နယ်နိမိတ်သတ်မှတ်မထားသော အချစ်
Vol. 3 Ch. 27
လည်ဆွဲ၏အစွမ်းကြောင့် မျှော်လင့်မထားသည့် အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ကံကြမ္မာနှစ်ခု ပေါင်းစည်းသွားကြလေသည်။
အာရန်၏ ခေါင်းသည် နာကျင်မှု
ခံစားနေရပြီး သူဘာဖြစ်သွားသည်ကို ပင် မမှတ်မိတော့ပါ။
သူ၏ခန္ဓာကိုယ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ သကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်သူသည် အလျင်အမြန် သတိပြန်လည်လာပြီး ယခုအခါ သူ့ကိုတိုက်ခိုက်သူသည် မဟာအကြီးအကဲတစ်ဦးဖြစ်ကြောင်း သိသွားသည်နှင့်တစ်ပြိုင်နက် သူမနှင့် အကွာအဝေးတစ်ခု သို့ အလျှင်အမြန် ဆုပ်ခွာလိုက်သည်။
သူ့ကို အံ့အားသင့်စေသောအရာမှာ
သူမ၏ ထိန်းချုပ်မှုအောက်မှ သူမည်သို့ လွတ်မြောက်လာသည်ဆိုခြင်းကိုဖြစ်သည်။ မူရင်းဝတ္ထုအရတစ်စုံတစ်ယောက် သည် သူမကို ချစ်မိသွားပါက သူမ၏ အချစ်ကျိန်စာမှ လွတ်မြောက်ရန်ဖြစ်နိုင်တော့မည်
မဟုတ်ပေ။
တစ်စုံတစ်ယောက် လွတ်မြောက်လာသည့်အကြောင်းသူမကြားဘူးခဲ့ပါ။ ဒါဆို သူက ဘယ်လိုလုပ် လွတ်မြောက်လာတာလဲ။
အာရန်သည် အတွေးထဲတွင်နစ်မြောနေချိန်တွင် သူ၏ရှေ့မှ အကြောင်းကြားချက်တစ်ခုကို
သတိထားမိလိုက်သည်။
အကာအကွယ်လည်ဆွဲတွင် သုံးကြိမ်အသုံးပြုနိုင်စွမ်းရှိရာမှနှစ်ကြိမ်သာ ကျန်ရှိတော့ကြောင်း ဖော်ပြထားသည်။
အကာအကွယ်လည်ဆွဲသည် သူ့ကို
သူမ၏ ထိန်းချုပ်မှုမှ ကယ်တင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် သေလုမြောပါးဖြစ်ခါနီးမှသာ
ထိုလည်ဆွဲသည်အသက်ဝင်သင့် သည်ကိုလည်း မှတ်မိလိုက်သည်။ ထိုအကြောင်းကိုတွေးမိသောအခါ သူ့သည်ချွေးစေးများပင် ထွက်လာလေသည်။
ငါ တကယ်ကြီး သေလုမြောပါးအခြေအနေထိ
ဖြစ်ထဲ့တာလား… စာကြည့်တိုက်ထဲသို့ ဝင်သွားရုံနှင့် ဖျားယောင်းတတ်သောမဟာအကြီးအကဲ နှင့်ပင် တွေ့ဆုံခဲ့သေးသည်။ သူရွေးချယ်ခဲ့သော ပထမရွေးချယ်မှုသည် အန္တရာယ်အရှိဆုံးဖြစ်ကြောင်း ရှင်းလင်းလာလေသည်။
လျစ်လျူရှုထားသော ပုံမှန်သတ်မှတ်ချက်သည်
ယခုအခါ အာရန်အတွက် မှန်ကန်ကြောင်း ပို၍ ထင်ရှားလာလေသည်။ ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့ပါကယခုကဲ့သို့ ကြုံတွေ့ရမည် မဟုတ်ဘဲ ပိုမိုလုံခြုံခဲ့မည်ဖြစ်သည်။
ယခု ဘာဆက်လုပ်ရမည်ကို
သူ မသေချာတော့ပါ။ သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာသော်လည်း သူမက သူ့လမ်းကိုဆက်လက် ပိတ်ဆို့ထားဆဲဖြစ်သည်။
ထို့အပြင် အကာအကွယ်လည်ဆွဲကို
နောက်ထပ်နှစ်ကြိမ်သာ အသုံးပြုနိုင်တော့ သည်။ တိုက်ပွဲဖြစ်ပွားပါက ထိုနေရာမှ ထွက်သွားရန်လုံလောက်စွာ ကြာရှည်ခံနိုင်ပါ့မလားဟု အာရန် သံသယရှိနေသည်။
“မသေချင်ရင် ငါ့လမ်းကဖယ်စမ်း”
