← Chapters

အခန်း (၉၁၁)

Vol. 61 Ch. 911

အခန်း (၉၁၁)

Vol. 61 Ch. 911

“ကမ္ဘာဦးချီ”

စိုးရိမ်ပူပန်နေသောရှစ်ဖုန့်မှာ ကမ္ဘာဦးချီအား အာရုံခံမိချိန်တွင် ရုတ်ခြည်း ပြန်လည်လန်းဆန်းရွှင်ပျလာသည်။

ရှေ့မှလာနေသော ကမ္ဘာဦးချီကို သူရှင်းလင်းစွာအာရုံခံနိုင်ပြီး အားကောင်းသောစုပ်ယူအားကြောင့်သူက ကမ္ဘာဦးချီရှိရာဘက်သို့ တစ်ဟုန်ထိုးပျံသန်းနေခဲ့သည်ဖြစ်သည်။

သူကရှေ့သို့ပျံသန်းနေသကဲ့သို့ သူ့ဝန်းကျင်၌စီးဆင်းနေသည့် ပိုအားကောင်းလာသော ကမ္ဘာဦးချီကို အာရုံခံနိုင်သည်ဖြစ်သည်။

“ဒီမှာ ကမ္ဘာဦးချီရှိတယ်. ဒါကမမှားနိုင်ဘူး. ငါ့ရှေ့မှာပြင်ပကမ္ဘာပဲဖြစ်ရမယ်”

ရှစ်ဖုန့်၏ မျှော်လင့်ချက်က ပြန်လည်အသက်ဝင်လာသည်။ သူ၏ကိုယ်ကအဖြူရောင်အလင်းတစ်ခု အဖြစ်ပြောင်းလဲသွားပြီး အားကောင်းသောဝါးမျိုစုပ်ယူအားအတွင်း ပို၍မြန်ဆန်သောအမြန်နှုန်းဖြင့် ရှေ့သို့ပျံသန်းလိုက်သည်။

ရှစ်ဖုန့်၏ပုံရိပ်က ရုတ်ခြည်းတွင်းနက်ကြီးအတွင်းမှ အဖြူရောင်ဥက္ကာပျံတစ်ခုကဲ့သို့ ပျံသန်းထွက်လာသည်။ အားကောင်းသော စုပ်ယူဝါးမျိုအားက ချက်ချင်းပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

ရှစ်ဖုန့်၏ ပျံသန်းနေသောပုံရိပ်က ရုတ်ခြည်းရပ်တန့်သွား၏။ သူ၏ကိုယ်ပေါ်မှ အဖြူရောင်အလင်းက လည်းမှေးမှိန်ပျောက်ကွယ်သွားပြီး ကြော့ရှင်း သော အဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ကမှောင်မိုက်နေဆဲဖြစ်သော်လည်း သိပ်သည်းပြီးခမ်းနားသောတလိပ်လိပ်ထနေသည့် ယွမ်ချီတို့ကိုရှစ်ဖုန့် ခံစားနိုင်သည်ဖြစ်သည်။ သူ၏ခေါင်းကို မော့ကာကောင်းကင်ထဲသို့ကြည့်လိုက်ပြီး ညကောင်းကင်ယံထဲ၌ ပြည့်နှက်နေသော လင်းလက်နေသည့် ကြယ်များကို ချက်ချင်းရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။

ကောင်းကင်ထဲရှိကြယ်များက သူနှင့်အရမ်းနီးကပ်နေပြီး သူ၏လက်တို့ဖြင့်ပင်၎င်းတို့အားထိနိုင်သကဲ့သို့ ရှစ်ဖုန့်ခံစားရသည်။ ကောင်းကင်ထဲရှိ ကြယ်များအားကြည့်ရင်းယခင်ကသူလုံးဝမခံစားဖူးသော နွေးထွေးမှုတစ်ခု ကို သူခံစားလိုက်ရသည်။

“ဟားဟား.ငါပြန်လာပြီကွ.. နောက်ဆုံးတော့ဒီသောက်နေရာ စုတ်ကထွက်လာပြီး ထျန်းဟန်တိုက်ကြီးပေါ်ငါပြန်ရောက်လာပြီ.ဟားဟား.ဟားဟားဟားဟား”

ရှစ်ဖုန့်မထိန်းနိုင်ဘဲကောင်းကင်သို့မော့၍ ဟက်ဟက်ပက်ပက်ကို ရယ်မောပစ်လိုက်သည်။

ယခု သူ ဤသောက်နေရာစုမှထွက်နိုင်အောင် လုံလောက်စွာကံကောင်းခဲ့သည်ဖြစ်၍ မည်ကဲ့သို့ရှစ်ဖုန့်တစ်ယောက်စိတ်မလှုပ်ရှားဘဲနေပါမည်နည်း။

“ရဲတင်းလိုက်တာ. မင်းကဘယ်သူလဲကွ.. စပါးအုံးနဂါးမျိုးနွယ်စုရဲ့ ကောင်းကင်ထဲ ငြိမ်းချမ်းမှုကို ဘယ်လိုတောင်နှောက်ယှက်ရဲတာလဲ”

ထို့နောက်အားကောင်းသော အော်ရာတစ်ခုပေါ်လာသည်။

“အမ်”

ရှစ်ဖုန့်မျက်မှောင်ကြုတ်ပြီးအောက်သို့ကြည့်လိုက်သည်။ သူ၏အောက်တွင် ကိုယ်တစ်ပိုင်းဗလာနှင့်သားရဲအရေပြားကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိနေသည်။ ၎င်းက ခမ်းညားပြီး ထည်ဝါသောအသွင်ရှိ၏။

သူ၏တစ်ကိုယ်လုံးက မီး၊ရေ၊လျှပ်စီးတို့ မထိရောက်နိုင်သော ကြမ်းတမ်းသည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ ကြီးမားသော အနီရောင် စပါးအုံး တစ်ကောင်ကသူ၏ခါးတွင်ရစ်ခွေနေသည်။ ၎င်းက တကယ်ကြီး ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ် ဖြစ်နေသည်။

ရှစ်ဖုန့်အတွက်လွန်စွာထူးဆန်းနေသော အရာကား သူ့ထံသို့တစ်ဟုန်ထိုးပျံသန်းလာနေသည့် ဤတုတ်ခိုင်သန်မာသောလူ၏ ကျင့်ကြံမှုနယ်ပယ်အား သူဖြတ်မမြင်နိုင်ခြင်းပင်ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် ဤတုတ်ခိုင်သန်မာသောသူကသိုင်းနယ်ပယ်အားတစ်ခါမှမကျင့်ကြံဖူးသကဲ့သို့ဖြစ်သည်။

“သူကနတ်ဘုရားအဆင့်ကျွမ်းကျင်သူ တစ်ယောက်များဖြစ်နေနိုင်မလား”

ရှစ်ဖုန့်၏နှလုံးကတစ်ချက်ခုန်သွားပြီး သူ၏မျက်နှာထက်၌လွန်စွာရှုံ့မဲ့မှု တစ်ခုဖြစ်ပေါ်လာသည်။

ထို့နောက်သက်လတ်ပိုင်းအရွယ်လူပေါ်လာသောအောက်ဘက်မှ ဒါဇင်နှင့်ချီသောပုံရိပ်များကို သူမြင်တွေ့လိုက်ရသည်။ ဤပုံရိပ်များအားလုံးက သက်လတ်ပိုင်းအရွယ်လူကဲ့သို့ပင် သားရဲအရေပြားများကို ဝတ်ဆင်ထားပြီး ၎င်းတို့၏ခါး၌ အရောင်ကွဲပြားသော ကြီးမားသည့်မြွေများရှိနေသည်။ ရှစ်ဖုန့်အနေဖြင့်၎င်းတို့၏ကျင့်ကြံမှုအား ထွင်းဖောက်မမြင်နိုင်ပေ။

“ငါနားလည်ပြီ”

ဤလူများ၏အော်ရာများကိုခံစားရင်း ရှစ်ဖုန့်၏မျက်နှာက နားလည်သဘောပေါက်သော အမူအယာတစ်ခုပြောင်းလဲဖြစ်ပေါ်သွားသည်။ သူကပြောလိုက်သည်။

“ဒီလူတွေ. သူတို့က သိုင်းနယ်ပယ်ကိုလုံးဝမကျင့်ကြံဖူးကြဘူး. သူတို့က ကာယခန္ဓာကိုယ်တစ်ခုတည်းကိုပဲကျင့်ကြံထားကြတာ”

ဤအရာအားလုံးအားနားလည်ပြီးနောက် ရှစ်ဖုန့်၏တင်းကျပ်နေသော နှလုံးသားကလည်းပြေလျော့သွားသည်။

သူ့အနေဖြင့်ယခုမည်သည့်နေရာ၌ရှိနေသည်ကို မသိသောကြောင့် ဤလူရိုင်းအသွင်ရှိသော လူများကိုသာ မေးမြန်းရန်တက်နိုင်သည်။ သို့သော် ၎င်းတို့ကရင်းနီးဖော်ရွေပုံမရှိသောကြောင့် သူ့အနေဖြင့် ၎င်းတို့ကို အရင်ဆုံးအနိုင်ယူရမည်ဖြစ်သည်။

သို့သော်ဤလူရိုင်းများကသူ့အား မရိုးရှင်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ အထူးသဖြင့် ထိပ်ဆုံးမှတစ်ဟုန်ထိုးလာနေသော သက်လတ်ပိုင်းအရွယ်လူပင်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏ကိုယ်ကရုတ်ခြည်း လှုပ်ရှားသွားသည်။ အောက်သို့ ခေါင်းကို ဦးတည်ကာ တစ်ဟုန်ထိုးလာနေသောသက်လတ်ပိုင်းအရွယ်လူနှင့်တွေ့ဆုံရန်ထိုးဆင်းလိုက်သည်။

ရှစ်ဖုန့်ကသူ၏ ညာလက်သီးအား ကျစ်နေအောင်ဆုပ်လိုက်ပြီး ၎င်းထဲသို့စွမ်းအားအကုန်ကူးပြောင်းလိုက်သည်။ ရှစ်ဖုန့်၏ ညာလက်သီး၌ရုတ်ခြည်းတောက်ပသော အဖြူရောင်အလင်းတစ်ခုလင်းလက်တောက်ပလာသည်။

မကြာခင် တစ်ဟုန်ထိုးတက်လာသော လူက ရှစ်ဖုန့်၏အောက်သို့ရောက်လာသည်။ သူကလည်းလက်သီးကို တင်းနေအောင်ဆုပ်လိုက်ပြီး ထိုးဆင်းလာနေသောရှစ်ဖုန့်ထံသို့ ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။

“ငရဲဘုံလက်သီး”

ဤအချိန်တွင်ရှစ်ဖုန့်က အော်ပြောလိုက်သည်။ သူကလည်း သက်လတ်ပိုင်းအရွယ်လူထံပြင်းထန်သောလက်သီးတစ်လုံးကိုပစ်သွင်းလိုက်သည်။

“ဘန်း”

လက်သီးနှစ်ခုက ပစ်ဆောင့်သွားပြီး စွမ်းအားကြီဂ စွမ်းအင်နှစ်ခုကို ထိပ်တိုက်တွေ့ဆုံထိမှန်ကာ မိုးချုန်းသံကဲ့သို့ မြည်ဟိန်းသံတစ်ခုကိုဖန်တီးလိုက်သည်။ ဤအချိန်တွင်ရှစ်ဖုန့်၏မျက်နှာထက်၌ ရှုံ့မဲ့သောအမူအယာတစ်ခုကို ရုတ်ခြည်းပြသလာသည်။ သူ့ဖာသာသူပြောလိုက်၏။

“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကာယခန္ဓာကိုယ်”

ထိုထက်ပိုသည်ကား ဤလူပိုင်ဆိုင်သောခွန်အားမှာ သာမန်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပိုင်ဆိုင်သော အရာမဟုတ်သည်ကို ရှစ်ဖုန့် အာရုံခံမိသည်။

ထျန်းဟန်တိုက်ကြီးတွင် သာမန်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ရှစ်ဖုန့်၏စွမ်အားအကုန်တိုက်ခိုက်မှုအောက်၌ ခုခံရပ်တည်နိုင်စွမ်းမရှိပေ။ သို့သော် ဤလူရိုင်း၏ခွန်အားက သူ့နှင့်တကယ်ကြီး လက်ရေညီနေသည်။

ထျန်းဟန်တိုက်ကြီးတွင် မည်သည့်အချိန်ကများ ဤကဲ့သို့ လူတစ်ယောက်ပေါ်လာပါသနည်း။ ထိုထက်ပိုသည်ကား ၎င်းအနေဖြင့် ကာယခန္ဓာကိုယ်ကိုယ်သာ ကျင့်ကြံထားခြင်းဖြစ်သည်။

ယခင်ကဤကဲ့သို့သောလူတစ်ယောက်ကို ရှစ်ဖုန့်လုံးဝမကြားဖူးပေ။

တစ်ချိန်တည်းတွင်ရှစ်ဖုန့်၏လက်သီးနှင့်ထိပ်တိုက်တွေ့ဆုံသော သက်လတ်ပိုင်းအရွယ်လူ၏ အမူအယာကလည်း ပြောင်းလဲသွားသည်။ သူကအော်ပြောလိုက်သည်။

“မင်းတကယ်ပဲငါ့လက်သီးကို တားနိုင်တာပဲ”

ထို့နောက်လူရိုင်းက သူ၏လက်သီးကိုရုပ်သိမ်းပြီး ထပ်မံထိုးနှက်လိုက်သည်။ သူကအော်ပြောလိုက်၏။

“ဟ”

တစ်ချိန်တည်းတွင်ရှစ်ဖုန့်က သူ၏လက်သီးကိုရုပ်သိမ်းလိုက်ပြီး ဆန်းကြယ်သောလက်ဝါးပုံစံဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ သူ၏လက်ဝါးအား သူ့ထံသို့ ထပ်မံလာနေသော တုတ်ခိုင်သန်မာသောလူ၏လက်သီးထံသို့ ရိုက်ထုတ်လိုက်၏။

“ဘန်း’

နောက်ထပ်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ နေရာတစ်ခုလုံး တုန်ခါသွားသည်။ ဤအကြိမ်တွင် ရှစ်ဖုန့်ရော သက်လတ်ပိုင်းအရွယ်လူပါ ၎င်းတို့၏ခွန်အားအသီးသီးကြောင့်နောက်သို့လွင့်ပျံသွားသည်။

ရှစ်ဖုန့်ကအပေါ်သို့လွင့်ပျံသွားကဲ့သို့ တုတ်ခိုင်သောလူကအောက်သို့ကျဆင်းသွားသည်။

“စီနီယာတပ်မှူး”

ဤအချိန်တွင် အောက်၌ရှိနေသာဒါဇင်နှင့်ချီသည့်လူများမှာ တုတ်ခိုင်သန်မာသောလူကတစ်စုံတစ်ယောက်ကြောင့် မြေပြင်ထက်သို့ပြန်လည်ကျဆင်းလာ သည်ကို တကယ်ကြီးမြင်တွေ့လိုက်ရသည်။ သူတို့က အံ့အားသင့်စွာဖြင့် အလျှင်အမြန်အော်ပြောလိုက်ကြ၏။

စီနီယာတပ်မှူး၏ခွန်အားကိုသူတို့သံသယမရှိပေ။ မျိုးနွယ်စုတစ်ခုလုံးတွင် သူက မျိုးနွယ်စု၏ခေါင်းဆောင်မှလွဲပြီး အသန်မာဆုံးထဲကတစ်ယောက်ဖြစ်သည်။

သူကအရမ်းစွမ်းအားကြီးသော်လည်း တစ်စုံတစ်ယောက်၏ခွန်အားကြောင့် တကယ်ကြီးနောက်ပြန်လွင့်သွားရသည်။ စီနီယာတပ်မှူး၏လက်သီးနှင့် ထိမှန်သွားသော လူကလည်းကောင်းမွန်သောအခြေအနေ၌တော့မရှိပေ။

“စွမ်းအားကြီးလိုက်တဲ့ကာယခန္ဓာကိုယ်. ငါ့ရဲ့ငရဲဘုံကိုးခု အမှောင်ခန္ဓာကိုယ်ကဒီကမ္ဘာမှာ အံ့ဖွယ်ကောင်းနေပြီလို့ငါထင်နေတာ. ငါ့ထက်ပိုပြီးတော်တဲ့တစ်စုံတစ်ယောက် အမြဲရှိနေလိမ့်မယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး. ဒီလူရဲ့ကာယခန္ဓာကိုယ်က ငါ့ရဲ့အမှောင်ခန္ဓာကိုယ်အထွတ်အထိပ်အခြေအနေမှာ ရှိနေစဉ်တုံးကနဲ့ နှိုင်းယှဉ်နိုင်တယ်”

နောက်သို့လွင့်ပျံနေသောရှစ်ဖုန့်မှာ တုန်လှုပ်အံ့အားသင့်စွာပြောလိုက်သည်။

“ဘာ”

ဤအချိန်တွင် ရုတ်ခြည်း သူ၏အောက်မှ များစွာသောပုံရိပ်များကပျံသန်းတက်လာသည်ကိုရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ဤလူများမှာ ဤနေရာသို့ သက်လတ်ပိုင်းအရွယ်လူနောက်မှ လိုက်ပါလာသောလူများဖြစ်ကြသည်။

“မင်းတို့အားလုံးရပ်ကြစမ်း. မင်းတို့ဒီလူကို မယှဉ်နိုင်ဘူး”

ပြုတ်ကျနေခြင်းရပ်တန့်သွားသော သက်လတ်ပိုင်းအရွယ်လူက ရုတ်တရက်သူ့ထက်မှလူအုပ်ကိုအော်ပြောလိုက်သည်။

“စီနီယာတပ်မှူး”

“စီနီယာတပ်မှူး”

“စီနီယာတပ်မှူး”

ပထမတပ်မှူး၏အော်သံအားကြားပြီးနောက် ပုံရိပ်များက လေထုအလယ်၌ရပ်လိုက်ကြပြီး ငုံ့ကြည့်လိုက်ကြသည်။

သက်လတ်ပိုင်းအရွယ်လူကတက်လာပြီး လူအုပ်အလယ်၌သက်တောင့်သက်သာရပ်လိုက်သည်။ သူက အထက်ရှိအဖြူရောင်ပုံရိပ်အား မော့ကြည့်လိုက်ပြီးအော်ပြောလိုက်သည်။

“မင်းကဘယ်သူလဲ. ဘာရည်ရွယ်ချက်နဲ့ ငါတို့ရဲ့ စပါးအုံးနဂါးမျိုးယ်စုကိုလာတာလဲ”

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters