အခန်း (၉၀၅)
Vol. 61 Ch. 905
ရှစ်လင်၏ တစ်ဟုန်ထိုးပျံသန်းနေသော ကိုယ်လေးက သူမနောက်၌တိတ်တဆိတ်ပေါ်လာသော အစိမ်းရောင်လက်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။
“ငါ့ကိုလွှတ်ပေး.ငါ့ကိုလွှတ်ပေး. ငါ့အကိုကြီးကို ငါကယ်ချင်တယ်”
သို့သော် မည်မျှပင်ရှစ်လင်ရုန်းကန်ပါစေ မည်မျှပင်သူမခုခံပါစေ မည်မျှပင်သူမတိုက်ခိုက်ပါစေ သူမအားဆုပ်ကိုင်ထားသော အစိမ်းရောင်လက်၏ ခွန်အားက သူမယှဉ်နိုင်သော အရာမဟုတ်ပေ။ ၎င်းက သူမ၏ကိုယ်ကို ဆုပ်ကိုင်ပြီး နောက်သို့စတင်ပျံသန်းဆုတ်ခွာကာ သူမ၏အကိုနှင့်ဝေးသည်ထက်ဝေးရာ သို့ခေါ်ဆောင်သွားသည်။
“မဟုတ်ဘူး.မလုပ်နဲ့. အကိုကြီး.အကိုကြီး.အကိုကြီး”
သူမ၏ဝဖိုင့်ဖိုင့်မျက်နှာလေးထက်တွင် ကြည်လင်သောမျက်ရည်စလေးများစိုဆွတ်နေသည်မှာကြာပြီဖြစ်ပြီး သူမ၏အဆုပ်ကွဲလုပ်မတက်နောက်တစ်ကြိမ်အော်ဟစ်လိုက်ကာ ၎င်း၏ရင့်ကျက်မှုမရှိသေးသောအသံလေးက ကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်းရိုက်ခတ်သွားသည်။
“ဟမ့်..ဒီမကောင်းဆိုးဝါးလေးကတော့”
လင်မိသားစု ခေါင်းဆောင်လင်ဟွင်းက သူ၏အစိမ်းရောင်လက်ဖြင့် ဖမ်းထားသော ရှစ်လင်ကို ကြည့်၍ အေးစက်စွာပြောလိုက်သည်။
“လင်…လင်အာ..”
ရှစ်ဖုန့်က အစိမ်းရောင်အလင်းတန်းကြီးအတွင်း ပြာအဖြစ်မပြောင်းသွားခဲ့ပေ။ ဤအချိန်တွင် ရွှေရောင့်မြတ်မြတ်ရောင်ခြည်တန်းတစ်ခုက သူ၏ခန္ဓာကိုယ်ဝန်းကျင်၌ပေါ်လာသည်။ အစိမ်းရောင်အလင်းတန်း၏တိုက်ခိုက်မှုကို တားဆီးထားသည်က ဤရွှေရောင်မြင့်မြတ်ရောင်ခြည်တန်းဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်အားကာကွယ်ပေးထားသော ရွှေရောင်မြင့်မြတ်ရောင်ခြည်တို့အပြင်ရှစ်ဖုန့်၏နှလုံးအတွင်း၌ လက်သီးဆုပ်အရွယ်ရှိသော ရွှေရောင်လုံးလေးတစ်ခု ရှိနေသည်။ ၎င်းက အမြဲတစေ မြင့်မြတ်သည့်အဖိုးကဲ့သို့ ဖြစ်နေသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပင်ဖြစ်သည်။
ရှစ်ဖုန့်၏ခန္ဓာကိုယ်ဝန်းကျင်ရှိ ရွှေရောင်မြင့်မြတ်ရောင်ခြည်တို့မှာ အရာခပ်သိမ်းမူလဇစ်မြစ်၏ စွမ်းအင်မှ ဖြည်တည်လာခြင်းဖြစ်သည်။
“ဖူး. ဘုရားကယ်ပေလို့ပဲ. ငါထပ်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ပြီထင်တာ..”
ရှစ်ဖုန့်က ခေါင်းကိုငုံ့လိုက်ပြီး သူ၏နှလုံးရှေ့၌မျောလွင့်နေသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုကြည့် လိုက်ပြီး စိတ်သက်သာရာရစွာဖြင့် တိတ်ဆိတ်သက်ပြင်းချမိသည်။ အကယ်၍ “မြင့်မြတ်သည့်အဖိုးလေး”ဖြစ်သော ဤအရာကသာ ဤအကြိမ်ပေါ်မလာခဲ့လျှင် အစိမ်းရောင်အလင်းတန်း၏စွမ်းအား အောက်၌ သူ၏ဝိညာဉ်အစိတ်စိတ်အမွှာမွှာ ကွဲဖို့များသည်။
ဤအချိန်တွင် သူ၏နှလုံးရှေ့၌မျောလွင့်နေသော အရာခပ်သိမ်းရဲ့မူလဇစ်ဖြစ်က ရုတ်တရက်တုန်ယင်လာသည်ကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။ သိပ်သည်းပြီးရွှေရောင်ကိုကိုယ်စားပြုသော အလင်းက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံမှ ဦးတည်ချက်ပေါင်းစုံသို့ လင်းလက်တောက်ပလာသည်။
ရွှေရောင်ကိုယ်စားပြုသောအလင်းအောက်တွင် ရှစ်ဖုန့်အားလွှမ်းခြုံထားသော အစိမ်းရောင်အလင်းမှာ မျက်စိတစ်မှိတ်အတွင်း ဝါးမျိုခံလိုက်ရသည်။
“ဒါ..ဒါက ဘယ်လိုစွမ်းအားမျိုးလဲ.. ဒါကတကယ်ကြီး မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းရဲ့စွမ်းအားကိုချိုးဖျက်နိုင်တယ်…ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
အကွာအဝေးတစ်ခုအတွင်းရှိလင်မိသားစု ခေါင်းဆောင်ဖြစ်သူ လင်ဟွင်းက အကွာအဝေးတစ်ခုအတွင်းရှိ အစိမ်းရောင် အလင်းကိုဝါးမျိုးသွားသော နေအသေးစားလေးတစ်စင်းကဲ့သို့ တောက်ပလင်းလက်နေသည့် ရွှေရောင်အလင်းအားမြင်တွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာထက်၌တုန်လှုပ်အံ့အားသင့်မှု တို့ဖြင့်ပြည့်နှက်နေသည်။
“ဆရာ”
“ကြီးမြတ်သော ဧကရာဇ်”
ကြီးမြတ်သော ဧကရာဇ်”
“ကြီးမြတ်သော ဧကရာဇ်”
“အကိုကြီး”
ရုတ်တရက်ထွန်းလင်းတောက်ပလာသော ရွှေရောင်အလင်းအားမြင်တွေ့လိုက်ရသောအခါတွင် အားလုံးက အံ့အာသင့်စွာပြောလိုက်ကြသည်။
သို့သော် ရွှေရောင်အလင်းအား မြင်တွေ့ပြီးနောက် မူလက လူအားလုံး၏စိုးရိမ်ပူပန်မှုနှင့် ပူပန်သောကရောက်နေသော နှလုံးသားတို့က တည်ငြိမ်သွားသည်။
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်..အဲ့တာအရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပဲ..ဆရာ့ကိုကယ်ခဲ့တာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပဲ”
ရှစ်ဖုန့်နှင့်အတူ သေခြင်းမဲ့တောင်တန်း၏ အောက်ခြေဘက်၌ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား မြင်တွေ့ဖူးသော လောချင်းချွမ်က ရင်းနီးမှုရှိသော ရွှေရောင်အလင်းကိုချက်ချင်း မှတ်မိလိုက်သည်။
“မဟုတ်ဘူး..ယိုမင်အသက်ရှင်လို့မရဘူး.. ယိုမင်သေရမယ်..သေစမ်း.ယိုမင်သေရမယ်”
လင်ဟွင်း၏မျက်လုံးတို့က ဘက်ပေါင်းစုံသို့ဖြာထွက်နေသော ရွှေရောင်အလင်းပေါ်သို့ကျရောက်နေသည်။ အစိမ်းရောင်မျက်လုံးကြီးအော်ကရှိ အစိမ်းရောင်အလင်းကရွှေရောင်အလင်း၏ ဝါးမျိုမှုအားခံရသည်ကို တွေ့ရသောအခါတွင် လင်ဟွင်းတစ်ယောက်ပို၍ပို၍ စိတ်ပူပန်လာသည်။ ဤအချိန်တွင်သူက ကျယ်လောင်စွာကြုံးဝါးလိုက်သည်။
“ဒီနေ့မှာဘာပဲပေးဆပ်ဆပ်ပေးဆပ်ရပါစေ”
“သူ ..ငရဲဘုံကိုးခု ဧကရာဇ် သေရမယ်.မင်းသေကိုသေရမယ်”
လင်ဟွင်းက ထပ်မံအော်ဟစ်လိုက်ပြီးသူလက်ထဲရှိကောင်းကင်ထဲသို့မြှောက်ထားသော မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းကို တွန်းထုတ်လိုက်သည်။
ကောင်းကင်ထဲရှိ ဧရာမအစိမ်းရောင်မျက်လုံးကြီးမှာ ကျောက်စိမ်းပုလင်းပျံသန်းသွားသည်ကို မြင်ရသောအခါတွင် ၎င်းက ဧရာမအစိမ်းရောင်ဝဲကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ အလွန်လျှင်မြန်စွာဖြင့်ပင် ဧရာမအစိမ်းရောင်ဝဲကြီးက သာမန်အရွယ်အစားအဖြစ်ပြောင်းလဲသွားပြီး ၎င်းက ပြွတ်သိပ်နေသော အစိမ်းရောင်မျက်လုံးတို့ဖြင့်ပြည့်နှက် နေသည်။
ခြေသုံးချောင်းကျောက်စိမ်းပုလင်း ရောက်လာသောအခါတွင် ထောင်နှင့်ချီသော အစိမ်းရောင်မျက်လုံးတို့က ခြေသုံးချောင်းကျောက်စိမ်းပုလင်းထံဦးတည်သွားပြီး လျှင်မြန်စွာပုလင်းထံပြန်ရောက်သွားသည်။ အစိမ်းရောင်မျက်လုံးများက ရှုက်ယှက်ခက်နေအောင် အတူတကွပြွတ်သိပ်သွား၏။
အစိမ်းရောင်မျက်လုံးတို့ ခြေသုံးချောင်းကျောက်စိမ်းပုလင်းထံသို ပြန်လည်ရောက်ရှိသောအခါတွင် ကြုံးဝါးသံတစ်ခုနှင့်အတူလင်ဟွင်း၏လည် ချောင်းမှ တလက်လက်တောက်ပနေသောရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ခြေသုံးချောင်းမျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက တလက်လက်ထနေသော ရွှေရောင်အလင်းထံသို့ လင်းယုန်တစ်ကောင်ကဲ့သို ထိုးဆင်းသွားသည်။
“ဒါက”
ရွှေရောင်အလင်းအလယ်၌ရှိနေသော ရှစ်ဖုန့်မှာသူ၏အထက်ကောင်းကင်ထက်မှ ဒေါင်လိုက်လာနေသော အားကောင်းသည့်စွမ်းအင်အတက်အကျလှိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။ သူကမော့ကြည့်လိုက်သောအခါတွင် သူ့ထံသို့ တစ်ဟုန်ထိုးပျံသန်းလာနေသော မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းကို တွေ့လိုက်ရသည်။
ထို့နောက်ဖရိုဖရဲဖြစ်နေသော ပြင်းထန်သည့် မတည်ငြိမ်သော ပြည့်လျှံထွက်နေသည့်အော်ရာတစ်ခုက ပုလင်းထံမှလာနေ၏။
“အိုး.မဟုတ်သေးဘူး”
ရှစ်ဖုန့်ရုတ်တရက်အလန့်တကြားပြောလိုက်သည်။ လင်ဟွင်းဘာလုပ်ချင်သည်ကို သူသိပုံရသည်။
၎င်းက မျက်လုံးတစ်ထောင် ကျောက်စိမ်းပုလင်းအား ကိုယ့်ဘာသာကိုယ်ဖောက်ခွဲဖျက်ဆီးကာသူ့ကိုဖျက်ဆီးလိုခြင်းဖြစ်သည်။ အကယ်၍ နတ်ဘုရားအဆင့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမှုမျိုးတစ်ခု သာဆိုလျှင် ၎င်းကထုတ်လွှတ်သော စွမ်းအင်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။နတ်ဘုရားအဆင့်ပစ္စည်းဖြစ်သောအရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပင် ၎င်းအား တောင်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
ဤအချိန်တွင်ရှစ်ဖုန့်ကစိုးရိမ်ပူပန်စွာဖြင့်သူ့နှလုံးထဲရှိ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကို အော်ပြောလိုက်သည်။
“သွားပြီးတားစမ်း”
သို့သော် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ယခင်ကအတိုင်းတူညီစွာ ရှိနေဆဲဖြစ်သည်။ ၎င်းက ရှစ်ဖုန့်၏အမိန့်ကိုနားမထောင်ဘဲ ခံစားချက်မဲ့စွာဖြင့် ရှစ်ဖုန့်၏နှလုံးရှေ့၌ မျောလွင့်ရပ်တည်နေဆဲဖြစ်သည်။
“ချီးပဲ.. ဒီလိုအချိန်မှာတောင်မင်းက သေချင်ဟန်ဆောင်နေသေးတယ်. သူတောင်းစားမျိုး”
မျက်လုံးတစ်ထောင်ကျောက်စိမ်း ပုလင်းကနီးကပ်သည်ထက်နီးကပ်လာပြီး ပေါက်ကွဲတော့မည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်မှာ ပို၍ စိုးရိမ်ပူပန်လာပြီး အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား အော်ပြောလိုက်သည်။
အကယ်၍ ၎င်း၏ကိုယ့်ဖာသာကိုယ်ဖောက်ခွဲဖျက်ဆီးမှုကသာ သူ့နှင့်နီးကပ်လာလျှင် ထွက်လာမည့်ရလဒ်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။
ဤအချိန်တွင် ရှစ်ဖုန့်၏ဆဲဆိုမှုက အကျိုးသက်ရောက်မှုရှိသကဲ့သို့သူ၏နှလုံးရှိ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရုတ်တရက်လှုပ်ရှားသွာပြီး အပေါ်သို့ ထိုးတက်သွားကာ ဦးတည်လာသော မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၏တိုက်ခိုက်မှုနှင့် ဆုံတွေ့သွားသည်။
“မင်း.မင်းအဲ့တာကို တားကိုတားရမယ်”
အရာခပ်သိမ်းရဲ့မူလဇစ်မြစ်လှုပ်ရှားသည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်အနေဖြင့် သူ၏မျှော်လင့်ချက်အားလုံးအား အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အပေါ်၌ ထားထားသည်ဟု ပြော၍ရနိုင်သည်။
မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းထံမှလာနေသောစွမ်းအင်အတက်အကျတို့ကို အာရုံခံရင်း ဤသောက်လင်ဟွင်းက တကယ်ကြီးနတ်ဘုရားအဆင့်ပစ္စည်းအား သူ့ဖာသာသူဖောက်ခွဲစေရန် လုပ်ဆောင်နေသည်ကို ရှစ်ဖုန့်သံသယမရှိပေ။
မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ဖြင့်ပစ် ဆောင့်တော့မည့်အချိန်တွင် လင်ဟွင်းက ထူးဆန်းသောရွှေရောင်အလင်းကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ရုတ်တရက်သူက ထပ်မံအော်ပြောလိုက်သည်။
“ပေါက်ကွဲစမ်း. အားလုံးကိုဖျက်ဆီးပစ်.. ယိုမင်ကို ဖျက်ဆီးပစ်”
“ဝုန်း”
လင်ဟွင်း၏စကားဆုံးပြီးပြီးချင်းကောင်းကင့်နှင့်မြေပြင်အား ဖျက်ဆီးပစ်နိုင်ပုံရသည့် နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်သော ပြင်းထန်သည့် အသံလှိုင်းပေါက်ကွဲမှုတစ်ခုက ကမ္ဘာကြီး၏အဆုံးသတ်နေ့ရက်တစ်ခုရောက်ရှိလာသလိုမျိုး ရုတ်တရက် ဤဧရိယာတစ်ခု ရိုက်ခက်ထွက်ပေါ်လာသည်။
ကောင်းကင်၊မြေပြင်နှင့်တောင်တန်းများ အားလုံး ပြင်းထန်စွာလှုပ်ခါကုန်၏။
အရာအားလုံးအား ဖျက်ဆီးပစ်နိုင်ပုံရသော လွန်စွာပြင်းထန်ပြီးစွမ်းအားကြီးမားသည့် စွမ်းအင်တစ်ခုကဘက်ပေါင်းစုံသို့ တစ်ဟုန်ထိုး ဖရိုဖရဲ ပရမ်းပတာတလိပ်လိပ်ပြန့်ကျဲ ထွက်သွားသည်။
စွမ်းအင်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အရာအားလုံးဖျက်ဆီးခံလိုက်ရသည်။ စွမ်းအင်အောက်၌ကောင်းကင်ပင် အစိတ်စိတ်အမွှာမွှာကွဲအက်သွားပြီး ကြီးမားပြင်းထန်သော အနက်ရောင်အက်ကွဲကြောင်းများနှင့် အနက်ရောင်တွင်းပေါက်ကြီးများအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်တစ်ခွင်လုံး အနက်ရောင်အဖြစ်လျှင်မြန်စွာပြောင်းလဲ သွားပြီးညအချိန်ကသက်ဆင်းလာသည့် နှယ်ပင်ဖြစ်သည်။
ဤအချိန်တွင်ရှစ်ဖုန့်၏တစ်ကိုယ်လုံးအား ရွှေရောင်မြင့်မြတ်ရောင်ခြည်တစ်ခုက ကာကွယ်ပေးထားပြီး သူ၏ကိုယ်အားတိုက်ခိုက်နေသောပြင်းထန်သည့်စွမ်းအင်တို့ကို ကာကွယ်နေသည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ကာကွယ်ပေးမှုအောက်တွင် သူ့အားတိုက်ခိုက်နေသော ပြင်းထန်သည့်စွမ်းအင်တို့က ရွှေရောင်မြင့်မြတ်ရောင်ခြည်၏တားဆီးခြင်းကိုခံရသည်။
ရှစ်ဖုန့်မှာ လုံးဝပျော်ရွှင်ခြင်းမရှိသေးပေ။ သူ
ကိုယ်က ယခုအခါတွင် ကောင်းကင်နှင့်မြေကြီး၏အမှောင်ထုအလယ်ဗဟို၌ကျရောက်နေသည်ဖြစ်သည်။ ဤဧရာနက်မှောင်သော ကောင်းကင်၌အားကောင်းသော စုပ်ယူအားတစ်ခုရှိနေပြီး သူ၏ကိုယ်ကိုဝါးမျိုတော့မည်ဖြစ်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE