← Chapters

မဟာအကြီးအကဲကို ဆန့်ကျင်ခြင်း

Vol. 3 Ch. 26

မဟာအကြီးအကဲကို ဆန့်ကျင်ခြင်း

Vol. 3 Ch. 26

အာရန်သည် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အဆက်မပြတ် တိုက်ခိုက်ခံနေရသည်ဟု ခံစားလိုက်ရပြီး အားကောင်းလွန်းသော စွမ်းအားတစ်ခုက သူ၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားနေသကဲ့သို့ ခံစားနေရသည်။

ထိုအမျိုးသမီးကို လျင်မြန်စွာ တွန်းထုတ်လိုက်ပြီး ၎င်းတို့ကြားမှ အကွာအဝေး တစ်ခုခြားသွားရန် ဖန်တီးယူလိုက်သည်။

သူမ၏ အသံနှင့် မွှေးရနံ့ တို့ ၏ ဆွဲဆောင်မှုကို အာရုံစိုက်ထားရန်လိုအပ်ကြောင်း သတိထားမိလိုက်သည်။ ဤနေရာသည် သူအစပိုင်းတုံးက မျှော်လင့်ထားခဲ့သည် ထက်များစွာ အန္တရာယ်ရှိနေကြောင်း သဘောပေါက်လိုက်သည်။

“ မိန်းကလေး ငါ ဒီကို တစ်ခုခု ရှာဖွေဖို့အတွက်လာခဲ့တာပါ မင်းရဲ့ တုံ့ပြန်မှုတွေအတွက်ဖျော်ဖြေပေးဖို့လာခဲ့တာ မဟုတ်ဘူး”

အာရန်က အဝေးမှ မျက်နှာကို ပုဝါပါးဖြင့်ဖုံးကွယ်ထားသော အမျိုးသမီးကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

သူမသည် မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူမ၏ သွင်ပြင်ကိုသာမန်မျက်လုံးဖြင့်မြင်ရုံ မျှနှင့်ပင် သူ့နှလုံးသားသည် အပြင်းအထန်ပေါက်ထွက်မတက် ခုန်သွားရ‌လေသည်။

အာရန်သည် ဤထူးဆန်းသော စွမ်းအင်ကို ခုခံရန် ဆုံးဖြတ်ထားသောကြောင့် သူမထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး သူမထံမှ လွှမ်းမိုးမှုကို မခံရရန် အပြင်းအထန် တွန်းလှန်ရ‌လေသည်။

သူ၏ အပြင်းအထန် တွန်းလှန်ရန်ကျိုးစားမှုအောက်တွင်ပင် သူမ၏ ဆွဲဆောင်မှုရှိသော အပြုံးသည် ပိုမို၍ပီပြင်လာပြီး သူမသည် တစ်လှမ်းချင်းရှေ့သို့တိုးလာသည်။

“ကျွန်မက ဒီကစာကြည့်တိုက်မှူးပါ ရှင်ရှာနေတဲ့အရာကို တွေ့နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်”

သူမသည် အလွန် ညင်သာလွန်းသောအသံဖြင့် နူးညံ့စွာပြောလိုက်သည်။ သူမ၏ မျက်လုံးများတွင်‌တော့ ဆိုးသွမ်းမှုအရိပ်အယောင်များပြည့်နှက်နေပြီး အလွန်တောက်ပသည့် အကြည့်စူးစူးတစ်ခုဖြင့် အာရန်ကို စိုက်ကြည့်နေလေသည်။

“ပြီးတော့ ရှင်က ကျွန်မရဲ့ စူးစမ်းလိုစိတ်ကိုနိုးကြားစေခဲ့တယ်။ ဘာလို့ ကျွန်မရဲ့လူအဖြစ်နေ‌ပေးပြီး ရှင်စိတ်ကူးလို့‌ တောင်မရနိုင်တဲ့ ကျေနပ် ပျော်ရွှင်မှုတွေကို ဘာလို့မခံစားကြည့်ချင်ရတာလဲ”

အာရန်သည် မျက်‌မှောင်ကျုံ့ ၍တစ်ချက်စဉ့်စားလိုက်သည်။ ဤစာကြည့်တိုက်မှူးသည် အဘယ်ကြောင့်ဤမျှဆွဲဆောင်မှုရှိပြီး ရဲတင်းလွန်းနေရသနည်း။

အာရန်သည် မူလစာအုပ်ထဲတွင်ဖတ်ခဲ့ဘူးသလောက် စာကြည့်တိုက်မှူဆိုသူသည် တိတ်တဆိတ်နေတတ်သူတစ်ဦးဖြစ်ပြီး သူ့ကိုမေးခွန်းများမေးလာမှသာ အခြားသူများအားစကားအနည်းငယ်ပြန်ပြောလေ့ရှိကြောင်း ဖတ်ခဲ့ရလေသည်။ သို့သော်ယခုမြင်နေရသော သူမ၏ အပြုအမူများသည် လုံးဝ ပုံမှန်မဟုတ်ပဲကွဲလွဲ‌နေလေသည်။

မူလကစာကြည့်တိုက်မှူးသည်မိန်းကလေးဖြစ်ပြီး လှပသူတစ်ဦးဟုဖော်ပြထားသော်လည်း ယခုမြင်နေရသော သူမ၏ အပြုအမူများသည်အလွန်အကျွံပင် ညှို့ယူဖမ်းစားနိုင်စွမ်းပြင်းလွန်း‌နေသည်။

“နားလည်မှုလွဲသွားစေတဲ့အတွက် တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က အသိပညာကို ရှာဖွေဖို့ပါ အချစ်ရေးလာရှာဖွေဖို့အတွက် မဟုတ်ပါဘူး”

အာရန်က အခြေအနေကို ပြန်လည်ထိန်းချုပ်ရန်အတွက်ကြိုးစား၍ ပြန်ဖြေလိုက်သည်။

စာကြည့်တိုက်မှူဆိုသူ သူမသည် ညင်သာစွာ ရယ်မောလိုက်ပြီး သူမ၏ ရယ်မောသံသည် စာကြည့်တိုက်တစ်ခုလုံးတွင် အလွန်သာယာနာပျော်ဖွယ်ရှိသော အသံတစ်ခု အဖြစ် ပဲ့တင်ထပ်သွားလေသည်။

“တစ်ခါတစ်လေ အသိပညာနဲ့ အချစ်ရေးကလည်း ရောထွေးနေတတ်တယ်‌မဟုတ်လား”

သူမကနားလည်ရခက်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

“ဖြစ်နိုင်ရင် ကျွန်မက ရှင်ရှာဖွေနေတဲ့အရာကို ရှာ‌တွေ့အောင်ကူညီပေးချင်ပါတယ်”

“ကျေးဇူးတင်ပါတယ် နောက်တစ်ခါမှ ပြန်လာခဲ့ပါ့မယ်” အာရန်သည် ယခု ဤနေရာအား အလွန်အန္တရာယ်ရှိနေပြီဟုခံစားမိရင်း ပြန်ဖြေလိုက်သည်။

သူဆက်လက် စဉ်းစားလိုက်သောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်းသေခြာသွားသည်။ သူ့ကို တစ်စုံတစ်ရာကစိတ်အနှောင့်အယှက်ဖြစ်စေသော ခံစားချက်တစ်ခုသည်ပို၍ပင်ကြီးထွားလာ‌လေသသည်။

ဤအမျိုးသမီးသည် စာကြည့်တိုက်မှူး လုံးဝမဖြစ်နိုင်ပါ။ သူမ၏ အမူအကျင့်နှင့် အပြုအမူများသည် လုံးဝ ကွဲပြားခြားနား‌နေသည်။

အမှန်စင်စစ် သူမသည် သူဖတ်ဖူးထား‌သောအခြားတစ်စုံတစ်ယောက်နှင့် အတော်လေးဆင်တူ‌နေလေသည်။ ဂိုဏ်းအတွင်း၌ သူဘယ်တော့မှ မတွေ့ချင်သော တစ်စုံတစ်ဦးလဲဖြစ်‌လေသည်။

လက်တစ်ချောင်းမလှုပ်ရပါပဲ လူတစ်ယောက်ကို ဖြားယောင်းလိုက်ရုံဖြင့် ထိုသူကိုသတ်ပစ်နိုင်စွမ်းရှိသော ရှုယင်ဆိုသည့် မဟာအကြီးအကဲ တစ်ယောက်အကြောင်းအတွေးထဲပေါ်လာလေသည်။ အာရန် သည် အတွေးလွန်နေခြင်း သာဖြစ်ပါစေဟုကိုယ့်ကိုယ်ပြန်ပြောနေမိသည်။

စာကြည့်တိုက်မှူး၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာပြီး သူမ၏ မျက်လုံးများအတွင် မကောင်းဆိုးဝါးသော အရိပ်အယောင်များ ယှက်ဖြာနေသည်။

“ရှင်က အရမ်း ရက်စက်တာပဲ ဒီကနိမ့်ကျတဲ့ မိန်းကလေးမို့ ရှင်က ရွံမုန်းနေတာမလား” ဟု သူမက စနောက်လိုက်သည်။

ရုတ်တရက် သူမသည် လျင်မြန်သော လှုပ်ရှားမှုတစ်ခုနှင့်အတူ ပျောက်ကွယ်သွားပြီး အထွက်အဝင်ဝတွင် ပြန်ပေါ်လာကာ တစ်ခုတည်းသော ထွက်ပေါက်ကို ပိတ်ဆို့ထားလိုက်သည်။

“ကျွန်မကို ရုပ်ဆိုးတယ်လို့ ရှင်ကထင်နေတယ်မလား”

သူမက မေးလိုက်သည်။

“အဲဒီလိုဆိုရင်ရော...”

ဖြည်းညင်းစွာဖြင့် သူမသည် သူမ၏ မျက်နှာကိုဖုံးထားသည့်ပဝါကို မြှင့်တင်လိုက်သည်။ အာရန်သည် အကြည့်ကိုလွှဲလိုခဲ့သော်လည်း ထူးဆန်းသောစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို ထိန်းထားသဖြင့် သူ့အကြည့်ကို လွှဲဖယ်ရန် သို့မဟုတ် မျက်လုံးများကိုပင် မှိတ်ထားရန်ပင် ပြုလုပ်မရတော့ပါ။

မျက်နှာဖုံးထားသည့်ပုဝါကို မြှင့်တင်လိုက်သည်နှင့် အာရန်၏ အကြည့်သည် သူ့ရှေ့မှ အမျိုးသမီး၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ၏ အသက်ရှူသံများ ရပ်တန့်သွားလေသည်။ သူ့စိတ်ထဲရှိ နောက်ဆုံး ခုခံမှုသည် ပြိုကွဲသွားရလေတော့သည်။

သူသည် မဟာအကြီးအကဲရှုယင်၏ နတ်သမီးဆန်သော အလှအပများကို မြင်လိုက်ရချိန်တွင် အချိန်အားလုံး ရပ်တန့်သွားသကဲ့သို့ ထင်လိုက်ရသည်။

သူမ၏ အသွင်အပြင်သည် အသက်ဝင်လာသော ကြွေရုပ်ကလေးတစ်ရုပ် ကဲ့သို့ နူးညံ့နေပြီး အပြစ်အနာအဆာကင်းလွန်းလှသည်။

လရောင်သည် သူမ၏ ပိုးသားကဲ့သို့ နက်မှောင်နေသော ဆံပင်ပေါ်သို့ ဖျာဆင်းသွားပြီး ညင်သာသော လှိုင်းတွန့်ကလေးများအဖြစ် အသွင်ပြောင်းသွားကာ အလွန်ဆွဲဆောင်မှုရှိသော သူမ၏ မျက်နှာလေးကို ပို၍ပြတ်သားစွာ မြင်လာရလေသည်။

သူမ၏ အလွန်ညှို့ဓာတ်ပြင်းသော ခရမ်းနက်ရောင်မျက်လုံးများသည် အာရန်၏ စိတ်ဝိညာဉ်ထဲသို့ပင် ထိုးဖောက်ဝင်ရောက်၍ ညှို့ယူဖမ်းစားနိုင်စွမ်းရှိလေသည်။

အပြုံးလေးတစ်ခုဖြင့် အလှဆင်ထားသော သူမ၏ နှုတ်ခမ်းလေးများ သည်လည်း သွေးဆောင်ဖျားယောင်းမှုကိုပို၍အသက်ဝင်အောင် ပံ့ပိုးပေးလျက်ရှိသည်။ ၎င်းတို့သည် ဖုံးကွယ်ထားသော လျှို့ဝှက်ဆန်းကြယ်မှုများ၊ သာယာကျေနပ်မှုများကို ရှာဖွေဖော်ထုတ် ကြည့်ချင်လာအောင်စိတ်ကိုနှိုးဆွပေးနေလေသည်။

သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းကလေးများ အသွင်အပြင်လေးများကအစ နတ်ဘုရားများကိုယ်တိုင် ထုဆစ်ထားသကဲ့သို့ ရှိနေပြီး ဤကမ္ဘာရှိ ညစ်နွမ်းမှုများနှင့် မည်သို့မျှ မသက်ဆိုင်သော အခြားကမ္ဘာမှ ဖြစ်တည်မှုတစ်ခုဟုပင် ထင်မှတ်ရလေသည်။

သူမ၏ ကြွေထည်ကဲ့သို့ ချောမွေ့ပြီး အပြစ်အနာအဆာကင်းသော အသားအရေသည် ဖြူဖွေးသော မြူနှင်းကလေး များကိုပင် အမှတ်ရသွား စေသည်။ ၎င်းသည် အလွန်နူးညံ့၍သိမ်မွေ့သော အလင်းရောင်ခြည်တန်း များကို ထုတ်လွှတ်စေကာ အခန်းတစ်ခုလုံးကို ဝန်းရံပိတ်ဆို့သွားလေတော့သည်။

ရှုယင်ဆီမှ ထွက်ပေါ်လာသော အလှတရားများသည် အာရန်အား သံလိုက်ဖြင့် ဆွဲထားသကဲ့သို့ လုံး၀ရုံးမရအောင် တွယ်ငြိမိသွားစေသည်။

သူမသည် သူမ၏ လှုပ်ရှားမှုများကို ပိုမို၍ပေါ်လွင်စေရန် ခန္ဓာကိုယ်ကို နီညိုရောင် ပိုးထည်ဝတ်ရုံဖြင့် ထပ်မံခြုံလွှမ်းထားသေးသည်။

ထိုဝတ်ရုံသည် သူမ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်သွားပြီး ရေတံခွန်ဆန်ဆန် အကွေ့အကောက် များကို ပိုမို၍ ပေါ်လွင်အောင်လှစ်ဟပေးနေသလိုဖြစ်ကာ သူမ၏ မွေးရာပါ ဆွဲဆောင်မှုရှိသောအစိတ်အပိုင်းများကို ပိုမို၍ ပေါ်လွင်လာစေသည်။

အာရန်သည် သူမထံမှ ဆွဲဆောင်ဖျားယောင်းခြင်းကိုခံနေရပြီဟု စိတ်က သိနေသော်လည်း ပြင်းထန်လှသောထိုစွမ်းအား၏သက်ရောက်မှုအောက်တွင် ခုခံတားဆီးရန်မှာ အလွန်တရာခက်ခဲလွန်းလှလေသည်။

ရှုယင်သည်သူနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူမ၏ တည်ရှိမှုသည် အခန်းတစ်ခု လုံးကို လွှမ်းခြုံသွားပြီး အာရန်အား ပြင်းထန်သောဆွဲဆောင်မှုရှိသည့် အငွေ့အသက်များဖြင့် ဝန်းရံထားလိုက်သည်။

လေထုသည် တဖြည်းဖြည်းပို၍ လေးလံလာပြီး ပန်းရနံ့များသင်းပျံ့နေမှုသည် အန္တရာယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ရောနှောနေသည်။ ၎င်းသည် အာရန်၏ အာရုံများကို လုံး၀ထွေပြားသွားစေပြီး စွဲလန်းတက်မက်မှုအာရုံများ ကို ပိုမိုပြင်းထန်လာစေသည်။

အာရန်၏ မျက်လုံးများသည် လုံးဝ ဗလာကျင်းသွားပြီး ရှုယင်၏ ဆွဲဆောင်မှုအောက်တွင် လုံးဝ ကျရှုံးသွားလေတော့သည်။

သူရဲကောင်းအကယ်ဒမီမှ အားအကောင်းဆုံးသူပင် မခုခံနိုင်သော သူမ၏ ညှိုငင်အားကို ကမ္ဘာမြေမှ သာမန်လူတစ်ယောက်အနေဖြင့်မူ ပြောစရာပင် မလိုတော့ပါ။

သူမ၏ခြေလှမ်းတိုင်း သူမ၏ လှုပ်ရှားမှုတိုင်းတွင် သိမ်မွေ့သော ကျက်သရေရှိ မှုနှင့် ယဉ်ကျေးပျူငှာမှုတို့ ယှက်နွှယ်နေကာ သူမသည် လူသားများကြားတွင် လျှောက်သွားနေသော ကောင်းကင်ဘုံမှ နတ်သက်ကြွေ နတ်သမီးလေး တစ်ပါးအလား ထင်မှတ်ရလေသည်။။

သူမ၏ အမူအရာတိုင်းသည် လူအများ၏ အာရုံကို ဖမ်းစားနိုင်ပြီး သူမကို မြင်မိသူများတိုင်း၏ တဏှာရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်သည့် အလွန် ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။

“ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ နည်းနည်းလေးတော့ တောင့်ခံနိုင်မယ်ထင်ခဲ့တာ ရှင်လဲအခြားယောင်္ကျားတွေနဲ့ အတူတူပဲ”

အမျိုးသမီးသည် အာရန်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။

“ရှင့်လို စိတ်ဓာတ်ပျော့ညံ့တဲ့ယောက်ျားမျိုးဟာ ဂိုဏ်ချုပ်ရဲ့အာရုံစိုက်ခံရမှုနဲ့ မထိုက်တန်ဘူး ပျောက်ကွယ်သွားလိုက်တာ ပိုကောင်းတယ်...”

သူမသည် အာရန်၏ လက်ထဲသို့ သေးငယ်သော ဓားမြှောင်တစ်ခုကို ထည့်ပေးလိုက်သည်။

“ကိုယ့်ကိုယ်ကို သတ်သေလိုက်”

အာရန်တွင် ခုခံရန်စွမ်းအား မရှိတော့ပါ။ သူသည် သူမ၏ထိမ်းချုပ်မှု အောက်တွင်လုံးလုံးလျားလျားကျရောက်နေပြီဖြစ်သည်။ သူ၏လက်များသည် သူ့ဘာသာသူ ရွေ့လျားသွားပြီး သူ့လည်ပင်းပေါ်သို့ ဓားမြှောင်ကို တင်လိုက်သည်။

မဟာအကြီးအကဲရှုယင် သည် သတ်သေတော့မည့် အာရန်ကို စိုက်ကြည့်နေသည်။ သူမသည် ဂိုဏ်းချုပ်ကို ပြန်ပေးရမည့် ဆင်ခြေများကို စဉ်းစားနေလေသည်။ သူမသည် သူ့ကို သေလူဟုသာ သတ်မှတ်ထား ပြီးဖြစ်သည်။

သို့သော် သူမ ထိုသို့သေချာသွားချိန်တွင် အာရန်၏ လည်ပင်းတွင်ရှိသော အကာအကွယ်ဆွဲကြိုးသည် ရုတ်တရက်တောက်ပလာလေသည်။

[အသက်အန္တရာယ်ရှိသော စွမ်းအားတစ်ခုကို တွေ့ရှိရသည်။ အကာအကွယ် ဆွဲကြိုး အသက်ဝင်လာပါပြီ]

ဆွဲကြိုးသည် ပို၍ပင် တောက်ပလာသည်နှင့် အာရန်ရှေ့တွင် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ အာရန်၏စိတ်ကို ဖမ်းစားထားသော လျှို့ဝှက်ဆွဲဆောင်မှု စွမ်းအားများသည် လုံး၀ပြိုကွဲသွားပြီး လွတ်မြောက် သွားတော့သည်။

သို့သော် ထိုမျှနှင့်မပြီးပါ။

ဆွဲကြိုးသည် သူ့ကို ပစ်မှတ်ထားသူကိုလည်း တုံ့ပြန်တိုက်ခိုက်လိုက်သည်။ အာရန်ကို ပစ်မှတ်ထားသော စွမ်းအင်သက်ရောက်မှုကို နှစ်ဆတိုး၏ တန်ပြန် ပစ်လွှတ်လိုက်သည်။

အာရန်ကို ပစ်မှတ်ထားသော ဆွဲဆောင်မှုစွမ်းအားသည် ရှုယင်ထံသို့ တန်ပြန်ရောက်ရှိသွားပြီး သူမသည် အာရန်၏ ဆွဲကြိုးထံမှ တန်ပြန် သက်ရောက်မှုစွမ်းအားမျာကို တောင့်မခံနိုင်လိုက်ပါ။

အာရန်သည် ထိန်းချုပ်မှုမှ လွတ်မြောက်လာပြီး ပြင်းထန်သောခေါင်းကိုက် ဝေတနာကိုခံစားနေရချိန်တွင် ရှုယင်၏ အခြေအနေသည် ပိုမို၍ဆိုးရွား နေလေသည်။

သူမ၏ မျက်လုံးများသည် လုံး၀ဗလာဖြစ်သွားပြီး အာရန်အတွက် သူမ၏ နှလုံးသားတွင် ထူးဆန်းသော အချစ်မျိုးစေ့တစ်ခု စိုက်ပျိုးခြင်း ကိုခံလိုက်ရသည်။

သူမသည် အာရန်ကို အမှန်တကယ် ကြွေဆင်းသွားပြီး သူ့အမိန့်ဖြင့်ပင် သူမကိုယ်သူမ သတ်သေနိုင်သည်အထိ ကြွေဆင်းသွားခြင်းဖြစ်လေ

သည်။

#Catfoot

All Chapters