#အကြွင်းအကျန်ဝိဉာဉ်နိုးထခြင်း၊ ရုတ်တရက်စည်းတံဆိပ်ပြောင်းလဲခြင်း#
Vol. 51 Ch. 728
ယဲ့ချိုးပိုင်၏တိုက်ပွဲက လုံး၀အဆုံးသတ်သွားခဲ့သည်။
ဒါက ပန်ရှီ၏ သေဆုံးမှုနှင့်အတူ အပြီးသတ်သွားခဲ့ခြင်းပင်။
ဒီတိုက်ပွဲတွင် ယဲ့ချိုးပိုင်ကလည်း အကျိုးအမြတ် အကြီးအမားရလာခဲ့သည်။ သူ့နယ်ပယ်ဖြစ်စေ ဓားတာအိုနယ်ပယ်ဖြစ်စေ အများကြီးပို၍ တည်ငြိမ်လာခဲ့သည်။
တိုက်ပွဲက ကျင့်ကြံခြင်းအတွက် အကောင်းဆုံးဆေးဝါးဖြစ်သည်။
ဒီစကားက မသင့်လျော်ခြင်းမဟုတ်ပေ။
မုဖူရှန်းနှင့် ရှောင်ဟိုင်တို့၏ တစ်ခြားတိုက်ပွဲနှစ်ခုက မပြီးသေးပါ။
သို့စေကာမူ ယဲ့ချိုးပိုင်၏အမြင်တွင် မုဖူရှန်းရှိနေသည့် တိုက်ပွဲမြေပြင်က အဆုံးသတ်တော့မည်ဖြစ်သည်။
ဆိုရိုးစကားအတိုင်းပင် ကြည့်ရှုသူက တိုက်ခိုက်သူများထက် အရာများကို ပိုရှင်းလင်းစွာ မြင်ကြသည်။
မုဖူရှန်းနှင့် တိုက်ခိုက်နေသည့် ဟန်ဟွားမှာ သေစေလောက်သည့် မည်သည့်နေရာကိုမှ မရှာနိုင်ခဲ့ပါ။
မုဖူရှန်းလက်ထဲတွင် တစ်ခုက ခရမ်းရှိပြီး ကျန်တစ်ခုက ရွှေရောင်ရှိသည်။ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးတို့က ပေါင်းစည်းနေကြ၏။
ထို့ထဲတွင် အဖျက်မိုးကြိုးစွမ်းအင်အမျှင်တန်းများက စီးဆင်းနေကြသည်။
အကယ်၍ဘာမှမမှားယွင်းဘူးဆိုပါက မိုးကြိုးနှစ်မျိုး အောင်မြင်စွာ ပေါင်းစပ်သွားတာနှင့် ဟန်ဟွား၏သေခြင်းတရားက ပို၍ပင် ခိုင်မာလာပေလိမ့်မည်။
ဒါကိုသိုဝှက်ထား၍မရနိုင်ပေ။
သူ့ထံဖြည်းဖြည်းချဉ်း ချဉ်းကပ်လာနေသည့် အဖျက်အော်ရာကို ဟန်ဟွားခံစားနိုင်ပါသည်။
ဒီအော်ရာက သူ့ကို အလွန်အမင်းအန္တရာယ်ရှိသည်ဟု ခံစားရစေသည်။
ဒါကလူသတ်သမားတစ်ယောက်က ကတ်ကြေးကိုကိုင်ရင်း အသွားကို သူ့လည်မြို၌ ထောက်ထားသည့်ပမာ။
သူအနည်းငယ်လှုပ်ရှားလိုက်ပါက သူ့လည်မြိုက ကတ်ကြေးနှင့် ဖြတ်တောက်ခြင်းခံရပေလိမ့်မည်။
မုဖူရှန်း၏ လှုပ်ရှားမှုလေးတွေကို မြင်သောအခါ ဟန်ဟွား၏အမူအရာက အဆက်မပြတ် ပြောင်းလဲနေသည်။
ထို့နောက် သူခွန်အားအပြည့်ကို ထုတ်လွှတ်ရင်း ဝိဉာဉ်အစိတ်အပိုင်းတစ်ခု၏ လောင်ကျွမ်းနှုန်းကို အရှိန်မြှင့်ကာ မုဖူရှန်းရှိရာသို့ တိုး၀င်လာသည်။
ဒီမြင်ကွင်းကိုကြည့်ရင်း မုဖူရှန်းပြုံးလိုက်မိသည်။
မင်းအခုမှနားလည်သွားတာလား!
အရမ်းနောက်ကျသွားပြီ၊ အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ!
မုဖူရှန်းပုန်းနေတာကိုရပ်ပြီး ရင်ဘတ်ရှေ့တွင် လက်အစုံကို မြှောက်လိုက်၏။
သူ့လက်ပေါ်တွင် ခရမ်းနှင့် ရွှေရောင်ရှိသည့် အဖျက်မိုးကြိုးစွမ်းအားနှစ်ခုက အတူတကွ လုံး၀ပေါင်းစပ်သွားခဲ့သည်။
ထို့နောက် သူ့လက်ကြား၌ ခရမ်းရွှေရောင်လှံတစ်ချောင်းအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလာခဲ့သည်။
လှံပေါ်၌ ဆန်းကြယ်ယင်မိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတို့က ခရမ်းနှင့်ရွှေရောင် လျှပ်စီးနဂါးနှစ်ကောင်အဖြစ် ပြောင်းသွားပြီး ရစ်ပတ်လိုက်ကြ၏။
ဟန်ဟွား အမြန်ပြေး၀င်လာသည်။
မုဖူရှန်း လှံကိုကိုင်ပြီး ပစ်ချလိုက်၏။
ရုတ်ချည်းဆိုသလို ရစ်ပတ်နေသော လျှပ်စီးနဂါးနှစ်ကောင်က ဟန်ဟွားအား ဟိန်းကြသည်။
ဟန်ဟွား ဒီမြင်ကွင်းကိုမြင်သော်လည်း သူအရမ်းကြီးမတွေးနိုင်ခဲ့ပေ။ သူဘာတစ်ခုကိုမှ မတွေးနိုင်တော့ပါ။
ဒီတိုက်ခိုက်မှုကို ငါမခုခံနိုင်လောက်ဘူး!
မသိစိတ်က သူဘေးသို့ရှောင်လုနီးပါးပင်။
သို့စေကာမူ ခရမ်းနှင့်ရွှေရောင်လျှပ်စီးနဂါးက ဟန်ဟွားကို ပိတ်ဆို့ထားသည်။
ဟန်ဟွားရှောင်တိမ်းလိုက်တာနှင့် ၎င်းတို့၏ အကြည့်က သူ့လှုပ်ရှားမှုအတိုင်း ခြေရာခံလေသည်။
လျှပ်စီးနဂါးနှစ်ကောင်၏ ထိန်းချုပ်မှုအောက်တွင် လှံက ၎င်း၏ တိုက်ခိုက်ရာဘက်ကို ပြောင်းကာ ပိုမြန်သည့်အမြန်နှုန်းဖြင့် ခရမ်းရွှေမိုးကြိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် လေဟာနယ်အား ထိုးဖောက်ရင်း ဟန်ဟွား၏မျက်ခုံးကြားကို ထိုးစိုက်လာသည်။
သူမရှောင်တိမ်းနိုင်တော့တာကို တွေ့ရသောအခါ ဟန်ဟွားအံကြိတ်ရင်း သူ့ဝိဉာဉ်တစ်စိတ်တစ်ပိုင်းကို လောင်ကျွမ်းစေပြီး အားအပြည့်တိုက်ခိုက်မှုကို သုံးကာ ဒီခရမ်းရွှေလှံကို ဖမ်းကိုင်ပစ်ချင်သည်။ သို့စေကာမူ လှံက ဟန်ဟွားလက်ဖဝါးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ဟန်ဟွားလှံကို ဖမ်းကိုင်မိလိုက်သည့်အလား မခံစားရပေ။ ယင်းအစား သူလေကိုသာ ဖမ်းဆုပ်မိလိုက်သလို ခံစားရသည်။
နောက်အခိုက်အတန့်၌ ခရမ်းရွှေမိုးကြိုးက ဟန်ဟွား၏မျက်ခုံးကြား၌ လင်း၀င်းသွား၏။
ဟန်ဟွားလက်ဖဝါးပေါ်၌ လျှပ်စီးကြောင့် တူးခြစ်နေသည့် သွေးပေါက်တစ်ပေါက်ရှိသည်။ ၎င်းက သူ့မျက်ခုံးကြားက သွေးပေါက်နှင့်အတူ ကြိုးတစ်ချောင်း ဖွဲ့ထားသည့်အလားပင်။
ဟန်ဟွားတွင် တုံ့ပြန်ရန်ပင်အချိန်မရှိခဲ့။
သူမတွေးတောနိုင်တော့ပါ။
အကြောင်းရင်းက ထိုအချိန်မှာပင် ဟန်ဟွား၏ ဝိဉာဉ်က ခရမ်းရွှေလှံကြောင့် အပိုင်းပိုင်းအစစ ကွဲအက်သွားရပြီး ကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုး၏ တိုက်ရိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရသောကြောင့်ဖြစ်သည်။
ဒါကိုမြင်သောအခါ မုဖူရှန်း ကျေနပ်စွာခေါင်းညိတ်သည်။
အရမ်းကောင်းတယ်!
တစ်ဘက်လူကိုသတ်နေစဉ် သူ့၏ ဝိဉာဉ်ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။
ဒါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပေတည်း။
ဒါက သူ့ကို ဝိဉာဉ်ကိုကိုင်တွယ်ရင်း နောက်ထပ်ရိုက်ခတ်မှာတစ်ခုကို ရင်ဆိုင်ရမည့်အရေးဒုက္ခကနေ ကယ်တင်ပေးခဲ့သည်။
ဒါကိုမြင်သောအခါ စုမုယောင် နှလုံးသားထဲက ခါးသီးစွာပြုံးလိုက်သည်။
မုဖူရှန်းက အဆောင်ကိုအားမကိုးရင်တောင် ဒီလောက်အားကောင်းနေသေးတာလား!
သူက သူတို့ပင်လျှင် မခုခံနိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။
မုဖူရှန်းပြီးသွားပြီးနောက် ယဲ့ချိုးပိုင်နှင့် တွေ့ကာ နှစ်ဦးစလုံးက ရှောင်ဟိုင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
တစ်ခြားသူများ၏ ထိတ်လန့်နေသော အကြည့်များနှင့် မတူစွာပင် ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ အမူအရာများက အတော်လေး တည်ငြိမ်နေကြသည်။
ရှောင်ဟိုင်လောလောဆယ်တွင် လူနှစ်ယောက်နှင့် တစ်ပြိုက်တည်း တိုက်ခိုက်နေသည်။
သူဖိနှိပ်မခံထားရသော်လည်း သူ့ခန္ဓာကိုယ်က တိုက်ခိုက်ခံရကောင်းခံရနိုင်သည်။
သို့စေကာမူ ရှောင်ဟိုင် ကျန်ရှိနေသည့် ဒဏ်ရာများကို လျစ်လျူရှုရင်း ပို၍ပြင်းထန်သည့်အားနှင့် တန်ပြန်တိုက်ခိုက်နေသည်။
တခြားတစ်ဘက်တွင် ကျန်းချန်နှင့် ယုဟောင်တို့ ပို၍တိုက်ခိုက်လေလေ၊ သူတို့ပို၍ ထိတ်လန့်လာလေလေပင်။
ဒီခန္ဓာကျင့်ကြံသူက ဘယ်လိုမွန်းစတားမျိုးလဲဟ!
သူတို့နှစ်ယောက် မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းရန်အတွက် လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီးနောက် ဝိဉာဉ်များကို အဖိုးအခအဖြစ် လောင်ကျွမ်းစေပြီး သူတို့ခွန်အားကို ထပ်မံတိုးစေခဲ့သည်။
သူတို့က အစစ်အမှန်မြေအင်မော်တယ်နယ်ပယ်တစ်ဦးလောက် အားမကောင်းသော်လည်း အချိန်တိုအတွင်း အတော်လေး တိုးတက်နေလေပြီ။
သို့စေသည့်တိုင် ရှောင်ဟိုင်ကိုသတ်ရန် မဆိုထားနဲ့၊ သူတို့က ဖိပင်မဖိနှိပ်နိုင်ပေ။
မုဖူရှန်းမေးသည်။
"အစ်ကိုရှောင်ဟိုင်၊ ကျွန်တော်တို့ အကူအညီကို လိုအပ်လား"
ယဲ့ချိုးပိုင်ချက်ချင်းရယ်မောသည်။
"ကောင်းပြီ၊ လက်ရှိရှောင်ဟိုင်က နောက်လူတစ်ယောက် သူ့ကိုတိုက်လာဖို့ကိုတောင် မစောင့်နိုင်လောက်တော့ဘူး၊ သူအရူးအမူး အခြေအနေကို ကျရောက်နေပြီဆိုတာ မင်းပြောလို့မရဘူးလား"
မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်ဟိုင် ကျယ်လောင်စွာ ရယ်မောသည်။
"မလိုပါဘူး၊ ငါပျော်လို့တောင်မ၀သေးဘူး"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့လက်သီးနှစ်လုံးက ပြင်းထန်သော ရုပ်ခွန်အားနှင့်အတူ ကျန်းချန်နှင့် ယုဟောင်ထံ ပစ်၀င်သွား၏။
ယဲ့ချိုးပိုင်လက်အစုံကိုဖြန့်လိုက်သည်။
"ကြည့်လေ"
မုဖူရှန်းအကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။ သူသာဆိုပါက အနိုင်ယူနိုင်မည်သာ။
သူကသေချာပေါက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကူညီခိုင်းမည်။
အကယ်၍ သူက အောင်နိုင်ချေပိုများစေသော ပိုထိရောက်သည့် နည်းလမ်းကို သုံးနိုင်ပါက ဘာလို့မသုံးဘဲနေရမည်နည်း။
စီနီယာအစ်ကိုရှောင်ဟိုင်၏ စရိုက်က တကယ်တော့ ဒီလိုဖြစ်သည်။
သူ့ရူးသွပ်သွားသည့် အခြေအနေတွင် သူက နတ်ဆိုးဘုရင်တစ်ဦးနှင့်တူပြီး တစ်ဘက်လူ မသေသေးသရွေ့ သူ့လက်သီးက ရပ်မည်မဟုတ်။
ပန်ရှီနှင့် ဟန်ဟွားအခြေအနေကို ကျန်းချန်နှင့် ယုဟောင်တို့ကလည်း သူတို့မျက်လုံးထောင့်စွန်းကနေ မြင်ရသည်။
သူတို့ထိတ်လန့်သွားကြသည်။
သူတို့တွင် ထွက်ပေါက်မရှိတော့တာကို သိလိုက်သည်။
သူတို့ရှောင်ဟိုင်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်။
ဒါကိုတွေးမိသောအခါ နှစ်ဦးစလုံးက စိတ်ပျက်အားငယ်သလို ခံစားရသည်။
သို့စေကာမူ တစ်ယောက်ယောက်ကိုတော့ သူတို့နှင့်အတူ ဆွဲချသွားရမည်။
နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦးကြည့်ရင်း လေးနက်စွာ ခေါင်းညိတ်သည်။
သူတို့တစ်ချိန်တည်းမှာပင် ဝိဉာဉ်ခွန်အားတစ်စိတ်တစ်ပိုင်းကို လောင်ကျွမ်းစေပြီး စည်းတံဆိပ်များဖန်တီးသည်။
ကြယ်တိမ်တိုက်မြို့အပြင်၌ သွေးဘီလူးကြီးတစ်ကောင် ပေါ်လာခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ရှောင်ဟိုင် စိတ်လှုပ်ရှားသည့် အပြုံးကိုပြသရင်း ကျယ်လောင်စွာပြောသည်။
"ဒါကပိုပြီးစိတ်၀င်စားဖို့ကောင်းတယ်..."
ထိုသို့ဆိုပြီးနောက် မူလက ပုံစံကွက်ခြောက်ခုနှင့်ဖုံးနေသည့် သူ့ကိုယ်ပေါ်၌ အနက်ရောင်ဓာတ်ငွေ့အမျှင်တန်းများ ပေါ်လာသည်။
နတ်ဆိုးနက်ချီပေါ်လာသည့် အခိုက်အတန့်တွင် ရှောင်ဟိုင်၏မျက်လုံးများက အတိအေးစက်သွား၏။
နတ်ဆိုးချပ်၀တ်က ရှောင်ဟိုင်ကိုယ်ပေါ်၌ ပေါ်လာခဲါပြီး ထိုအချိန်မှာပင် နတ်ဆိုးဘုရင်ပုံရိပ်က ရှောင်ဟိုင်နောက်တွင် ပေါ်လာသည်။ ၎င်းက မယိမ်းယိုင်နိုင်သလို အော်ရာတစ်ခုလည်းရှိသည်။
၎င်းက ကမ္ဘာကြီးထဲက သက်ရှိအားလုံးကို ဂရုပင်မစိုက်သည့်အသွင်။
ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကို သုံးလိုက်သည့် အခိုက်အတန့်၌ နတ်ဆိုးဘုရင်မြို့၏ ဝေးလံသည့်ဗဟိုရှိ မြေအောက်ရဲတိုက်က စတင်တုန်ခါလာခဲ့သည်။
ရဲတိုက်အလယ်တွင် အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ပုံရိပ်က ထိုအော်ရာရှိရာဘက်သို့ ကြည့်ရင်း ရေရွတ်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပဲ"
ထို့နောက်သူလက်ကို မြှောက်လိုက်၏။
ချက်ချင်းဆိုသလို ကြောက်ခမန်းလိလိဝိဉာဉ်စွမ်းအားက ရဲတိုက်တစ်ခုလုံးကို ဝှေ့ယမ်းသွားပြီး ရဲတိုက်နက်ကို ဖုန်မှုန့်များအဖြစ် ပြောင်းသွားစေသည်။
မိုးနှင့်မြေကို ဆက်သွယ်ထားသည့် ကျောက်တိုင်သုံးတိုင်က အချိန်မရွေး ပြိုကျသွားနိုင်သည့်အလား အဆက်မပြတ် တုန်ခါနေကြ၏။
တစ်ယောက်ယောက်က စည်းတံဆိပ်ကို ချိုးဖျက်တော့မှာကို ခံစားမိသည့်ပလား သေမင်းဝိဉာဉ်မြို့အပေါ်က ကြယ်စင်စုမြစ်ကြီးက နတ်ဆိုးဘုရင်မြို့သို့ ကောင်းကင်က ရေတံခွန်တစ်ခုပမာ ကျဆင်းလာခဲ့သည်။
အပိုင်း(729) coming။