အခန်း (၉၀၈)
Vol. 61 Ch. 908
ရှစ်ဖုန့်၏ကိုယ်က သူ၏ထိန်းချုပ်မှုအောက်၌ထပ်မံရှိမ နေတော့ပေ။ သူ့နောက်ရှိ ကြမ်းတမ်းပြင်းထန်သော စုပ်ယူအား၏ ထပ်မံစုပ်ယူခြင်းကိုခံလိုက်ရပြီးသူ့အားနောက်သို့တရွတ်တိုက်ပါသွားစေသည်။
အကန့်သတ်မဲ့သော အမှောင်ထုအာကာသက အဆုံးမရှိပေ။
ရှစ်ဖုန့်၏ကိုယ်ကတစ်ဟုန်ထိုး နောက်သို့လွင့်ပျံနေသကဲ့သို့ လှိုင်းထန်သောအာကာသဓာတ်တို့၏ အဆက်မပြတ်တိုက်ခိုက်ခြင်းကိုခံနေရသည်။ သို့သော် သူ့အားတိုက်ခိုက်လာသော စွမ်းအားအားဆက်တိုက်မျက်နှာ အသီးသီးသို့ဖြန့်ထုတ်နေ၏။
ဤအကြိမ်တွင်ရှစ်ဖုန့်မှာအားကောင်းသော စုပ်ယူအား၏ အဝေးသို့ စုပ်ယူသွားခြင်းကိုခံလိုက်ရသည်။မရပ်တန့်ခင်အထိ မိုင်ပေါင်းထောင်နှင့်ချီ ရောက်အောင် လွင့်သွားခဲ့သည်ဟု သူခန့်မှန်းသည်။
ရပ်တန့်သွားခဲ့သည်တောင်ရှစ်ဖုန့်အနေဖြင့် ကမ္ဘာဦးကျောက်တုံးများနှင့်ဆေးလုံးများ အား ဆက်လက်ဝါးမျိုသုံးစွဲပြီး သက်ရောက်လာသော အာကာသစွမ်းအင်လှိုင်းတို့ကို ဆက်လက်ခုခံနေရသည်။
“ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ် ..ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်”
သူ၏နောက်ဘက်မှ အေးစိမ့်သောလေပြင်းတို့တိုက်ခတ်နေသည်။
လွန်စွာအေးစိမ့်သောလေပြင်းတို့ကိုခံစားရင် ပတ်ဝန်းကျင်ရှိအပူချိန်က ရုတ်ခြည်း ထိုးကျသွားသည်ကိုရှစ်ဖုန့်ခံစားမိလိုက်သည်။လေထုက ရေခဲဖြစ်လုနီးပါးသိပ်သည်းနေပြီဖြစ်၏။
“မဟုတ်ဘူး. လေထုကခဲတော့မှာမဟုတ်ဘဲ ခဲပြီးသားဖြစ်နေတာ”
အေးစိမ့်သော လေပြင်းတို့ကြောင့် ပတ်ဝန်းကျင်ရှိလေထုပဲ အေးခဲနေပြီးသူ၏ကိုယ်ကလည်း စတင်အေးခဲလာသည်။
“ဒီ အေးစိမ့်တဲ့အားကဘာကြီးလဲ”
ချင်းနင်းဝင်ရောက်လာသော အေးစိမ့်သည့်အားကိုခံစားရင်း ရှစ်ဖုန့်၏ကိုယ်ကပြင်းထန်စွာလှုပ်ခါသွားပြီး သူ့အား အေးခဲနေမှုတို့ အစိတ်စိတ် အမွှာမွှာကွဲကြေသွားသည်။
ထို့နောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး ရှေ့သို့စိုက်ကြည့်လိုက်သည်။
အစောပိုင်းကအေးစိမ့်သောလေပြင်း များကြောင့် သူ့ရှေ့ရှိအာကာသဟင်းလင်းပြင်က အေးခဲနေသည်။
“အစောပိုင်းကအဲ့အေးစိမ့်တဲ့လေပြင်း အေးစိမ့်တဲ့စွမ်းအား”
ရှစ်ဖုန့်ကထပ်မံတီးတိုးရေရွတ်လိုက်သည်။
သူ့အားတိုက်ခိုက်လာပြီးရေခဲဖြစ် အောင်ကြိုးစားနေသော ထိုအေးစိမ့်သည့်လေပြင်းက တစ်နည်းနည်းနှင့် ရင်းနီးနေသည်ဟု ရှစ်ဖုန့်ခံစားရသည်။
“ဖြစ်နိုင်တာက..”
တစ်စုံတစ်ခုကိုတွေးမိပြီးရှစ်ဖုန့်၏နှလုံးသားတုန်တက်သွားသည်။
ထို့နောက် ရှစ်ဖုန့်၏ကိုယ်မှ ပြင်းထန်သော သွေးနီရောင်မီးတောက်တို့ ဟုန်းခနဲထွက်ပေါ်လာသည်။အရင်ဆုံး သူ့နောက်မှလာနေသည့် အုံကြွနေသော အာကာသစွမ်းအင်တို့ကို တားဆီးလိုက်သည်။
ထို့နောက် ကောင်းကင်မီးတောက်ဖြင့်ဖွဲ့စည်းထားသည့် သွေးနီရောင်ဓားတစ်လက်အားဖန်တီးပြီး ရှေ့သို့ဦးတည်လိုက်သည်။
သွေးနီရောင်မီးတောက်ဓား၏ သက်ရောက်မှုအောက်တွင် ရုတ်ခြည်း သွားနိုင်သောရေခဲလမ်းကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ရှစ်ဖုန့်၏ပုံရိပ်က လမ်းကြောင်းအတိုင်း တစ်ဟုန်ထိုးရုတ်ခြည်းဝင်ရောက်သွားသည်။
ထို့နောက် ကောင်းကင်မီးတောက်ကလမ်းကြောင်းကို ဆက်လက်ဖွင့်ပြီး ရှစ်ဖုန့်ကရေခဲလမ်းကြောင်း အတိုင်း ရှေ့သို့ဆက်လက်ဦးတည်လိုက်သည်။
အေးစက်သောလေပြင်းက ဤဧရိယာတစ်ခွင်ရှိလေထုအား အေးခဲစေရုံသာမက ဤအာကာသအတွင်းရှိ အုံကြွနေသောအာကာသစွမ်းအင်လှိုင်းတို့ကိုလည်း အေးခဲသွားစေသည်။
သူ့ရှေ့ရှိမာကျောသောရေခဲနှင့်အတူ ဘေးဘယ်ညာဘက်ရှိရေခဲတို့ကြောင့် ရှစ်ဖုန့်အနေဖြင့်ဤရေခဲလမ်းကြောင်းအတွင်း အချိန်တိုတစ်ခုအထိ အုံကြွနေသောအာကာသဓာတ်တို့၏ တိုက်ခိုက်မှုကိုခံရလိမ့်မည်မဟုတ်ပေ။
သူထွက်သွားပြီးသိပ်မကြာခင် သွေးနီရောင်မီးတောက်ဓားကဖွင့်ခဲ့သည့်လမ်းကြောင်းမှာ ရေခဲအဖြစ်လျှင်မြန်စွာထပ်မံအေးခဲ သွားပြီးလွန်စွာအေးစိမ့်သောအော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။
သွေးနီရောင်မီးတောက်ဓားကရှေ့သို့ လမ်းကြောင်းဆက်လက်ဖွင့်နေ၏။ မကြာခင်တွင် အကွာအဝေးတစ်ခုရှိမှောင်မိုက်သောရေခဲအတွင်း၌ ဖြူဖျော့နေသောအရာဝတ္ထုတစ်ခုကို မြင်တွေ့လိုက်ရသည်။
ဖြူဖျော့သောအရာဝတ္ထု၏ပုံသဏ္ဍန်က ခေါင်းတလားတစ်ခုဖြစ်သည်။
ဖြူဖျော့သောခေါင်းတလားအား မြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်ကအံ့အားသင့်စွာရေရွတ် ပြောလိုက်သည်။
“တကယ်သူပဲ”
ရှစ်ဖုန့်မှာ ဤခေါင်းတလားအား အရှေ့ပိုင်းဒေသကြီးအတွင်းရှိနေစဉ် ထျန်းမြောင်အင်ပါယာ၏အရှေ့ပင်လယ်၌ ရှစ်ကျင်းရွှိုက်နှင့်အတူ တစ္ဆေသင်္ဘောအတွင်း မြင်တွေ့ဖူးသည်ဖြစ်သည်။
ဤဖြူဖျော့သောခေါင်းတလားအား သူမြင်တွေ့ပြီးသိပ်မကြာခင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က မနေနိုင်ဘဲ သူ၏ကိုယ်အတွင်းမှပျံသန်း ထွက်လာခဲ့သည်ဖြစ်သည်။
ထို့နောက် ခေါင်းတလားက အသက်ဝင်လာပုံရပြီး အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့်စတင်ပြင်းထန်စွာထိပ်တိုက်တွေ့၏။ ရလဒ်အနေဖြင့်တစေ္ဆသင်္ဘောက မှောက်သွားပြီး ဧရာမတွင်းနက်ကြီးတစ်ခု ကိုဖန်တီးခဲ့သည်။
အဆုံးသတ်၌ ခေါင်းတလားက အမှောင်ထုဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်ဖြစ်သည်။၎င်းက ဤနေရာ၌ရှိနေဆဲဖြစ်မည်ဟု မည်သူကများ ထင်ထာပါမည်နည်။ ဤနတ်ဘုရားအဆင့် ခေါင်းတလားက ဤအမှောင်ထုဟင်းလင်းပြင်အား မြှုပ်နှံရာနေရာအဖြစ် သူ၏သခင်ဖြစ်သူကို ကူညီပေးခြင်းများဖြစ်နိုင်မည်လော။
သို့သော်ရှစ်ဖုန့်အနေဖြင် ထိုအရာကိုဂရုစိုက်ခြင်းမရှိပေ။ ယခုဤနေရာ၌ ဤခေါင်းတလားဖြင့်မမျှော်လင့်ဘဲကြုံကြိုက်ရသောကြောင့် ဤနေရာမှထွက်ခွာရန်မျှော်လင့်ချက်ကိုရှစ်ဖုန့်အနေဖြင့် ခပ်ကြာကြာဆုပ်ကိုင်ထားနိုင်ပြီဖြစ်သည်။
ထို “ဆရာအိုကြီး” အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သူ၎င်းကိုခေါ်တိုင်း အဖက်မလုပ်မြဲရှိနေခဲ့သည်မဟုတ်လော။
ယခု ဤကဲ့သို့သောနတ်ဘုရားအဆင့်ခေါင်းတလားနှင့်ထပ်မံတွေ့ချိန်တွင် ဤသူတောင်းစားအနေဖြင့် ဆက်လက်ဂရုမစိုက်ဘဲနေနိုင်မည်လော။
ရှစ်ဖုန့်က သူ့ဖာသာသူတိတ်တဆိတ်ပြောလိုက်သည်။
ယခုသူသည်လည်းအရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပေါ်လာသည့်ပုံစံအချို့ကို ဆုပ်ကိုင်မိပြီဖြစ်သည်။
ပုံမှန်အားဖြင့် ၎င်းအားမည်မျှပင်တွေ့ချင်နေပါစေ ၎င်းကသူ့အား လျစ်လျှူရှုထားပြီး ကိုယ်ထင်မပြတတ်ပေ။
သို့သော်ရှေးဟောင်းအရာဝတ္ထု သို့မဟုတ် ရှေးဟောင်းနတ်ဘုရားအဆင့်အရာဝတ္ထုတစ်ခုတစ်ကြိမ်ပေါ်လာသည်နှင့် ၎င်းမှာ စိတ်အေးလက်အေး မနေနိုင်တော့သည့်ပုံရသည်။
ဥပမာ သွေးပန်းခက်မျိုးနွယ်၏ မြင့်မြတ်ဓား၊ကျိလီမြွေနတ်ဘုရား၏ကိုယ်ပွား၊နတ်ဆိုး၏ အပေါ်အလတ်ဖျက်ထားသော ခန္ဓာကိုယ်၊မျက်လုံးနတ်ဆိုးမျိုးနွယ်၏ မျက်လုံး၊ သွေးပန်းခက်မျိုးနွယ်ဝင်သက်ရှိ၊ ဤခေါင်းတလားနှင့် လင်မိသားစု၏ခေါင်းဆောင်ဖြစ် သောလင်ဟွင်းထုတ်ယူခဲ့သည့် မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း တို့ဖြစ်သည်။
သို့သော် ၎င်းမှာ အကြွင်းမဲ့ရာနှုန်းပြည့်တော့ဟုတ်ပုံမရပေ။ ဥပမာ ကောင်းကင်မီးတောက်နှင့်သူ မမျှော်လင့်ဘဲကြုံကြိုက်ချိန်တွင် ၎င်းကပေါ်မလာခဲ့ပေ။
ဖျောင်ရှဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ဖျောင်ရွှယ်ယွဲ့တစ်ယောက် သေခြင်းကောက်ရိတ်တံစဉ်အဖြစ် ဆင့်ကဲမပြောင်းလဲသေးသော လပြည့်ဓားအား ထုတ်ယူချိန်၌ လည်း မပေါ်လာခဲ့ပေ။
သို့သော်မကြာခင်တွင် ရှစ်ဖုန့်မှာ သူ၏စိတ်ထဲမှ ဤအတွေးများကို မောင်းထုတ်လိုက်သည်။ သူ၏မျက်လုံးတို့က အကွာအဝေးတစ်ခုရှိရေခဲအတွင်း၌ရှိနေသော ဖြူဖျော့သည့်ခေါင်းတလားထံသို့ ထပ်မံကျရောက်သွားသည်။
ဤဖြူဖျော့သောခေါင်းတလားက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား မီးစပျိုးပေးနိုင်သည်ဖြစ်စေ မပျိုးပေးနိုင်သည်ဖြစ်စေ သူတစ်ချက်တော့ကြိုးစားကြည့်ရ မည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်ဤကဲ့သို့အသက်မဲ့သော အမှောင်ထု အာကာသအတွင်း၌ သူ၏တစ်ဘဝလုံး သေဖို့အတွက် စောင့်စားပြီးမနေနိုင်ပေ။
အကယ်၍ ခေါင်းတလားနားသို့သူချဉ်းကပ်ပြီးသည့်တိုင် ထို “ဆရာသမားကြီ” အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မပေါ်လာခဲ့လျှင် ဤနတ်ဘုရားအဆင့်ခေါင်းတလား၏ သတ်ဖြတ်ခြင်းကို သူခံရလိမ့်မည်ဖြစ်သည်။ သို့သော်ယင်းက ရှေ့သို့တစ်ချက်တိုးပြီးကြိုးစား ကြည့်မည့်ရှစ်ဖုန့်၏ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ပေ။
“လောင်ကျွမ်းစမ်း”
ရှစ်ဖုန့်က ထပ်မံအော်ပြောလိုက်ပြီး သူ၏ကိုယ်ပေါ်၌ သွေးနီရောင်မီးတောက်တို့ လောင်ကျွမ်းလာသည်။
ထို့နောက်ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင် သွေးနီရောင်မီးတောက်တို့က ရှေ့သို့သိမ်းကျုံးဦးတည်သွားသည်။
တောက်လောင်နေသောမီးတောက်တို့၏ဖျက်ဆီးမှုအောက်တွင် ရှေ့၌လမ်းကြောင်းတစ်ခုပွင့်လာသည်။ ထို့နောက်ရှစ်ဖုန့်က ရှေ့သို့ခြေချပြီး လျှောက်သွားလိုက်သည်။
ဤအချိန်တွင်ရှစ်ဖုန့်၏မျက်နှာက လေးနက်တည်ကြည်နေပြီး ရှေ့ရှိ ဖြူဖျော့သောခေါင်းတလားကို စိုက်ကြည့်နေသည်။
၎င်းကအသက်ရှိသည်ဖြစ်စေ သေသည်ဖြစ်စေ သို့မဟုတ် ဤသောက်နေရာမှထွက်နိုင်မနိုင်ဆိုသည်ကို ခဏနေလျှင် သိရလိမ့်မည်ဖြစ်သည်။
“နတ်ဘုရားအဆင့်စွမ်းအား”
နတ်ဘုရားနယ်ပယ်သို့ မဝင်ရောက်ခင်သူ့အနေဖြင့်ကိုယ်ပိုင်သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်၏နှလုံးသားထဲတွင် နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်အောင်နတ်ဘုရားအဆင့်စွမ်းအားကို တောင့်တမှုတို့ကမွေးဖွားလာသည်။
အကယ်၍သူ့၌သာ နတ်ဘုရားအဆင့်စွမ်းအားရှိနေခဲ့လျှင် လင်ဟွင်းအားလင်မိသားစုအတွင်းအရမ်းမောက်မာခွင့်ပြုလိမ့်မည်မဟုတ်ပေ။ သူအစွမ်းမဲ့နေချိန်သူ၏ညီမဖြစ်သူ ၎င်းတို့လက်ထဲသို့ကျရောက်သည်ကို ကြည့်နေရလိမ့်မည်မဟုတ်ပေ။
သူ့အနေဖြင်တွင်းနက်အတွင်း စုပ်ယူခံရလိမ့်မည်မဟုတ်ဘဲ ဤသောက်နေရာစုတ်သို့လာပြီးထွက်မခွာနိုင်ဘဲနေရလိမ့်မည်မဟုတ်ပေ။
သေလူတစ်ယောက်ကိုသာ သိုလှောင်ထားသော ခေါင်းတလားတစ်ခုကို ရင်ဆိုင်ပြီးစပ်စုနေရလိမ့်မည်မဟုတ်ပေ။
ကောင်းကင်မီးတောက်က အေးစက်သော ရေခဲများအား ဖျက်ဆီးပစ်ပြီး ရှစ်ဖုန့်က ရှေ့သို့ဆက်လက်လျှောက်လှမ်းနေ၏။ ဤအခိုက်အတန့်တွင် သူက ခေါင်းတလားနှင့်နီးကပ်သည် ထက်နီးကပ်လာပြီဖြစ်သည်။ လှမ်း၍ကြည့်လိုက်မည်ဆိုလျှင် သူက မီတာတစ်ရာအကွာအဝေးသာ ရှိတော့သည်ဖြစ်သည်။
မကြာခင်ငါးဆယ်မီတာသို့ရောက်လာသည်။
မီတာလေးဆယ်။
မီတာသုံးဆယ်။
ရှစ်ဖုန့်က ခေါင်းတလားနှင့်မီတာသုံးဆယ်အကွာအဝေးသို့ရောက်သောအချိန်တွင် ရုတ်ခြည်း ရှေ့မှပြင်းထန်သောအက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
ဤသည်ကား ခေါင်းတလားမှထုတ်လွှတ်သော ပြင်းထန်စွာတုန်ခါနေသည့် ရေခဲသံများဖြစ်သည်။
ရှစ်ဖုန့်မှာ ပြင်းထန်သောအသံအားကြားလိုက်ရသောအခါတွင် သူ၏ နှလုံးကရုတ်ခြည်းခုန်လာသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE