← Chapters

အခန်း (၉၀၇)

Vol. 61 Ch. 907

အခန်း (၉၀၇)

Vol. 61 Ch. 907

လင်မိသားစုအနေဖြင့်ရှောင်လွှဲ၍မရသော မကြုံစဖူးတိုက်ပွဲတစ်ခုဖြစ်ပေါ်လာသည်။

သို့သော် အကန့်သတ်မဲ့အမှောင်ထုအာသာသ အတွင်းရှိနေသာ ငယ်ရွယ်သောပုံရိပ်တစ်ခုက အမည်းရောင်မှင်စက်လေးတစ်စက် နှယ်ဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးရှိ စွမ်းအင်များအားအဆက်မပြတ်လှည့်ပတ်ကာ ဦးတည်လာနေသောတစ်လှိုင်းပြီးတစ်လှိုင်းထနေသည့် ပရမ်းပတာဖရိုဖရဲဖြစ်နေသည့် အာကာသကွပ်လပ်စီးကြောင်းတို့ကို တားဆီးနေ၏။

ရှစ်ဖုန့်အနေဖြင့်မသေချင်သေးပေ။ သူက အပြင်းအထန်ရုန်းကန်နေဆဲဖြစ်ပြီး အာကာသအမှောင်ထုကို ခုခံနေသည်။

“ငါမသေနိုင်ဘူး. ငါအသက်ရှင်ရမယ်.”

သူ၏ကိုယ်ပေါ်သို့အုံကြွနေသောအာကာသဓာတို့၏ အဆက်မပြတ်သက်ရောက်နေပြီး အံကိုတင်းတင်းကြိတ်ကာခုခံနေရ၏။

အုံကြွနေသောအာကာသဓာတ်စွမ်းအင်တို့က သိပ်မကြီးမားပဲရှစ်ဖုန့်အား သတ်ဖြတ်ခြင်းကိုမပြုနိုင်သော်လည်း ယခုအရေးအကြီးအရာက စွမ်းအင်ကုန်ခမ်းခြင်းပင်ဖြစ်သည်။ အဆက်မပြတ်သက်ရောက်နေသာ အုံကြွနေသည့်အာကာသစွမ်းအင်ဓာတ်တို့က ရှစ်ဖုန့်အား စွမ်းအင်ကုန်ခမ်းပြီးသေအောင်ပြုလုပ်နေသည်။

“ထပ်ပြီး..ထပ်ပြီးလာနေပြီ”

ထို့နောက်ရှစ်ဖုန့်မှာနောက်ဘက်မှ အားကောင်းသော စုပ်ယူအားတစ်ခုကိုထပ်မံခံစားလိုက်ရသည်။ သူ၏ကိုယ်ကရုတ်ခြည်းနောက်ပြန်စုပ်ယူခံလိုက်ရသည်။

ယင်းမှာ အမှောင်ထုအာကာသအတွင်းရှိ အားကောင်းသောစုပ်ယူအား၏ လေးကြိမ်မြောက်စုပ်ယူခြင်းကိုရှစ်ဖုန့်ခံ ရခြင်းဖြစ်သည်။ ဤစုပ်ယူအားကမည်သို့ လှည့်ပတ်အလုပ်လုပ်သည်ကို ရှစ်ဖုန့်မသိပေ။ ၎င်းအားသူလုံးဝခုခံနိုင်ခြင်းမရှိပေ။ ထိုထက်ပိုသည်ကား အားကောင်းသော စုပ်ယူအား၏ ဦးတည်ချက်က တစ်ကြိမ်စီတိုင်း၌ ကွဲပြားသည်ဖြစ်သည်။

ပထမဆုံးသုံးကြိမ်အတွင် နှစ်ခုကရှေ့ဘက်မှဖြစ်ပြီး တစ်ခုကဘယ်ဘက်ခြမ်းမှဖြစ်သည်။ ဤအကြိမ်တွင် ၎င်းက သူ၏နောက်ဘက်၌ထပ်မံပေါ်လာသည်။

သူ၏ကိုယ်ကနောက်သို့တစ်ဟုန်ထိုးလွင့်ပျံသွားသည်။ သို့သော်နောက်သို့လွင့်ပျံနေသကဲ့သို့ အုံကြွနေသောအာကာသဓာတ်တို့ကလည်းရှစ်ဖုန့်၏ကိုယ်ကို ဆက်လက်ထိမှန်နေသည်။

“ငါဒီလိုသွားနေလို့မဖြစ်ဘူး. ငါဒီကနေဖြစ်နိုင်သမျှအမြန်ဆုံးထွက်သွားဖို့ နည်းလမ်းတစ်ခုကိုရှာရမယ်”

ရှစ်ဖုန့်ကသူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက သူ၏မူလစွမ်းအင်တို့ကိုပြန်လည်ဖြည့်တင်းရန်အတွက် များပြားလှသော ဆေးလုံးများကို ပါးစပ်အတွင်းသို့ပစ်ထည့်လိုက်သည်။

သူ၏လက်ထဲရှိကမ္ဘာဦးကျောက်တုံးများ ကိုလည်း စွမ်းအင်ကုန်ခမ်းလျော့နည်းသွားပြီးနောက် ပြန်လည်အစားထိုးလိုက်သည်။

ဤအမှောင်ထုအာကာသထဲတွင် မူလစွမ်းအင်၏မည်သည့်အစအနမျှပင်မ ရှိပေ။ ရှစ်ဖုန့်အနေဖြင့်သူ၏ခွန်အားအား ပြန်လည်ဖြည့်တင်းရန် ဆေးလုံးများနှင့်ကမ္ဘာဦးကျောက်တုံးများ အပေါ်တွင်သာ မှီခိုအားထားရသည်။

သို့‌သော် အကယ်၍ ဤသို့သာဆက်သွားနေလျှင် ဆေးလုံးများနှင့်ကမ္ဘာဦးကျောက်တုံးများက တစ်နေ့၌ကုန်ဆုံးသွားလိမ့်မည်ဖြစ်သည်။ ၎င်းတို့ကုန်ခမ်းသွားလျှင် သူ့၌အားကောင်းသောခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ထားလျှင်တောင် အုံကြွနေသောအာကာသဓာတ်တို့၏ ဆက်လက်သက်ရောက်မှုကြောင့်သူ့အနေဖြင့် အသက်ရှင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

သူအသက်ရှင်လိုလျှင် ဤနေရာမှ ထွက်သွားရမည်ဖြစ်သည်။

အားကောင်းသောစုပ်ယူအားကြောင့်မိုထောင်ပေါင်းများစွာလွင့်ထွက်သွားသောရှစ်ဖုန့်၏ကိုယ်က နောက်ဆုံး၌ ရပ်တန့်လာသည်။ သို့သော် အမှောင်ထုနယ်မြေအတွင်း မိုင်ရာပေါင်းများစွာလွင့်ထွက်သွားခဲ့သည် တောင် ယခုသူရှိနေသောနေရာက ယခင်ရှိနေသော နေရာ၌ မည်သည့်အရာမှကွဲပြားခြင်းမရှိပေ။

၎င်းက အကန့်သတ်မဲ့အမှောင်ထုဖြစ်နေဆဲဖြစ်ပြီး အုံကြွနေသောအာကာသဓာတ်များဖြင့် ဆက်လက်ပိန်းပေါက်အောင်မှောင်နေဆဲဖြစ်သည်။ယင်းမှာ ဤအာကာသအတွင်းဝရုန်းသုန်းကား သောင်းကျန်းနေဆဲဖြစ်ပြီး သူ့အားအဆက်မပြတ်ဆက်လက် တိုက်ခိုက်နေသည်။

ရှစ်ဖုန့်က သူ၏လက်ထဲရှိ ကမ္ဘာဦးကျောက်တုံးများအာဝါးမျိုလိုက်ပြီး ကမ္ဘာဦးကျောက်တုံးများမှာမှိုင်းသော အနက်ရောင်အဖြစ်ပြောင်းလဲသွားသည်။

ရှစ်ဖုန့်က သူ၏လက်ထဲမှ ကမ္ဘာဦးကျောက်တုံးများကို လွှတ်ပစ်လိုက်သည်။ သူ၏ညာလက်၌ရွှေရောင်အလင်းတစ်ခု လင်းလက်လာပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကောင်းကင်မွန်းစတားဓားက သူ့လက်ထဲ၌ပေါ်လာသည်။

ရှစ်ဖုန့်၏အသံကထွက်ပေါ်လာ၏။

“ငရဲဘုံကိုးခု ဓားပညာရပ် ကောင်းကင်ပိုင်းဖြတ်ဓား”

ရုတ်ခြည်းရှစ်ဖုန့်ကသူ၏ကိုယ်အတွင်းမှ စွမ်းအင်အားလုံးကို စုစည်းလိုက်ပြီး စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။

သူကဤအမှောင်ထုအာကာသအတွင်း ကျရောက်နေသောကြောင့် ယခုသူပြုလုပ်နိုင်သည့်တစ်ခုတည်းသောအရာက စွမ်းအားအကုန်အသုံးပြုပြိး အာကာသအားချိုးဖျက်ဖွင့်ထုတ်ပစ်ရန်ဖြစ်သည်။ အာကာသအားချိုးဖျက်ဖွင့်ထုတ်ခြင်းက ပြင်ပကမ္ဘဘာအတွင်း၌ကဲ့သို့ပင် အာကာသအက်ကွဲကြောင်းတစ်ခုကိုဖန်တီး လိမ့်မည်ဖြစ်ပြီး ထို့နောက် အက်ကွဲကြောင်းအားဖြတ်သန်းကာ ထျန်းဟန်တိုက်ကြီးသို့ ပြန်နိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏စွမ်းအားကြီးတိုက်ခိုက်မှုအောက်တွင် သူ့ရှေ့ရှိအာကာသက ရုတ်ခြည်းပြင်းထန်စွာတလိမ့်လိမ့်ထလာသည်။ စွမ်းအားကြီးစွမ်းအား၏သက်ရောက်မှုအောက်၌ အုံကြွနေသော အာကာသဓာတ်စီးကြောင်းတို့ပင် ပြိုလဲသွားသည်။

သို့သော်မကြခင်တွင်ရှစ်ဖုန့်က သူ့ရှေ့ရှိတလိပ်လိပ်ထနေသော အာကာသအားစိုက်ကြည့်ကာစိတ်ပျက်စွာဖြင့် ခေါင်းယမ်းလိုက်သည်။

ဤအမှောင်ထုအာကာသက အလွန်အကြမ်းခံပြီးသူစိတ်ကူးထား သည်ထက် ပို၍ ခက်ခဲရှုပ်ထွေးသည်ဖြစ်သည်။ ထျန်းဟန်တိုက်ကြီးအတွင်း၌သူ၏ခွန်အားဖြင့်ဆိုလျှင် ဟင်းလင်းပြင်အား အက်ကွဲအောင်လုပ်ရသည်က သူ့အတွက်လွယ်သည်ဖြစ်သည်။

သို့သော် သူ၏ ခွန်အားအကုန်ဖြင့်ပင် အာကာဓာတ်တို့ကို ပြင်းထန်စွာအုံကြွသားစေရုံသာတတ်နိုင်သည်။သူ့အနေဖြင့် အာကာသအက်ကွဲကြောင်း၏ အစအနလေးကိုပင်သူမြင်တွေ့ အောင်လုပ်နိုင်ခြင်းမရှိပေ။

“ငါဒီမှာတကယ်ပဲ ငါ့ရဲ့စွမ်းအားတွေကုန်ခမ်းတဲ့အထိထာဝရပိတ်မိသွားတော့မှာများဖြစ်နိုင်မလား”

ရှစ်ဖုန့်၏မျက်နှာထက်၌ လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်နေပြီး ပြောလိုက်သည်။

ထျန်းဟန်တိုက်ကြီးအတွင်းတွင် အမှောင်ထုတွင်းနက်အတွင်းစုပ်ယူခံရပြီး နောက် မည်သူကမှ အသက်ရှင်လျှက်ထျန်းဟန်တိုက်ကြီးပေါ်သို့ ပြန်လည်လွတ်မြောက်ရောက်ရှိလာသည်ဟူ၍ သူမကြားဖူးပေ။

သို့သော် ဤအချိန်တွင် ထိုကဲ့သို့သောအရာမျိုးက သူ့ပေါ်၌ လာဖြစ်နေသည်။ ပင်ကိုယ်အားဖြင်တစ်ခြားသော သူများကဲ့သို့သူတူညီစွာမဖြစ်လိုပေ။

သို့သော် သူ့ရှေ့၌ရှိနေသော အရာက ရွှေးချယ်စရာမရှိဘဲ သူလက်သင့်ခံရမည့်အချက်တစ်ခုပင်ဖြစ်သည်။ ယင်း၌လုံးဝထွက်လမ်းမရှိပေ။

သူ့ရှေ့ရှိ အုံကြွနေသည့်ပြင်းထန်သောစွမ်းအင်များက မှေးမှိန်ပျောက်ကွယ်သွားပြီးအာကာသ အမှောင်ထုမှာလည်း မူလအခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်။ တလိပ်လိပ်ထနေသောအုံကြွနေသည့်အာကာသဓာတ်တို့က ရှစ်ဖုန့်ထံသို့ ဘက်ပေါင်းစုံမှ တစ်ဟုန်ထိုးဦးတည်လာသည်။

တလိပ်လိပ်ထနေသောဒီရေတို့ကဲ့သို့ ၎င်းတို့က ရှစ်ဖုန့်အားတစ်ချိန်တည်းတွင်လာ ရောက်ထိမှန်သည်။

“အူး”

ရှစ်ဖုန့်က မကျယ်သောအသံဖြင့်အော်လိုက်သည်။ ထို့်နောက်သူ၏ကိုယ်ကလှုပ်ခါသွားသည်။ ရုတ်ခြည်း သူ၏ကိုယ်‌ပေါ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်သွားပြီး သူ့အားလာရောက်ထိမှန်သော အာကာသဓာတ်တို့၏စွမ်းအားက မှေးမှိန်ပျောက်ကွယ်သွားသည်။

ယခုရှစ်ဖုန့်အနေဖြင့် အာကာသအားပိုင်းဖြတ်ပြီး ဤနေရာမှထွက်ရန်အက်ကွဲကြောင်းတစ်ခုကို မဖန်တီးနိုင်ပေ။ သူ့အနေဖြင့် ဤနေရာမှထွက်ရန်အခြားနည်းလမ်းတစ်ခုကို မစဉ်းစားနိုင်သောကြောင့် ဤအတိုင်းသာ စောင့်နေနိုင်သည်။

သူ၏ညာလက်တွင်ရွှေရောင်အလင်းတစ်ခု ထပ်မံလင်းလက်လာသည်။ ကောင်းကင်မွန်းစတားဓားက ရှစ်ဖုန့်၏ ညာလက်ထံပြန်ရောက်လာပြီးရွှေရောင်ဓား အမှတ်အသားတစ်ခုအဖြစ်ပြောင်း လဲသွားသည်။

ထို့နောက် ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်း မူလစွမ်းအင်တို့ပါရှိသော ဆေးလုံးအများအပြားကိုထုတ်ယူပြီး ပါးစပ်အတွင်းသို့ပစ်ထည့်ကာ လျှင်စွာ ဝါးလိုက်သည်။

သူ၏လက်နှစ်ဖက်၌ အဆင့်မြင့်အဆင့်ကမ္ဘာဦးကျောက်တုံးနှစ်ခု ပေါ်လာပြီး သူ၏ကိုယ်အတွင်းမှ ငရဲဘုံစွမ်းအင်တို့ကို ပြန်ဖြည့်တင်းလိုက်သည်။

“လက်လျော့လိုက်တော့. မင်းရဲ့ခွန်အားနဲ့ မင်းရဲ့ဘဝတစ်ခုလုံးအချိန်ပေးရင်တောင် ဒီအာကာသကို ချိုးဖျက်ပြီး ထျန်းဟန်တိုက်ကြီးပေါ်ကို မပြန်နိုင်ဘူး. ဟူး..ငါဒီမှာမင်းနဲ့အတူသေရမှာကတော့ စိတ်မကောင်းစရာပဲ”

ရှစ်ဖုန့်၏ကိုယ်အတွင်းမှသက်ပြင်းချသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်မီးတောက်၏ အသံပင်ဖြစ်သည်။

“အခုငါ့ရဲ့စွမ်းအားကလည်းမင်းနဲ့ အတူတူလောက်ပဲရှိနေတာ”

ကောင်းကင်မီးတောက်ကပြောသည်။

“အကယ်၍ငါသာအတိတ်တုံးကလို စွမ်းအားမျိုးပြန်ရခဲ့ရင် ဒီလိုနေရာမှာငါပိတ်မိနေရင်တောင် တိုက်ရိုက်ချိုးဖောက်ပြီးထွက်နိုင်မှာ”

အတိတ်တုံးက ၎င်း၏စွမ်းအားနှင့်တိုက်ရိုက်ချိုး ဖောက်ထွက်နိုင်ကြောင်းကို ပြောသောအခါတွင် ကောင်းကင်မီးတောက်၏လေသံ၌ ဝင့်ကြွားမှုတို့ဖြင့်ပြည့်နှက်နေသည်။

သူရဲကောင်းတစ်ဦးက သူ၏အတိတ်မှဂုဏ်ကျက်သရေများကို မပြောသော်လည်း လူမည်မျှကများ ၎င်းတို့အတိတ်က ဂုဏ်ကျတ်သရေနှင့်စွမ်းအားတို့ကို ပြန်လည်အမှတ်ရကြပါသနည်း။

သို့သော် ကောင်းကင်မီးတောက်၏ အတိတ်ကဝင့်ကြွားမှုတို့ကအသုံးမဝင်ပေ။ သူပြောခဲ့သကဲ့သို့ အကယ်၍ဤနေရာ၌အချိန်ဖြုန်းနေလျှင် ရှစ်ဖုန့်နှင့်အတူတကွ အားအင်ကုန်ခမ်းပြီး သေရလိမ့်မည်သာဖြစ်သည်။

“အင်မော်တယ်စွမ်းအားမပါဘဲနဲ့ ဒီအာကာသကို ငါအစိတ်စိတ်အမွှာမွှာကွဲအော်လုပ်ဖို့ မဖြစ်နိုင်တဲ့ပုံပဲ”

ရှစ်ဖုန့်ကစိတ်ထဲမှတီးတိုးရေရွတ် ပြောဆိုလိုက်သည်။

ယင်းမှာထိုမုန်းဖို့ကောင်းသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ပြင်ပကမ္ဘာ၌ရှိနေချိန်သူ့အား မကာကွယ်ပေးခြင်းကြောင့် အမှောင်ထုဟင်းလင်းပြင်၏ ဝါးမျိုမှုကိုသူခံခဲ့ရခြင်းဖြစ်သည်။ ဤနေရာ၌၎င်းအား မရေတွက်နိုင်သည့်အကြိမ်များစွာဆင့် ခေါ်ခဲ့သော်လည်း၎င်းက အဖက်လုပ်ခြင်းမရှိပေ။

၎င်းကဤနေရာ၌ ပျောက်ဆုံးနေသောသူတစ်ဦးကဲ့သို့ ကစားနေပြီး “ဝါရင့်ဆရာကြီး”တစ်ဦးကဲ့သို့ပြုမူနေ၏။

“သောက်ချီးပဲ..ထပ်ပြီးလာနေပြန်ပြီ”

ရုတ်တရက် သူ့နောက်မှာအာကာသစွမ်းအင်အတက်အကျလှိုင်းတို့ကိုအာရုံခံမိပြီး ရှစ်ဖုန့်တစ်ယောက်သူ့ဖာသာ သူထပ်မံပြောဆိုလိုက်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters