အခန်း (၉၀၂)
Vol. 61 Ch. 902
“မင်းဒီတိုက်ပွဲအတွက် စိတ်မကောင်းဖြစ်နေတာလား”
ရှစ်ဖုန့်၏အသံအားကြားသောအခါတွင် ရှောင်းထျန်းရီက သူ၏ခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်ပြီးသူ၏ဆရာဖြစ်သူရှစ်ဖုန့်အားရှုံ့မဲ့သော အပြုံးတစ်ခုနှင့်ကြည့်လိုက်သည်။
“ရွှမ်းလက်နက်တွေကို ကျွန်တော်သုံးတဲ့အချိန်မှာ ပူပန်ကြောင့်မဲ့နေတဲ့ ပုံစံကြောင့်အရူးလုပ်မခံပါနဲ့.. အဲ့တာတွေအားလုံးက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် ရွှမ်းလက်နက်တွေပါ…အဲ့တာတွေကိုသန့်စင်ဖို့ကျွန်တော့်အတွက်မခက်ခဲပေမဲ့. အဆင့်ရှစ် ပါဝင်ပစ္စည်းတွေကို ရှာဖို့က ခက်တယ်.. ဒီမဟာသူတော်စင်နယ်ပယ် ရွှမ်းလက်နက်တွေအားလုံးက ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ထဲက မဟာသူတော်စင်အဆင့်ရွှမ်းလက်နက်အားလုံးပါပဲ..သေချာပေါက်ကျွန်တော်သူတို့အတွက် စိတ်မကောင်းဖြစ်ရတာပေါ့”
ရှောင်းထျန်းရီက ရှစ်ဖုန့်၏ရှေ့တွင် အမှန်အတိုင်းဖြေလိုက်သည်။
“ဟားဟား”
ရှစ်ဖုန့်က ခြားနားခြင်းမရှိဘာမှမပြောဘဲ ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းကို လှည့်လိုက်ပြီး ရှေ့သို့ဆက်လက်ကြည့်လိုက်၏။
ဤအချိန်တွင် လင်မိသားစုမှကျွမ်းကျင်သူများအား ဝါးမျိုသွားသော ပြင်းထန်သည့်စွမ်းအင်များက ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်လာသည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများနှင့်ပုံရိပ်များက အားလုံး၏မျက်လုံးအတွင်း ဖြည်းဖြည်းချင်းပေါ်လာ၏။
အစောပိုင်းကရှစ်ဖုန့်အာရုံခံမိသကဲ့သို့ပင် ဒါဇင်သို့မဟုတ် ထိုထက်များပြားသော လင်မိသားစု၏ အထွတ်အထိပ်ကျွမ်းကျင်သူများက ပြင်းထန်သောစွမ်းအင်လှိုင်းများကြောင့် ထိခိုက်ဒဏ်ရာများရကုန်ပြီဖြစ်သည်။၎င်းတို့ မသေသေးခြင်းသာရှိသည်ဖြစ်၏။
လင်မိသားစု၏ အကြီးအကဲနှစ်ဦးဖြစ်သော လင်စန်ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် လင်ရှုနှင့် လင်ဖန်းတို့ပင် သေမင်းတံခါးဝသို့ ရောက်လုနီးနီးဖြစ်နေပုံပေါ်သည်။ လင်မိသားစုမှအခြားသောကျွမ်းကျင်သူများ၏ကာကွယ်ပေးမှုအောက်၌ သူတို့အသက်ရှူနေသေးခြင်းဖြစ်သည်။
သစ္စာဖောက်လင်စန်ပင်ထိန်းချုပ်ခံထား ရသည်။၎င်းက အသိမရှိသေးခြင်းသာဖြစ်ပြီး လင်မိသားစုဝင်များ၏ သတ်ဖြတ်ခြင်းကိုမခံရသေးပေ။
အပေါ်ယံအရဆိုလျှင် လင်မိသားစု၏ အထွတ်အထိပ်ကျွမ်းကျင်သူ ဆယ့်ခြောက်ယောက်လုံး ရှိသေးသည်ဖြစ်သည်။သို့သော် ၎င်းတို့ထဲမှလူအချို့သာ တိုက်ခိုက်နိုင်တော့သည်ဖြစ်သည်။
ရှစ်ဖုန့်၏ဘက်ခြမ်းတွင် အထွတ်အထိပ်ကျွမ်းကျင်သူများမှာ စိတ်ဝိညာဉ်များမြင့်အားစွာရှိနေသေးသည်ဖြစ်သည်။ ၎င်းတို့ကြားထဲရှိ ခြားနားချက်က သိသာသည်ဖြစ်သည်။
လင်မိသားစုမှ အထွတ်အထိပ်ကျွမ်းကျင်သူများ၏ နောက်ဘက်ရှိ လင်မိသားစုနှ ကျွမ်းကျင်သူများမှာ သန်းနှင့်ချီသောတစ္ဆေစစ်သည်များ၏ ရက်ရက်စက်စက်သတ်ဖြတ်သည့်အောက်၌ အော်ဟစ်ငိုကြွေးမြည်တမ်းနေကြ၏။
အော်ဟစ်ငိုကြွေးမြည်တမ်းသံများက လင်မိသားစုမှ ကျွမ်းကျင်သူများ၏နားထဲသို့ အလိုအလျောက်ရောက်ရှိသကဲ့သို့ လင်မိသားစုခေါင်းဆောင်ဖြစ်သူ လင်ဟွင်း၏ နားထဲသို့လည်း ရောက်ရှိသည်ဖြစ်သည်။
“ယိုမင်”
လင်မိသားစုမှအခြားသူများနှင့်နှိုင်းယှဉ်လျှင် လင်ဟွင်းက များစွာ ပိုကောင်းမွန်သည်ဖြစ်သည်။ သူ၏မျက်နှာက ကြမ်းကြုတ်ခက်ထန်နေ၏။သူက သိပ်ဝေးသော နေရာရှိ ရှစ်ဖုန့်အားစိမ်းစိမ်းဝါးဝါးကြည့်လိုက်ပြီးခက်ထန်စွာပြောလိုက်သည်။
“ဟမ့်..မင်းကဘာကိုစိုက်ကြည့်နေတာလဲ. အရှုံးသမား. မင်းမှာငါတို့ကို စိမ်းစိမ်းဝါးဝါးကြည့်ပိုင်ခွင့်ဘာရှိလို့လဲ”
တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သူ ကွေ့ဟွမ်းက သူ့ထံသို့ စိမ်းစိမ်းဝါးဝါးကြည့်နေသော လင်ဟွင်းကို မြင်လိုက်ရသောအခါတွင် ၎င်းအားလက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်သည်။
“ယိုမင်…မင်းတို့အားလုံး. လင်မိသားစုကနေ ဒီနေ့အသက်ရှင်လျက်ထွက်သွားဖို့အတွက် စဉ်းတောင်မစဉ်းစားနဲ့”
လင်ဟွင်း၏မျက်နှာထက်တွင် ကြမ်းကြုတ်ခက်ထန်သောအမူအယာက ဆက်လက်ရှိနေဆဲဖြစ်ပြီး ရှစ်ဖုန့်နှင့်အခြားသူများအားသိမ်းကျုံးကြည့်လိုက်သည်။
သူ၏အသံက မကျယ်သော်လည်း စကားလုံးတစ်လုံးစီတိုင်းကို ရှစ်ဖုန့်၏လူများ ရှင်းလင်းစွာကြားရသည်ဖြစ်သည်။
လင်ဟွင်း၏စကားအားကြားလိုက်ရသောအခါတွင် ကွေ့ဟွမ်းက ကျယ်လောင်စွာရယ်မောလိုက်သည်။
“သူတောင်းစား..အခုဒီလိုမျိုး အခြေအနေရောက်နေတာတောင်မင်းမှာ ဟာသတစ်ခုပြောဖို့အချိန်ရှိနေသေးတယ်..ဘယ်လိုတောင်ရယ်စရာကောင်းလိုက်သလဲကွာ”
“ဟားဟား.”
ဤအချိန်တွင် တစ္ဆေစစ်သူကြီးကွေ့ရောင်က လည်းရယ်မောပြီးပြောလိုက်သည်။
“ကွေ့ဟွမ်းရာ..ဘာလို့လူတွေက မသေခင်နေ့ခင်းကြောင်တောင်အိမ်မက်မမက်နိုင်ရမှာလဲ..သူတို့အခုမလုပ်ရင် နောက်ကြလုပ်လို့ရတော့မှာမှ မဟုတ်တာကွာ..သူသာငါတို့လက်ထဲ သေသွားရင် သေပဲသေမှာမဟုတ်ဘဲ သူ့ဝိညာဉ်ပါဖျက်ဆီးခံရမှာကွ”
“ကောင်းပြီ. ဘာမှအဓိပ္ပါယ်မရှိတာတွေ ပြောနေစရာမလိုတော့ဘူး.”
တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှ တစ်ဦးဖြစ်သူ ကွေ့ယင်က ပြောလိုက်သည်။ထို့နောက်သူက ရှစ်ဖုန့်အားမေးလိုက်၏။
“ကြီးမြတ်သောဧကရာဇ်..ရှေ့ကိုဆက် ချီတက်ပြီး ဒီလူအားလုံးကို သတ်ပစ်ရအောင်လား”
“သတ်”
ရှစ်ဖုန့်ကရှေ့သို့ထိုးညွှန်ပြီး အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်၏ အမိန့်အားကြားပြီးနောက် ရှစ်ဖုန့်၏ဝန်းကျင်မှပုံရိပ်များကရုတ်တရက် ထပ်မံလှုပ်ရှားလိုက်ပြီး သူတို့ရှေ့ရှိ လင်မိသားစုမှ ကျွမ်းကျင်သူများထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်၏။
ဤအချိန်တွင် သူတို့၏မျက်နှာများထက်၌ ဂရုမစိုက်မှုများဖြင့်ပြည့်နှက်နေသည်။ သူတို့၏မျက်လုံးအတွင်းတွင် ယခုအခါ၌အသုံးမကျတော့ သော လင်မိသားစုမှကျင့်ကြံသူများကို သတ်ဖြတ်ခြင်းက ကြက်၊ဝက်၊ခွေး၊ကြောင်များအား သတ်ဖြတ်ခြင်းနှင့်ဘာမှကွာခြားခြင်းမရှိပေ။
“မင်းတို့အားလုံး. မင်းတို့အားလုံးကိုသတ်ပစ်မယ်.. ငရဲကိုသွားစမ်း”
ဤအချိန်တွင် သူ့ရှေ့ရှိပုံရိပ်များအားကြည့်၍ လင်မိသားစု၏ခေါင်းဆောင်ဖြစ်သူ လင်ဟွင်းက ရုတ်တရက်ကျယ်လောင်စွာပေါက် ကွဲအော်ဟစ်လိုက်သည်။
ထို့နောက်လင်ဟွင်းက ထူးဆန်းသော ခြေထောက်သုံးချောင်းပုံစံရှိသည့် အစိမ်းရောင် ကျောက်စိမ်းပုလင်းတစ်လုံးကို လေထဲသို့မြှောက်လိုက်သည်။ ပုလင်း၏ကိုယ်ထည်ပေါ်တွင် ပြွတ်သိပ်နေသော ထူးဆန်းသည့်မျက်လုံးများရှိနေသည်။
ဤမျက်လုံများအားလုံးက ပုလင်း၏ကိုယ်ထည်တစ်ခုလုံးပေါ်တွင် ဖရိုဖရဲရှိနေအောင်စီမံထားပုံရသော်လည်းမျက်လုံးတစ်ခုစီကိုတော့ တင်းကျပ်စွာပိတ်ထားသည်။
လင်ဟွင်းက ထူးဆန်းသော ခြေသုံးချောင်း အစိမ်းရောင်ကျောက်စိမ်းပုလင်းအား မြှောက်လိုက်သည့်အချိန်တွင် လင်မိသားစု၏ အကြီးအကဲတစ်ဦးက လင်ဟွင်း၏လက်ထဲမှ ပစ္စည်းကို ချက်ချင်းမှတ်မိလိုက်ပြီး အလန့်တကြားတုန်လှုပ်အံ့အားသင့်စွာပြောလိုက်သည်။
“ဖြစ်နိုင်တာ….ဒါက..ငါတို့ဘိုးဘေးတွေရဲ့ရှေးဟောင်းမှတ်တမ်းစာလိပ်ထဲက ကြီးမြတ်သော ဧကရာဇ်လင်ဝူ အန္တရာယ်ရှိတဲ့နေရာတစ်ခုကနေရရှိခဲ့တယ်ဆိုတဲ့ မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း မလား..ဒါ..ဒါက တကယ်ကြီး လင်ဟွင်းရဲ့လက်ထဲကို ထပ်ပြီးရောက်နေတာပဲ”
“မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်း..မှားစရာမရှိဘူး.. ဒါကရှေားဟောင်းစာလိပ်ထဲမှာမှတ်တမ်းတင်ထားတဲ့အတိုင်း အတိအကျတူတာပဲ..ဒီမျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက ပျောက်ဆုံးသွားတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ.. လင်ဟွင်းဒါကိုရှာတွေ့ထားမယ်လို့ ငါမမျှော်လင့်ထားဘူး. ဒါ..ဒါက တကယ်ကောင်းတာပဲ”
နောက်ထပ်လင်မိသားစု၏အကြီးအကဲတစ်ဦးက ဘဝ၏လောကဓံတရားအကောင်းအဆိုးတို့ကို အပြည့်ဝခံစားရသောပုံစံမျိုးဖြင့် လင်ဟွင်း၏လက်ထဲမှ မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းအား တွေ့လိုက်ရသောအခါတွင် ရုတ်တရက်ရယ်မောချလိုက်သည်။
“ကောလဟာလတွေအရ မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းက နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုတဲ့.. ငါတို့ဘိုးဘေးချန်ထားခဲ့တဲ့ရှေးဟောင်းစာလိပ်အရ ဒီမျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းမှာ နတ်ဘုရားတစ်ပါးဖြစ်လာဖို့လျှို့ဝှက်ချက်ပါရှိပုံရတယ်..ဒီပစ္စည်းက ငါတို့လင်မိသားစုကို ပြန်ရောက်လာလိမ့်မယ်လို့ငါမမျှော်လင့်ထားဘူး..ကောင်းကင်ဘုံက ငါတို့လင်မိသားစုကိုတကယ်ကြီးကူညီတာပဲ”
မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းအား ခပ်မြင့်မြင့်မြှောက်ထားသော လင်ဟွင်းက ထိုမြေခွေးအိုကြီးများ၏မျက်နှာကို ဂရုမထားသော အမူအယာဖြင့်ကြည့်နေသည်။
သို့သော် လင်ဟွင်း၏နှလုံးသားထဲ၌တော့လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်နေ၏။ ဤမြေခွေးအိုကြီးများကမသိသော်လည်း မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းအားကိုင်ထားသော သူကတော့သိသည်ဖြစ်သည်။
နှစ်ပေါင်းသောင်းနှင့်ချီကြာမြင့်ပြီးနောက် ဤမျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက အချို့သောပြောင်းလဲမှုများနှင့်ကြုံခဲ့ရသည်။ သူ၎င်းအား ရှာတွေ့ချိန်တွင် ၎င်းကများစွာ ထိခိုက်ပျက်စီးထားပြီးဖြစ်သည်။ သူက အဆင့်မြင့်အဂ္ဂရိတ်သန့်စင်သူတစ်ဦးအား တိတ်တဆိတ်တစ်ချက်ပြသခဲ့၏။ ထိုအဂ္ဂရိတ်သန့်စင်သူကသူ့အား ဤပစ္စည်းအနေဖြင့်တစ်ကြိမ်သာအသုံးပြုနိုင်မည်ဟု ပြောခဲ့သည်။ ၎င်းအားတစ်ကြိမ်အသုံးပြုပြီးနောက် ထိခိုက်ပျက်စီးသွားဖို့ပို၍များသည်ဖြစ်သည်။
မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက ထိခိုက်ပျက်စီးထားပြီး၎င်းအား အလွယ်တကူအသုံးမပြုနိုင်ပေ။လင်ဟွင်း အနေဖြင့် ဤရတနာအကြောင်းအား လင်မိသားစုအတွင်းမည်သူ့ကိုမှ အသိမခံလိုခဲ့ပေ။ အကယ်၍ထိုမြေခွေးအိုကြီးများသာ သူ့၌ဤရတနာရှိသည်ကို သိလျှင် ၎င်းတို့အနေဖြင့် ထိုရတနာအား ၎င်းတို့နှင့်အတူ မျှဝေရန်သူ့ကိုတောင်းဆိုကြလိမ့်မည်ဖြစ်သည်။
ဒဏ္ဍာရီများအရ ဤမျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၌ နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သော လျှို့ဝှက်ချက်တစ်ခုပါရှိသည်ဟုဆို၏။
အကယ်၍ရတနာသာ ပကတိအတိုင်းခြေရာလက်ရာမပျက်ရှိနေလျှင် ဤမြေခွေးအိုကြီးများလည်းထိုအကြောင်းကို သိလည်း ကိစ္စရှိမည်မဟုတ်ပေ။ ၎င်းတို့ကသူ့အားငြင်းဆန်ခဲ့လျှင်သူက မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းအား အသုံးပြုပြီး ၎င်းတို့အား ဖိနှိပ်ပစ်မည်ဖြစ်သည်။
သို့သော် ဤရတနာကတစ်ကြိမ်အသုံးပြုပြီးသည့်နှင့် အပြီးတိုင်ပျက်စီးသွားမည်ဖြစ်သောကြောင့် လင်ဟွင်းအနေဖြင့်၎င်းအား အလွယ်တကူအသုံးမပြုလိုပေ။
သူသေခြင်းရှင်ခြင်းနှင့် လင်မိသားစုတစ်ခုလုံး၏ကံတရားနှင့်သက်ဆိုင်နေသောကြောင့်သာမဟုတ်လျှင် ဤရတနအား ထုတ်ယူပြီး ဖြုန်းတီးကာရန်သူများကို သတ်ပစ်ခြင်းကို လင်ဟွင်းလုပ်လိမ့်မည်မဟုတ်ပေ။
ယခုသူရွေးချယ်စရာမရှိဘဲ ၎င်းအား သုံးရခြင်းဖြစ်သည်။
“ဖွင့်စမ်း.ဖွင့်စမ်း..ဖွင့်စမ်း..ဖွင့်စမ်း..ဖွင့်စမ်း” “ဖွင့်စမ်း.ဖွင့်စမ်း..ဖွင့်စမ်း..ဖွင့်စမ်း..ဖွင့်စမ်း”
ဤအချိန်တွင်မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းအား ခပ်မြင့်မြင်ကိုင်ထားသော လင်ဟွင်းက အေးစက်စွာဆက်တိုက်အော်လိုက်သည်။ လင်ဟွင်း၏အော်သံအောက်တွင် မူလကတင်းကျပ်စွာပိတ်နေသာ မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းပေါ်ရှိ မျက်လုံးများက ပြူးကျယ်စွာပွင့်လာသည်။
ပုံမှန်မဟုတ်စွာထူးခြားသော မကောင်းသည့် စွမ်းအားကြီးစွမ်းအားတစ်ခုက မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းမှ ရုတ်ခြည်းမြင့်တက်လာသည်။ ယင်းမှာရှေးဟောင်းစွမ်းအားကြီးသက်ရှိကြီးတစ်ကောင် နိုးထထာသကဲ့သို့ပင်ဖြစ်သည်။
ရှေ့သို့တစ်ဟုန်ထိုးချီတက်နေသော ကျွမ်းကျင်သူများ၏မျက်နှာများမှာ မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းပေါ်ရှိ မကောင်းသည့်စွမ်းအားကြီးသော စွမ်းအားကို အာရုံခံမိပြီးသူတို့၏ အမူအယာများကသိသိသာသာ ပြောင်းလဲသွားသည်။ သူတို့၏နှလုံးသားထဲ၌ လွန်စွာ ထူးဆန်းသောခံစားချက်တစ်ခု မြင့်တက်လာသည်။
“မဟုတ်ဘူး..မကောင်းတော့ဘူး..”
ရှစ်ဖုန့်၏မျက်နှာပင်ပြောင်းလဲသွားပြီး အလန့်တကြားဖြစ်သွားသည်။ ထို့နောက်သူက ရှေ့သို့အော်ပြောလိုက်သည်။
“အားလုံး ..အရင်ဆုံး မြန်မြန်ပြန်ဆုတ်ကြ”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE