← Chapters

အခန်း (၉၀၆)

Vol. 61 Ch. 906

အခန်း (၉၀၆)

Vol. 61 Ch. 906

မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းမှာ များစွာထိခိုက်ယိုယွင်းနေသော နတ်ဘုရားအဆင့်ရွှမ်းလက်နက် တစ်ခုဖြစ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ကာကွယ်ပေးမှုအောက်တွင် သူက မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း ၏ပေါက်ကွဲမှုကိုာ ကာကွယ်နိုင်ခဲ့သော်လည်း သူ၏အတိဒုက္ခက မပြီးဆုံးသေးပေ။

ရှစ်ဖုန့်အနေဖြင့် သူ၏ကိုယ်အားဝါးမျိုပစ်ချင်နေသော စွမ်းအားကြီးစုပ်ယူအားတစ်ခုကို ထုတ်လွှတ်နေသည့် မှောင်မိုက်သောကောင်းကင်၏ အလယ်ဗဟိုတည့်တည့်၌ကျ ရောက်နေသည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့်စွမ်းအားကြီးစုပ်ယူအားကို ခုခံရန်အတွက် သူ၏စွမ်းအားအကုန်အဆင်ကိုအသုံးပြုပြီးဖြစ်သည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရှစ်ဖုန့်အား ပြင်းထန်သောပေါက်ကွဲမှုမှ ကာကွယ်ပေးနိုင်ခဲ့သော်လည်း ၎င်းအနေဖြင့် အမှောင်ထုကောင်းကင်၏စုပ်ယူစွမ်းအား အားခုခံရန်အတွက်သူ့အားမကူညီပေးနိုင်ပေ။

“ဆရာ.ဆရာ”

“ကြီးမြတ်သောဧကရာဇ်”

“ကြီးမြတ်သောဧကရာဇ်”

အမှောင်ထု၏ အစွန်အဖျား၌သာ ရပ်နေနိုင်ကြသော လင်ယဲ့ဖုန်း၊ မိုရှောင်ယောင်၊ နင်ချန်နှင့် တစ္ဆေစ်သူကြီးရှစ်ဦးတို့မှာ အလယ်ဗဟိုရှိရှစ်ဖုန့်အား ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေရုံတက်နိုင်ကြသည်။

သူတို့အနေဖြင့် ဤကဲ့သို့ ကြီးမားသော တွင်းနက်ကြီးတစ်ခုမှလွတ်အောင်ထွက်နိုင်စွမ်းမရှိသည်ကို ကောင်းစွာသိကြသည်ဖြစ်သည်။ အကယ်၍ သူတို့သာအပြင်းဝင်ရောက်သွားခဲ့လျှင် ရှစ်ဖုန့်အား မကူညီနိုင်ရုံသာမက သူတို့၏သင်္ချိုင်းပင်ဖြစ်သွားလိမ့်မည်ဖြစ်သည်။

“မသေသေးဘူး..ယိုမင်..မင်းမသေသေးဘူး”

အမှောင်ထုအလယ်ဗဟိုအတွင်းရှိ ရှစ်ဖုန့်အားမြင်တွေ့ရသောလင်ဟွင်းမှာ သူ၏မျက်နှာက အနည်းငယ်ခက်ထန်ကြမ်းကြုတ် နေဆဲဖြစ်သည်။ သူကမျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းကိုပင် ဖောက်ခွဲပစ်သည့် ဤကဲ့သို့ကြီးမားသောတန်ကြေးတစ်ခုကို ပေးဆပ်ခဲ့သော်လည်း ဤသူတောင်းစားက ယခုထိမသေနိုင်သေးပေ။

မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းက နတ်ဘုရားအဆင့်ရတနာဖြစ်သည်။ ၎င်းကများစွာထိခိုက်ယိုယွင်းနေသော်လည်း ၎င်းက နတ်ဘုရားအဆင့်ရတနာတစ်ခုဖြစ်နေဆဲဖြစ်သည်။

ဤအချိန်ကာလအားပြန်လည်ထေပြီး လင်မိသားစုမှကျွမ်းကျင်သူများ ထိခိုက်ထားသောဒဏ်ရာများက ဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာသည်။

