← Chapters

အခန်း (၉၀၁)

Vol. 61 Ch. 901

အခန်း (၉၀၁)

Vol. 61 Ch. 901

လင်မိသားစုမှကျွမ်းကျင်သူများအားလုံးမှာ သိမ်းကျုံးဦးတည်လာနေသော စွမ်းအားကြီးတိုက်ခိုက်မှုများနှင့် ကြမ်းကြုတ်ခက်ထန်သော ပေါက်ကွဲမှုစွမ်းများကို ရင်ဆိုင်နေသကဲသို့ မျက်နှာများထက်၌ လည်း လေးနက်သောအမူအယာများရှိနေသည်။

ထို့နောက် လင်မိသားစုမှ အထွတ်အထိပ်စွမ်းအားကြီးသူများက တစ်ချိန်တည်းတွင် စွမ်းအားကြီးတိုက်ခိုက်မှုများကိုထုတ်ဖော်လိုက်ကြပြီး ရှေ့ရှိ တလိပ်လိပ်ထနေသော စွမ်းအင်များထံသို့ ပေါက်ကွဲဦးတည်စေလိုက်သည်။

“ချိုးဖျက်စမ်း”

“တိုက်ခိုက်..ချိုးဖျက်စမ်း”

“ငါတို့လင်မိသားစုက ကျော်လွှားလို့မရနိုင်တဲ့အရာပဲ.. ငါတို့လင်မိသားစုကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်တဲ့သူမှန်သမျှ အမြစ်ပျက်သုတ်သင်ခံရမယ်”

လင်မိသားစုမှကျွမ်းကျင်သူများ၏ပါးစပ်မှ အော်သံလှိုင်းများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းတွင် လင်မိသားစုမှ အထွတ်အထိပ်ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများက ရွှမ်းလက်နက်တို့ပေါက်ကွဲသည့်စွမ်းအား၊ လင်ယဲ့ဖုန်းနှင့်တစ္ဆေစစ်သူကြီးရှစ်ဦးတို့၏ ဖော်ထုတ်တိုက်ခိုက်သောစွမ်းအားများနှင့် လျှင်မြန်စွာ ထိပ်တိုက်တွေ့သွားသည်။

ယင်းမှာ ကြမ်းကြုတ်ခက်ထန်သော ရှေးဟောင်းသားရဲနှစ်ကောင် ထိပ်တိုက်တွေ့သကဲ့သို့ပင်ဖြစ်သည်။

“ဝုန်း..ဝုန်း.ဝုန်း.ဝုန်း..ဝုန်း..ဝုန်း”

ကမ္ဘာကြီးအားဖြတ်သန်းရိုက်ခတ်တုန်ခါ စေသော မိုးချုန်းသံကဲ့သို့ ပေါက်ကွဲမှုများက တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာသည်။ စွမ်းအားနှစ်ခုကြား ပြင်းထန်စွာ ပစ်ဆောင့်မှုကြောင့် ကမ္ဘာတစ်ခုလုံး ပြင်းထန်စာလှုပ်ခါလာ၏။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း.ဝုန်း”

အထွတ်အထိပ်ကျွမ်းကျင်သူတို့ တိုက်ခိုက်ရာ နေရာအောက်ဘက်ရှိ လင်ယင်တောင်မှာလည်း ဧရာမမြေငလျှင်ကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ပြင်းထန်စွာ လှုပ်ခါလာသည်။

သို့သော်လင်ယင်တောင်က ပြင်းထန်စွာ လှုပ်ခါနေသော်လည်းထောင်ထွတ်ပေါ်ရှိသိပ်သည်းသော မြူခိုးများကတော့ လုံးဝပျောက်ကွယ်သွားခြင်းမရှိပေ။ လင်ယင်တောင်၏ ထိပ်ဖျားတွင် အဖြူရောင်မြူခိုးများအတွင်းသေးငယ်သော ပုံရိပ်လေးတစ်ခုအား ဝိုးတိုးဝါးတားမြင်တွေ့နေရသည်။ လင်ယင်တောင်၏ ပြင်းထန်စွာ လှုပ်ခါယိမ်းထိုးမှုကြောင့် ၎င်းမှာဆက်လက်ကျင့်ကြံနိုင်ခြင်း မရှိတော့ပေ။ ၎င်းက ဖြည်းဖြည်းချင်းအသက်ဝင်လှသောမျက်လုံးတို့အား ဖွင့်လာသည်။

ရှစ်လင်ကသူမ၏ခေါင်းလေးအား မော့လိုက်ပြီး ကောင်းကင်သို့ကြည့်လိုက်သော်လည်း လင်ယင်တောင်ပေါ်ရှိ ထူးခြားစွာ သိပ်သည်းနေသောမြူခိုးများက သူမ၏မြင်ကွင်းကို ပိတ်ကာထား၏။ သူမအနေဖြင့် ပြင်ပကမ္ဘာအားလုံးဝမြင်တွေ့ရခြင်းမရှိပေ။ သို့သော် ကောင်းကင်ထက်မှ စွမ်းအားကြောင့် လင်ယင်တောင်က ပြင်းထန်စွာလှုပ်ခါနေသည်ကို တော့ ရှစ်လင်အာရုံခံမိသည်ဖြစ်သည်။

“အဲ့မှာဘာတွေဖြစ်နေတာလဲ”’

အသက်ရှူမှုအောက်၌ တီးတိုးရေရွတ်လိုက်သကဲ့သို့ ရှစ်လင်၏ လုံးဝန်းသော မျက်နှာလေးထက်တွင် စိတ်ရှုပ်ထွေးသောအမူအယာတစ်ခုဖြစ် ပေါ်လာသည်။

ဤအချိန်တွင်သူ၏အကိုဖြစ်သူရောက်လာ သည်မှန်း သူမမျှော်လင့်ထားပေ။ သူမ၏အကိုက သူမအားပြန်ခေါ်ရန် လင်မိသားစုသို့ရောက်ရှိနေပြီးဖြစ်သည်။

ထို့နောက် ပြင်ပမှလာသောစွမ်းအင်များကြောင့် လင်ယင်တောင်ကို ပြင်းထန်စွာလှုပ်ခတ်စေသည်ဖြစ်သည်။ ထို့ကြောင့် ရှစ်လင်မှာ လုံးလုံလျားလျားတည်ငြိမ်စွာဖြင့် ကျင့်ကြံခြင်းကို မပြုလုပ်နိုင်ပေ။တင်ပျဉ်ခွေထို်ငနေသောသူမ၏ ခန္ဓာကိုယ်သေးသေးလေးအား ဖြည်ဖြည်းချင်းထရပ်လိုက်သည်။ ထို့နောက်သူမ၏ပုံရိပ်လေးကလှုပ်ရှားပြီး ကောင်းကင်ထဲသို့ မျောလွင့်တက်လိုက်သည်။

လောလောဆယ်တွင်သူမက ကြယ်နှစ်ပွင့်မဟာသူတော်စင်နယ်ပယ် တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ လေထဲ၌ပျံသန်းခြင်းက သူမအတွက်ပြဿနာတစ်ခုမဟုတ်ပေ။

လင်ယင်တောင်၏ကောင်းကင်ထက်တွင် ပြင်းထန်သောတိုက်ပွဲကဆက်လက်ဖြစ်ပွားနေသည်။

သို့သော် လင်မိသားစုမှ အထွတ်အထိပ်ကျွမ်းကျင်သူများက ပြင်ပရန်သူများကို ရင်ဆိုင်တိုက်ခိုက်ရန်အာရုံစူးစိုက်ထားပြီး ၎င်းတို့၏အစွမ်းကုန် ထုတ်သည်တောင် ၎င်းတို့အနေဖြင့် ရွှမ်းလက်နက်အခုနှစ်ဆယ်၏ပေါက်ကွဲမှုစွမ်းအားနှင့် ရှစ်ဖုန့်ဘက်မှ အထွတ်အထိပ်ကျွမ်းကျင်သူတို့၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ရင်နိုင်ခြင်းမရှိဖြစ်နေသည်။အဆုံးသတ်တွင် လင်မိသားစုမှ အထွတ်အထိပ်ကျွမ်းကျင်သူများမှာ တလိပ်လိပ်ထနေသော စွမ်းအားများကို ခုခံနိုင်စွမ်းမရှိပေ။ ဤအချိန်တွင် ၎င်းတို့၏ပုံရိပ်များက ပြင်းထန်သောစွမ်းအားတို့အောက်သို့ ကျရောက်နေပြီးဖြစ်သည်။

