← Chapters

#မြေအောက်ကမ္ဘာ၏ လက္ခဏာများ#

Vol. 51 Ch. 726

#မြေအောက်ကမ္ဘာ၏ လက္ခဏာများ#

Vol. 51 Ch. 726

ရှောင်ဟိုင်နှင့် ထိပ်တိုက်တွေ့ဆုံရာ၌ ကျန်းချန်ဒေါသထွက်နေသည်။ သူလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခဲ့သည့်တိုင် ရှောင်ဟိုင်ဆီက ဘာတစ်ခုမှ မရနိုင်ပေ။

တကယ်တမ်းတွင် သူ‌သာရှောင်ဟိုင်၏ ထိုးနှက်မှုကို ထိပ်တိုက်ရင်ဆိုင်ပါက သူအနည်းငယ် ဒဏ်ရာရသွားပေလိမ့်မည်။

ရှောင်ဟိုင်၏ခန္ဓာကို သွေးလက်သည်းနှင့် ထိုးခဲ့လျှင်ပင် သူ့ကိုယ်ခန္ဓာ၌ နက်ရှိုင်းသည့်ဒဏ်ရာ သို့မဟုတ် တိမ်သည့်ဒဏ်ရာဟူ၍ပင် ကျန်ခဲ့မည်မဟုတ်။

ရှောင်ဟိုင်ဒါကိုဂရုမစိုက်ပေ။ သူက ပို၍ ကြမ်းတမ်းသည့်အခြေအနေတွင်ပင် တိုက်ခိုက်ပြီး လက်သီးတစ်လုံးပြီးတစ်လုံး ပစ်ကျွေးလာသည်။

သူတို့ပို၍တိုက်ခိုက်လာလေလေ၊ ကျန်းချန်ပို၍ ကြောက်လာလေလေပင်။

အစစ်အမှန်မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ရုပ်ခန္ဓာ၏ခွန်အားနှင့် သူ့ကို မသတ်နိုင်လောက်ပေ။

ယခုသူက ဝိဉာဉ်အမှတ်အသားကို လောင်ကျွမ်းလိုက်ပြီဖြစ်လေရာ သူ့ခွန်အားက အကြီးအမားတိုးတက်လာခဲ့သည်။

သို့သော် ဒါကရှောင်ဟိုင်ကို မတားဆီးနိုင်သေးပေ။

ဒီလိုသာဆက်ဖြစ်နိုင်ပါက သူ့ဝိဉာဉ်က ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားလျှင်ပင်ရှောင်ဟိုင်ကို သတ်နိုင်တော့မည်မဟုတ်။

ငရဲဂိုဏ်း၏အဓိကပန်းတိုင်က ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောင်ဖြစ်သည်။

ထို့ထဲတွင် ရှောင်ဟိုင်က ငရဲဘိုးဘေးလိုချင်သည့် ခန္ဓာပိုင်ရှင်ဖြစ်သည်။

ငရဲဘိုးဘေးက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ပြန်ပေါ်လာရန်အတွက် ရှောင်ဟိုင်ခန္ဓာကို အသုံးပြုချင်သည်။

လဲ့ကျန်းချီနှင့်ကျန်သောသူများအတွက်မူ သူတို့ပါရမီက အတော်လေးမြင့်မားသော်လည်း သူတို့က ငရဲဂိုဏ်းကို ကြောက်အောင် မလုပ်နိုင်သေးတာ သိသာထင်ရှားပါသည်။

တခြားတစ်ဘက်တွင် ကျန်ချန်၏ အော်ဟစ်သံကို ကြားသဖြင့် ယုဟောင်ချက်ချင်းလှည့်လာသည်။ သူလဲ့ကျန်းချီနှင့် ကျန်သောသူများကို လျစ်လျူရှုကာ ရှောင်ဟိုင်ထံသို့ တိုက်ရိုက်ပျံသန်းလာသည်။

ထိုအချိန်တွင် ပန်ရှီတိုက်ပွဲမြေပြင်က အခြေအနေကို စောင့်ကြည့်ရန်အတွက် အသိကိုထုတ်လွှတ်စဉ် သူ့အမူအရာက မည်းမှောင်သွားရသည်။

ဝိဉာဉ်အမှတ်အသားကို လောင်ကျွမ်းပစ်တာတောင် ငါဒီအခြေအနေကို မချိုးဖျက်နိုင်သေးဘူးလား!

ပန်ရှီ၏အတွေးကို ခန့်မှန်းမိသည့်အလား ယဲ့ချိုးပိုင်ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားပြီး ရယ်မောလိုက်သည်။

"ငါ့ရဲ့ဒီဂျူနီယာညီလေးနှစ်ယောက်က လျှို့ဝှက်ကျင့်စဉ်ကို ငှားယမ်းသုံးစွဲထားကြတဲ့ မင်းတို့တွေ ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး"

ဒါကိုကြားသောအခါ ပန်ရှီ အေးစက်စွာ နှာခေါင်းရှုံ့သည်။

"ငါတို့မင်းကို ဖယ်ရှားပစ်နိုင်သရွေ့ ငါတို့လေးယောက်က သူတို့နှစ်ယောက်ကို ကိုင်တွယ်နိုင်မှာပါ"

"ငါတို့ကိုကိုင်တွယ်မယ်"

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးရင်း ကိုးပေရှည်ကြယ်ကြွေဓားကို လက်နှစ်ဖက်နှင့် မြှောက်လိုက်သည်။

ယခုတွင်မူ ကြယ်ကြွေဓားပညာရပ်က ၆၄ခုမြောက်ဓားချက်ကိုပင် ရောက်လာခဲ့လေပြီ။

ဒီဓား၏အလေးချိန်ကို ယဲ့ချိုးပိုင်ပင်လျှင် ခံစားနေရသည်။

ကြယ်ကြွေဓားပညာရပ်က ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားပညာရပ်နှင့် ရှေးဦးမူလဓားကျမ်းထက် နိမ့်ကျကောင်း နိမ့်ကျနိုင်သော်လည်း ဒါက ယဲ့ချိုးပိုင်၏ ပြိုင်ဘက်ကင်းမှုကြောင့်ဖြစ်သည်။

သူပိုင်းဖြတ်သည့်အကြိမ်တိုင်း နောက်ထပ်ဓားချက်က အရင်ဓားချက်ထက် အများကြီးပို၍ အားကောင်းလာခဲ့သည်။

၆၄ခုမြောက်ဓားချက်အတွက် အချိန်ကျလာသောအခါ ဒါကို ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားပညာရပ်နှင့် ထပ်ယှဉ်၍ မရတော့ပါ။

ထိုအချိန်တွင် ပန်ရှီကို ပိုင်းဖြတ်ရန်အတွက် ယဲ့ချိုးပိုင် ပဏာမခြေလှမ်းလှမ်းလိုက်၏။

ယခုအခိုက်အတန့်၌ အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ဆန္ဒက ကြယ်ကြွေဓားပေါ်၌ စုစည်းလာခဲ့သည်။

ဒါက ကြယ်ကြွေဓားကို ပို၍ပင် အစွမ်းထက်လာစေသည်။

ပန်ရှီ နောက်ထပ်ထစ်ငေါ့ပြောဆိုသည့် မှတ်ချက်များကို မလုပ်တော့ပါ။

အချိန်တိုအတွင်း မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က အခြေအနေကို ပြောင်းလဲပစ်နိုင်တာကို သူကောင်းကောင်းသိပါသည်။

သူဒါကို ဘေးကနေ အတင်းချိုးဖျက်ရန်သာ တတ်နိုင်တော့သည်။

အကယ်၍ ဒါသာအလုပ်မဖြစ်ပါက သူ့ဝိဉာဉ်က မကြာခင် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံရပေလိမ့်မည်။

ထိုအချိန်ကျလာပါက သူတို့ဝိဉာဉ်လောင်ကျွမ်းမှုကြောင့် တိုက်ရိုက်သေဆုံးရမည်သာမက သူတို့၏ဝိဉာဉ်များပင် ဒီကမ္ဘာကြီးထဲက လုံး၀ပျောက်ကွယ်သွားမည်ဖြစ်ကာ ပြန်လည်မွေးဖွားမည့် အခွင့်အရေးပင်လျှင် ပျောက်ဆုံးသွားနိုင်သည်။

ပန်ရှီ၏အမူအရာက အလွန်အမင်း လေးနက်နေသည်။ သူ့လက်အစုံကို ဖြန့်ကြက်လိုက်စဉ် သွေးရောင်ဝိဉာဉ်ချီက အဆက်မပြတ် စုစည်းလာသည်။

ပန်ရှီ၏ လက်ငါးချောင်းပေါ်၌ သွေးရောင်ဝိဉာဉ်ချီက ရှည်လျားချွန်ထက်သည့် လက်သည်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် အဆိုပါလက်သည်းများက ယဲ့ချိုးပိုင်ကို တစ်ချိန်တည်းတွင် ဆွဲဖမ်းသည်။

ထိုအခိုက်အတန့်၌ ကိုးပေရှည်ကြယ်ကြွေဓား၏ ကိုယ်ထည်နှင့် လက်သည်းများက ထိပ်တိုက်တွေ့ဆုံကြသည်။

နောက်ဆက်တွဲအားလှိုင်းများက နောက်ဆက်တွဲငလျင်များအဖြစ် ပြောင်းကာ ဘက်ပေါင်းစုံသို့ပြန့်သွားသည်။

သွေးရောင်ဝိဉာဉ်ချီက ချွန်ထက်သောသွားတစ္ဆေအဖြစ် ပြောင်းပြီး ကြယ်ကြွေဓားပေါ်တက်ရင်း ယဲ့ချိုးပိုင်၏လက်များကို တိုက်ခိုက်သည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်မနားရဲဘဲ အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ဆန္ဒကို လှည့်ပတ်ရင်း သွားတစ္ဆေများကို ဆက်တိုးလာခြင်းကနေ တားဆီးရန်အတွက် ကြယ်ကြွေဓားပေါ်၌ သိပ်သည်းနေသည်။

ပန်ရှီအေးစက်စွာ နှာခေါင်းရှုံ့သည်။ သွေးရောင်ဝိဉာဉ်ချီက ဆူနာမီအလားပေါက်ကွဲကာ ယဲ့ချိုးပိုင်ထံသို့ နောက်ကနေ ရိုက်ချသည်။

ဒါကိုမြင်သော် ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်ရင်း အာရုံစိုက်လိုက်၏။ ဓားပိုင်နက်ထဲတွင် ဓားဆန္ဒက ထူထဲသည့် ဧရာမဓားများအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်မှုကို ရင်ဆိုင်သည်။

နှစ်ဘက်စလုံးက အဆက်မပြတ် တိုက်ချက်များ ဖလှယ်နေကြ၏။

ယဲ့ချိုးပိုင် အသာစီးရမနေပါ။

ထိုအချိန်တွင် ပန်ရှီ နောက်ထပ်တိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

ဒါက ယဲ့ချိုးပိုင်ကို နောက်သို့ လွင့်စင်သွားစေသည်။

ကြယ်ကြွေဓားကျင့်စဉ်ကို တိုက်ခိုက်နေရင်း မရပ်တန့်နိုင်ပေ။

ယဲ့ချိုးပိုင် သူ့အော်ရာကို အလျင်အမြန် ထိန်ညှိရင်း ပန်ရှီအား ၆၅ကြိမ်မြောက် ဓားချက်ဖြင့် ခုတ်ဖြတ်ပစ်သည်။

ဒီဓားချက်က အရင်တစ်ခုထက် ပို၍ပင် လေးလံပြင်းထန်သည်။

အင်မော်တယ်ဓားဆန္ဒက ကြယ်ကြွေဓားကိုယ်ထည်နှင့် ထိပ်ဖျားအပြင်ဘက်ကနေ ကျယ်ပြန့်လာခဲ့သည်။

ပန်ရှီ၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။

ဒီဓားချက်၏စွမ်းအားက အရင်ကထက်ပို၍ အားကောင်းသည်။

အကယ်၍ သူသာယဲ့ချိုးပိုင်ကို ဓားကို ဆက်လက်လွှဲယမ်းခွင့် ပေးနေပါက အဆုံးသတ်တွင် သူသာလျှင် ရှုံးနိမ့်သူ ဖြစ်သွားရပေလိမ့်မည်။

ပန်ရှီခြေလှမ်းအနည်းငယ် နောက်ဆုတ်ရင်း လက်နှစ်ဖက်ကို အတူတကွ ရိုက်လိုက်၏။

သွေးရောင်ဝိဉာဉ်ချီက ဆက်လက်တိုးလာနေသည်။

ပန်ရှီနောက်တွင် ဧရာမသွေးနီရောင်လက်သည်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သွေးတိမ်များကလည်း ၎င်းကို တစ်ချိန်တည်းတွင် ဖုံးထားလေရာ မရေမတွက်နိုင်လောက်သည့် သွားစွယ်တစ္ဆေများကို သွေးရောင်လက်သည်းများထဲတွင် အဆက်မပြတ် မြည်ကျွေးစေသည်။

"မင်းဒီတိုက်ချက်ကို ခံနိုင်ရည်ရှိသေးတယ်ဆိုရင်တော့ ဒီတိုက်ပွဲပြီးသွားပြီ...."

ပန်ရှီ ယဲ့ချိုးပိုင်အား ကြည့်ရင်း အသံတိုးကာပြောသည်။

ဒီလက်သည်းက ပန်ရှီ၏ အားအကောင်းဆုံး တိုက်ခိုက်မှုပေတည်း။

ယဲ့ချိုးပိုင်ဘာတစ်ခုမှ မပြောသော်လည်း သူ့မျက်လုံးများက ပို၍ပင် လေးနက်လာခဲ့သည်။

ဒီတိုက်ချက်၏စွမ်းအားကို သူခံစားနိုင်ပါသည်။

ဒါကအရင်တိုက်ချက်များပင် ပိုအားကောင်းသလို ပို၍အန္တရာယ်များသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ရပ်လိုက်စဉ် ဓားပိုင်နက်က အမှန်တကယ်ပင် အဆက်မပြတ် ဖိသိပ်နေသည်။

ဓားပိုင်နက်ထဲတွင် အဆုံးမဲ့အင်မော်တယ် ဓားဆန္ဒများရှိလာပုံရပြီး ကြယ်ကြွေဓားပေါ်၌ စတင်သိပ်သည်းလာသည်။

တခြားတစ်ဘက်တွင် ပန်ရှီရုတ်တရက် လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်၏။

သူ့နောက်က ချွန်ထက်သည့်အစွယ်များနှင့် ဖုံးနေသည့် ဧရာမသွေးရောင်လက်သည်းက ယဲ့ချိုးပိုင်ပေါ်သို့ ဖိကျလာခဲ့သည်။

တခဏအကြာတွင် ယဲ့ချိုးပိုင်နှင့် ပန်ရှီတို့ကို ဗဟိုပြုလျက် ငါးကီလိုမီတာ အကွာအဝေးအတွင်း ဟစ်ကြွေးသံများ ထွက်လာခဲ့သည်။

