ကို ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးက ၀န်းရံသွားတာကို မြင်သည့်တိုင် သတိမလျှော့ခဲ့ပေ။

သူ့လက်အစုံကို ညင်သာစွာပိတ်လိုက်၏။

ခရမ်းမိုးကြိုးနှင့် ရွှေမိုးကြိုးတို့က အတူတကွ ဖြည်းဖြည်းချင်း ပေါင်းစည်းလာသည်။

ကျန်းချန် ရှောင်ဟိုင်အား တိုက်ခိုက်နေရင်း ဒေါသတကြီးအော်ဟစ်သည်။

"ဟန်ဟွား၊ လင်းကျိနန်နဲ့ ကျန်တဲ့သူတွေကို စိတ်ပူနေစရာမလိုဘူး....၊ ဒီခန္ဓာကျင့်ကြံသူကို အရင်သတ်ဖို့ ငါ့ကိုကူညီပေး"

အပိုင်း(726) coming။

All Chapters