သို့သော် သူသည် ဟန်လုပ်ရန်သာ
ဆုံးဖြတ်ခဲ့ပြီး သူမ မသေချင်ပါက သူ့လမ်းမှ ဖယ်ပေးရန် ထိုမဟာအကြီးအကဲဖြစ်သူ ကဝေမအား အမိန့်ပေးလိုက်သည်။
ဤချုပ်နှောင်မှုမှ လွတ်မြောက်နိုင်သရွေ့
လုံခြုံစွာ ထွက်ခွာနိုင်မည်ဖြစ်သည်။ သူ စာကြည့်တိုက်မှ ထွက်ခွာပြီး လူမြင်ကွင်းသို့ရောက်သွားချိန်တွင်ထိုကဝေမ သည် သူ့ကို အန္တရာယ်ပြုချင်လျှင်ပင် နှစ်ခါပြန် စဥ့်စားရမည်ဖြစ်သည်။
ထို့အပြင် သူမက သူ့ကိုအန္တရာယ်ပြုရန် ထပ်ကြိုးစားလျှင်ပင် သူ့ကို ကာကွယ်ရန် အပြင်တွင် စောင့်ဆိုင်းနေသောဖီးနစ်ငှက်ရှိလေသည်။
သူ လိမ်လည်ပြောဆိုလိုက်သော်လည်း
သူမသည် သူ့စကားကို နားထောင်မည် မဟုတ်ကြောင်း သိလေသည်။ သူ့စိတ်ထဲတွင် ဖြစ်နိုင်ခြေများစွာကို
တွေးတောပြီး နောက်ဘာဆက်လုပ်ရမည်ကို အသဲအသန်စဥ့်စားနေလေသည်။
အမျိုးသမီးသည် စာကြည့်တိုက်မှူး
မဟုတ်သောကြောင့် စာကြည့်တိုက်မှူးသည် အခြားတစ်ဦးဖြစ်ကြောင်း ရှင်းလင်းလာသည်။ ယခုအချိန်တွင်
စာကြည့်တိုက်မှူးသည် ဆူညံပွက်လောရိုက်မှုကို သတိထားမိလိမ့်မည်မှာ ထင်ရှားသည်။
စာကြည့်တိုက်မှူးသည်
မဟာအကြီးအကဲကို မတားဆီးနိုင်သော်လည်း ဂိုဏ်းချုပ် သို့မဟုတ် အခြားမဟာအကြီးအကဲများကို
ဆက်သွယ်ပြီး အကြောင်းကြားနိုင်သည်။
သူသည် နေရာမှ မထွက်ခွာလျှင်ပင်
အထက်လူကြီးများ ရောက်ရှိလာသည်အထိ အသက်ရှင်နိုင်လျှင် သို့မဟုတ် သူမကို အာရုံပြောင်းထားနိုင်လျှင်
လုံခြုံစွာ ထွက်ခွာနိုင်မည်ဖြစ်သည်။
၎င်းသည် အာရန်၏ စိတ်ထဲတွင်ရှိသော
အတွေးဖြစ်သော်လည်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မှာ သူလုံး၀မထင်မှတ်ထားသည့်အရာများဖြစ်လေသည်။
“ဟာ”
ရှုယင် သည် ကလေးတစ်ဦးကဲ့သို့
သူ့အမိန့်ကို နာခံစွာဖြင့် ပိတ်နေသော လမ်းမှ ဖယ်ပေးလိုက်သည်။
၎င်း မမျှော်လင့်ထားသော
တုံ့ပြန်မှုက အာရန်ကို အလွန်အံ့အားသင့်စေခဲ့ပြီး ရှုယင်သည် သူ့ညွှန်ကြားချက်များကို
အမှန်တကယ်ပင် နာခံနေသည်ကို အံ့အားသင့်စွာမြင်တွေ့ လိုက်ရသည်။
သူသည် အခြားထူးဆန်းသောအရာတစ်ခုကိုလည်း
သတိထားမိလိုက်သည်။ သူမကို ကြည့်သောအခါ ယခင်ကကဲ့သို့ ပြင်းထန်သောညှို့ယူမှုဒဏ်ကို မခံစားရတော့ပါ။
သူမသည် လှပနေဆဲပင်ဖြစ်သော်လည်း သူ့စိတ်ခံစားချက်များ ကို သူပြန်ထိန်းချုပ်နိုင်နေဆဲဖြစ်သည်။
“တစ်ကြိမ်လောက်
သူမ၏ ပြုစားမှုမှ လွတ်မြောက်ခြင်းက သူမအစွမ်းများကို အမြဲ ခုခံနိုင်သည့်ခွန်အားကိုရရှိသွားစေတာမျိုးလား”
ဟု အာရန်တွေးလိုက်မိသည်။
မည်သူမျှ သူမ၏ ပြုစားနိုင်စွမ်းမှ
မလွတ်မြောက်ဖူးသောကြောင့် ထိုကဲ့သို့သော ဂုဏ်သတ္တိမျိုး ရှိမရှိကို မည်သို့မျှမသိနိုင်ပါ။
သို့သော် ယခု တစ်စုံတစ်ခု ကွဲပြားသွားကြောင်းကိုတော့ သူသေချာသိနေလေသည်။
