← Chapters

မဆီလျော်သော ရွေးချယ်မှု

Vol. 3 Ch. 28

မဆီလျော်သော ရွေးချယ်မှု

Vol. 3 Ch. 28

မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည်တိုက်ကြီးလေးခု၏ အရှင်သခင်များထဲမှ တစ်ဦးဖြစ်သည်။

သူမကို ဂိုဏ်းတွင် တွေ့ရသည်မှာ

ရှားပါးသော်လည်း ဂိုဏ်းကို အကြွင်းမရှိ ထိန်းချုပ်ထားနိုင်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်သူမ မည်မျှ အားကောင်းကြောင်း လူတိုင်းသိသောကြောင့်ဖြစ်သည်။

အကယ်၍ အကြီးအကဲများသည်ဒေါသဖြင့် မြို့များကို ဖျက်ဆီးနိုင်ပါက သူမသည် တိုက်ကြီးတစ်ဝက်ကို ဖျက်ဆီးနိုင်စွမ်းရှိသူဖြစ်သည်။

ထို့ကြောင့် ဤတိုက်ကြီးတွင်အရှင်သခင်အဆင့်ရှိသောသူများသည် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ၎င်းတို့သည် ဤကမ္ဘာတွင် နတ်ဘုရားများ နှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

အရှင်သခင်လေးဦးကြားတွင်အဆင့်သတ်မှတ်ချက် မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တိုက်ရိုက် တိုက်ခိုက်ဖူးခြင်း မရှိသောကြောင့်ဖြစ်သည်။ ထိုသို့ မရှိရခြင်းမှာလည်း အကြောင်းရှိလေသည်။

ဤတိုက်ရှိမယ်မြေများသည်အရှင်သခင်များကြားရှိ တိုက်ပွဲ၏ဒဏ်ကို ခံနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အရှင်သခင်လေးဦးစလုံးသည်

စည်းမျဉ်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ဤတိုက်ကြီးရှိနယ်မြေများကို

နယ်မြေလေးခုအဖြစ်ပြန်လည် ပိုင်းခြားထားပြီး တစ်ခုစီကို အရှင်သခင်တစ်ဦးက အုပ်ချုပ်သည်။

အရှေ့ပိုင်းနယ်မြေသည် မဟာမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်းယု၏ လက်အောက်တွင်တည်ရှိသည်။

အနောက်ပိုင်းနယ်မြေသည် ဘုရားကျောင်း၏ သန့်စင်ပုရောဟိတ်မ (ဝါး) သန့်စင်နတ်ဘုရားမ ဆာရာဖီးနား ၏ လက်အောက်တွင် တည်ရှိသည်။

တောင်ပိုင်းနယ်မြေသည် သူရဲကောင်းအကယ်ဒမီ၏ ပါမောက္ခမစ်ထ် ၏ လက်အောက်တွင် တည်ရှိသည်။

နောက်ဆုံး မြောက်ပိုင်းနယ်မြေသည်

နီခရိုမန်ဆာမျှော်စင်၏ မျှော်စင်သခင် သေမင်းဧကရာဇ် ၏လက်အောက်တွင် တည်ရှိသည်။

သဘောတူထားသော စည်းမျဉ်းအရ

အရှင်သခင်လေးဦးစလုံးသည် ၎င်းတို့၏ နယ်မြေများမှ ထွက်ခွာခွင့် မရှိပါ။ အလားတူပင် ၎င်းတို့သည် အခြားအရှင်သခင်များ အုပ်ချုပ်သော နယ်မြေများတွင်လည်း တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခွင့်မရှိပါ။

သို့သော် တစ်ဦးကိုတစ်ဦးဒုက္ခပေးရန် အခြားနည်းလမ်းများစွာတော့ ရှိနေသေးသည်။ အရှင်သခင်များ မပါဝင်နိုင်သော်လည်း

ပဋိပက္ခများ မရှိဟု မဆိုလိုပါ။

တောင်ပိုင်းရှိ သူရဲကောင်းအကယ်ဒမီနှင့်

အရှေ့ပိုင်းရှိ မိစ္ဆာဂိုဏ်းသည် အမြဲတမ်း ပဋိပက္ခများ ဖြစ်ပွားလေ့နေသည်။ နှစ်ဖက်စလုံးသည်

အခြားတစ်ဖက်မှ လူများကို အပြန်အလှန် သတ်ဖြတ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အနောက်ပိုင်းရှိ

သန့်ရှင်းသောဘုရားကျောင်းသည် မြောက်ပိုင်းရှိ နီခရိုမန်ဆာမျှော်စင်နှင့် အမြဲတစေ ပဋိပက္ခများ

ဖြစ်ပွားလျက်ရှိသည်။

ကံကောင်းသည်မှာ မည်မျှ ပဋိပက္ခဖြစ်သည်ဆိုစေ နောက်ဆုံးစည်းကို မူမည်သည့်ဘက်ကမှ ဖြတ်ကျော်ဖို့ မကျိုးစားခဲ့ကြခြင်းဖြစ်သည်။

အရှင်သခင်များသည်လည်း ၎င်းတို့၏ ကျိန်ဆိုမှုများကို ထိန်းသိမ်းခဲ့ကြပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုကြချေ။

စာကြည့်တိုက်အတွင်း ရပ်နေသော

အာရန်သည် သူ့နောက်မှရောက်လာသော အေးစက်သည့် အသံကို ကြားလိုက်ရသောအခါ တံတွေးကိုအမြန်မြိုချလိုက်ရသည်။

ထိုပုဂ္ဂိုလ်က ၎င်း၏အော်ရာကို မဖော်ထုတ်ထားသော်လည်း အာရန်သည် ငရဲပင်လယ်ထဲသို့

ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ထိပ်တန်း သတ်ဖြတ်သူတစ်ယောက်က သူ့နောက်တွင်လာရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းဝေ သို့မဟုတ် မဟာအကြီးအကဲ ရှုယင် ပင် မပေးနိုင်သော ဤခံစားချက်ကို သူ့အားပေးနိုင်သူမှာ ဤနေရာတွင် တစ်ဦးတည်းသာ ရှိသည်။

၎င်းမှာ အရှင်သခင်လေးဦးအနက်မှ

တစ်ဦးဖြစ်သော မိစ္ဆာဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ကြီးပင် ဖြစ်လေသည်။

အာရန်သည် ဤအခြေအနေမှမည်သို့ လွတ်မြောက်ရမည်ကို မသိချေ ။ သူ့ရှေ့တွင် ဒူးထောက်နေသော မဟာအကြီးအကဲ ရှိနေသည်။

ဤအခြေအနေကို သူ မည်သို့

ရှင်းပြနိုင်မည်နည်း။ မဟာအကြီးအကဲသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း ဂိုဏ်းချုပ်ကိုမည်သို့ရှင်းပြရမည်နည်း။ ရှင်းပြချက်ကိုရှင်ပြ၍ မပြီးဆုံးမှီပင် သူမ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

မဟာအကြီးအကဲသည် သူ့ကိုသတ်ရန် ကြိုးစားနေသည်ဟု ပြောနိုင်ပါမည်လော။ ထိုသို့ပြောလိုက်ပါကလည်း သူ့စွမ်းရည်များကို

မေးခွန်းထုတ်ခံရနိုင်သည်။

၎င်းသည် အကာအကွယ်လည်ဆွဲ၏တည်ရှိမှုကို

ဖော်ထုတ်လိုက် သလိုဖြစ်မည်ဖြစ်ပြီး ၎င်းရတနာကို သူစွန့်လွှတ်ရပေလိမ့်မည်။ ဂိုဏ်းချုပ်က ၎င်း၏ လျှို့ဝှက်ချက်များကို ရှင်းပြရန် မေးခွန်းထုတ်လာပါက သူ့အတွက် ရှင်းပြရန် နည်းလမ်းမရှိပါ။

“ဘာဖြစ်နေတာလဲလို့ ငါမေးနေတယ်”

