← Chapters

မာယာရှင်

Vol. 3 Ch. 24

မာယာရှင်

Vol. 3 Ch. 24

“ဒီနေ့ ဂိုဏ်းဝင်ခွင့်စာမေးပွဲမှာ သူကောင်းကောင်းလုပ်ပြ နိုင်ခဲ့တယ်လို့ ကြားမိတယ်”

ထိုင်ခုံပေါ်တွင် ထိုင်နေသော အမျိုးသမီးက ရယ်မော၍ပြောဆိုလိုက်သည်။

“သူ့ကဘယ်လိုမျိုးလဲဆိုတာတွေ့ချင်လာပြီ”

“နင်သူ့ကိုတွေ့လို့မရဘူး”

ဂိုဏ်းချုပ်က ပျင်းရိသောလေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မသိပါတယ်ရှင်”

အမျိုးသမီးက နားလည်ရခက်သော အပြုံးတစ်ခုဖြင့်ပြန်လည်ပြောလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုအပြုံးသည် မျက်နှာဖုံးနောက်တွင် ဝှက်ထားသောကြောင့် မည်သူမျှမမြင်တွေ့လိုက်ရပါ။

သူမ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းသည်

မည်သည့် ယောက်ျားကိုမဆို ရူးသွပ်သွားစေနိုင်သော မြူဆွယ်မှုများဖြင့် ပြည့်နှက်နေပုံရသည်။

သူမသည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးဖြစ်လေသည်။ သူမ တိုက်ခိုက်သည်ကို မည်သူမျှမမြင်တွေ့ဘူးသောကြောင့်

သူမ၏ အစစ်အမှန် ခွန်အားကို မည်သူမျှ မသိရှိကြပါ။

သို့သော် သူမသည် မည်သည့် ယောက်ျားကိုမဆို ၎င်းတို့၏ ခွန်အားကြီးသည်ဖြစ်စေ ခွန်အားနည်းသည်ဖြစ်စေ သူမကို အရူးအမူးစွဲလမ်းသွားစေနိုင်သောကြောင့် အလွန်ကြောက်စရာကောင်းသောသူ တစ်ဦးအဖြစ် လူသိများလေသည်။

တစ်ချိန်က သူမကို သတ်ရန်

စေလွှတ်ခဲ့သော သူရဲကောင်းအကယ်ဒမီမှ အကြီးအကဲတစ်ဦး ရှိခဲ့ဘူးသည်။ သို့သော် ထိုအကြီးအကဲသည် တာဝန်ကို အောင်မြင်ရမည့်အစား သူမကို ပထမဆုံးအကြိမ် တွေ့လိုက်ချိန်တွင်ပင် အရူးအမူးချစ်မိသွားခဲ့လေသည်။

အဆုံးသတ်တွင် သူမသည် သူရဲကောင်းအကယ်ဒမီမှအကြီးအကဲအား အမိန့်တစ်ခုသာ ပေးလိုက်ပြီး ထိုအကြီးအကဲသည် မိမိကိုယ်ကို

ကျေကျေနပ်နပ်ကြီး အဆုံးစီရင်သွားခဲ့သည်။

ထိုအချိန်မှစ၍ မည်သည့် ယောက်ျားကိုမျှ သူမအနီးသို့ မလာရန် တင်းကြပ်စွာ တားမြစ်ထားခဲ့ရလေသည်။ မိစ္ဆာဂိုဏ်းကြီးတွင်ပင် မည်သည့် ယောက်ျားကိုမျှ သူမကို တွေ့ခွင့်မပြုဟုတားမြစ်ထားရလေသည်။

“သူဟာ လက်ခံနိုင်တဲ့အဆင့်တစ်ခုမှာရှိတယ်လို့ခံစားမိတယ်။ ဒီလို အော်ရာ... ဒီလိုမျိုးအရင်က တစ်ခါမှ မမြင်ဖူးဘူး”

မဟာအကြီးအကဲမှ ထရပ်လိုက်သည်။

“ငါ့ကိုတောင် စိတ်မသက်မသာဖြစ်စေတဲ့

အော်ရာမျိုးပဲပြီးတော့...”

သူမ၏ စကားကို မဆုံးအောင် မပြောလိုက်ရပါ။ သူမ၏လက်များ သည်ရုတ်တရက် တုန်ယင်မှုတစ်ခုဖြစ်‌ပေါ်နေသည်ကို အံ့ဩစွာတွေ့လိုက်ရသောကြောင့် ဖြစ်သည်။

.....................................

[ရွေးချယ်စရာ တစ် : သင်သည် တစ်စုံတစ်ခုကို စူးစမ်းလိုစိတ် ရှိသည်။ ပညာရှိတစ်ဦးသည် သူတို့၏ မေးခွန်းများအတွက် အဖြေကို အမြဲတမ်း ရှာဖွေကြသည်။

စာကြည့်တိုက်ထဲသို့ ဝင်ပြီး သင်သိချင်နေသော အဖြေများကို ရှာဖွေလိုက်ပါ။

ဆုလာဘ်: အော်ရာထိန်းချုပ်နည်း (အဆင့်မြင့်)]

[ရွေးချယ်စရာ နှစ် : သင်သည် မောပန်းနေပြီး အနားယူချင်နေသည်။ ထို့ကြောင့် နေအိမ်သို့ပြန်သွားပြီး ကောင်းစွာ

ပြန်အိပ်လိုက်ပါ ။ သင်ကောင်းစွာ အနားယူပြီးသောအခါ စာကြည့်တိုက်သို့ အချိန်မရွေး ပြန်လာနိုင်လေသည်။

ဆုလာဘ်: ခွန်အား +၁]

[ရွေးချယ်စရာ သုံး : လူငယ်များသည် သင့်ကို ၎င်းတို့၏ စံပြပုဂ္ဂိုလ်သဖွယ် ကြည့်နေသည်ကို သင်တွေ့သည်။ သူတို့ထဲတွင်

အရည်အချင်းရှိသူများစွာကို လည်း သင်တွေ့ရသည်။

၎င်းတို့အား လမ်းညွှန်မှုအချို့ပေးပြီး ပြန်သွားလိုက်ပါ။

ဆုလာဘ်: ဗျူဟာသုံးဆယ့်ခြောက်ခု

(အဆင့်မြင့်)]

[ရွေးချယ်စရာ လေး : စိတ်ကို ကြည်လင်စေပြီး စိတ်ကူးဉာဏ်ကွန့်မြူးနိုင်ရန် အနီးရှိ ဥယျာဉ်ကို စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ ပွင့်နေသော ပန်းများနှင့် တည်ငြိနေသော ပတ်ဝန်းကျင်သည် သင်၏ စိတ်ဓာတ်ကို ပြန်လည်နုပျိုစေရန်ကူညီပေးသည်။

ဆုလာဘ်: ကံကောင်းခြင်း

+၁]

“ဒီတစ်ခါ ရွေးချယ်စရာတွေက

အတော်ထူးဆန်းနေသလိုပဲ”

အာရန်သည် ရွေးချယ်စရာအားလုံးကို ဖတ်ပြီးနောက် ရေရွတ်လိုက်သည်။

“ငါစံတစ်ခုအနေနဲ့ အမြဲသတ်မှတ်လေ့ရှိတဲ့အရာနဲ့ ပတ်သက်ပြီး ငါတကယ် ပဲ မှားနေတာလား။

ဒါမှမဟုတ် ပထမရွေးချယ်မှုက တကယ်ကို အန္တရာယ်အရှိဆုံးလား”

သူက ခေါင်းကို အသာအယာ

ယမ်းလိုက်သည်။

“မဖြစ်နိုင်ဘူး င့ါဖာ့သာငါ လျှောက်တွေးမိတာပဲ ဖြစ်ရမယ်”

ဤနေရာသည် စာကြည့်တိုက်တစ်ခုသာဖြစ်သည်။ ထို့အပြင် ၎င်းသည် စစ်မြေပြင် သို့မဟုတ် အခြားအန္တရာယ်ရှိသည့်နေရာလဲမဟုတ်ပါ ။ ထို့ကြောင့် မည်သည့် အန္တရာယ်များ ရှိနိုင်သနည်း။

သူသည် ဘေးကင်းရန်အတွက် ဒုတိယရွေးချယ်မှုကိုပင် ထပ်မံ ရွေးချယ်ဖြစ်မည်ဆိုလျှင် ပထမရွေးချယ်မှု၏ ဆုလာဘ်သည် အလွန်အကျိုးအမြတ်များသောကြောင့် သူထိုသို့ မလုပ်ချင်ပါ။

ဓားဘုရင်၏အော်ရာ ကို ရရှိပြီးကတည်းက သူသည် အလွန်အာရုံစိုက်ခံရနေသည်။ ဤ အငွေ့အသက်ကို မထိန်းချုပ်နိုင်သောကြောင့်

ပို၍ပင် ဆိုးရွားသေးသည်။

၎င်းသည် အမြဲတမ်း အသက်ဝင်နေသော

ထိမ်းချုပ်မရသည့် အစွမ်းတစ်ခု ဖြစ်နေလေသည်။ ၎င်းကြောင့် သူသည် အထူးခြားဆုံးသူ တစ်ဦးဖြစ်နေသည်။ အခြားသော အကြီးအဲများသည် လိုအပ်မှသာ ၎င်းတို့၏အော်ရာ ကို ဖော်ထုတ်ကြသော်လည်း သူက စက္ကန့်တိုင်းတွင် ထုတ်ဖော်မိနေလေသည်။

သူသည် မာနကြီးပြီးရန်လိုသည့်ဟန်ကို

အမြဲတမ်းပြသထားချင်စိတ် မရှိပါ။ ထိုအရာသည် နောက်ဆုံးမှာ လူတိုင်း၏ မျက်မုန်းကျိုးမှုကို ခံရဖို့ လွယ်ကူသော နည်းလမ်းပင်ဖြစ်သည်။

ယခုသည် ပထမတစ်ရက်သာဖြစ်သေးသောကြောင့် ပြဿနာများ မကြီးမားသော်လည်း အနာဂတ်အတွက်မူအဆင်ပြေမနေပါ။

ဤထိမ်းချုပ်မရသောအစွမ်းကို သူထိန်းချုပ်နိုင်သောအစွမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည့် နည်းလမ်းတစ်ခုသည သူ့အတွက် အမှန်တကယ် လိုအပ်နေသည်။

ပထမရွေးချယ်မှု၏ ဆုလာဘ်သည် ထိုအရာပင်ဖြစ်သည်။ စနစ်က သူ့ကို ဤရွေးချယ်မှုကို မရွေးချယ်သင့်ကြောင်း ပြောနေသကဲ့သို့ တစ်ချိန်ထဲမှာပင် ဤရွေးချယ်မှုကိုသာ ရွေးချယ်သင့်ကြောင်းလည်း ထပ်မံပြောနေသယောင် ထင်ရလေသည်။

အဆုံးတွင် သူသည် သူ့နှလုံးသားဆန္ဒအတိုင်းသာ လိုက်နာရန် ဆုံးဖြတ်လိုက်သည်။

“ငါ ပထမတစ်ခု ကို ရွေးမယ်”

ရွေးချယ်မှုပြုလုပ်ပြီးသည်နှင့် ဆုလာဘ်ကို ချက်ချင်း ရရှိလိုက်သည်။ သူ့အော်ရာ ကို ထိန်းချုပ်ရန် နည်းလမ်းဆိုင်ရာ အချက်အလက်များသည် သူ့စိတ်ထဲသို့ စီးဝင်လာသည်။

ဤအသိပညာသည် သူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤနည်းလမ်းသည် သူ၏အော်ရာကို အပြည့်အဝ ထိန်းချုပ်နိုင်စေခဲ့သည်။

သူသည် သူ့အနားတွင် ရှိနေသူများပင်

သူ့အော်ရာ ကို မခံစားမိအောင် ပြုလုပ်နိုင်သည်။ သို့မဟုတ် သူ့ပတ်ဝန်းကျင်ရှိ သီးခြားပုဂ္ဂိုလ်ကြီးများကိုပင် သူ့ကို သတိထားမိအောင်လည်း ပြုလုပ်နိုင်သည်။

သူသည်အော်ရာ ၏ အကွာအဝေးကို

လျှော့ချနိုင်သည် သို့မဟုတ် တိုးချဲ့နိုင်သည်။ အကွာအဝေးကို လျှော့ချပါက အော်ရာအငွေ့အသက်သည် ပို၍ပင် အားကောင်းလာမည်။ သို့သော် တိုးမြှင့်ပါက အားနည်းသွားမည်။

သူသည် ချက်ချင်း စမ်းသပ်ကြည့်လိုက်ပြီး

အခြားသူများ၏ တုံ့ပြန်မှုကို လေ့လာရန် သူ့အော်ရာကို ရုပ်သိမ်းလိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်း ဤနည်းလမ်းသည် အလုပ်ဖြစ်ခဲ့သည်။ ဖိအားများစွာအောက်တွင် ရှိနေပုံရသော လူများသည် ပုံမှန်အတိုင်း

ပြန်ဖြစ်သွားကြသည်ကို သူတွေ့မြင်လိုက်ရသည်။

“ဆုလာဘ်ကို ရယူပြီးကတည်းက

နောက်ပြန်လှည့်လို့ မရတော့ဘူး”

သူသည် မိစ္ဆာဂိုဏ်း၏ ရှေးဟောင်းစာကြည့်တိုက်ထဲသို့ ဝင်သွားလိုက်သည်။

စာကြည့်တိုက်၏ အတွင်းပိုင်းသည်

အပြင်ပိုင်းကဲ့သို့ပင် ခမ်းနားထည်ဝါနေသည်။

စာအုပ်စင်များတွင် မရေမတွက်နိုင်သော

ရှေးဟောင်းစာအုပ်များ၊ စာလိပ်များနှင့် မူရင်းစာမူများ ပြည့်နှက်နေသည်။

စာကြည့်တိုက်သည် အပြင်ဘက်မှ

သေးငယ်ပုံရသော်လည်း အတွင်းဘက်တွင်အလွန်ကြီးမားလေသည်။ စာကြည့်တိုက်သည် သူ့အတွင်း၌ ကမ္ဘာတစ်ခုရှိနေသကဲ့သို့

ဖြစ်နေသည်။ အာကာသဥပဒေသများသည် ဤနေရာတွင် ကွဲပြားစွာတည်ရှိနေလေသည်။

သူသည် မြေညီထပ်တွင်သာ ရှိသေးသော်လည်း စာအုပ်စင် ထောင်ပေါင်းများစွာကို မြင်တွေ့ရနေသည်။

ဝတ္ထုအတွင်း ဤအကြောင်းကိုစာလုံးများအဖြစ်ဖတ်ရှုရခြင်းနှင့် ကိုယ်တိုင် ကြုံတွေ့ရသောခံစားမှုသည် များစွာ ကွာခြားလေသည်။ ၎င်းသည် မှော်ဆန်သောကမ္ဘာတစ်ခုနှင့်ပင်တူလေသည်။

ဤသည်မှာ မြေညီထပ်သာဖြစ်သော်လည်း

ရှာဖွေတွေ့ရှိနိုင်သော အသိပညာများစွာတည်ရှိနေလေသည်။

ဤစာကြည့်တိုက်ရှိ စာအုပ်များ၊

ကျွမ်းကျင်မှုများနှင့် လက်စွဲများသည် တိုက်ကြီးတစ်ခွင်အနှံအပြားမှ စုဆောင်းထားခြင်းဖြစ်သည်။ အများစုမှာ မိစ္ဆာဂိုဏ်း၏ ဖျက်ဆီးချေမှုန်းခံခဲ့ရသော အခြားဂိုဏ်းများမှ ဖြစ်သည်။

အနည်းဆုံး မြေညီထပ်အတွက်ကတော့

ထိုအရာများသာဖြစ်သည်။

ဒုတိယထပ်မှစ၍ စာအုပ်များအားလုံးသည်

မိစ္ဆာဂိုဏ်းမှ ကိုယ်တိုင် ဖန်တီးထားသော စာအုပ်များဖြစ်သည်။

အထပ်မြင့်လေလေ ထိုနေရာတွင်

တွေ့ရှိရနိုင်သော စာအုပ်များသည် ပို၍ အဖိုးတန်လေဖြစ်သည်။

အာရန်သည် လမ်းတစ်လျောက်ရှိ

စိတ်ဝင်စားဖွယ် မြင်ကွင်းများကို ကြည့်ရှုရင်း အပေါ်ထပ်သို့ တက်သွားလေသည်။

#Catfoot

All Chapters