← Chapters

အခန်း (၉၁၀)

Vol. 61 Ch. 910

အခန်း (၉၁၀)

Vol. 61 Ch. 910

“ဝုန်း”

“ဝုန်း”

“ဝုန်း”

“ဝုန်း”

အကန့်သတ်မဲ့သောအမှောင်ထုအာကာသအတွင်းတွင် ရွှေရောင်အလင်းလုံးနှင့် ဖြူဖျော့သောအဖြူရောင်ခေါင်းတလားတို့က ရုတ်ခြည်းတစ်ခုနှင့်တစ်ခု ပစ်ဆောင့်ကြပြီး တစ်ခုနှင့်တစ်ခုလှုပ်ခတ်စေကာ ထို့နောက်တွင်တစ်ဖက်နှင့်တစ်ဖက် ထပ်မံပြင်းထန်စွာထိပ်တိုက်တွေ့ကြသည်။

ရှစ်ဖုန့်မှာ မီတာတစ်ရာအကွာအဝေးရှိ အမှောင်ထုဟင်းလင်းပြင်ထဲ၌ ဆက်လက်မတ်တပ်ရပ်နေဆဲဖြစ်ပြီး အုံကြွနေသောအာကာသဓာတ်တို့၏ မစဲသော သက်ရောက်မှုတို့ကို ခုခံနေသည်။သူ၏ စိတ်ကသူ့ရှေ့ရှိနတ်ဘုရားအဆင့်အရာဝတ္ထုနှစ်ခုကြားရှိ ပြင်းထန်သောတိုက်ပွဲကို အာရုံစူးစိုက်ထားသည်။

အကြမ်းပတမ်းခံသောဤအာကာသက တကယ့်ကို ပြင်ပကမ္ဘာဖြစ်သော ထျန်းဟန်တိုက်ကြီးနှင့်ကွဲပြားသည်ဖြစ်သည်။ အကယ်၍ သူတို့သာ ပြင်ပကမ္ဘာထဲ၌ရှိနေလျှင် နတ်ဘုရားအဆင့်အရာဝတ္ထုနှစ်ခုကြားရှိ ပြင်းထန်စွာထိပ်တိုက်တွေ့ဆုံထိမှန်မှုကြောင့် သူတို့ရှေ့ရှိဟင်းလင်းပြင်က အစိတ်စိတ်အမွှာမွှာကွဲသွားလိမ့်မည်ဖြစ်ပြီး ဧရာမမှောင်မိုက်သောဟင်းလင်း ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏အာရုံက နတ်ဘုရားအဆင့်အရာဝတ္ထုနှစ်ခုကြားရှိ ထိပ်တိုက်တွေ့မှုအား ဆက်လက်စူးစိုက်ထားသည်။ အမွှေးတိုက်တစ်တိုက်စာလောင်ကျွမ်းသည့်အချိန်လောက်ကုန်ဆုံးသွားအချိန်ရောက်မှသာ စင်တီမီတာတစ်ဒါဇင်ခန့်ရှိသော အာကာသအက်ကွဲကြောင်း တစ်ခုပေါ်လာသည်။

သို့သော်ဤအာကာသအက်ကွဲကြောင်းက ပြင်ပကမ္ဘာနှင့်ကွဲပြားသည်ဖြစ်ပြီး ဤအက်ကွဲကြောင်းက အလိုအလျောက်သူ့ဖာသာသူ ဖြည်းညှင်းစွာပြန်လည်ပြင်ဆင်နေသည်။

ဤနတ်ဘုရားအဆင့်အရာ ဝတ္ထုနှစ်ခုကတကယ်ကြီး အာကာသအားအစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်နိုင်သောကြောင့်ရှစ်ဖုန့်အနေဖြင့် အာကာသအက်ကွဲကြောင်းပို၍ကြီးမားသည်ထက်ကြီးမားလာသည်ကိုသာစောင့်ဆိုင်းနေသည်။ထိုမှသာ သူလွတ်မြောက်နိုင်မည်ဖြစ်သည်။

သို့သော်ဤခေါင်းတလားက နောက်ဆုံးအချိန်ကကဲ့သို့ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့်တိုက်ခိုက်ခြင်းအား ရုတ်ခြည်းလက်လျော့မသွားစေရန်ရှစ်ဖုန့်မျှော်လင့်နေရသည်။

အကယ်၍ ၎င်းက လက်လျော့ပြီး ထွက်ပြေးမည်ဆိုလျှင်တောင် ၎င်းအနေဖြင့်သူ့ကိုထွက်ပြေး လွတ်မြောက်စေနိုင်သော အာကာသအက်ကွဲကြောင်းတစ်ခုအား ဖန်တီးပြီးသည်အထိစောင့် ဆိုင်းရမည်ဖြစ်သည်။

အချိန်ကဖြည်းညှင်းစွာကုန်ဆုံးနေသည်။ ရှစ်ဖုန့်က အုံကြွနေသောအာကာသဓာတ်တို့၏ သက်ရောက်မှုအား ဆက်လက်ခုခံနေစဉ် သူ့ရှေ့ရှိ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့် အဖြူရောင်ခေါင်းတလားတို့မှာဘယ်တော့မှမရပ်တန့်တော့သကဲ့သို့ ပြင်းထန်စွာထိပ်တိုက်တွေ့နေကြဆဲဖြစ်သည်။

သို့သော်ယခုအခါတွင် အရာဝတ္ထုနှစ်ခု၏ ပစ်ဆောင့်မှုကြောင့် တံခါးတစ်ချပ်စာအရွယ်အစားရှိသော အာကာသအက်ကွဲကြောင်း တစ်ခုဖြစ်ပေါ်နေပြီဖြစ်သည်။ ဤအာကာသအက်ကွဲကြောင်းက သူသာအလိုရှိလျှင် ထွက်ပြေးရန်အတွက်လုံလောက် သည်ဖြစ်သည်။

သို့သော်လမ်းကြောင်းကဖြစ်ပေါ်လာ သည့်တိုင် ရှစ်ဖုန့်အနေဖြင့် ၎င်းအနားသို့ချဉ်းကပ်ရဲခြင်းမရှိပေ။ ရူးသွပ်ပေါက်ကွဲနေသော အရာနှစ်ခုကြားရှိ ပစ်ဆောင့်မှုက မရပ်တန့်သေးပေ။ အကယ်၍သူသာတကယ်သွားခဲ့လျှင် အရာဝတ္ထုနှစ်ခုကြားပစ်ဆောင့်မှုမှထွက်ပေါ်လာသည့် စွမ်းအင်ကြောင့် သူ့အား ပြာဖြစ်သွားစေရန်လုံလောက်စေသည်ဖြစ်သည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကအတိတ်တုံးကသူအား ကာကွယ်ပေးခဲ့သော်လည်း “ဤဘိုးတော်အိုကြီး”က ဤတစ်ကြိမ်သူ့အားတမင်တကာ ဂရုမစိုက်ဘဲနေလျှင်မည်သို့လုပ်မည်နည်း။

ထိုအခါသူ့နေဖြင့် ဘာမှမပြောလိုက်ရဘဲ ပြာအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်စွန့်စားမှုတစ်ခုအားမရယူချင်ပေ။

ထိုထက်ပိုသည်ကား သူ၏သိုလှောင်လက်စွပ်အတွင်း၌ များပြားသော ကမ္ဘာဦးကျောက်တုံးများနှင့် ဆေးလုံးများရှိနေသေးသည်ဖြစ်သည်။ သူ့အနေဖြင့်၎င်းတို့အားအုံကြွနေသော အာကာသဓာတ်များကိုခုခံရန် အသုံးပြုနိုင်ပြီးအချိန်တိုတစ်ခုအထိကုန် ဆုံးလိမ့်မည်မဟုတ်ပေ။

ဤနေရာမှထွက်ခွာရန်မျှော်လင့်ချက်တစ်ခုအားတွေ့ထားပြီဖြစ်သောကြောင်လုံခြုံသောအခြေအနေတစ်ရပ်တွင်ရှိ ခြင်းက ပို၍ကောင်းမွန်သည်ဖြစ်သည်။ နတ်ဘုရားအဆင့်ပစ္စည်းနှစ်ခုကတစ်ခုနှင့်တစ်ခု ပြင်းထန်စွာဆက်လက်ထိခတ်နေကြသည်။ ၎င်းတို့အနေဖြင့် စွမ်းအင်များအဆက်မပြတ်ကုန်ဆုံး နေသောကြောင့် ၎င်းတို့ရပ်တန့်မည့်အချိန်တစ်ခုရောက်ရှိလာလိမ့်မည်ဖြစ်သည်။

မည်သည့်အလင်းရောင်မှမရှိသည့်ဤမှောင်မိုက်သောကမ္ဘာအတွင်းတွင် အချိန်တို့ကလျှင်မြန်စွာကုန်ဆုံးနေသည်။ ဤပြင်ပကမ္ဘာ၌ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ရှစ်ဖုန့်မသိပေ။

အချိန်တော်တော်ကြာနေလောက်ပြီဖြစ် သော်လည်း လွန်စွာတိုတောင်းသောအချိန်တစ်ခုနှယ်ထင်မှတ်ရသည်။ သို့သော်သူတို့၏ရှေ့၌ ဧရာမတွင်းနက်ကြီးတစ်ခုပေါ်လာ သောကြောင့်ယင်းက အချိန်တော်တော်ကြာနေခဲ့ပြီဖြစ်သည်ကို သက်သေပြနေသည်။

“နောက်ဆုံးတော့မင်းဆုတ်ဖို့အဆင် သင့်ဖြစ်ပြီလား. ဒီသောက်ခေါင်းတလား”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ နှလုံးကရုတ်တရက်ခုန်လာသည်။ ထို့နောက် သူ၏မျက်နှာထက်တွင် ပျော်ရွှင်သောအမူအယာတစ်ခုဖြစ်ပေါ် လာပြီး တီးတိုးရေရွတ်လိုက်သည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့် ခေါင်းတလားတို့က တစ်ခုနှင့်တစ်ခု ပြင်းထန်စွာပစ်ဆောင့်ပြီးနောက် ထပ်မံခွဲသွားသည်ကို တွေ့လိုက်ရသည်။ သို့သော်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကရပ်တန့်ပြီး ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် ခေါင်းတလားက ရည်ရွယ်ချက်ရှိရှိအရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား ရှောင်တိမ်းသကဲ့သို့နောက်သို့ ရုတ်ခြည်းဆုတ်ခွာပျံသန်းသွားသည်။

မျှော်လင့်ထားသကဲ့သို့ ဖြူဖျော့သောခေါင်းတလားက နောက်သို့ ဆက်လက်ပျံသန်းသွားပြီးနောက် တစ်ဟုန်ထိုးဆုတ်ခွာလိုက်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က နောက်သို့ လိုက်ဖမ်းသည်တောင် ၎င်းက နောက်သို့ ဆက်လက်ပျံသန်းဆုတ်ခွာနေဆဲဖြစ်သည်။

ဤအချိန်တွင် ဖြူဖျော့သောခေါင်းတလားမှာ၎င်းဘေးရှိဧရာမတွင်းနက်ကြီးထံသို့ တစ်ဟုန်ထိုး ဆုတ်ခွာသွားသည်။ မျက်စိတစ်မှိတ်အတွင်း၎င်းက တွင်းနက်ကြီးအတွင်းထပ်မံဝင် ရောက်သွားသည်။

၎င်းကထျန်းဟန်တိုက်ကြီး၌နှောက်ယှက်ခံရချိန်တွင် ဤအမှောင်ထုအာကာသအတွင်းသို့ ဝင်ရောက်ခဲ့သည်ဖြစ်သည်။ သို့သော် တူညီသောလူတစ်ယောက်နှင့်တူညီသော အရာတစ်ခုက ဤအမှောင်ထုအာကာသအတွင်း၌ နှောက်ယှက်ခြင်းကိုခံရမည်ဟုတော့ ၎င်းမမျှော်လင့်ထားခဲ့ပေ။ ၎င်းက ထွက်ခွာရန်ထပ်မံရွေးချယ်ရပြန်သည်။

သိပ်မကြာခင် ဖြူဖျော့သောခေါင်းတလားမှာ အာကာတွင်းနက်ကြီးအတွင်း ဝင်ရောက်သွားပြီး အမှောင်ထုထဲ၌ပျောက်ကွယ်သွား၏။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ခေါင်းတလားနောက်သို့လိုက်ဖမ်းပြီးနောက် နောက်ဆုံးတွင်ပျောက်ကွယ်သွားသောခေါင်းတလားနောက်ကောက်ကောက်ပါအောင် လိုက်ခြင်းမှရပ်တန့်လိုက်သည်။ ထို့နောက် ၎င်းကတစ်ဟုန်ထိုးနောက်ပြန်ပျံသန်းလာပြီး ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ ရှစ်ဖုန့်ထံသို့ ရွှေရောင် ဥက္ကာပျံတစ်ခုကဲ့သို့ ပစ်ဝင်ရောက်လာသည်။

“ကောင်းလိုက်တာ ..နောက်ဆုံး ငါအထွက်သွားလို့ရပြီ”

ရှစ်ဖုန့်က သူ့ထံသို့လာရောက်ထိမှန်သည့် အာကာသစွမ်းအင်အတက်အကျတို့ကို စွမ်းအားသုံးကာ ခုခံလိုက်သကဲ့သို့ ခါးသက်စွာရယ်မောလိုက်သည်။အရင်လက်ဦးစွန့်စားကာစောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင်ဤနေရာမှထွက်ခွာနိုင်ပြီဖြစ်သည်။

ဤသောက်နေရာစုတ်သို့ ရှစ်ဖုန့်အနေဖြင့်နောက်တစ်ကြိမ် ပြန်လာမည်မဟုတ်ပေ။

ထို့နောက်ရှစ်ဖုန့်၏ ပုံရိပ်က ရုတ်တရက်လှုပ်ရှားသွားပြီး ရှေ့သို့ပစ်ဝင်သွားသည်။ တွင်းနက်ထံသို့ သူမရောက်ခင် ရွှေရောင်ဥက္ကာပျံကဲ့သို့သော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က လည်းသူ့ထံသို့ ပစ်ဝင်လာပြီးဖြစ်သည်။ ထို့နောက်ရပ်တန့်ခြင်းမရှိဘဲ သူနှလုံးထံသို့တိုက်ရိုက်ဝင်ရောက် သွားပြီးယခင်အတိုင်းပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်၏ပုံရိပ်ကလည်း လုံးဝရပ်တန့်ခြင်းမရှိပေ။ တွင်းနက်ကြီးနှင့်နီးကပ်လာသကဲ့သို့ ပို၍မြန်ဆန်စွာ လေကိုထိုးခွင်းပျံသန်းလိုက်သည်။

တွင်းနက်ကြီးကလည်းထူးဆန်းသောဖြစ်စဉ်တစ်ခုဖြစ်သည်။ ထျန်းဟန်တိုက်ကြီးအတွင်း၌သူရှိခဲ့စဉ်က တွင်းနက်ကြီး၌အားကောင်းသောစုပ်ယူဝါးမျိုအားတစ်ခုရှိသည်ကိုသူ ခံစားနိုင်ခဲ့သည်ဖြစ်သည်။

ဤနေရာ၌ပွင့်နေသော တွင်းနက်ကြီး၌လည်းအားကောင်းသော ဝါးမျိုအားတစ်ခုရှိနေသည်။ ရှစ်ဖုန့်၏ပုံရိပ်က တွင်းနက်ကြီး၏ အလယ်ဗဟိုသို့ လျှင်မြန်စွာပျံသန်းသွားပြီး ပြင်ပကမ္ဘာမှဖြစ်ပေါ်ပုံရသောဝါးမျိုစွမ်းအားကိုခံစားလိုက်သည်။ ဤအကြိမ်တွင်ရှစ်ဖုန့်ကလုံးဝခုခံခြင်းမရှိဘဲ ဝါးမျိုစွမ်းအားအား သူ၏ ခန္ဓာကိုယ်ကိုဝါးမျိုခွင့်ပေးလိုက်သည်။

ရှစ်ဖုန့်၏ပုံရိပ်က တွင်းနက်ကြီးအတွင်းလျှင်မြန်စွာစုပ်ယူခံလိုက်ရပြီး အားကောင်းသောစုပ်ယူအားနှင့်အတူ တစ်ဟုန်ထိုးလိုက်ပါစီးမျောပျံသန်းသွားသည်။ သူ၏ဘေးပတ်ဝန်းကျင်ကလည်း အမှောင်ထုအာကာသအတွင်းတူညီစွာ ရှိနေဆဲဖြစ်ပုံရသည်။ အလင်းလုံးဝမရှိဘဲ အုံကြွနေသာစွမ်းအင်များက သူ၏ကိုယ်ကို အဆက်မပြတ်ထိမှန်နေသည်။

ဖြည်းဖြည်းချင်း သူ၏ကမ္ဘာသို့ဦးတည်နေသည့် ပေါက်ကွဲဖြစ်ပေါ်ပွင့်လာသောအာကာသအက်ကွဲကြောင်းကို ရှစ်ဖုန့်စတင်သံသယရှိလာသည်။

ပြောရလျှင် ရှစ်ဖုန့်၏သံသယက အစောပိုင်းလေးကဖြစ်သည်။ သူထျန်းဟန်တိုက်ကြီးအတွင်းရှိနေစဉ်က အာကာသပွင့်ပွင့်ထွက်သွားပြီးဤနေရာသို့ စုပ်ယူခံခဲ့ရသည်ဖြစ်သည်။

ပင်ကိုယ်အားဖြင့် ဤအာကာသအတွင်းပွင့်လာသော အမှောင်ထုတွင်းနက်ကြီးမှ သူ၏ကမ္ဘာသို့ ပြန်နိုင်မည်ဟုသူထင်ခဲ့သည်။

သို့သော်ဤသည်ကား သူ၏ ကိုယ်ပိုင်ယုံကြည်မှုတစ်ခုသာဖြစ်၏။

ယခုကရှစ်ဖုန့်အနေဖြင့် အကန့်သတ်မဲ့သော အမှောင်ထုအတွင်း၌ရှိနေဆဲဖြစ်သည်။ သူက အားကောင်းသောစုပ်ယူစွမ်းအား၏ စုပ်ယူခြင်းကိုခံနေရဆဲဖြစ်သည်။ တစ်ခုခုမှားယွင်းနေပြီဟု ရှစ်ဖုန့်သံသယဝင်လာ၏။

ဤအာကာအက်ကွဲကြောင်းတွင်းနက်ကြီး နောက်ထပ်အမှောင်ထုအာကာတစ်ခုဖြစ်ပြီး သူလုံးဝပြင်ပကမ္ဘာသို့ မပြန်နိုင်တော့မည်လော။

အကယ်၍ထိုသို့သာဆိုလျှင် အရမ်းကိုစိတ်ပျက်ဖို့ကောင်းသွားလိမ့်မည်ဖြစ်သည်။ မျှော်လင့်ချက်ကြီးမားလေ စိတ်ပျက်စရာပိုကောင်းလေဖြစ်သည်။ ယခု ယခင်ကကဲ့သို့မှောင်မိုက်သောအာကာသအား သူမြင်တွေ့နေရဆဲဖြစ်သည်။ ရှစ်ဖုန့်မှာပို၍ပို၍စိုးရိမ်ပူပန်လာသည်။

သူ့အနေဖြင့်ဤအရာအားလွန်စွာလက်သင့်မခံလိုပေ။

“ဒီနေရာမှာ အသက်ဓာတ်ရှိတယ်”

ရုတ်ခြည်းရှစ်ဖုန့်၏ကိုယ်က ပြင်းထန်စွာတုန်ယင်သွားသည်။ သူ၏ပုံရိပ်က အားကောင်းသောစုပ်ယူဝါးမျိုအားနှင့်အတူ ဆက်လက်ပျံသန်းနေဆဲဖြစ်သည်။ ရုတ်တရက် ဤအမှောင်ထုအတွင်းစီးဆင်းနေသောအသက်ဓာတ်ချီကို သူခံစားလိုက်ရသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters