← Chapters

လမ်းကြောင်းတစ်ခု၏...

Vol. 3 Ch. 22

လမ်းကြောင်းတစ်ခု၏...

Vol. 3 Ch. 22

အာရန်သည် တောင်စွန်းရှိ

သူ့အိမ်ထဲသို့ပြန် ရောက်သည်နှင့် ရွေးချယ်စရာများကို စိုက်ကြည့်နေသည်။

ဤတစ်ကြိမ်တွင် ရွေးချယ်စရာများသည်

သူ့ကို အမှန်တကယ် စိတ်ရှုပ်ထွေးစေခဲ့ပြီး သူပုံမှန်ဟုသတ်မှတ်ထားသော ဒုတိယရွေးချယ်မှု

နှင့်ပတ်သက်၍ မှားယွင်းနေသလားဟု တွေးတောမိစေသည်။

ပုံမှန်အားဖြင့် ပထမရွေးချယ်မှုသည်

အန္တရာယ်အရှိဆုံးဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အခြားရွေးချယ်မှုများထက် အနည်းငယ်

ပိုမိုလွယ်ကူပုံရသည်။ သို့မဟုတ် သူ မသိသေးသော လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေသေးတာလား။

အတွေးထဲတွင် နစ်မြောနေရင်း

သူသည် အိပ်ရာဆီသို့ လျှောက်သွားမိလိုက်သည်။ ဤတစ်ကြိမ်တွင် ရွေးချယ်စရာများနှင့်ပတ်သက်၍

အမှန်တကယ် သံသယဖြစ်စရာတစ်ခု ရှိနေသည်။ ရွေးချယ်စရာများအောက်ရှိ ပေးထားသောအချိန်များကလည်း

ပိုရှည်နေလေသည်။

ယခင်ကကဲ့သို့ မိနစ်အနည်းငယ်မျှလောက်လေး

အချိန်ပေးခြင်းမဟုတ်ပါ။ ဤအကြောင်းကို စဉ်းစားရန် တစ်ရက်လုံး အချိန်ပေးထားသောကြောင့်

ဤရွေးချယ်စရာများသည် ယခင်က အရာများထက် အကျိုးဆက် ပိုမိုကြီးမားကြောင်း ထင်ရှားစေသည်။

ဤအရာများသည် အခြားရွေးချယ်စရာများကဲ့သို့မဟုတ်ပဲ

သူ့အနာဂတ်ကို တစ်နည်းတစ်ဖုံ ဆုံးဖြတ်ပေးသောကြောင့်လား။ ၎င်းတို့သည် သူလျှောက်လှမ်းရမည့်

သူ့အနာဂတ်လမ်းကြောင်းကို ဖန်တီးနေခြင်းလား။

ထိုသို့ဆိုလျှင် ပထမလမ်းကြောင်း

သည် အခြားသူများကို လှည့်စားရင်း ရှင်သန်ရမည့် လှည့်စားသူတစ်ဦး၏ လမ်းကြောင်းနှင့်တူသည်။

၎င်းသည် သူ့၏ ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအစား ရှင်သန်ရန်အတွက် သူ့ဦးနှောက်ကို

အသုံးချရမည့် လမ်းကြောင်းဖြစ်သည်။

ဒုတိယလမ်းကြောင်းသည်

အောင်နိုင်သူသူရဲကောင်းတယောက်၏ လမ်းစဉ် ဖြစ်သည်။ သူသည် အောင်မြင်ရန်အတွက် လှည့်စားသည့်နည်းကို

အသုံးပြုမည်မဟုတ်ပါ။ ယင်းအစား သူကိုယ်တိုင် အန္တရာယ်ကို တိုက်ရိုက် ရင်ဆိုင်ရမည်ဖြစ်သည်။

သူသည် သူ့တပည့်များအတွက်

ပိုမိုကောင်းမွန်သော ဆရာတစ်ဦးဖြစ်လာစေရန် ပိုမိုသန်မာလာမှ ရမည်ဖြစ်သည်။

ခွန်အားသည် အန္တရာယ်ကိုမရင်ဆိုင်ပဲ

မကြီးထွားနိုင်ပါ။ ထို့ကြောင့် ဤရွေးချယ်မှုသည် လက်ရှိတွင် အန္တရာယ်အများဆုံးပုံရနေသည်။

ဒုတိယရွေးချယ်မှုသည် များသောအားဖြင့် သူ့အတွက် ဘေးကင်းသော ရွေးချယ်မှုများဖြစ်ခဲ့သော်လည်း

ဤတစ်ကြိမ်တွင် အတော်လေး အန္တရာယ်များသည်။

ပထမလမ်းကြောင်းအတွက်

အခြားသူများကို အားကိုးရမည်ဆိုလျှင် ဒုတိယလမ်းကြောင်းအတွက် သူ့ကိုယ်သူသာ အားကိုးနိုင်သည်။

ဤရွေးချယ်စရာများအရ တတိယနှင့်

စတုတ္ထလမ်းကြောင်းလည်း ရှိသေးသည်။

တတိယလမ်းကြောင်းသည် ကြောက်ရွံ့သူတစ်ဦး၏

လမ်းကြောင်းဖြစ်သည်။ သူသည် ထွက်ပြေးပြီး ယခင်ကမ္ဘာသို့ ပြန်လာရန် သို့မဟုတ် လျှို့ဝှက်နက်နဲမှု၏

အဖြေကို ရှာဖွေရန် မျှော်လင့်ချက်အပါအဝင် အရာအားလုံးကို စွန့်လွှတ်ရမည်ဖြစ်သည်။

တတိယလမ်းကြောင်းကို ရွေးချယ်ပါက

သူ့ကိုယ်သူ စွန့်လွှတ်ပြီး ဤကမ္ဘာနှင့်အတူ ပေါင်းစည်းလိုက်ခြင်းနှင့် ထူးမခြားနားပါ။

သူသာ ထိုသို့လုပ်ဆောင်ပါက စနစ်ကပင် သူ့ကို စွန့်လွှတ်သွားမည်လား မသေချာပါ။

တတိယလမ်းကြောင်းတွင်

အခြားပြဿနာတစ်ခုလည်း ရှိသည်။ သူထွက်ပြေးခဲ့လျှင်ပင် ရှင်သန်နိုင်သည်ဟု မဆိုနိုင်ပါ။

တောင်ဘက်ပိုင်းက သူရဲကောင်းအကယ်ဒမီနှင့်

ယခုအရှေ့ဘက်မှ မိစ္ဆာဂိုဏ်း နှစ်ခုသည် သက်ဆိုင်ရာနယ်‌မြေများအပေါ် ကြီးမားသောအာဏာသက်ရောက်မှုရှိလေသည်။

ထို့ အတူအနောက်ဘက်ရှိ သန့်စင်နတ်ဘုရားမ ၏ဘုရားကျောင်း နှင့် မြောက်ဘက်ရှိ နတ်ဆိုးမျှော်စင်များမှာလဲ ထပ်တူအာဏာများရှိကြလေသည်။

သူသည် နတ်ဆိုးမျှော်စင်

သို့မဟုတ် သန့်စင်ဘုရားကျောင်း နယ်မြေထဲသို့ ထွက်ပြေးနိုင်သော်လည်း ထိုနေရာများတွင်ပင်

ပုန်းအောင်းကာ ရှင်သန်နိုင်ဖို့ လွယ်ကူမည်မဟုတ်ပါ။

စတုတ္ထလမ်းကြောင်းအတွက်မူ

၎င်းသည် ချစ်သူတစ်ဦးကိုအမိဖမ်းရမည့် လမ်းကြောင်းဖြစ်သည်။ အလွန်အကျိုးအမြတ်များပုံရသော်လည်းလက်ရှိ သူ့အနေအထားဖြင့်မူ အန္တရာယ်အရှိဆုံးလမ်းကြောင်းဖြစ်သည်။