ဂိုဏ်းချုပ်က ထပ်မံ၍ မေးလိုက်သည်။

အာရန်သည် ယခုအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းကို တွေးတောနေချိန်တွင် ရွေးချယ်စရာအချို့ သူ့ရှေ့တွင် ပေါ်လာသည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် ဤရွေးချယ်မှုများကို မကျိန်ဆဲမိတော့ပါ။ ယင်းအစား ထိုအရာတွင် လမ်းညွှန်မှုအချို့ရှိနေသည့်အတွက်ပင် ဝမ်းသာမိလေသည်။

‘ဒုတိယရွေးချယ်မှုကိုရွေးချယ်သရွေ့ ငါ...’ ဟု သူ ဝမ်းသာနေချိန်တွင် ရွေးချယ်မှုများကို မြင်လိုက်ရသောအခါ သူ့အပြုံး ပျောက်ကွယ်သွားသည်။

‘သောက်စနစ်စုတ်ရေ ဒါက ဘယ်လိုလုပ် အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်နိုင်မှာလဲ’

[ရွေးချယ်မှု ၁: သင်သည်အပြစ်မဲ့သူဖြစ်သည်။ သင်သည် မတရားအတိုက်ခိုက်ခံရသူတစ်ဦးဖြစ်သည်။ ဂိုဏ်းချုပ်ကို မဟာအကြီးအကဲက

သင့်ကို မည်သို့ သတ်ဖြတ်လုနီးပါးဖြစ်ခဲ့ကြောင်း အမှန်အတိုင်းပြောပြပြီး တရားမျှတမှုကို

တောင်းဆိုပါ။

ဆုလာဘ်: တိုက်ခိုက်ခြင်း

လည်ဆွဲ (ရှားပါးအဆင့်)]

[ရွေးချယ်မှု ၂ : အောင်နိုင်သူသူရဲကောင်းသည်

မည်သည့်အကူအညီကိုမျှ မလိုအပ်ပါ။ သင်သည် ယခုကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ပြီးဖြစ်သည်။ အခြားတစ်ယောက်ကို ဝင်ရောက်စွက်ဖက်ခွင့် မပေးနိုင်ပါ။ ဂိုဏ်းချုပ်ကို ၎င်းသည်သင်နှင့် ရှုယင်ကြားကိစ္စသာဖြစ်ပြီး သူမပါဝင်စွက်ဖက်ရန် မလိုအပ်ကြောင်း ပြောပြပါ။

ဆုလာဘ်: ###### (မသိ)

နှင့် တွေ့ဆုံခွင့်]

[ရွေးချယ်မှု ၃: သင်သည်ချစ်သူလမ်းကြောင်းကို လျှောက်လှမ်းနေပါသည်။ သင်၏ အနာဂတ်ဇနီးလောင်းကို မည်သို့ ပြန်ပြောနိုင်မည်နည်း။

သို့သော် မဟာအကြီးအကဲကလည်း သင့်ကို ကြိုက်သွားခဲ့သည်။ ယောက်ျားတစ်ယောက်သည် တာဝန်ယူသင့်သည် မဟုတ်လား သူမကိုလည်း စွန့်ပစ်၍ မရပါ။ ဂိုဏ်းချုပ်ကို မဟာအကြီးအကဲသည် သင်၏ အလားအလာကို တွေ့ရှိခဲ့သောကြောင့် သင့်အား ပညာရပ်တစ်ခုကို သင်ကြားပေးနေသည်ဟု ပြန်လည်ပြောပြပါ။

ဆုလာဘ်: မီးနဂါးဝတ်ရုံ

(ရှားပါးအဆင့်)]

[ရွေးချယ်မှု ၄: ဂိုဏ်းချုပ်ကို သင်နှင့် မဟာအကြီးအကဲကြားတွင် သေးငယ်သော နားလည်မှုလွဲခြင်းတစ်ခုဖြစ်ပျက်ခဲ့ကြောင်းပြောပြပါ။ ထိုသို့ရှင်းပြပြီးနောက် နောက်သို့လှည့်မကြည့်ဘဲ ထွက်ခွာသွားလိုက်ပါ။

ဆုလာဘ်: အာကာလီယန်ဓား

(ရှားပါးအဆင့်)]

အာရန်သည် ရွေးချယ်မှုများကို ငေးကြည့်နေမိသည်။ ပုံမှန်ဟု စံသတ်မှတ်ထားသောအရာကို ယုံကြည်ရန် ဆုံးဖြတ်လိုက်မိချိန်တွင်သံသယဖြစ်ဖွယ် နောက်ထပ်ရွေးချယ်မှုတစ်ခုကို ထပ်မံ ကြုံတွေ့ရသည်။

မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ

ဒုတိယရွေးချယ်မှုသည် လုံခြုံသည့်ပုံ ပေါ်မနေပါ။ အရှေ့ပိုင်းဒေသတွင် အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦးကို သူမည်သို့ ရွှီရှောင်လုပ်နိုင်မည်နည်း။ သေခြင်းတရားကို ဖိတ်ခေါ်ခြင်းနှင့် တူမနေဘူးလား။

တတိယရွေးချယ်မှုအတွက်လား

ဂိုဏ်းချုပ်သည် အရူးတစ်ယောက်ဖြစ်နေမှသာ ယုံကြည်မည်ဖြစ်သည်။

ဂိုဏ်းချုပ်သည် မဟာအကြီးအကဲကို

အချိန်အကြာဆုံး သိကျွမ်းခဲ့သူသည်။ သူမသည် ထိုကဲ့သို့ လှည့်စားမှုကို ခံရရန် မဖြစ်နိုင်ပါ။

သူ့အတွက် စတုတ္ထရွေးချယ်မှုသည်

အလုံခြုံဆုံးဖြစ်ပုံရသည်။ အနည်းငယ် အဓိပ္ပာယ်ရှိသော ပထမရွေးချယ်မှုလည်း ရှိသည်။ သို့သော်

သူသည် ပထမရွေးချယ်မှုကို မရွေးချယ်ရဲသေးပါ။

သူသည် ပထမရွေးချယ်မှုဖြင့်

တစ်ကြိမ် ပူလောင်ခဲ့ပြီးဖြစ်သည်။ ထပ်မံ ကြိုးစားလိုစိတ် မရှိပါ။

‘အာ့ ဟုတ်ပါပြီ နောက်ဆုံးအကြိမ်အဖြစ်

ဟိုစံသတ်မှတ်ချက်ကို ငါထပ် ယုံကြည်လိုက်ဦးမယ် ဒါပေမယ့် ငါသေရင် မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးဟေ့ စနစ်စုတ်ရေ’

အာရန်သည် သက်ပြင်းရှည်ချလိုက်ပြီး

ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။

ရွေးချယ်မှုအတွက် ဆုလာဘ်က

ဘာလဲဆိုတာကိုပင်သူမသိနိုင်ပါ။ တွေ့ဆုံရမည်ဟုသာ ဖော်ပြထားပြီး ထိုလူ၏အမည်မှာ ဝေဝါးနေကာ နာမည်စာလုံးများကို ဖတ်ရန် မဖြစ်နိုင်ပါ။

သူသည် မည်သူ့ကို တွေ့ဆုံရမည်ကို

မသိပါ။ ဆုလာဘ်အဆင့်လည်း မသိရပါ။ သို့သော် ယခုတွင်ထိုအရာများသည် အရေးမကြီး

သေးပါ။

“ဒါဟာ ကျုပ်နဲ့မဟာအကြီးအကဲကြားက ကိစ္စပါ ပြီးတော့ ကျုပ်ဖြေရှင်းပြီးပြီ ဂိုဏ်းချုပ် ဝင်ပါပေးဖို့ မလိုတော့ပါဘူး”

အာရန်သည် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ သို့သော် သူ့နှလုံးသည် ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ခုန်နေကြောင်းသူကိုယ်တိုင်သာသိနိုင်သည်။

အာရန်သည်ထိုသို့ ပြောပြီးသည်နှင့်

သူ၏ဦးခေါင်းသည် မည်သည့်အချိန်တွင် ပြုတ်ထွက်သွားမည်ကို စောင့်နေရင်းဖြင့် စာကြည့်တိုက်မှ ထွက်ခွာလာခဲ့သည်။

#Catfoot

All Chapters