သွေးမိစ္ဆာဆန္ဒက ကုန်းမြေတစ်ခုလုံးကို လေဆင်နှာမောင်းပမာ ဖြတ်သန်းသွား၏။

ကြယ်တိမ်တိုက်မြို့မှ လဲ့ကျန်းချီနှင့် ကျန်သောသူများက ဒီမိစ္ဆာအော်ရာကို အာရုံခံမိသောအခါ သူတို့၏အမူအရာများက လေးနက်သွားကြပြီး နှလုံးက ခုန်ပေါက်သွားကြသည်။

အကယ်၍သူတို့သာဆိုပါက ‌အင်အားပူးပေါင်းလိုက်လျှင်ပင် သေရမည်၊ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။

ဒီလိုဆိုပါက အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်ပြီး အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေခဲ့သည့် ယဲ့ချိုးပိုင်က ဒါကို ဘယ်လိုမျိုး ခုခံမည်နည်း။

သူတို့ကလည်း မသေချာသဖြင့် ထိုနှစ်ယောက်ကြားက တိုက်ပွဲမြေပြင်တွင်သာ အကြည့်များကို ပို့လွှတ်လိုက်ကြသည်။

အကယ်၍ သူသာရှုံးပါက မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က ငရဲဂိုဏ်းက လူလေးယောက်၏ တိုက်ခိုက်မှုများကို ခံနိုင်မလား၊ မခံနိုင်ဘူးလားဆိုသော မေးခွန်းက ပေါ်ပေါက်လာရပေလိမ့်မည်။

သို့စေကာမူ ယဲ့ချိုးပိုင် လှုပ်ရှားလာသရွေ့ သူအနိုင်ရမည်သာ။

ဒီတိုက်ပွဲတွင် ဘာသံသယမှမရှိပါ။

ကောင်းကင်မြေအောက်နန်းတော်က လူလေးယောက်ကလည်း ဒီမြင်ကွင်းကို အနီးကပ်ကြည့်နေကြသည်။

သို့စေကာမူ အောင်မြင်မှုကို ဘယ်သူ ဆွတ်ခူးနိုင်မလဲဆိုသည့်အပေါ် ကွေ့ကောရင် အရမ်းကြီးဂရုစိုက်ပုံမရပေ။

မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်က ဒီတိုက်ပွဲတွင် သေချာပေါက် သေမည်မဟုတ်။

မြေအောက်ကမ္ဘာ၏ ဆက်ခံသူက သူ့ကို အဆင့်နိမ့်ကြယ်နယ်မြေအဖြစ် ရွေးချယ်လိုက်ကတည်းက ဒီနေရာတွင် သေချာပေါက် သေဆုံးမည်မဟုတ်ပါ။

မြေအောက်ကမ္ဘာမြစ်က အလွန်အမင်းထူးခြားသည့် တည်ရှိမှုတစ်ခုဖြစ်သည်။

ဒါက အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ကြယ်နယ်မြေများနှင့်မတူပေ။

ဒီနေရာများတွင် ပို၍မြင့်မြင့်သွားနိုင်လေလေ၊ ခွန်အားက ပိုမြင့်လာလေလေဖြစ်သည်။

အမည်အတိုင်းပင် မြေအောက်ကမ္ဘာမြစ်က မြေအောက်ကမ္ဘာဖြစ်သဖြင့် ပို၍နက်နက်ငုပ်လျှိုးသွားလေလေ၊ ပို၍ အားကောင်းလာမည်သာ။

အဆင့်မြင့်ကြယ်နယ်မြေ၏ မြေအောက်ကမ္ဘာမြစ်က မဟာကြယ်နယ်မြေသုံးခြအတွင်း အားအနည်းဆုံးဖြစ်သည်။

သို့စေကာမူ ရှောင်ဟိုင်ကရော!

သူက အဆင့်နိမ့်ကြယ်နယ်မြေရှိ မြေအောက်ကမ္ဘာမြစ်၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရသည်။

ခြားနားမှုကို စိတ်ကူးယဉ်ကြည့်၍ပင်ရသည်။

အပိုင်း(727) coming။

All Chapters