သူသည် အခြားထူးဆန်းသောအရာတစ်ခုကိုလည်း
သတိထားမိလိုက်သည်။ အကယ်၍ ယခင်က သူမ၏ မျက်လုံးများသည် မူယာ မာယာများအပြည့်နှင့် အတုအယောင်
ခံစားချက်များဖြင့်သာ ပြည့်နှက်နေခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ မျက်လုံးများသည်
စစ်မှန်သော စွဲလမ်းမှုများဖြင့် ပြည့်နှက်နေပုံရသည်။
“မင်း ဘာလုပ်လိုက်တာလဲ”
လည်ဆွဲကို ကြည့်ရင်း အာရန်သည် အံ့သြစွာရေရွတ်လိုက်သည်။
[မဟာအကြီးအကဲ ရှုယင်
ကို သင်၏ ချစ်သူအဖြစ် ပြောင်းလဲလိုက်နိုင်ခြင်းအတွက် ဂုဏ်ယူပါသည်။]
[သင်၏ အချစ်လမ်းကြောင်း
တိုးတက်လာပါသည်။]
“သူမကို ငါ့ရဲ့
ချစ်သူအဖြစ် ပြောင်းလဲလိုက်တာလား” အကြောင်းကြားချက်ကို ဖတ်ကြည့်ပြီး အာရန်ည် မျက်မှောင်ကြုတ်လိုက်မိသည်။
သူဘာမှ မလုပ်ဘဲ သူမက
သူ့ရဲ့ ချစ်သူ ဖြစ်သွားတာ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ပုံမှန်အားဖြင့် သူမကို ကြိုက်သွားကြတာက ယောက်ျားတွေပဲလေ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူမက သူ့ကို ကြိုက်သွားတာလား….
ခဏအကြာတုံးက သူမက သူ့ကို
သတ်မိတော့မလိုပင်ဖြစ်ခဲ့ရာမှ အခု သူမက သူ၏ ချစ်သူ ဖြစ်သွားသည်တဲ့လား ဒါက သဘာဝမကျဘူးမလား….
“သူမရဲ့ မန္တန်ပျက်သွားတဲ့ နောက်ဆက်တွဲဆိုးကျိုးလား သူမက အဲဒီအတွက် တန်ပြန်သက်ရောက်ခံလိုက်ရတာလား”
အာရန်သည် လည်ဆွဲမှာ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို ပိုမိုအားကောင်းစွာ တန်ပြန်နိုင်စွမ်းရှိသည်ကို သဘောမပေါက်သေးဘဲ တွေးလိုက်မိသည်။
ဤအကျိုးသက်ရောက်မှုကို လည်ဆွဲ၏ ဖော်ပြချက်တွင် ဖော်ပြထားခြင်း မရှိပါ။
အာရန်သည် သူ့ကို သတ်လုနီးပါးပြုမူခဲ့သော
မဟာအကြီးအကဲကို ပြန်၍စိုက် ကြည့်လိုက်သည်။
“ငါ ကိုယ်တိုင်ပဲ စမ်းကြည့်ရတာပေ့ါ”
“မင်း ငါ့ကို ချစ်လား”
သူက မဟာအကြီးအကဲ ရှုယင်ကို မေးလိုက်သည်။
“ကျွန်မရဲ့ အသက်ထက်ပိုချစ်ပါတယ်”
ရှုယင်က ပြန်ပြောလိုက်သည်။ အာရန် အပေါ် သူမ၏ ချစ်ခြင်းသည် ရူးသွပ်မှုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူမသည် သူမ၏ ဝိညာဉ်ဖက်ကို တွေ့ရှိခဲ့သည့်အလား ဖြစ်နေလေသည်။
“ကောင်းပြီ ဒါဆိုကိုယ့်ကိုယ်ကို သတ်လိုက်တော့” သူက ရှုယင် ဆီသို့ ဓားကို ပြန်ပစ်ပေးပြီး သူမကိုပြန်၍အမိန့်ပေးလိုက်သည်။
ရှုယင်သည် ဓားကို ဆုပ်ကိုင်လိုက်ပြီး
တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းဘဲ သူမ၏ လည်ချောင်းကို ပြန်လည်ထိုးနှက်လိုက်သည်။
“ရပ်လိုက်”
ဓားသည် သူမ၏ လည်ချောင်းနှင့် လက်မအနည်းငယ်သာ ဝေးတော့ သောအချိန်တွင် အာရန်သည် အော်ဟစ်တားမြစ်လိုက်သည်။
“ဘယ်လိုထူးဆန်းမှုမျိုးလဲ...”
အာရန်က ရေရွတ်ပြီး ဓားကို သူမလက်မှ ပြန်ယူထားလိုက်သည်။
ယောက်ျားတစ်ယောက်က သူမကို
ချစ်မိသွားသောအခါ သူမအမိန့်ပေးသမျှကို လုပ်ဆောင်ရန် ဆန္ဒရှိကြသည်။ သို့သော် ၎င်းတို့သည် ရုပ်သေးများနှင့် မခြားနားကြာင်း အလွယ်တကူ သိရှိနိုင်သည်။
တစ်ဖက်တွင် မဟာအကြီးအကဲသည်လည်း
သူအမိန့်ပေးသမျှကို လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။ သို့သော် သူမသည် ရုပ်သေးတစ်ရုပ်နှင့်မတူပါ။ သူမ၏ ချစ်ရည်လွှမ်းနေသောမျက်လုံးများကို လျစ်လျူရှုထားပါက သူမသည် လုံးဝ ပုံမှန်အတိုင်းပင်
ဖြစ်နေသည်။
သူမသည် ရုပ်သေးအဖြစ်သို့ မပြောင်းလဲသွားသော်လည်း သူမ၏ သူ့အပေါ် ချစ်ခြင်းသည် ရူးသွပ်မှုအဆင့်သို့ ရောက်ရှိသွားပုံရသည်။
“ခွေးလိုဟောင်ပြစမ်း”
အာရန်သည် သူ့ဓားကို သူ၏ စနစ်သိုလှောင်ခန်းအတွင် ပြန်လည်သိမ်းဆည်းရင်း အမိန့်ပေးလိုက်သည်။
“၀ုက်”
“ ၀ုက် “
တစ်စုံတစ်ယောက်သာ ဤနေရာတွင်
ရှိနေပြီး မဟာအကြီးအကဲ၏ အရှက်မဲ့သော အပြုအမူကို မြင်တွေ့သွားပါက ပါးစပ်အဟောင်းသားဖြစ်သွားပေလိမ့်မည်။
သူမသည် အနည်းငယ်မျှပင် ရှက်ရွံ့ခြင်းမရှိဘဲ အိမ်မွေးခွေးတစ်ကောင်ကဲ့သို့ ဟောင်နေလေသည်။
“ဒူးထောက်ပြီး ငါ့ကိုတောင်းပန်စမ်း”
အာရန်က နောက်ထပ် အမိန့်ပေးလိုက်သည်။
သူ မည်သို့ပင် အမိန့်ပေးပါစေ မဟာအကြီးအကဲက ဖြည့်ဆည်းပေးသည်။
သူမသည် ချက်ချင်း ဒူးထောက်ကာ သူ့ကို တောင်းပန်လိုက်သည်။
အာရန်သည် ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် သူ့နောက်ဘက်မှ လေးလံသော အော်ရာအငွေ့အသက်တစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။
“ဒီမှာ ဘာဖြစ်နေကြတာလဲ”
အမျိုးသမီးတစ်ဦး၏ အသံသည် သူ့နောက်မှ ပဲ့တင်ထပ်လာပြီး ထိုအသံမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ရောက်ရှိလာပြီဖြစ်သည်။
#Catfoot