သူမနှင့် နီးစပ်ရန် ကြိုးစားရင်းအချိန်ပိုကြာလေ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန်ပိုနီးစပ်လေဖြစ်သဖြင့် ကြာလေအန္တရာယ်ပိုများလေဖြစ်သည်။ ထိုရွေးချယ်မှုအရ သူ့အတိတ်ကို

ဂရုမစိုက်သည်အထိ သူမက သူ့ကို ရူးရူးမူးမူးချစ်မိသွားအောင် မြှူဆွယ်ရမည်ဖြစ်သည်။ ယင်းကသူ့ရဲ့ လက်ရှိ အားနည်းလွန်းသော ကိုယ်ပိုင်အဆင့်အတန်းဖြင့် ပြောသလောက် မလွယ်ကူပါ။

ဤကျင့်ကြံခြင်းကမ္ဘာတွင်မိန်းမတစ်ယောက်၏အချစ်ကို အရယူနိုင်ရန်အတွက် ဆွဲဆောင်နိုင်မှုအပြင် ခွန်အားကြီးမားရန်လည်း လိုအပ်လေသည်။

“လှည့်စားသူရဲ့လမ်းကြောင်း၊ အောင်နိုင်သူသူရဲကောင်းရဲ့ လမ်းကြောင်း၊ ကြောက်ရွံ့သူရဲ့ လမ်းကြောင်းနဲ့ ချစ်သူတစ်ဦးကိုအမိဖမ်းရမယ့်လမ်းကြောင်းဆိုပြီး ရှိတယ်ပေါ...”

အာရန်သည် အိပ်ရာပေါ်တွင် လှဲလျောင်းရင်း မျက်လုံးကို မှိတ်ကာ ရွေးချယ်စရာများကို ထပ်ခါထပ်ခါ စဉ်းစားနေသည်။ ဆုလာဘ်များအကြောင်းကိုပင် မစဉ်းစားမိတော့ပါ။ ယင်းအစား သူ့ရဲ့ အနာဂတ် ဖြစ်နိုင်ခြေကိုသာ စဉ်းစားနေသည်။

တတိယရွေးချယ်မှုကို သူ့စဉ်းစားမှုထဲကနေ

လုံးဝ ဖယ်ထုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အာမခံချက်မရှိသော

ရှင်သန်မှုအတွက် အရာအားလုံးကို စွန့်ပစ်ခဲ့၍ မဖြစ်နိုင်ပါ။ ထိုရွေးချယ်မှုကို ရွေးချယ်ခြင်းသည်

သူ့အသက်ကို လောင်းကြေးထပ်ခြင်းနှင့်အတူတူပင်ဖြစ်သည်။

ရွေးချယ်စရာ သုံးခုသာကျန်တော့သည်။

“လှည့်စားသူ၊ သို့မဟုတ် အောင်နိုင်သူသူရဲကောင်း...နှင့် ချစ်သူတစ်ဦးကိုအမိဖမ်းရရန်…..”

“လှည့်စားသူက အနည်းငယ်ပုံမှန်ဖြစ်ပုံရတယ်။ စနစ်က လှည့်စားသူတစ်ယောက်ကို ဆုလာဘ်တွေပေးပြီး အကာအကွယ်ပေးလိမ့်မယ်ထင်တယ်။

အကာအကွယ် ဆွဲကြိုးလိုမျိုး ဆုလာဘ်တွေ ပိုရနိုင်ရင် ငါအတွက်တကယ်ကို အနိုင်ရအောင်တောင် လုပ်ပေးနိုင်ရင်ပေးနိုင်လိမ့်မယ်”

“ဒါပေမယ့် ပထမရွေးချယ်မှုဖြစ်တဲ့အတွက်

သိပ်မသင့်လျော်ဘူးလို့ စိတ်ထဲ ထင့်နေသလို ခံစားမိနေတယ်။ ပထမရွေးချယ်မှုတွေက အမြဲတမ်းအန္တရာယ်အရှိဆုံးပဲ။ ထင်ထင်ရှားရှားဖြစ်မနေပေမယ့် အဲဒီထဲမှာ တကယ်ကို မှားယွင်းနေတဲ့အရာတစ်ခုရှိနေနိုင်တယ်”

အများကြီး စဉ်းစားပြီးနောက်မှာသူသည် အန္တရာယ်ရှိသောလမ်းကို သာလျှောက်လှမ်းရန် ဆုံးဖြတ်လိုက်သည်။

“တကယ်လို့လမ်းကြောင်းနှစ်ခုဟာဆက်စပ်နေတယ်ဆိုရင် နှစ်ခုလုံးကို ရွေးချယ်လို့ရနိုင်လား” ဟု သူမေးလိုက်သည်။

[ရွေးချယ်စရာ နှစ်ခုသည်အပြန်အလှန် ဆက်စပ်နေပါက နှစ်ခုစလုံးကို ရွေးချယ်နိုင်ပါသည်။ သို့သော် ပထမဦးစားပေးရွေးချယ်မှုနှင့် ဒုတိယ ဦးစားပေး ရွေးချယ်မှုဟူ၍ ခွဲခြား ရွေးချယ်ရမည်]

[ပထမဦးစားပေးရွေးချယ်မှု

၏ ဆုလာဘ်ကို ချက်ချင်းရရှိမည်ဖြစ်ပြီး ဒုတိယဦးစားပေး ရွေးချယ်မှု ၏ဆုလာဘ်ကိုမူ ရွေးချယ်မှု နှစ်ခုလုံးပြီးမြောက်ပြီးမှသာ ရရှိမည်ဖြစ်သည်]

[သတိပေးချက်: ၎င်းသည်

အနာဂတ်လမ်းကြောင်း ဆုံးဖြတ်ချက်ဖြစ်သည်။ နှစ်ခုအထိ ရွေးချယ်ပါကအကယ်၍ ပျက်ကွက်ခဲ့ပါကလည်း ပြစ်ဒဏ်မှာ နှစ်ဆဖြစ်သွားပါလိမ့်မည်]

“ကျရှုံးရင် ပြစ်ဒဏ်က နှစ်ဆဖြစ်မယ် ဒါပေမယ့် ကျရှုံးဖို့ ငါမစီစဉ်ထားဘူး”

ဟု အာရန် ကပြောလိုက်သည်။

“ရွေးချယ်စရာ နှစ် နဲ့ ရွေးချယ်စရာ လေး က ဆက်စပ်နေပုံရတယ်။ ဒုတိယလမ်းကြောင်းကို ရွေးချယ်ပြီးရင် ဂိုဏ်းချုပ်ရဲ့အချစ်ကိုမရနိုင်ဘူးလို့

ဘယ်သူကပြောလဲ။ ဘာပဲဖြစ်ဖြစ် အဲဒါက ပိုပြီး ဘေးကင်းပုံရတယ်။ ငါ့မှာ ခွန်အားရှိမယ် နောက်ခံလည်း

ရှိသွားမယ်”

“ငါ ဒုတိယရွေးချယ်မှုကိုငါ့ရဲ့ ပထမဦးစားပေးလမ်းကြောင်းအဖြစ်သတ်မှတ်ပြီး စတုတ္ထရွေးချယ်မှုကို ငါ့ရဲ့ ဒုတိယဦးစားပေးလမ်းကြောင်းအဖြစ်သတ်မှတ်လိုက်တယ်”

[သင်သည် ဒုတိယနှင့် စတုတ္ထရွေးချယ်မှုများကို

ရွေးချယ်လိုက်ပါပြီ]

[အနာဂတ်လမ်းကြောင်းကို ချိန်ညှိနေပါသည်]

[...]

[...]

[အောင်မြင်ပါသည်]

[အနာဂတ်လမ်းကြောင်းကို

သင့်လျော်အောင် ချိန်ညှိပြီးပါပြီ]

[မှတ်ဉာဏ် အပိုင်းအစတစ်ခုကို

ဆုလာဘ်အဖြစ် ရရှိလိုက်ပါပြီ]

အသိပေးချက်အနည်းငယ်အပြီးတွင်

အာရန်ရှေ့ အိပ်ရာပေါ်တွင် သေးငယ်သော သလင်းကျောက်လေးတစ်ခု ပြုတ်ကျလာသည်။

ထိုသည် တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ အရောင်ခုနစ်မျိုးဖြင့် တောက်ပနေလေသည်။

အာရန်သည် သိလိုစိတ်ဖြင့် ထိုသလင်းကျောက်လေးကို ကောက်ယူလိုက်ရာ ရုတ်တရက် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။

ဤသလင်းကျောက်လေးသည် ဘာလုပ်ရမည်နည်းဟု သူတွေးနေစဉ်တွင် ဖော်ပြချက်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။

[မှတ်ဉာဏ်သလင်းကျောက်

: ဤသလင်းကျောက်သည် အကြီးအကဲရန်၏ ဖုံးကွယ်ထားသောအတိတ်၏

အစိတ်အပိုင်းငယ်လေး တစ်ခုကိုဖော်ပြထားသောအရာဖြစ်သည်]

[သတိပေးချက်: သင်သည် လက်ရှိခွန်အားအရ အသုံးပြုရန် အလွန်အားနည်းနေသေးသည်။ အသုံးမပြုမီ အနာဂတ်တွင် သင်၏ စိတ်ပိုင်းဆိုင်ရာ သန်မာမှုကို အားကောင်းနေပါစေ]

“အကြီးအကဲရန်ရဲ့ အတိတ်ကို သိခွင့်ရမယ်ဆိုပါလား”

အာရန်သည် သလင်းကျောက်လေးကို

အလွန်စိတ်ဝင်တစား ကြည့်လိုက်မိသည်။ ဖော်ပြချက်ပါ စကားလုံးများသည် အတော်လေး ထူးဆန်းကြောင်းကိုလည်း သဘောပေါက်လိုက်သည်။ အကြီးအကဲရန်၏ ဖုံးကွယ်ထားသောအတိတ်ဟု ဆိုထားသည်။

သူသည် ဝတ္ထုထဲတွင် အကြီးအကဲရန်အကြောင်းကို ဖတ်ခဲ့ရသော်လည်း အနည်းငယ်သာ သိထားလေသည်။ သို့သော် ထိုသူ၏အတိတ်အကြောင်းကိုမူ သိမထားပါ။

အကြီးအကဲရန်သည် ဝတ္ထုထဲတွင်

ညံ့ဖျင်းစွာ ရေးသားထားခြင်းခံထားရသော ဇာတ်ကောင်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ ဒါကြောင့်လည်း အာရန်သည် ဤဝတ္ထုကို အလွန်စိတ်ပျက်နေခြင်းဖြစ်သည်။ အကြီးအကဲရန်နှင့်ပတ်သက်၍ နားမလည်နိုင်သော အရာများစွာရှိသည်။

သူသည် သူရဲကောင်းအကယ်ဒမီ၏

သူလျှိုတစ်ဦးဖြစ်သောကြောင့် မိစ္ဆာဂိုဏ်းကြီးတွင် အကြီးအကဲတစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း။

မိစ္ဆာဂိုဏ်းချုပ်က သူ့ကို မည်သို့ ရွေးချယ်ခဲ့သနည်း။ သူမသည် သူ၏ မှားယွင်းနေမှုများကို ဘာကြောင့် သတိမထားမိခဲ့သနည်း။

မူရင်း ဝတ္ထုထဲတွင် ထိုအကြောင်းများ

သူဘာမှမသိခဲ့ရပါ။ ဒါပေမယ့် ဤခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပြီဖြစ်၍ ဤခန္ဓာကိုယ်ပိုင်ရှင်သည် အလွန်အားနည်းကြောင်း သဘောပေါက်လိုက်သည်။

‘’ဒါဆို အားနည်းတဲ့လူတစ်ယောက်က ဒဏ္ဍာရီဆန်တဲ့ သားရဲတစ်ကောင်ကို ဘယ်လို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလဲ”

အကြီးအကဲရန်အကြောင်းသူ နားမလည်သေးသည့်အရာများစွာကျန်သေးကြောင်းသဘောပေါက်လိုက်သည်။

#Catfoot

All Chapters