“မဟုတ်ဘူး..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲတွင် တိုက်ပွဲအားစောင့်ကြည့်နေကြသော လင်မိသားစုမှ သခင်လေးများမှာ၎င်းတို့၏မျက်နှာများ ထက်၌ မယုံကြည်နိုင်မှုများရှိနေသည်။ သူတို့နှလုံးသားထဲရှိတောင်တန်းများ နှယ်မြင့်မားစွာတည်ရှိနေသော ပုံရိပ်များက အခြားသူတို့၏ စွမ်းအားအောက်သို့ကျရောက်နေသည်။

၎င်းတို့မှာ လင်မိသားစု ခေါင်းဆောင်နှင့်လင်မိသားစုမှအကြီး အကဲများ၊အထူးအကြီးအဲများဖြစ်ကြသည်။ ၎င်းတို့၏ သိုင်းနယ်ပယ်များကလည်း ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်ဖြစ်သည်။

“သူတို့တောင် ရှုံးတာများဖြစ်နိုင်မလား. အကယ်သူတို့သာရှုံးသွားရင် အနာဂတ်မှာ လင်မိသားစုက ဘာဖြစ်သွားမှာလဲ. အနာဂတ်မှာ လင်မိသားစု ဘာတွေဆက်ဖြစ်မှာလဲ”

“အား.မဟုတ်ဘူး.ပထမအကြီးအကဲ.ဒုတိယအကြီးအကဲ..ဘိုးဘေးတို့”

ဤအချိန်တွင် မူလက ဤအထွတ်အထပ်ကျွမ်းကျင်သူများနောက်သို့ လိုက်ပါလာသော လင်မိသားစုမှ ကျင့်ကြံသူများမှာ မယုံကြည်နိုင်စွာဖြင့်အားလုံးအော် ဟစ်လိုက်ကြ၏။

လင်မိသားစုဘက်၌ သိုင်းပညရှင် သုံးသောင်းရှိသည်ဖြစ်သည်။ ၎င်းတို့ကလင်သင်္ကေတဆီးလ်များကို အတူအကွ ပုံဖော်လိုက်ကြသည်။ မူလက၎င်းတို့မှာ ကြီးမြတ်သောဧကရာဇ်လင်ဝူ လက်ဆင့်ကမ်းခဲ့သော ပြိုင်ဘက်ကင်းဖွဲ့စည်းပုံဖြစ်သည့် မဟာစိတ်ဝိညာဉ်အစီအရင်ကို ခင်းကျင်းနေခြင်းဖြစ်သည်။ အစီအရင်အပြည့်အဝပုံဖော်နိုင်လျှင် ယင်းက မိသားစု၏ကျွမ်းကျင်သူများကို ကူညီနိုင်ပြီးရန်သူများအားသတ်နိုင်လိမ့် မည်ဖြစ်သည်။

သို့‌သော် မဟာစိတ်ဝိညာဉ်အစီအရင်ပြီးမြောက်တော့မည့်အချိန်တွင် လင်မိသားစု၏ အထွတ်အထိပ်ကျွမ်းကျင်သူများက ရန်သူ၏စွမ်းအားအောက်သို့ကျရောက်သွားလိမ့်မည်ဟုတော့ သူတို့မမျှော်လင့်ထားကြပေ။

ဤအချိန်တွင် သောင်းနှင့်ချီသောလင်မိသားစုမှ ကျင့်ကြံသူများ၏အထက်ကောင်းကင်၌ ပင်လယ်ကဲသို့ တလိပ်လိပ်ထနေသော စွမ်းအင်တစ်ခုကရုတ်ခြည်းပေါ်လာပြီး အားကောင်းသော တိုက်ခိုက်ခြင်းစွမ်းအားတစ်ခုကို ယူဆောင်လာသည်။

လင်မိသားစုမှသောင်းနှင့်ချီသော ကျင့်ကြံသူများ၏ကြိုးပမ်းအားထုတ်မှုဖြင့် မဟာစိတ်ဝိညာဉ်အစီအရင်က နောက်ဆုံးတွင် ပြီးပြည့်စုံသွားပြီဖြစ်သည်။

ဤအချိန်တွင် တလိပ်လိပ်ထနေသောစွမ်းအင်များရှေ့၌ ကျိုင်းကောင်များကဲ့သို့သော နက်မှောင်သည့်ပုံရိပ်များက ကူးလူးနေသည်။ ၎င်းတို့ရှစ်ဖုန့်၏ အမိန့်အောက်မှ သန်းနှင့်ချီသော တစ္ဆေစစ်သည်များဖြစ်ကြသည်။

“မဟာစိတ်ဝိညာဉ်အမြစ်ဖျက်သုတ်သင်ခြင်း”

“မဟာစိတ်ဝိညာဉ်အမြစ်ဖျက်သုတ်သင်ခြင်း”

“မဟာစိတ်ဝိညာဉ်အမြစ်ဖျက်သုတ်သင်ခြင်း”

လင်မိသားစု၏သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ပါးစပ်များမှ ဒေါသတကြီးအော်ဟစ်သံများထွက်ပေါ်လာသည်။ ထို့နောက် လင်မိသားစုမှ သောင်းနှင့်ချီသော ကျင့်ကြံသူများက သူတို့၏လက်ဝါးများကို အတူတကွရှေ့သို့တွန်းထုတ်လိုက်ကြပြီး သိမ်းကျုံးဦးတည်လာနေသော သန်းနှင့်ချီသည့် တစ္ဆေစစ်သည်များအားတိုက်ခိုက်ရန် သူတို့အထက်ရှိ မဟာစိတ်ဝိညာဉ်အစီအရင်၏စွမ်းအင်ကို ကျွမ်းကျင်စွာကိုင်တွယ်လိုက်ကြသည်။

“သတ်…အစီအရင်ကို ချိုးဖျက်ကြ”

“အား.သတ်”

“သတ်ကြ”

သန်းနှင့်ချီသော တစ္ဆေစစ်သည်များ၏ရှေ့ဆုံးတွင် ခံ့ညားသော တစ္ဆေစစ်သူကြီးတစ်ဦးရှိသည်။ ၎င်းက သူ၏လက်ထဲရှိနက်မှောင်သော လှံကို ရှေ့သို့ထိုးညွှန်ပြီး ကြုံးဝါးအော်ဟစ်လိုက်သည်။

သူ့နောက်ရှိ သိပ်သည်းများပြားသော တစ္ဆေစစ်သည်များကလည်း ပြိုင်တူတုန့်ပြန်လိုက်ကြ၏။ တလိပ်လိပ်ထနေသောစွမ်းအားများကိုရင်ဆိုင်ရင်း မည်သည့်တစ္ဆေစစ်သည်ကမှ နောက်ပြန်ဆုတ်ခွာထွက်ပြေးခြင်းမပြုပေ။ ၎င်းတို့က ရှေ့သို့ဆက်လက်ချီတက်ပြီး စွမ်းအားကို ချိုးဖျက်ရန်သာ သန္နဋ္ဌာန်ချထားကြသည်။

“မဟာစိတ်ဝိညာဉ်အစီအရင်ကို ချိုးဖျက်ကြ”

မကြာခင်တွင် သန်းနှင့်ချီသော တစ္ဆေစစ်သည်များ၏ တိုက်ခိုက်မှုများကလည်း ဒီရေအလား ပြင်းထန်စွာ တလိပ်လိပ်ထွက်ပေါ်လာသည်။ သန်းနှင့်ချီသောတစ္ဆေစစ်သည်တို့၏ စွမ်းအားအောက်တွင် လင်မိသားစုမှသုံးသောင်းသော ကျင့်ကြံသူတို့၏စွမ်းအားများက လျှင်မြန်စွာ ဝါးမျိုခံလိုက်ရသည်။ မဟာစိတ်ဝိညာဉ်အစီအရင်မှာလည်း လျှင်မြန်စွာပြိုကွဲသွား၏။

“သတ်..သူတို့အားလုံးကိုသတ်ပစ်”

ဤအချိန်တွင် ရှေ့သို့ချီတက်နေသော တစ္ဆေစစ်သူကြီးက သူ၏လှံကို အောက်ဘက်သို့ထပ်မံထိုးစိုက်ညွှန်ပြကာ ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။ တစ္ဆေစစ်သည်တို့၏ သိပ်သည်းများပြားလှသောပုံရိပ်များမှာ မြေပြင်ထက်သို့ဆင်းသက်လာသကဲ့သို့ ကောင်းကင်နှင့်နေမင်းအား ဖုံးကာနေပုံရသည်။

မကောင်းဆိုးဝါးဝိညာဉ်တို့ ၏ ဟစ်အော်သံကဲ့သို့ မြည်တမ်းသံများကိုလည်း ဤကမ္ဘာအတွင်းကြားရနိုင်သည်ဖြစ်သည်။

“ဟမ့်..ဘာကိုလင်မိသားစုလဲ.. ဒီလောက်ပဲအဖြစ်ရှိတာကိုများ”

ရှစ်ဖုန့်ကသွေးသောက်ဓားကိုကိုင်ပြီး လင်ယဲ့ဖုန်းနှင့်ရှောင်းထျန်းရီတို့၏ ဘေးသို့ပျံသန်းသွားလိုက်သည်။ သူကရပ်လိုက်ပြီး လင်မိသားစုမှအထွတ်အထိပ်ကျွမ်းကျင်သူဆယ်ဦးကျော်တို့အားဝါးမျိုသွားသော ပြင်းထန်သည့်စွမ်းအင်တို့ထံ ကြည့်နေသည်။

လွှမ်းခြုံဝါးမျိုခံရသော စွမ်းအင်တို့ကြောင့် မည်သည့်ကျင့်ကြံသူမှ သေခြင်းမရှိသည်ကို ရှစ်ဖုန့်အာရုံမိသော်လည်း ၎င်းတို့၏ အော်ရာများက ယခင်ထက်ပို၍ များစွာအားနည်းသွားပြီဖြစ်သည်။ ၎င်းတို့အားလုံးထိခိုက်ဒဏ်ရာ ရနေကြပြီဖြစ်၏။

အကယ်၍ လင်မိသားစု၌သာ ယခုတိုက်ပွဲအတွင်း ဤမျှလောက်သော အင်းအားသာရှိသည်ဆိုလျှင် အနာဂတ်၌ထျန်းဟန်တိုက်ကြီးအတွင်း လင်မိသားစုကို ဖယ်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ရှစ်ဖုန့်အတွက်အံ့အားအသင့်ရဆုံး ဘဝတစ်ခုလုံး အဂ္ဂရိတ်သန့်စင်ခြင်းလမ်းစဉ်၌သာ အထူးလေ့လာလိုက်စားခဲ့သော သူ၏တပည့်ဖြစ်သူရှောင်းထျန်းရီပင်ဖြစ်သည်။

တကယ်တမ်းလည်းရှစ်ဖုန့်အနေဖြင့်သူ၏တပည့်အား တိုက်ပွဲအတွင်း ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သည်။ ၎င်းက ရွှမ်းလက်နက်အခုသုံးဆယ်အား ထုတ်ပြီး ဤကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ရွှမ်းလက်နက်များကိုသူ့ဖာသာသူပေါက်ကွဲ စေခြင်းကတကယ်တမ်းတွင် အရမ်းရိုးရှင်းသည်ဖြစ်သည်။ လူများစွာမှာ ဤလမ်းအား သူတို့အန္တရာယ်အတွင်းကျရောက်နေသည့် အချိန်မှ ရွေးချယ်ကြခြင်းဖြစ်သည်။သို့သော် ရှောင်းထျန်းရီတစ်ယောက် ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ရန်အတွက် အဓိကမဖြစ်မနေလိုအပ်သောအရာက ရွှမ်းလက်နက်များလုံလောက်အောင်ရှိ နေရပင်ဖြစ်သည်။

“ဒီတိုက်ပွဲကြောင့်မင်း စိတ်သောကရောက်နေတာလား”

ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်၍ သူ၏ခေါင်းအားလှည့်ကာ ရှောင်းထျန်းရီကိုကြည့်လိုက်ပြီး မေးလိုက်သည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters