← Chapters

အခန်း (၉၀၃)

Vol. 61 Ch. 903

အခန်း (၉၀၃)

Vol. 61 Ch. 903

“မင်းတို့အားလုံး အရင်မြန်မြန်ဆုတ်ကြ”

လင်မိသားစုခေါင်းဆောင်ဖြစ်သူ လင်ဟွင်းက ခြေထောက်သုံးချောင်း မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းကို မြှောက်လိုက်သည်။ မျက်လုံးတစ်သောင်း ကျောက်စိမ်းပုလင်းထက်ရှိ ထူးဆန်းသော အစိမ်းရောင်မျက်လုံးများက တစ်ခုပြီးတစ်ခု ပွင့်လာသကဲ့သို့ မိစ္ဆာဆန်ပြီး စွမ်းအားကြီးမားသောအော်ရာတစ်ခုကလည်း ၎င်းထံမှ မြင့်တက်ထွက်ပေါ်သည်။

မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းထံမှ မြင့်တက်လာသော အော်ရာအား အာရုံခံမိသောအခါတွင် ရှစ်ဖုန့်၏ အမူအယာက သိသိသာသာပြောင်းလဲသွားသည်။ တစ်ဟုန်ထိုးဦးတည်နေသော သူ၏တပည့်များ၊မြေးတပည့်နှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့ထံ အော်ပြောလိုက်သည်။

လင်ယဲ့ဖုန်းနှင့်အခြားသူများကလည်း မျက်လုံးတစ်ထောင် ပုလင်းထံမှလာသော အန္တရာယ်ရှိသည့် စွမ်းအားကြီးအော်ရာကို အာရုံခံမိသည်ဖြစ်သည်။ ၎င်းတို့အားလုံးက မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်း၏ အံ့ဖွယ်ထူးခြားမှုကို အာရုံခံမိပြီးဖြစ်၏။

လင်ယဲ့ဖုန်း၏လက်ထဲ၌သေခြင်းကောက်ရိတ်တံစဉ်ရှိနေသော်လည်း ရှစ်ဖုန့်ယခင်ကအသုံးပြုသကဲ့သို့ တူညီသောနည်း လမ်းဖြင့်သာသူလည်းအသုံးပြုနိုင် သည်ဖြစ်သည်။ စွမ်းအားကြီးတိုက်ကွက်တစ်ခုအား ထုတ်ဖော်ရန် သူ၏ စွမ်းအားအကုန်အဆင်သွန်းလောင်း ထည့်လိုက်သည်။

သေခြင်းကောက်ရိတ်တံစဉ်၏ ပိုအားကောင်းသော စွမ်းအားဖြင့် ပို၍စွမ်းအားကြီးမားသော တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။ စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦးအတွက် သူ၏လက်ထဲ၌ သေခြင်းကောက်ရိတ်တံစဉ်ရှိနေခြင်းက ကျားတစ်ကောင်အား အတောင်ပံတပ်ပေးလိုက်သည့် နှယ်ပင်ဖြစ်သည်။

သို့သော် ဤအချိန်တွင် သူ၏စွမ်းအားအကုန်လုံး သေခြင်းကောက်ရိတ်တံစဉ်အတွင်း သို့ထည့်လျှင်တောင် မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းမှထုတ်လွှတ်သော အော်ရာထက်နိမ့်ကျနေဆဲဖြစ်သည်ကို လင်ယဲ့ဖုန်းအာရုံခံနိုင်သည်ဖြစ်သည်။

ဤအချိန်တွင် လင်ယဲ့ဖုန်း၏အမူအယာက လေးနက်တည်ကြည်သွားသည်။ သူက ရှေ့သို့တစ်ဟုန်ထိုးချီတက်နေသော သူ့ဘေးရှိလူများကို အော်ပြောလိုက်သည်။

“ဆုတ်ကြ”

ထို့နောက် ရှေ့သို့တစ်ဟုန်ထိုးချီတက်နေသော ပုံရိပ်ဆယ့်သုံးခုက ပြိုင်တူ အလျှင်အမြန်ဆုတ်ခွာလိုကြသည်။

“ပြေးချင်တာလား”

လင်မိသားစုခေါင်းဆောင်ဖြစ်သူ လင်ဟွင်းကပြန်ဆုတ်ခွာနေသော လူဆယ့်သုံးယောက်ထံကြည့်၍သရော်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းအား ကိုင်ထားသော သူ၏လက်ကို လှုပ်ခါလိုက်သည်။

ရုတ်ခြည်းမျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းပေါ်ရှိပြွတ်သိပ်နေသော အစိမ်းရောင်မျက်လုံးများ က အစိမ်းရောင်အလင်းတန်းများကို ဘက်ပေါင်းစုံသို့ထုတ်လွှတ်လိုက်သည်။

အစိမ်းရောင်အလင်းတန်း၏ စွမ်းအားကိုခံစားမိပြီး ကျွမ်းကျင်သူများ တုန်လှုပ်သွားကြသည်။ အစိမ်းရောင်အလင်းတန်းတို့မှပါရှိသော စွမ်းအားက သူတို့၏ကိုယ်ပိုင်စွမ်းအားကိုပင်ဖိနှိပ်နိုင်စွမ်းရှိသည်ကို သူတို့အာရုံခံနိုင်ကြသည်ဖြစ်သည်။

ဤစွမ်းအားက အလယ်ပိုင်းဒေသကြီး အလင်းစီရင်စုအရှင်သခင်ဖြစ်သူ အလင်းဧကရာဇ်ကျင်းထျန်းယုနှင့် နှိုင်းယှဉ်နိုင်သည်ဖြစ်သည်။

ထို့နောက် လင်ယဲ့ဖုန်းနှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့က လျှင်မြန်စွာဆုတ်ခွာကြသည်။၎င်းတို့၏လက်နက်များကို အလျှင်အမြန်ထုတ်ယူခြင်းသို့မဟုတ် လက်များကို ကြက်ခြေခတ်ရှေ့သို့ကာခြင်းတို့ကို ပြုလုပ်လိုက်ကြသည်။ သူတို့ထံ ပျံသန်းလာသော ပြွတ်သိပ်နေသည့် အစိမ်းရောင်အလင်းတန်းများအား ကာကွယ်ရန် သူတို့၏စွမ်းအားအကုန်လုံးကို အဆက်မပြတ်လှည့်ပတ်လိုက်သည်။

သို့သော် လင်ယဲ့ဖုန်းနှင့် အခြားသူများ အကောင်းဆုံး မည်မျှပင် ခုခံကာကွယ်ရန်လုပ်ဆောင်ပါစေ အစိမ်းရောင်အလင်းများ၏ တိုက်ခိုက်မှုကြောင့် နာကျင်စွာဖြင့်အော်ဟစ်လိုက်ရဆဲဖြစ်သည်။

အစိမ်းရောင်အလင်း၏တိုက်ခိုက်မှုအောက်၌ လောချင်းချွမ်နှင့် လင်ယဲ့ဖုန်းတို့က ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။တစ္ဆေစစ်သူကြီး ရှစ်ဦးမှာလည်းနောက်သို့လွင့်ထွက်သွားသည်။ လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်မှာ ရှောင်းထျန်းရီ၏ရှေ့တွင်ရပ်နေပြီး သူ့ဆီရောက်လာသော တိုက်ခိုက်မှုတို့ကို တားဆီးထားသည်။

ရှောင်ထျန်းရီမှာ သိုင်းတာအိုနယ်ပယ်အား တစ်ခါမှကျင့်ကြံဖူးခြင်းမရှိပေ။ သူ၏ဘဝတစ်လျှောက်လုံး ဝိညာဉ်ကျင့်ကြံခြင်းနှင့်အဂ္ဂရိတ်သန့်စင်ခြင်း၌သာ အာရုံစိုက်ထားခြင်းဖြစ်သည်။ သူ၏ဝိညာဉ်စွမ်းအားက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်အဆင့်သို့ရောက်ရှိနေသော်လည်း သူ၏ကာယခန္ဓာကိုယ်ကတော့လွန်စွာအားနည်းသည်ဖြစ်သည်။

လင်ယဲ့ဖုန်းက သေခြင်းကောက်ရိတ်ဓားကို ကိုင်ဆောင်ပြီး သူ့ရှေ့ရှိထိုအရာအားတားဆီးရန်အတွက် ဓားအတွင်း သူ၏စွမ်းအားအကုန်ထည့်လိုက်သည်။ အံကိုတင်းတင်းကြိတ်ပြီး လာနေသော အစိမ်းရောင်အလင်းကိုခုခံလိုက်၏။

မိုရှောင်ယောင်က သူ၏လက်တို့အား ကြက်ခြေခတ်သဏ္ဍန်ယှက်ထားပြီး ရှောင်းထျန်းရီအား အစိမ်းရောင်အလင်းမထိခိုက်စေရန် လင်ယဲ့ဖုန်းနှင့်အတူ ခုခံနေသည်။

သို့သော် ဤအချိန်တွင် အဆက်မပြတ်တိုက်ခိုက်လာသော အစိမ်းရောင်အလင်း၏တိုက်ခိုက်မှုအောက်၌ သူတို့နှစ်ဦးလုံး လွန်စွာအားစိုက်ထုတ်ထားရသောလက္ခဏာများကို ပြသနေပြီးဖြစ်သည်။ သူတို့အနေဖြင့် ခပ်ကြာကြာတောင့်ခံနိုင်ခြင်းမရှိတော့သည့်ပုံ ပေါ်သည်။

“ချီးပဲ”

ရှစ်ဖုန့်ကပြစ်ပြစ်နှစ်နှစ်ဆဲဆိုလိုက်သည်။ မူလက တိုက်ပွဲ၏ရလဒ်အား ဆုံးဖြတ်ပြီးဖြစ်ဖြစ်ပြီး လင်မိသားစုအနေဖြင့်မကြာခင် သို့မဟုတ်နောက်ပိုင်း၌ဖျက်ဆီးခံရလိမ့်မည်ဟု သူထင်ခဲ့သည်။

သို့သော် လင်ဟွင်းထုတ်ယူလိုက်သော ထူးဆန်းသည့်ကျောက်စိမ်းပုလင်းက ကျွမ်းကျင်သူဆယ့်သုံးယောက်ကိုပင် အလွယ်တကူ ထိခိုက်စေသည်အထိအရမ်းထိတ်လန့် ကြောက်ရွံ့ဖို့ကောင်းလိမ့်မည်ဟုသူ မမျှော်လင့်ထားခဲ့ပေ။

ရှစ်ဖုန့်က သူ၏ဘယ်လက်တွင်သွေးသောက်ဓားကိုပြန်ထားလိုက်သည်။ သူ၏ညာလက်၌ရွှေရောင်အလင်းတစ်ခုလင်းလက်လာသည်။မွန်းစတားကလန်၏ ကောင်းကင်မွန်းစတားဓားက သူ၏လက်ထဲ၌ပေါ်လာသည်။

ကောင်းကင်မွန်းစတားဓားမှာ ကြယ်ကိုပွင့်ဧကရာဇ်နယ်ပယ် ဓားတစ်လက်ဖြစ်သည်။ ရှစ်ဖုန့်ဤဓားဖြင့် တိုက်ခိုက်ချိန်တွင် ၎င်းက ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်သာရှိသော သွေးသောက်ဓားထက်များစွာ ပိုအားကောင်းမည်ဖြစ်သည်။

ရှစ်ဖုန့်၏ပုံရိပ်က ထပ်မံလှုပ်ရှားသွားပြီး ရှေ့သို့ပျံတက်သွားသည်။ ရှောင်းထျန်းရီကို ကာကွယ်ရမည်ဖြစ်သည်။ အကယ်၍ ၎င်း၏ကာယခန္ဓာကိုယ်ကိုသာ စွမ်းအားကြီး အစိမ်းရောင်အလင်းက ထိမှန်လျှင် သူသေချာပေါက်သေဆုံးလိမ့်မည်ဖြစ်သည်။

မကြာခင်တွင် ရှစ်ဖုန့်ကရှောင်းထျန်းရီ၏နောက်သို့ ရောက်လာ၏။ သူ၏ဘယ်လက်ထဲတွင် ရှောင်းထျန်းရီ၏နောက်ကျောမှအဝတ်အား ဆုပ်ကိုင်ကာ ဆွဲလိုက်ပြီးသူ့နောက်သို့ခေါ်ထားလိုက်သည်။

“ဆရာ”

ရှောင်းထျန်းရီမှာ သူ့အားဆွဲလိုက်သူက ဆရာဖြစ်သူရှစ်ဖုန့်ဖြစ်နေသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်ကို ခေါ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ပြီး လင်ယဲ့ဖုန်းနှင့်မိုရှောင်ယောင်ကိုပြော လိုက်သည်။

“စွမ်းအားကြီးအစိမ်းရောင်အလင်းကို ခုခံဖို့ ငါ့နောက်လိုက်ပြီးစွမ်းအားကြီးတိုက်ကွက်ကိုထုတ်ဖော်ကြ”

“ဟုတ်ကဲ့..ဆရာ”

“ဟုတ်ကဲ့”

မိုရှောင်ယောင်နှင့်လင်ယဲ့ဖုန်းတို့ကပြိုင်တူ တုန့်ပြန်လိုက်ကြသည်။ သူတို့၏မျက်နှာများကဖြူဖျော့နေပြီး သူတို့အနေဖြင့်အပြင်းအထန်ရုန်းကန် နေရသည့်ပုံပေါ်သည်။

ထို့နောက် လင်ယဲ့ဖုန်းက သူ၏လက်ထဲရှိ သေခြင်းကောက်ရိတ်တံစဉ်ကို ခုတ်ပိုင်းလိုက်ပြီး ဧရာမငွေရောင်အလင်းတစ်ခုကိုဖန်တီးလိုက်သည်။

တစ်ချိန်တည်းတွင် မိုရှောင်ယောင်က သူ၏စွမ်းအားအကုန်ထုတ်သုံးပြီး ရှေ့သို့လက်သီးထိုးသွင်းလိုက်ကာ ဧရာမအဖြူရောင်လက်သီးရိပ်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

လင်ယဲ့ဖုန်းနှင့် မိုရှောင်ယောင်တို့က သူတို့၏စွမ်းအားကြီးတိုက်ခိုက်မှုများအားထုတ်ဖော်လိုက်သကဲ့သို့ နှစ်ယောက်သား ဘေးသို့အနည်းငယ်ဆုတ်ပေးလိုက်ကာ ရှစ်ဖုန့်အတွက်လမ်းကြောင်းငယ်လေး တစ်ခုဖွင့်ပေးလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က အော်ပြောလိုက်၏။

“ငရဲဘုံကိုးခု ဓားပုံစံ ..ကောင်းကင်ပိုင်းဖြတ်ဓား”

ရှစ်ဖုန့်၏လက်ထဲရှိ ကောင်းကင်မွန်းစတားဓားက ရုတ်တရက်အောက်သို့ခုတ်ပိုင်းချလိုက်သည်။

ရှစ်ဖုန့်က ဤဓားအားခုတ်ပိုင်းလိုက်သောအခါတွင် သူ့ရှေ့ရှိလေထုအား ပြင်းထန်စွာတုန်ခါသွားစေသည်။ ဟင်းလင်းပြင်ထဲ၌ ဧရာမအမှောင်အာကာသအက်ကွဲကြောင်းကြီးတစ်ခု အက်ကွဲသွားသည်။ ထို့နောက် အမှောင်တွင်းနက်ကြီးက အပြင်ပန်းအားဖြင့် တစ်ဟုန်ထိုးပြန့်ကားလာသည်။ မကြာခင် ဧရာမနက်မှောင်သော တွင်းပေါက်ကြီးက ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အမှောင်အက်ကွဲကြောင်းကြီး တစ်ခုဖြစ်လာသည်။

ငရဲဘုံကိုးခု ဓားပုံစံ ကောင်းကင်ပိုင်းဖြတ်ဓား..ထိုအရာက သူတို့၏ရှေ့မှောက်၌ပင်ကောင်းကင်ကို ဖွင့်ပစ်လိုက်သည်ဖြစ်သည်။

မိုရှောင်ယောင်၏စွမ်းအား၊ လင်ယဲ့ဖုန်း၏သေခြင်းကောက်ရိတ်ဓားနှင့်တိုက်ခိုက်သောစွမ်းအားကြီးတိုက်ခိုက်မှုနှင့် ရှစ်ဖုန့်၏ ကောင်းကင်ပိုင်းဖြတ်ဓားတို့ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူတို့ရှေ့ရှိ သိပ်သည်းပြွတ်သိပ်နေသောအစိမ်းရောင်အလင်းတန်းများမှာ စွမ်းအားကြီးမားပြီး ကြီးမားသော အမှောင်အက်ကွဲကြောင်းကြီး၏ ယာယီဝါးမျိုခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်နှင့်အခြား နှစ်ယောက်တို့က သိပ်သည်းသောအစိမ်းရောင်အလင်းများ အားတားဆီးထားသည့်အချိန်ကို အခွင့်အရေးရယူပြီး အစောပိုင်းက သက်ရောက်မှုကြောင့် ထိခိုက်ထားသော လောချင်းချွမ်၊နင်ချန်နှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့အားလုံးက ရှစ်ဖုန့်၏နောက်သို့ တစ်ဟုန်ထိုးလာလိုက်ကြသည်။

“ယိုမင်”

လင်မိသားစု၏ ကျွမ်းကျင်သူများရှိရာဟင်းလင်းပြင်တွင် လင်မိသားစု၏ခေါင်းဆောင်ဖြစ်သော လင်ဟွင်းမှာ နောက်တစ်ကြိမ် နမည်နှစ်လုံးကို ရေရွတ်လိုက်သည်။

သူထုတ်ဖော်လိုက်သော မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၏ တိုက်ခိုက်မှုအား ယိုမင်က ယာယီတားဆီးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ရှစ်ဖုန့်ထုတ်ဖော်လိုက်သော ကောင်းကင်ပိုင်းဖြတ်ဓား၏စွမ်းအားက လင်ဟွင်းအားစိတ်ပူပန်မှုကို ဖြစ်စေသည်။

“ယိုမင်.. ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်..ထျန်းဟန်တိုက်ကြီးပေါ်က နံပါတ်တစ်ကျွမ်းကျင်းသူကို သုတ်သင်ပစ်ရမယ်”

လင်ဟွင်းက စိတ်ပိုင်းဖြတ်ထားသော မျက်နှာဖြင့်ပြောလိုက်သည်။ သူ၏နှလုံးသားထဲတွင် ရှစ်ဖုန့်အားသတ်ရန်အတွက် ဆုံးဖြတ်ထားပြီးဖြစ်သည်။

မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက ရန်သူများစွာကို ထိခိုက်စေခဲ့ပြီး လင်မိသားစုမှကျင့်ကြံသူများအား တိုက်ခိုက်နေသော သန်းနှင့်ချီသည့်တစ္ဆေစစ်သည်များကို အစုကွဲသွားစေသော်လည်းယင်းကလင်ဟွင်းအတွက်မဖြစ်စလောက်အရာဖြစ်သည်။

ယိုမင်၏သေခြင်းကသာ တိုက်ပွဲ၏အခြေအနေအား တည်ငြိမ်အောင်ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

“မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း”

လင်ဟွင်းကသူ၏ခေါင်းအားမော့ကာ သူ၏လက်တို့ဖြင့် မြှောက်ထားသော မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း ကိုကြည့်လိုက်သည်။ ရှစ်ဖုန့်၏ဘက်ရှိကွမ်းကျင်သူ ဆယ်ယောက်အားထိခိုက်စေခဲ့သော ယခင်တိုက်ခိုက်မှုက မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက ထုတ်လွှတ်သည့် အားအကောင်းဆုံးတိုက်ခိုက်မှုမဟုတ်သေး ပေ။

နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုဖြစ်သော ဤမျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းအား လင်ဟွင်းအနေဖြင့် အစွမ်းကုန်အသုံးပြုရန်ဝန်လေးနေခဲ့သည်။ သို့သော် ယိုမင်၏ကောင်းကင်ပိုင်းဖြတ်ဓားတိုက်ချက်ကို သူမြင်တွေ့ပြီးသည့်နောက်တွင်မူ………

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters