← Chapters

ဥလေးထဲမှအရာ...

Vol. 3 Ch. 30

ဥလေးထဲမှအရာ...

Vol. 3 Ch. 30

အာရန်သည် အကြီးအကဲရန်၏

လျှို့ဝှက်နက်နဲမှုများအကြောင်း ဆက်လက် စဉ်းစားနေသည်။

ဖီးနစ်ငှက်၏ နောက်ကျောတွင်ထိုင်လျက်လိုက်ပါနေစဉ် ဝတ္ထုထဲမှ အကြီးအကဲ ရန်အကြောင်း သတင်းအချက်အလက် အနည်းငယ်သာရှိခဲ့ရခြင်းအကြောင်းကို စဉ့်စားခန်းဖွင့်နေမိသည်။

၎င်းသည် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့ခြင်းနှင့်တူပြီး ဤဇာတ်ကောင် နှင့်ပတ်သက်သော အရေးကြီးသည့် အကြောင်းအရာ တစ်ခုခုကို ဖုံးကွယ်ထားခဲ့သလို ခံစားရသည်။

ထိုလျှို့ဝှက်ချက် အမှန်တရားကို ဖော်ထုတ်ရန်အတွက် သူပိုင်ဆိုင်ထားသော မှတ်ဉာဏ်အပိုင်းအစ အကြောင်းကို ပိုမိုသိရှိရန်

လိုအပ်ကြောင်း နားလည်လိုက်သည်။

၎င်းသည် အကြီးအကဲရန်၏ အတိတ်ကို နားလည်ရန်နှင့် ဤကမ္ဘာတွင် သူ၏ အစစ်အမှန် အရေးပါပုံကို နားလည်နိုင်ရန် အဓိကသော့ချက်လဲဖြစ်သည်။

“စာကြည့်တိုက်မှာ ဘာမှမလေ့လာနိုင်ခဲ့တာက တော်တော်လေး စိတ်မကောင်းဘူး ဒါပေမယ့် အခု ငါ အဲဒီကို သွားရမှာကိုတောင်

ကြောက်နေမိပြီ”

“ဒီကမ္ဘာမှာ မှတ်ဉာဏ်အပိုင်းအစတွေအကြောင်းကို ရှာဖွေဖို့ တခြားနည်းလမ်းတွေများရှိသေးလားမသိဘူး”

ဖီးနစ်ငှက်သည် မကြာမီ

အကြီးအကဲ ရန်၏ ကိုယ်ပိုင်တောင်ထိပ်သို့ ပြန်လည် ရောက်ရှိသွားလေသည်။ သို့သော်အာရန်မှာ အတွေးနက်နေဆဲဖြစ်သည်။

ညင်သာသော လေစွမ်းအားတစ်ခုသည်

အာရန်အား ဝန်းရံလျက် အခန်းထဲသို့ ပြန်လည်ပို့ပေးလိုက်သည်။

အာရန်သည် အခန်းထဲသို့ ပြန်လည်ရောက်ရှိလာသောအခါမှသာ သတိပြန်လည်လာသည်။

သူသည် အပြင်ဘက်ရှိ ဖီးနစ်ငှက်ကို

ပြန်ကြည့်လိုက်သည်။

“ကျေးဇူးပါ ကလေးရေ

အခုလောလောဆယ်တော့ ကောင်းကောင်း အနားယူလိုက်ပါဦး”

ဖီးနစ်ငှက်သည် အာရန်၏ပြောစကားကြောင်း

ဝမ်းသာအားရ တစ်ချက် အော်ဟစ်လိုက်ပြီး အထက်သို့ ပျံသန်းသွားကာ ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။

“သူမက တကယ် ကလေးလေးနဲ့တူတာပဲ”

အာရန်သည် ဖီးနစ်ငှက် ပျောက်ကွယ်သွားသည်ကို ခဏမျှ ကြည့်နေလိုက်သည်။

အာရန်သည် သူ့အတွက် သတ်မှတ်ထားသော

ဟောင်းနွမ်းနေသည့်အိမ်

တံခါးချပ်ကို ပိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ယခင်လိုတူညီသော အမှားကို ထပ်မံ မကျူးလွန်လိုတော့ပါ။

ယခင်က သူ့အိမ်သည် အလွန်မြင့်သော

နေရာတွင် ရှိသောကြောင့် မည်သူမျှ ဝင်ရောက်နိုင်မည်မဟုတ်ဟု ထင်ခဲ့သည်။ ထို့နောက် ကျန်းဝေ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့်သူသည် တံခါးကို

ပိတ်ထားကြောင်းသေခြာစေရန် စစ်ဆေးလိုက်သည်။ အိမ်တံခါးကိုပိတ်ထားပါက အနဲဆုံးတော့ သူ့ကို လေးစားမှုပြသရန်အတွက် တံခါးခေါက်ရလိမ့်မည်ဖြစ်သည်။

တံခါးကိုပိတ်ပြီးနောက် အိပ်ရာဆီသို့ ပြန်လျှောက်သွားလိုက်သည်။

“ငါ့မှာ မေးခွန်းတွေ အများကြီးရှိတယ်၊ ဒါပေမယ့် အလျင်စလိုလုပ်လို့မဖြစ်ဘူး အမှားတွေထပ်မဖြစ်အောင်ဆိုရင် ဖြည်းဖြည်းချင်းပဲ သွားလို့ရမယ်”

သူသည် အိပ်ရာပေါ်တွင်ထိုင်လိုက်ပြီး

ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ရေးသားထားရန် ဒိုင်ယာရီကို ဖွင့်လိုက်သည်။

…..............

ထို့နောက်သူသည် ဒိုင်ယာရီအား

သူ၏ စနစ်သိုလှောင်ခန်းအတွင်း ပြန်လည် သိမ်းဆည်းလိုက်ပြီး သူရဲကောင်းအကယ်ဒမီမှ လက်စွပ်ကို ထုတ်ယူလိုက်သည်။

လက်စွပ်သည် သူရဲကောင်းအကယ်ဒမီနှင့်

ဆက်သွယ်နိုင်သော နည်းလမ်းတစ်ခုလည်းဖြစ်သည်။ ၎င်းသည် သူရဲကောင်းအကယ်ဒမီက သူ့ကို ဆက်သွယ်ရန် အသုံးပြုနိုင်သော အရာတစ်ခုလည်းဖြစ်သည်။

“သူတို့ တစ်ခုခု မှားနေပြီလို့ မထင်ရအောင် သူတို့ကို အရင်စဆက်သွယ်ကြည့်သင့်လား” လက်စွပ်ကို ကြည့်ရင်း တစ်ချက်တွေးလိုက်သည်။

“တော်ပြီ မလိုပါဘူး ငါ့မှာ စိုးရိမ်စရာတွေ အများကြီး ရှိနေတယ် နောက်ထပ် စိတ်ဖိစီးမှုထပ်မလိုချင်သေးဘူး”

သူသည် လက်စွပ်ကို စနစ်သိုလှောင်ခန်းတွင် ပြန်ပစ်ထည့်လိုက်သည်။

“ဒါကတော့...”

စနစ်သိုလှောင်ခန်းကို

ဖွင့်ထားသောအခါ သူ့မျက်လုံးများသည် ထိုနေရာတွင် ရှိနေသော အခြားအရာတစ်ခုကို သတိထားမိလိုက်သည်။ သူ မေ့လုနီးပါးဖြစ်နေသော ဥလေးတစ်လုံးကိုသတိထားမိလိုက်သည်။

၎င်းသည် သူ့ရွေးချယ်မှုအတွက် ဆုလာဘ်တစ်ခုအဖြစ်ရရှိထားခြင်းဖြစ်သည်။ သူတစ်ယောက်တည်း ရှိသည်နှင့် ချက်ချင်း ထုတ်ယူရမည်ဟုစနစ်ကပြောခဲ့သော်လည်း

သူမထုတ်ယူ မိခဲ့ပါ။

ထိုဥလေးထဲတွင် မည်သည့်သတ္တဝါရှိနေသည်ကို

သူမသိသော်လည်း မျှော်လင့်ချက် အများကြီး မထားခဲ့ပါ။

“နောက်ထပ် ဒဏ္ဍာရီလာသားရဲတစ်ကောင်တော့ ရမှာမဟုတ်နိုင်ဘူး။ ဒါပေမယ့် ဒီကိစ္စကို ပြီးအောင် လုပ်လိုက်တာ ကောင်းပါတယ်”

သူသည် ဥလေးကို စနစ်သိုလှောင်ခန်းမှ

ထုတ်ယူလိုက်ပြီး သူ့ဘေးတွင် ချထားလိုက်သည်။

ဥလေးသည် ဘောလုံးလေးအရွယ်အစားဖြစ်သည်။ သို့သော် အဆန်းကြယ်ဆုံးအပိုင်းမှာ ထိုဥ၏အခွံပေါ်တွင် ထူးဆန်းသော ပုံစံအမျိုးမျိုးရှိနေခြင်းပင်ဖြစ်သည်။

ပုံစံများသည် သူတို့ကို အနီးကပ်ကြည့်သောအခါ အသက်ဝင်နေသကဲ့သို့ တောက်ပနေပြီး အချိန်မရွေးပြောင်းလဲနေပုံရသည်။

ထိုဥကို စနစ်သိုလှောင်ခန်းအတွင် ထည့်ထားမိခဲ့စဉ်က ဤထူးခြားမှုကို သတိမထားမိခဲ့ပါ။

အာရန်သည် စိတ်ဝင်စားမှုကြောင့်

ဥလေးကို ထိတွေ့ရန် လက်ကို ဆန့်ထုပ်လိုက်သောအခါ နွေးထွေးမှု အနည်းငယ်ကို ခံစားလိုက်ရသည်။

“မင်းအထဲမှာ ဘာရှိနေတာလဲကွ...

စနစ်က ပေးထားတာဆိုတော့ သာမန်မဟုတ်ဘူးလို့ ထင်ပါတယ်”

ဥလေးသည် ပုံမှန်မဟုတ်ကြောင်း

သူမြင်နိုင်သည်။ သို့သော် ၎င်းသည် ဒဏ္ဍာရီလာ သားရဲဥများ၏ ဖော်ပြချက်များနှင့်လည်း မကိုက်ညီပါ။

ဒဏ္ဍာရီလာသားရဲဥများသည် များသောအားဖြင့် လူတစ်ရပ်စာ အရွယ်အစား ရှိကြသည်။ ဒဏ္ဍာရီလာ သားရဲဥများတွင် ယခုလိုပုံစံများလည်း

ရှိသည်ဟုမကြားဘူးခဲ့ပါ။

“ဒီစနစ်က ငါ့ကို ဒုက္ခပေးဖို့ နောက်ပြောင်လိုက်တာ မဟုတ်သရွေ့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။”

....

ဤသို့ဖြင့် နောက်ထပ်နေ့သစ်တစ်နေ့သို့

ကူးပြောင်းသွားလေသည်။

အာရန်သည် ထိုဥလေးကို အချိန်အတော်ကြာအောင် စောင့်ကြည့်ခဲ့သော်လည်း မည်သည့်အကောင်ကလေးမှ ပေါက်ဖွားမလာခဲ့ပါ။

တစ်ညလုံး နိုးကြားနေခဲ့ပြီးမှ အာရန်သည်

နောက်ဆုံးတွင် မောပန်းစွာ အိပ်ပျော်သွားခဲ့သည်။

ဤကမ္ဘာရှိ ကျင့်ကြံသူများသည် ရက်အနည်းငယ်ကြာအောင် အလွယ်တကူ နိုးထနေနိုင်လေသည်။ သို့သော် အာရန်၏ ခန္ဓာကိုယ်သည် သာမန်လူတစ်ဦးထက်ပင်

အားနည်းနေသည်။

ထိုကဲ့သို့ ဖိအားများလွန်းခဲ့သော

နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရပြီးတွင်ပင် နံနက်ရောက်သည်အထိ နိုးကြားနေနိုင်ခဲ့သည်မှာ အံ့အားသင့်စရာပင်ကောင်းလှပြီဖြစ်သည်။

အိပ်မပျော်မီ ဖီးနစ်ငှက်ကို ဤတောင်အား စောင့်ရှောက်ရန်နှင့် အနားသို့ ချဉ်းကပ်လာသူရှိပါက သူ့ကိုနှိုးပေးရန် ပြောဆိုသတိပေးခဲ့သည်။

ကံကောင်းစွာဖြင့် သူအိပ်နေစဉ်

မည်သည့်အနှောင့်အယှက်မှ ရောက်ရှိမလာခဲ့ပါ။ သူ အိပ်မောကျနေချိန်တွင် တစ်စုံတစ်ယောက်က

သူ့ပါးကို ဆိတ်ဆွဲလိုက်သည်ဟု ခံစားလိုက်ရလေသည်။

အစပိုင်းတွင် အာရန်သည် သတိမထားမိခဲ့ပါ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့ပါးပေါ်တွင် ပြင်းထန်သော နာကျင်မှုကို

ခံစားလိုက်ရပြီး နိုးထလာခဲ့သည်။

“ဟင်”

သူသည် သူ့ပါးကိုပြန်ပွတ်သပ်ရင်း

မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ နာကျင်မှုက အမှန်တကယ် ဖြစ်နေသည်။

တစ်စုံတစ်ယောက်က သူ့အခန်းထဲသို့

ကျူးကျော်ဝင်ရောက်လာခြင်း ရှိမရှိ သိလိုသဖြင့် ရုတ်တရက် ထထိုင်လိုက်သည်။ သို့သော် တစ်စုံတစ်ယောက်ရောက် လာသည်ဆိုလျှင် ဖီးနစ်ငှက်က အဘယ်ကြောင့် သူ့ကိုအကြောင်းကြားခြင်း မရှိခဲ့သနည်းဟု တွေးလိုက်မိသည်။

သူ့မျက်လုံးများသည် အခြားသူတစ်ယောက်ကို

ရှာဖွေရန် အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ခဲ့သော်လည်း မည်သူမျှ ရှိမနေပါ။ သို့သော်မမျှော်လင့်ထားသော အခြားတစ်ခုကို တွေ့လိုက်ရလေသည်။

“မင်းက...”

သူ့ဘေးတွင် ဥခွံအလွတ်တစ်ခုရှိနေပြီး

၎င်းကကွဲအက်နေလေသည်။ သို့သော် အပြင်မှ ကွဲအက်သွားခြင်း မဟုတ်ပါ။

သူ့ဘေးတွင် သူ့ကို ဆက်တိုက် ဝင်တိုးနေသော သတ္တဝါလေးတစ်ကောင် ရှိနေသည်။

သတ္တဝါလေးသည် အပြစ်မဲ့သော

မျက်လုံးများဖြင့် အာရန်ကို ကြည့်နေသည်။

“မင်းက ဘာလဲ”

အာရန်သည် သူ့ရှေ့ရှိ ထူးဆန်းသော သတ္တဝါငယ်လေးကို ကြည့်လိုက်သည်။

မူလဝတ္ထုထဲတွင် သားရဲများစွာအကြောင်း

ဖော်ပြထားသော်လည်း သူ့ရှေ့က သတ္တဝါသည် ၎င်းတို့နှင့် မတူညီနေပါ။

၎င်းသည် သေးငယ်သောမိန်းကလေးတစ်ဦး

နှင့်တူနေပြီး သူမနောက်ကျောတွင် ကောင်းကင်တမန်များကဲ့သို့ အတောင်လေးများရှိနေသည်။

သူမသည် သာမန်လူတစ်ရပ်စာ

အရွယ်အစားရှိကာ အတောင်များ မရှိပါက သာမန် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးနှင့် ထူးမခြားနားပင်ဖြစ်နေမည်ဖြစ်သည်။

သူမတွင် ခါးအထိရောက်သော ဆံပင်ရှည်များရှိသည်။ သူမ၏ လှပသော အစိမ်းရောင်မျက်လုံးလေးများသည် စူးစမ်းလိုစိတ်များဖြင့်

တောက်ပနေသည်။

သူမသည် သူမ၏ သေးငယ်သော

အရွယ်အစားနှင့် လိုက်ဖက်သော အနက်ရောင် ၀တ်စုတ်ကို ၀တ်ဆင်ထားသည်။ သူမ၏ အတောင်ပံများသည်

အခန်း၏ မှိန်ဖျော့သော အလင်းရောင်အောက်တွင်ပင် အဖြူရောင်တောက်ပနေလေသည်။

ထိုမိန်းမငယ်လေးသည် အာရန်၏

လက်ချောင်းအရွယ်လောက်သာရှိလေသည်။ သူမသည် အလွန်သေငယ်သောကြောင့် လက်မဖြင့် ဖိ၍ပင် ချေမှုန်းပစ်နိုင်သည်ဟု

ခံစားရလေသည်။

#Catfoot

All Chapters