ဤအချိန်တွင် လင်ဟွင်း၏ရှေ့၌ အစိမ်းရောင်လက်လေးတစ်ဖက်က တလွှားလွှားဖြစ်နေသည်။

“ငါ့ကိုလွှတ်ပေး.ငါ့ကိုလွှတ်ပေး.ငါ့အကိုကြီးကိုငါကယ်ချင်တယ်”

ဤအသေးလေးရှစ်လင်မှာ ငိုယိုရုန်းကန်ပြီး အစိမ်းရောင်လက်လေးနှင့်ခုခံနေဆဲဖြစ်သည်။

“ဟမ့်”

လင်ဟွင်းက ရှစ်လင်ထံအေးစက်စွာကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ သို့သော်ဤမကောင်းဆိုးဝါးလေးအားသူလွှတ်ပေးလိမ့်မည်မဟုတ်ပေ။ ဤမကောင်းဆိုးဝါးလေးက အရမ်းကိုအရေးကြီးသည်ဖြစ်သည်။

အထူးသဖြင့် ယခု မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်းအား ဖောက်ခွဲပစ်လိုက်ပြီးနောက် နတ်ဘုရားဖြစ်လာနိုင်သောလျှို့ဝှက်ချက်က ဤမကောင်းဆိုးဝါးလေးတစ်ယောက် တည်းပေါ်တွင်သာရှိတော့သည်ဖြစ်သည်။

“နတ်ဘုရားအဆင့်စွမ်းအား.. နတ်ဘုရားအဆင့်စွမ်းအား..”

လင်ဟွင်းက မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၏စွမ်းအားအားအသုံးပြုလိုက်သည့်အချိန်တွင် သူ့နှင့်အဆင့်တူညီသော ကျွမ်းကျင်သူများအား ထိခိုက်ဒဏ်ရာရစေပြီးနောက်သို့လွှင့် ထွက်သွားစေသည်ဖြစ်သည်။သူ့နေဖြင့် ဤကဲ့သို့သောစွမ်းအားမျိုးကိုမည်ကဲ့သို့ မတောင့်တပဲနေပါမည်နည်း။

ထို့နောက် လင်ဟွင်းကရှစ်လင်အားလျစ်လျူရှုလိုက်ပြီး သူ့ရှေ့ရှိ ဧရာမအမှောင်ထုကြီးကို ဆက်လက်စိုက်ကြည့်နေသည်။ သူကအမှောင်ထုအလယ်ဗဟိုရှိ လူကို စိုက်ကြည့်နေပြီး သူ၏နှလုံးသားထဲ၌ ခါးသီးစွာတွေးနေသည်။ ဤလူအားဧရာမတွင်းနက်ကြီးကဝါးမျိုသွား ပြီး ပရမ်းပတာဖြစ်နေသော အုံကြွပြင်းထန်သည့် အာကာသထဲဝင်ရောက်သွားလိမ့်မည်ဖြစ်သည်။ ၎င်းအနေဖြင့် အဆုံးမဲ့ ကံကြမ္မာဆိုးအားခံစားရပြီး ၎င်း၏ကိုယ်က ပြင်းထန်အုံကြွသောအာကာသကြောင့် အပိုင်းပိုင်းဆုတ်ပြတ်သွားလိမ့်မည်ဖြစ်သည်။

ယခုချိန်ထိတိုင်လင်ဟွင်းအနေဖြင့် ထျန်းဟန်တိုက်ကြီးအတွင်းမည်သူမှ အမှောင်ထုဟင်းလင်းပြင်အတွင်း ဝင်ရောက်ပြီးပြန်ထွက်လာသည်ဟူ၍မကြားဖူးပေ။

“ဟ”

ရှစ်ဖုန့်ကရုတ်တရက် ဧရာမအမှောင်ထုတွင်းနက်ကြီးအလယ်မှ ကြုံးဝါးလိုက်သည်။ အချိန်တော်တော်ကြာ အပြင်းအထန်ရုန်းကန်ပြီးနောက် သူ့အနေဖြင့်ပို၍ပို၍ အားအင်ကုန်ခမ်းလာသည်။ အပြင်းအထန်ရုန်းကန်နေစဉ် သူ၏ကိုယ်အတွင်းရှိ စွမ်းအင်များကလည်း တစ်ဟုန်ထိုး ကုန်းဆုံးနေသည်။

အမှောင်ထုက ကျုံ့ဝင်နေသော်လည်း မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၏ ပေါက်ကွဲမှုက အရမ်းကိုစွမ်းအားကြီးမားသည်ဖြစ်သည်။ ဟင်းလင်းပြင်ကလည်း များစွာ ဖျက်ဆီးခံထားရသည်ဖြစ်သည်။ ဟင်းလင်းပြင်က အမှောင်ထုအားသူ့ဖာသာသူဖြည်းညှင်းစွာပြန်လည်ပြင်ဆင်နေ၏။

“မဟုတ်ဘူး..မဟုတ်ဘူး.ဒီလိုသာဆက်သွား နေရင် ဒီတွင်းနက်ကြီးထဲ ငါ့ကိုစုပ်ယူသွားလိမ့်မယ်”

ရှစ်ဖုန့်မှာ သူ၏ တစ်ဟုန်ထိုး ကုန်ဆုံးနေသော စွမ်းအားနှင့် လွန်စွာပြင်းထန်နေဆဲဖြစ်သောစုပ်ယူအားတို့အား ခံစားမိပြီး စိတ်ပူပန်လှုပ်ရှားနေသည်။

လင်ဟွင်းအနေဖြင့် အမှောင်ထုကမ္ဘာအတွင်းစုပ်ယူခံရပြီးနောက် အသက်ရှင်လျှက်ထွက်လာသည့်သူဟူ၍ ကြားဖူးခြင်းမရှိပေ။ယင်းက ရှစ်ဖုန့်ဖြစ်နေလျှင်ပင်ချွင်းချက်မရှိပေ။

ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ခေါင်းအား မော့လိုက်ပြီး သူ၏ခေါင်းထက်ရှိ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား ကြည့်လိုက်ပြီး ဆဲဆိုလိုက်သည်။

“သောက်ချီးထဲမှပဲ.အဲ့မှပဲရပ်မနေနဲ့ ငါ့ကိုဒီအမှောင်ထုထဲကနေထွက်လို့ရအောင်ကူညီပေးအုံး”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ သူ့အားနားလည်သည့်ပုံပေါ်သည်။ ၎င်းကရုတ်ခြည်းတုန်ယင်သွားပြီး နောက်အောက်သို့ထိုးဆင်းကာ ရှစ်ဖုန့်၏မျက်နှာထံတစ်ဟုန်ထိုးဦး တည်လာပြီးနောက် လုံးဝပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်၏အမူအယာမှာလည်းအနည်း ငယ်ကြောင်သွားပြီး အစပိုင်း၌ကြက်သေသေသွားသည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သူ၏စကားအားနားလည်ပြီးသူအားဤကဲ့သို့ အန္တရာယ်များသောနေရာ မှ ထွက်အောင်ကူညီပေးရန်အဆင်သင့်ဖြစ် နေသည်ဟု ရှစ်ဖုန့်ထင်ခဲ့သည်။ ၎င်းကပျောက်ကွယ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ပျောက်ကွယ်သွားသည်မှ လုံးဝပျောက်ကွယ်သွားခြင်းဖြစ်သည်။ သူ၏ကိုယ်အားကာကွယ်ပေးထားသော ရွှေရောင်မြင့်မြတ်အလင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ရှစ်ဖုန့်ကြက်သေသေသွားခဲ့သည်။ သူ၏ကြက်သေသေနေသောမျက်နှာက ရုတ်ခြည်းပြောင်းလဲသွားပြီးကောင်းကင်ထဲ့သို့မော့ကာအသားကုန် အော်ဟစ်လိုက်သည်။

“သောက်ချီးပဲ..သောက်အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်”

ဤအချိန်တွင်ရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။ ဤအမှောင်ထုကမ္ဘာ၏ အားကောင်းသောစုပ်ယူအားအောက်တွင် သူ၏ကိုယ်က အမှောင်ထုကမ္ဘာအတွင်းစုပ်ယူခံလိုက်ရသည်။

“မဟုတ်ဘူး.ဆရာ”

“အကိုကြီး”

စိုးရိမ်ပူပန်သောကရောက်စွာဖြင့် အော်ဟစ်သံလှိုင်းများက တစ်ခုပြီးတစ်ခုထပ်မံထွက်ပေါ်လာသည်။ သို့သော်သိပ်မကြာခင် တွင်းနက်ကြီးအားဆန့်ကျင်တိုက်ခိုက် နေသောခန္ဓာကိုယ်က အမှောင်ထုအတွင်းအပြီးတိုင်ပျောက်ကွယ် သွားသည်ကို လူများမြင်တွေ့လိုက်ရသည်။

“ဟားဟား.ယိုမင်.. ပြီးသွားပြီကွ..နောက်ဆုံးတော့ အဆုံးသတ်သွားပြီ..ဟားဟားဟား”

လင်မိသားစုခေါင်းဆောင်လင်ဟွင်းမှာ အမှောင်ထုကမ္ဘာအတွင်းရှိပုံရိပ်အား စိတ်လှုပ်ရှားစွာဖြင့်စိုက်ကြည့်နေသည်။ ၎င်းအား အမှောင်ထုကမ္ဘာက စုပ်ယူသွားသည်ကို မြင်တွေ့ပြီးနောက် သူ၏နှလုံးသားက လုံးဝသက်သာရာရသွားသည်။ သူကစိတ်ပါလက်ပါဖြင့် ရယ်မောလိုက်သည်။

သူကများစွာစွန့်လွှတ်စတေးခဲ့ရပြီးနောက်ဆုံး၌ ဆုလာဘ်ကိုရရှိခဲ့သည်။ နောက်ဆုံး၌ယိုမင်အားအမှောင်ထုကမ္ဘာကဝါးမျိုသွားသည်ဖြစ်သည်။

ယခုမှစတင်ပြီး ဤကမ္ဘာ၌ ငရဲဘုံကိုးခု ဧကရာဇ်ထပ်မံပြီးရှိတော့မည်မဟုတ်ပေ။

“လူ..လူဆိုးကြီး.. နင်ငါ့အကိုကြီးကိုသတ်တယ်.. ငါ့အကိုကြီးကိုပြန်ပေး..နင်ငါ့အကိုကြီး ကိုသတ်လိုက်တယ်..တစ်နေ့ကြရင် ငါ့အကိုအတွက်ငါလက်စားချေမယ်..ငါနင့်ကိုသတ်ပစ်မယ်”

အမှောင်ထုအတွင်းရှစ်ဖုန့်ပျောက်ကွယ်သွားသည်အားတွေ့ရသောအခါတွင် ရှစ်လင်က သူမ၏ခေါင်းအား လင်ဟွင်းထံသို့လှည့်လိုက်သည်။ သူမ၏မျက်နှာထက်တွင် မျက်ရည်တို့စွန်းထင်းနေပြီး အမုန်းတရားတို့ဖြင့်ပြည့်နှက်နေသည်။

“ဟမ့် လက်စားချေမယ်တဲ့လား”

ရှစ်လင်၏စကားတို့အားကြားရပြီး မျက်နှာထက်ရှိ အမုန်းတရားတို့အားမြင်တွေ့ပြီးနောက် လင်ဟွင်းက နောက်တစ်ကြိမ်နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“မင်းလိုကလေးပေါက်စလေးကများ.. ငါ့ကိုလက်စားချေပြီးသတ်နိုင်မယ်ထင်နေတာလား. မင်းဘဝတစ်လျှောက်လုံး မင်းဒါကိုလုံးဝလုပ်နိုင်မှာမဟုတ်ဘူး”

လင်ဟွင်းကရှစ်လင်၏ကိုယ်အတွင်းအမှတ်အသားထည့်သွင်းထားသည်ဖြစ်သည်။ သူ၏အမြင်တွင် ရှစ်လင်က သူ၏ထိန်းချုပ်မှုအောက်သို့လုံးဝ ရောက်ရှိနေပြီးဖြစ်သည်။ သူမ၏အသက်အားအတွေးတစ်ချက်ဖြင့်ပင် နှုတ်ယူပစ်နိုင်သည်ဖြစ်သည်။ ရှစ်လင်အတွင် သူ့အားလက်စားချေပြီး သတ်ရန်မှာအကြွင်းမဲ့မဖြစ်နိုင်သောအရာဖြစ်သည်။

သို့သော် လင်ဟွင်းအနေဖြင့်ဤမကောင်းဆိုးဝါး လေးအား သူ၏စကားများဖြင့်စိတ်အားတက်ကြွအောင် နှိုးဆော်ပေးသင့်သည်ဟုထင်မိသည်။ ထိုမှသာ သူမမြန်မြန်ကြီးထွားလာနိုင်မည်ဖြစ်သည်။

ထို့နောက်လင်ဟွင်းက အေးစက်စွာပြောလိုက်သည်။

“ငါ့ကကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် တစ်ယောက်ပဲ. မင်းငါ့ကိုမသတ်နိုင်ဘူး. မင်းဘဝတစ်လျှောက်လုံး ငါ့အဆင့်ကိုရောက်နိုင်မှာမဟုတ်ဘူး”

လင်ဟွင်း၏စကားများအားကြားသော အခါတွင် ကောင်မလေးရှစ်လင်က သူမ၏ လက်သီးတို့ကို ကျစ်နေအောင်ဆုပ်လိုက်သည်။ သူမ၏မျက်နှာကပြတ်သားခိုင်မာနေ၏။ ရှစ်လင်က လင်ဟွင်းအားကလေးသံလေးဖြင့်ပြောလိုက်သည်။

“တစ်နေ့ကြ. ငါရှင့်ထက်မြင့်တဲ့အဆင့်ကို ရောက်လိမ့်မယ်. အဲ့ကြငါ့အကိုကြီးကိုသတ်တဲ့အတွက် လက်စားချေဖို့ရှင့်ကိုသတ်ပစ်မယ်”

ဤအခိုက်အတန့်တွင် ရှစ်လင်၏ ကိုယ်၌ အမုန်းတရားများ၊တိုက်ပွဲဝင်စိတ်များနှင့်ပြည့်နှက်နေပြီး ပြတ်သားခိုင်မာယုံကြည်မှုတို့က ပို၍ပို၍ အားကောင်းလာသည်။

ရှစ်လင်အားကြည့်၍ လင်ဟွင်းကထပ်မံသရော်လိုက်သည်။ သူက ယင်းသက်ရောက်မှုကိုအတိအကျ လိုချင်နေခြင်းဖြစ်သည်။ ဤသူတောင်းစားလေး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်သည်ကို သူ ဖြစ်နိုင်သမျှအမြန်ဆုံးမျှောင်လင့်စောင့်စား နေသည်ဖြစ်သည်။

“သတ်.. လင်မိသားစုကို ဖျက်ဆီးပစ် ဆရာ့အတွက်လက်စားချေကြ”

“သတ်. လင်မိသားစုကို ဖျက်ဆီးပစ်”

“သတ်..”

“သတ်”

“သတ်”

“သတ်”

“သတ်”

ဤအချိန်တွင်အော်ဟစ်သံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်အား အမှောင်ထုကမ္ဘာက ဝါးမျိုသွားသည်ဖြစ်၏။လင်ယဲ့ဖုန်း၊ မိုရှောင်ယောင်၊ လောချင်းချွမ်၊ရှောင်းထျန်းရီ၊တစ္ဆေစစ်သူကြီးရှစ်ဦးနှင့်နင်ချန်တို့အားလုံး သတ်ဖြတ်လိုစိတ်များ၊ အမုန်းတရားများ၊ တိုက်ပွဲဝင်စိတ်များဖြင့်ပြည့်နှက်နေကြသည်။

သူတို့အားလုံးအတူတကွ လှုပ်ရှားလိုက်ပြီး လင်မိသားစုအား ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချထားကြသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters