အခန်း (၉၀၄)
Vol. 61 Ch. 904
လင်ဟွင်း၏နှလုံးသားထဲတွင် သူ့အနေဖြင့်ယိုမင်ကို သတ်ရန်ဆုံးဖြတ်ထားသည်။
မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းက ထိခိုက်ပျက်စီးနေသော နတ်ဘုရားလက်နက်တစ်ခုဖြစ်ပြီး၎င်း၏တိုက်ခိုက်မှုက ယခင်တစ်ခုနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။ သူ၏လင်မိသားစု ဆိုလျှင်ထိုအရာအားတားဆီးနိုင်စွမ်းရှိမည်မဟုတ်သည်ကို သူကောင်းစွာသိသည်ဖြစ်သည်။
သို့သော် ယိုမင်က မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်း၏ အစိမ်းရောင်အလင်းအား သူ၏စွမ်းအားကြီးဓားနှင့် တားဆီးခဲ့သည်။
မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းလုံးဝပျက်စီးသွားလျှင်တောင် သူကထိုသို့ပြုလုပ်ရန်အတွက်ဝန်လေး နေခဲ့လျှင်တောင် လင်ဟွင်း၌အခြားရွေးချယ်စရာမရှိပေ။
“မျက်လုံးတစ်ထောင်စွမ်းအားကိုတိုက်ခိုက်မှုတစ်ခုတည်းအဖြစ်စုစည်းစမ်း.ဖျက်ဆီးပစ်”
ဤအချိန်တွင် လင်ဟွင်းက အော်ပြောလိုက်သည်။
သူအော်လိုက်သကဲ့သို့ သူ၏လက်ထဲရှိမျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းကလည်း လင်ဟွင်း၏စကားလုံးတို့အားတုန့်ပြန်သကဲသို့ ရုတ်တရက်ပြင်းထန်စွာတုန်ခါလာသည်။
ထို့နောက်တွင် မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းမှ အစိမ်းရောင်မျက်လုံးများက ပျံသန်းထွက်လာသည်။အစိမ်း ရောင်မျက်လုံးပေါင်းတစ်ထောင်က တစ်ချိန်တည်းတွင် ကောင်းကင်ထဲသို့ ပျံသန်းတက်သွားသည်။
မကြာခင် ကောင်းကင်ထဲတွင် အစိမ်းရောင်မျက်လုံးများဖြင့်ပြည့်နှက် သွားသည်။ ထို့နောက် ပျံတက်သွားသော ထောင်နှင့်ချီသည့်အစိမ်းရောင်မျက်လုံးများက ကောင်းကင်ထဲ၌ ဧရာမအစိမ်းရောင် ဝဲကြီးတစ်ခုကိုဖန်တီးလိုက်သည်။
ခဏကြာပြီးနောက် ဧရာမအစိမ်းရောင်ဝဲကြီးက တည်ငြိမ်သွားပြီး ရပ်တန့်သွားသည်။ ဤအချိန်တွင် ဧရာမအစိမ်းရောင်မျက်လုံးကြီး တစ်လုံးပေါ်လာသည်။
၎င်းမှာ ကမ္ဘာကြီးအားငုံ့ကြည့်နေသော နတ်ဘုရား၏မျက်လုံးတစ်လုံးကဲ့သို့ ပင်ဖြစ်သည်။
“ဒီ.ဒီစွမ်းအားက “
“ဒီစွမ်းအား ..ဒီကမ္ဘာပေါ်မှာ ဒီလိုစွမ်းအားတစ်ခုတကယ်ကြီးရှိနေတာပဲ”
“ငါတို့ဘာလုပ်သင့်လဲ.ချီးပဲ”
“ချီးပဲ”
ရှစ်ဖုန့်နှင့်အခြားသူများမှာကောင်းကင်ထဲရှိ ဧရာမအစိမ်းရောင်မျက်လုံးကြီးအားမြင်လိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်စွာပြောလိုက်ကြသည်။
အစိမ်းရောင်မျက်လုံးကြီး၏အော်ရာက မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၏ အော်ရာထက် ပို၍အားကောင်းသည်ကို သူတို့ အာရုံခံမိပြီးဖြစ်သည်။
အစောပိုင်းသူတို့ထိုအရာအား အကောင်းဆုံး ကြိုးစားတားဆီးခဲ့ပြီး သူတို့ထဲကများစွာ ထိခိုက်ဒဏ်ရာရသွားခဲ့သည်။ဤအကြိမ်တွင် ၎င်းက ယခင်တစ်ခုထက် သေချာပေါက်ပို၍စွမ်းအားကြီးနေသည်။ သူတို့အနေဖြင့်ထိုအရာအားမည်ကဲ့သို့တားဆီးနိုင်ပါမည်နည်း။
“လူစုခွဲ…ဆုတ်ကြ”
ရှစ်ဖုန့်က သူ့ဘေးရှိလူများအား မကျယ်သောအသံဖြင့်အမိန့်ပေးလိုက်သည်။
ကောင်းကင်ထဲတွင် ဧရာမအစိမ်းရောင်မျက်လုံးကြီး၏အော်ရာကို သူမတားဆီးနိုင်မှန်း သိသည်ဖြစ်သည်။ သူသည်သာမက အကယ်၍ သူတို့အားလုံး အတူတကွလုပ်ဆောင်လျှင်တောင် ၎င်းအားတားဆီးနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
ယခုသူတို့အအနေဖြင့် ထိုအရာအားမတားဆီးနိုင်သောကြောင့် ပြန်လည်ဆုတ်ခွာထွက်ပြေးရန်တစ်ခုတည်း သာရှိသည်။ ထိုမှသာသူတို့ဤကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
ဆုတ်ခွာထွက်ပြေးရာတွင် အားလုံးလူစုခွဲခြင်းက သေကြေပျက်စီးမှုကို အနည်းဆုံးလျော့ချနိုင်မည်ဖြစ်သည်။
မည်သူကမှတုန့်ဆိုင်းနေခြင်းမရှိပေ။ ရှစ်ဖုန့်အော်ပြောလိုက်သည့်အခိုက် အတန့်တွင် ဒါဇင်ကျော်သောပုံရိပ်များက နောက်သို့လျှင်မြန်စွာပျံသန်းလိုက်ကြသည်။ သူတို့ကနောက်ပြန်ပြေးသကဲ့သို့ လူစုလည်းခွဲပြီးဖြစ်သည်။
ရှစ်ဖုန့်ကလည်းအော်ပြီးပြီးခြင်းဆုတ်ခွာလိုက်သည်။သို့သော် မမြင်နိုင်သော အော်ရာတစ်ခုကသူ့အပေါ် ချုပ်ထားသည်ကို ရှစ်ဖုန့်အာရုံခံမိ၏။
ကမ္ဘာကြီးအားအထက်စီးမှကြည့်နေသော ဧရာမအစိမ်းရောင်မျက်လုံးကြီးက သူ့အားစိုက်ကြည့်နေသည်ကို ရှစ်ဖုန့်၏ထက်ရှသောဝိညာဉ်စွမ်းအားက အာရုံခံမိသည်ဖြစ်သည်။
“ဟားဟားဟား..ဟားဟားဟားဟား”
ဤအချိန်တွင် ရှေ့မှလင်ဟွင်း၏အသံထွက်ပေါ်လာသည်။
“ငရဲကိုသွားလိုက်စမ်း..ယိုမင်”
လင်ဟွင်း၏ကြုံးဝါးသံပြီးပြီးချင်း ကောင်းကင်ထဲရှိ ဧရာမအစိမ်းရောင်မျက်လုံးကြီး ရှစ်ဖုန့်အားလွှမ်းခြုံရန် ဧရာမအစိမ်းရောင်အလင်းတန်းကြီးတစ်ခုကို ပစ်လွှတ်လိုက်သည်။
ရှစ်ဖုန့်၏ပုံရိပ်က တစ်ဟုန်ထိုးဆုတ်ခွာနေသော်လည်း အစိမ်းရောင်မျက်လုံးကြီး၏အသေချိန်ရွယ် ထားမှုအောက်တွင် ရှစ်ဖုန့်အားလွှမ်းခြုံလာသော အစိမ်းရောင်အလင်းတန်းက ရှစ်ဖုန့်ထက်ပင်ပို၍မြန်ဆန်လာသည်။
“သောက်ခွေးပဲ..ချီးပဲ”
ဆုတ်ခွာနေသောရှစ်ဖုန့်မှာ ကောင်းကင်ထဲသို့မော့ကြည့်လိုက်ပြီး ဧရာမအစိမ်းရောင်အလင်းတန်းကြီးက သူ၏ခေါင်းထက်သို့ရောက်ရှိလာသည်ကိုတွေ့လိုက်ရသည်။
“ဆရာ..ဆရာ”
“ဆရာ”
“ကြီးမြတ်သောဧကရာဇ်”
“ကြီးမြတ်သောဧကရာဇ်”
ဤအချိန်တွင် ရှစ်ဖုန့်ထံမှ ခွဲဖြာထွက်ပြေးလာသော ကျွမ်းကျင်သူများမှာ ရှစ်ဖုန့်အား လွှမ်းခြုံသွားသော အစိမ်းရောင်အလင်းတန်းကြီးကို မြင်တွေ့လိုက်ရပြီး ရုတ်ခြည်းထိတ်ထိပ်ပြာပြာဖြစ်စွာဖြင့် အော်ပြောလိုက်ကြသည်။
ရုတ်ခြည်းမူလက ခွဲဖြာထွက်ပြေးနေသော ပုံရိပ်များမှာ ချက်ချင်းအတူတကွစုစည်းလိုက်ကြပြီး အားလုံးက ရှစ်ဖုန့်ထံစုစည်းလာကြသည်။
“မဟုတ်ဘူး.အကိုကြီး.အကိုကြီး’
ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ အသာကုန်းအော်လိုက်သော ကလေးသံလေးတစ်ခု ကရုတ်ခြည်းထွက်ပေါ်လာသည်။
လင်ယင်တောင်ထိပ်အထက်တွင် သေးငယ်သောအစိမ်းရောင်ပုံရိပ်လေးတစ်ခု ပေါ်လာသည်။၎င်းက ရှစ်လင်ဖြစ်သည်။
လင်ယင်တောင်ထိပ်၌ကျင့်ကြံနေသော ရှစ်လင်မှာ လင်ယင်တောင်ထိပ်၏ဟင်းလင်းပြင်လှုပ်ခါမှုကြောင့် ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်။ သူမအနေဖြင့်ကျင့်ကြံ၍မရသောကြောင့် ပြင်ပကမ္ဘာအားစူးစမ်းလေ့လာရန်ပြင်ဆင်ခဲ့၏။
လင်ယင်တောင်ထိပ်အထက်တွင် လင်မိသားစုမှကန့်သတ်ထားသော အစီအရင်တစ်ခုရှိနေသည်။ရှစ်လင်က ကျောက်စိမ်းပြားပေါ်တွင် မှတ်တမ်းတင်ထား သော နည်းလမ်းအတိုင်း ကန့်သတ်မှုအစီရင်အား ချိုးဖျက်ရန်တော်တော်လေးအားထုတ်ခဲ့ရပြီး လင်ယင်တောင်ထိပ်မှ အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့သည်။
မမျှော်လင့်ထားစွာဖြင့် သူမလင်ယင်တောင်ထိပ်မှထွက်လာချိန်တွင် ရင်နီးသောပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ယင်းက သူမနေ့နေ့ညညလွမ်းဆွတ်နေရသောသူမ၏ အကိုဖြစ်သူ ရှစ်လင်ဖြစ်သည်။
ဤအချိန်တွင် ရှစ်လင်၏နှလုံးအား တဆက်ဆက်တုန်ယင်စေသော စွမ်းအားကြီးအားတစ်ခုက ရှစ်ဖုန့်အား လွှမ်းခြုံပြီးဝါးမျိုတော့မည်ဖြစ်သည်။
ထို့နောက် သေးငယ်သော ပုံရိပ်လေးကလည်းလှုပ်ရှားလိုက်ပြီး စွမ်းအားကြီးအစိမ်းရောင်အလင်းကိုလျစ်လျူရှုကာ ရှစ်ဖုန့်ထံတစ်ဟုန်ထိုးဦးတည်လိုက်သည်။
“လင်အား..လင်အား..ဒါကလင်အာရဲ့အသံပဲ”
ရင်းနီးသော ကလေးဆန်သည့်အသံလေးကိုကြား လိုက်ရသောအခါတွင် ရှစ်ဖုန့်တုန်လှုပ်အံ့အားသင့်သွားသည်။ ယင်းက သူ၏ညီမဖြစ်သူ ရှစ်လင်၏အသံမှန်း လျှင်မြန်စွာမှတ်မိလိုက်၏။
သို့သော် ဤအချိန်တွင် သူ၏ညီမဖြစ်သူ အား ကြည့်ရန်အချိန်မရှိပေ။ ယခုအချိန်၌အရေးအကြီးဆုံးအရာက သူ့အား ဝါးမျိုတော့မည့်စွမ်းအားပင်ဖြစ်သည်။ သူ၏မျက်လုံးတို့က သူ့အထက်ရှိ အစိမ်းရောင် အလင်းပေါ်သို့ကျရောက်နေသည်။
“ငါဒီကို လင်အာကိုခေါ်ဖို့လာတာ. ငါသူ့ကို ပြန်ခေါ်သွားရမယ်..အခုကစပြီး သူ့ကိုဘယ်သူမှအနိုင်ကျင့်ခွင့်မပြုဘူး. ငါမသေနိုင်ဘူး..ငါမသေနိုင်ဘူး”
“အမေ..လင်အာ..ပြီးတော့ ထျန်းမြောင်အင်ပါယာက အဲ့ကောင်မလေး.. သူတို့အားလုံးငါ့ရဲ့ကာကွယ်ပေးမှုကိုလိုတယ်.. လန်အောင်းယွဲ့..ယွမ်ရီမုန့် သူတို့ဘယ်မှာရှိလဲဆိုတာကိုလဲငါမသိသေးဘူး..ငါဘယ်လိုလုပ်ပြီးသေနိုင်မှာလဲ”
“ငရဲဘုံကိုးခု ကောင်းကင်ချိုးဖျက်ဓား. ချိုးဖျက်စမ်း”
ဤအချိန်တွင် ရှစ်ဖုန့်၏ပါးစပ်မှ ကြုံးဝါးသံထွက်ပေါ်လာသည်။သူ၏ လက်ထဲရှိကောင်းကင်မွန်းစတားဓားဖြင့် ကောင်းကင်အားနောက်ထပ်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။
သို့သော် ရှစ်ဖုန့်၏ စွမ်းအားကြီးတိုက်ချက်အောက်တွင် အစိမ်းရောင်အလင်းတန်းက လှုပ်ခါရုံသာခါသွားသည်။ လှိုင်းကြက်ခွပ်ထဲကျဆင်းသွားသော ကျောက်တုံးလေးကဲ့သို့ ၎င်းက မကြာခင်တည်ငြိမ်သွားသည်။
ရှစ်ဖုန့်၏စွမ်းအားအပြည့်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ကောင်းကင်ချိုးဖျက်ဓားက သူ၏လက်ရှိအဆင့်ဖြင့် ဧရာမအစိမ်းရောင်အလင်းတန်း၏ စွမ်းအင်ကို ခုခံနိုင်စွမ်းရှိသောအရာမဟုတ်ပေ။
ကန်ငယ်လေးအတွင်းကျဆင်းသွားသော ကျောက်တုံးလေးကဲ့သို့ ဘာလှိုင်းကိုမှထစေခြင်းမရှိပေ။ သူ့လုပ်နိုင်သည့်အရာကသူ့အားဝါးမျိုသွားရန်ကိုသာစောင့်ဆိုင်းရန်ဖြစ်သည်။ ထို့နောက် ရှစ်ဖုန့်၏ပုံရိပ်အား အစိမ်းရောင်အလင်းတန်းက အပြီးတိုင်ဝါးမျိုသွားသည်။
“မဟုတ်ဘူး.ဆရာ”
“မဟုတ်ဘူး.ကြီးမြတ်သောဧကရာဇ်”
“မဟုတ်ဘူး.ကြီးမြတ်သောဧကရာဇ်”
“မဟုတ်ဘူး.ကြီးမြတ်သောဧကရာဇ်”
ရုတ်ခြည်းနောက်တစ်ကြိမ် အက်ရှရှအော်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။
လင်ယဲ့ဖုန်း၊မိုရှောင်ယောင်၊ လောချင်းချွမ်၊ရှောင်းထျန်းရီ၊နင်ချန်နှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့မှာ သူတို့လူစုခွဲပြီး ဆုတ်ခွာထွက်ပြေးပြီးချိန်တွင် ရှစ်ဖုန့်နှင့်တော်တော်ဝေးဝေးသို့ရောက်နှင့် နေပြီးဖြစ်သည်။ သူတို့က ရှစ်ဖုန့်ထံအပြင်းသွားပြီး ရှစ်ဖုန့်နှင့်အတူ ပြိုင်ဘက်ကင်းစွမ်းအားအား ခုခံလိုသော်လည်းအရမ်းနောက်ကျနေဆဲဖြစ်သည်။
ရှစ်ဖုန့်အား အစိမ်းရောင်အလင်းတန်းက လွှမ်းခြုံပြီးဖြစ်ပြီး သူ၏ကိုယ်ကို အပြီးဝါးမျိုပြီးဖြစ်သည်။
ထိုစွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် ထျန်းဟန်တိုက်ကြီးအတွင်းရှင်သန်နိုင်သည့်သည်မည်သူမှမရှိနိုင်ဟု ယုံကြည်သည်ဖြစ်သည်။
ရှစ်ဖုန့်ထံသို့ ရှစ်လင်ပျံသန်းသွားပြီးသိပ်မကြာခင် အစိမ်းရောင်လက်တစ်ဖက်က သူမ၏နောက်၌ တိတ်တဆိတ်ပေါ်လာပြီး သူမ၏ကိုယ်ကို ဆုပ်ကိုင်ထားသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE