← Chapters

အခန်း (၉၁၂)

Vol. 61 Ch. 912

အခန်း (၉၁၂)

Vol. 61 Ch. 912

“မင်းက ဘယ်သူလဲကွ.. ဘာလို့ ငါတို့ရဲ့စပါးအုံးနဂါးမျိုးနွယ်စုကို လာတာလဲ”

ရှစ်ဖုန့်က ပါးစပ်ကိုဖွင့်ဟ၍ပြောလိုက်သည်။

“ငါ့မှာဘယ်သူဘယ်ဝါဆိုတာက မင်းတို့အတွက်အရေးပါတဲ့ ကိစ္စမဟုတ်ဘူး.ဒါပေမဲ့ငါ့မှာမင်းတို့ကိုထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိဘူး.. ငါက ဖြတ်သွားရုံပဲ.. စကားမစပ်ဒါကထျန်းဟန်တိုက်ကြီးရဲ့ဘယ်အစိတ်အပိုင်းလဲ”

“ဒါကထျန်းဟန်တိုက်ကြီးရဲ့ ဘယ်ဒေသလဲတဲ့လား.ဒါက မြေရိုင်းတိုက်ကြီးရဲ့ စပါးအုံးနဂါးနယ်မြေပဲ.”

သက်လတ်ပိုင်းအရွယ်လူက ရှစ်ဖုန့်အား ထပ်မံအော်ငေါက်လိုက်သည်။

“မြေရိုင်းတိုက်ကြီးတဲ့လား”

ထူးဆန်းသောနမည်အားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်၏ နှလုံးခုန်မြန်သွားသည်။ ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို သူစဉ်းစား၍မသဲကွဲပေ။

အတိတ်တုံးတွင် ထျန်းဟန်တိုက်ကြီး၏ ဘေးဘက်များရှိအာကာသအတွင်း၌ အခြားသောတိုက်ကြီးများနှင့် အခြားသောသက်ရှိများ၊ကျွမ်းကျင်သူများ လည်းရှိလိမ့်မည်ဟု ရှစ်ဖုန့်သံသယရှိခဲ့၏။

ယခုတွင်းနက်ကြီးအတွင်းစုပ်ယူခံရကာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူ၏သံသယအား အတည်ပြုသွားခဲ့ပြီဖြစ်သည်။

မြေရိုင်းတိုက်ကြီး။ သူလုံးဝကြားဖူးခြင်းမရှိသောတိုက်ကြီးတစ်ခုသို့သူရောက်ရှိလာခဲ့သည်။ ဤနေရာ၌ရှိနေသောလူများမှာလည်း ထျန်းဟန်တိုက်ကြီးအတွင်း တစ်ခါမှမကြားဖူးပေ။

“မဟုတ်ဘူး. ဘာပဲဖြစ်နေပါစေ ငါပြန်သွားရမယ်.. ထျန်းဟန်တိုက်ကြီးကို ငါပြန်ရမယ်. လင်အာကလင်မိသားစု လက်ထဲမှာရှိနေသေးပြီး အခြားသူတွေဘယ်လိုနေလဲဆိုတာကိုလည်းငါမသိသေးဘူး”

သူရည်ညွှန်းသော “အခြားသူ”များမှာ သူ၏တပည့်များ၊ မြေးတပည့်များနှင့်တစ္ဆေစစ်သူကြီးရှစ်ဦး တို့ဖြစ်သည်။ ၎င်းတို့က တွင်းနက်ကြီးအတွင်းစုပ်ယူခံရစဉ် လင်မိသားစုအတွင်း၌ရှိနေဆဲဖြစ်သည်။

လင်မိသားစု၌ သူတို့အားသတ်နိုင်လုနီးပါးဖြစ်ခဲ့သောနတ်ဘုရားအဆင့်လက်နက်တစ်ခုရှိခဲ့သည်။ မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း ကပေါက်ကွဲသွားခဲ့သော်လည်းလင်မိသားစု၌ အခြားသောနတ်ဘုရားအဆင့်ပစ္စည်းများ ရှိနိုင်မရှိနိုင်ကိုမည်သူကသိနိုင်မည်နည်း။

ရှစ်ဖုန့်မှာ သူ၏ ညီမဖြစ်သူနှင့် အခြားသောသူများအတွက်စိုးရိမ်နေသည်။ ထျန်းဟန်တိုက်ကြီးသို့ပြန်သွားနိုင်ရန် လုပ်နိုင်သမျှအရာအားလုံးကိုသူလုပ်ဆောင်ရမည်ဖြစ်သည်။

“သူမကလည်းအရှေ့ပိုင်းဒေသကြီးကပဲ..သူက ငါပြန်လာပြီးသူမကို လက်ထပ်မှာကိုစောင့်နေခဲ့တာ”

ရှစ်ဖုန့်၏ စိတ်ထဲတွင် ပြိုင်ဘက်ကင်းမျက်နှာလေးနှင့် လှပသော အဖြူရောင်ပုံရိပ်လေးတစ်ခုက ထပ်မံပေါ်လာသည်။

သူ့၌ထျန်းဟန်တိုက်ကြီးသို့ပြန်ရန် အကြောင်းပြချက်တစ်ခုရှိသည်ဖြစ်သည်။

“မင်းတကယ်ပဲ စပါးအုံးနဂါးမျိုးနွယ်စု နယ်မြေကဖြတ်သွားရုံပဲဆိုရင် အမြန်ဆုံး ထွက်သွား”

သက်လတ်ပိုင်းအရွယ်လူကထပ်မံအော်ငေါက်လိုက်သည်။

သူ၏လေသံက အထက်စီးဆန်ကာ ငြင်းဆန်ခွင့်မပြုပေ။

“ထွက်သွား”

“ထွက်သွား”

“ထွက်သွား”

“ထွက်သွား”

ဤအခိုက်အတန့်တွင် အောက်ဘက်ရှိစပါးအုံးနဂါးမျိုးနွယ်စုမှ ကျင့်ကြံသူများကလည်းရှစ်ဖုန့်ထံအော်ပြောလိုက်ကြသည်။ ဤလူရိုင်းများက ဖော်ရွေပျူငှာမှုရှိပုံမပေါ်ပေ။

“အား. ထျန်းဟန်တိုက်ကြီး အခုမှသတိရပြီ. ဒီတော့ ဒီလိုနေရာတစ်ခုတကယ်ရှိတယ်ပေါ့”

ဤအချိန်တွင် အောက်ဘက်ရှိလူအုပ်ထံမှ နှစ်လိုဖွယ်ကောင်းသော အသံတစ်ခုကို ရှစ်ဖုန့်ကြားလိုက်ရသည်။

ဤအသံအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်ကြက်သေသေသွားသည်။ အောက်သို့သိမ်းကြုံးကြည့်လိုက်ပြီးနောက်ဆုံးတွင် အခြားသူများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ကျစ်လျစ်လှပသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။

ဤသည်ကား သားရဲအရေပြားတစ်ခုကို ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ဦးဖြစ်သည်။ သူမ၏ ဆံပင်ရှည်တို့က ပုခုံးထဲဝဲကျနေပြီး သူမ၏အသားအရည်ကဝါဂွမ်းရောင်ရှိသည်။ သူမက အရိုင်းဆန်မှုနှင့်ပြည့်နှက်နေ၏။

“သူ..သူက ထျန်းဟန်တိုက်ကြီးကိုခုဏကပြောလိုက်တယ်..သူကထျန်းဟန်တိုက်ကြီးကိုကြားဖူတာများဖြစ်နိုင်မလား. အကယ်၍သူသာထျန်းဟန်တိုက်ကြီး ကိုကြားဖူးရင် မြေရိုင်းတိုက်ကြီးကတစ်စုံတစ်ယောက်က အဲ့ကိုသွားဖူးပြီးပြန်ရောက်လာဖူးတယ်လို့ဆိုလိုတာပဲ”

“အဲ့လိုသာဆိုရင် ဒီကမ္ဘာမှာ ထျန်းဟန်တိုက်ကြီးနဲ့ဆက်သွယ်ထား တဲ့လမ်းကြောင်းတစ်ခုရှိရမယ်”

“ထျန်းဟန်တိုက်ကြီး. မင်းထျန်းဟန်တိုက်ကြီးကိုကြားဖူးလား.ဘယ်နေရာမှာမင်းကြားဖူးတာလဲ. “

ရှစ်ဖုန့်ကစိတ်လှုပ်ရှားစွာအော်ပြော လိုက်သကဲ့သို့ ရုတ်ခြည်း ထျန်းဟန်တိုက်ကြီးသို့ပြန်နိုင်သောမျှော်လင့်ချက်ရောင်ခြည်ရေးရေးလေးဖြစ် ပေါ်လာသည်။

လေထဲ၌ရပ်တန့်သောရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းထပ်မံထိုးဆင်းသွားပြီး လူအုပ်ထံဆင်းသက်သွားသည်။

“ဒီနေရာကထွက်သွားစမ်း”

ဤအချိန်တွင် လူအုပ်က စီနီယာတပ်မှူးဟုခေါ်သည့် စပါးအုံးနဂါးမျိုးနွယ်စုမှ တုတ်ခိုင်သန်မာသောလူက ရှစ်ဖုန့်ကထွက်ခွာမသွားသည့်အပြင် ထိုးဆင်းလာသည်ကိုပင်မြင်တွေ့ လိုက်ရသည်။ သူကကောင်းကင်ထဲသို့အော်ငေါက်လိုက်ပြီး ရှစ်ဖုန့်ထံထပ်မံဦးတည်လိုက်သည်။

တပ်မှူးက သူ၏လမ်းအားတားဆီးဖို့လာနေသည်ကို တွေ့လိုက်ရသောအခါတွင်ရှစ်ဖုန့်၏မျက်နှာကအေးစက်သွားသည်။ သူကအော်ပြောလိုက်၏။

“စပါးအုံးနဂါးမျိုးနွယ်စုကိုငါ့မှာဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူးလို့ ပြောထားပြီးသား..မင်းအတွက်ဘာ ကကောင်းလဲဆိုတာကိုမသိရင် ငါ့ရိုင်းရတဲ့အတွက်အပြစ်မတင်နဲ့”

ရှစ်ဖုန့်က စကားပြောသကဲ့သို့ သူ၏ညာလက်၌ရွှေရောင်ဓားအလင်းတစ်ခုလင်းလက်လာသည်။ ကောင်းကင်မွန်းစတားဓားက သူ၏ညာလက်ထဲ၌ပေါ်လာ၏။

ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ဓားပညာရပ် ငရဲဘုံကိုးခု သတ်ဖြတ်ချက်ဓား”

ရှစ်ဖုန့်၏ဓားက ရုတ်ခြည်းခုတ်ပိုင်းကျဆင်းလာသည်။

ငရဲဘုံကိုးခု သတ်ဖြတ်ချက်ဓား။ဤသည်ကားငရဲဘုံကိုးခုဧကရာဇ်ယိုမင် ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်၌ ရှိနေစဉ်က ကျွမ်းကျင်သူတစ်ယောက်အား သတ်ပစ်ခဲ့သည့် ဓားပညာရပ်တစ်ခုဖြစ်သည်။

ယိုမင်က ပို၍သန်မာလာသကဲ့သို့ ဤပညာရပ်အား ပြည့်စုံကောင်းမွန်အောင်ဆက်လုပ်ခဲ့သည်။ ယခင်က ထျန်းဟန်တိုက်ကြီးအတွင်း၌စွမ်းအား အကြီးဆုံးလူသားဖြစ်ခဲ့သော ယိုမင်က ဤပညာရပ်ကိုအသုံးပြုပြီး ဧကရာဇ်နယ်ပယ်အားလုံးကို သတ်ပစ်ခဲ့သည်။

ကောင်းကင်မွန်းစတားဓားကရုတ်ခြည်းခုတ်ပိုင်းကျဆင်းသွားသည်။ ရုတ်ခြည်း အောက်ဘက်ရှိ ဟင်းလင်းပြင်တွင် လေထဲ၌ ဖုံးကွယ်နေသော မမြင်နိုင်သည့်ဧရာမဓားကြီးတစ်လက် ရှိပုံရပြီး လေထုက ရေနွေးကဲ့သို့ ပြင်းထန်စွာပွက်ပွက်ဆူလာသည်။

ဓားအားခုတ်ပိုင်းပြီးနောက် ရှစ်ဖုန့်က အောက်သို့တစ်ဟုန်ထိုးဆက်လက်ဆင်း သက်သွားသည်။

“ဒီတိုက်ပွဲဝင်လက်နက်.. ဒီစွမ်းအား”

တုတ်ခိုင်သန်မာသောတပ်မှူးမှာရှစ်ဖုန့်၏လက်ထဲမှဓားနှင့် ဓားမှစွမ်းအားအား မြင်တွေ့လိုက်ရသောအခါတွင် သူ၏ ခံ့ညားသောမျက်နှာက ပြောင်းလဲသွားသည်။ သူ၏မျက်လုံးက မီးအိမ်ကဲ့သို့ ပြူးကျယ်သွားသည်။

“အနီရောင်နဂါး ကျွန်ုပ်ကို လက်တစ်ဖက်ငှားတော်မူပါ”

တုတ်ခိုင်သန်မာသောလူက သူ၏ခါးဝန်းကျင်၌ရစ်ခွေနေသော အနီရောင်မြွေကို အော်ပြောလိုက်သည်။

“ဟစ်”

အနီရောင်မြွေက တပ်မှူး၏စကားတို့အား တုန့်ပြန်သကဲ့သို့ တွန်သံပေးလိုက်သည်။ထို့နောက် အနီရောင်မြွေတပ်မှူး၏ကိုယ်မှလျှောဆင်းလာကာညာလက်အထိလျှောက်တိုက်သွားသည်။ အနီရောင်မြွေ၏ကိုယ်က တပ်မှူး၏လက်မောင်း၌တင်းကျပ် စွာရစ်ခွေသွားသည်။

ထို့နောက်ချက်ချင်း ဧရာမအနီရောင်မြွေကြီး ထံမှာ ရဲရဲတောက်သော အနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ ကောင်းကင်ထဲ၌ရှိနေသောရှစ်ဖုန့်မှာ စပါးအုံးနဂါးမျိုးနွယ်စုမှ တုတ်ခိုင်သန်မာသောလူ၏ ကိုယ်မှ ယခင်ကထက်ပို၍စွမ်းအားကြီးမားသော အော်ရာတစ်ခု မြင့်တက်လာသည်ကို ရုတ်ခြည်း အာရုံခံမိလိုက်သည်။

“ချိုးဖျက်စမ်း”

ထို့နောက် စပါးအုံးနဂါးမျိုးနွယ်စုမှ တုတ်ခိုင်သန်မာသော လူက မျက်နှာထက်ရှိ ကြမ်းကြုတ်ခက်ထန်သော အမူအယာတစ်ခုနှင့်အော်ပြောလိုက်သည်။ ထို့နောက် ယခင်ကထက် ပို၍ ကြမ်းကြုတ်ပြီး ပို၍အားကောင်းသော လက်သီးတစ်လုံးကို ဆူပွက်နေသော ညကောင်းကင်ယံသို့ ပစ်သွင်းလိုက်သည်။

အာကာသဓာတ်တို့အား ဆူပွက်ထစေသော စွမ်းအားကို ရင်ဆိုင်ရင်း မျဉ်းဖြောင့်အနေအထားအတိုင်း ရှေ့သို့ ဆက်လက်ချီတက်လိုက်သည်။ ယင်းမှာ ထိုလူ၏ လမ်းကြောင်းအား အခြား မည်သည့်စွမ်းအားကမှ တားစီးနိုင်ခြင်းမရှိသည့်နှယ်ပင်ဖြစ်သည်။

“ငရဲဘုံကိုးခု ဧကရာဇ် သတ်ဖြတ်ဓား. ဒါက အားအကောင်းဆုံးတိုက်ခိုက်မှုပဲ”

ရှစ်ဖုန့်ကအော်ပြောလိုက်သကဲ့သို့ တုတ်ခိုင်သန်မာသောလူက ရှေ့သို့တက်လာပြီး ငရဲဘုံကိုးခု သတ်ဖြတ်ဓား၏လှိုင်းများအား ဖျက်ဆီးပစ်နေသည်ကို ကြည့်နေသည်။ ဤအချိန်တွင် သူ၏ကျဆင်းနေသောကိုယ်က တုတ်ခိုင်သန်မာသောလူနှင့် ထိပ်တိုက်တွေ့တော့မည်ဖြစ်သည်။

ရှစ်ဖုန့်က အော်ပြောလိုက်သကဲ့သို့ ရွှေရောင်ကောင်းကင်မွန်းစတားဓားက မြွေ၏ခန္ဓာကိုယ်ရစ်ခွေနေသော လက်သီးနှင့်ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံ သွားသည်။

“ဒီ..ဒီ.သူ့ရဲ့စွမ်းအားက”

သူ၏လက်သီးက ကောင်းကင်မွန်းစတားဓား၏ စွမ်းအားအားခံစားလိုက်ရသောအချိန်တွင် တုတ်ခိုင်သန်မာသော လူ၏ ကြမ်းကြုတ်ခက်ထန်သာမျက်နှာထက်၌ နောက်တစ်ကြိမ် ထပ်မံပြီး ပို၍ တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက် သွားသည်။

ထို့နောက်မကြာခင် စောင့်ကြည့်နေကြသော စပါးအုံးနဂါးမျိုးနွယ်စု ၏အဖွဲ့ဝင်များမှာ သူတို့၏ ကြီးမြတ်သောတပ်မှူး၏ကိုယ်နှင့် လက်မောင်းထက်ရှိ မြွေကြီးတို့က တစ်ဖက်လူ၏ စွမ်းအားအောက်၌ ပြင်းထန်စွာတုန်ယင်နေသည်ကို မယုံကြည်နိုင်စွာတွေ့လိုက်ရသည်။

အေးစက်သောမျက်နှာနှင့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့် အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်အရွယ်သာရှိသေးသောကောင်လေးတစ်ယောက်က အရမ်း အရမ်းကြော့ရှင်းခံစားချက်မဲ့စွာဖြင့်ရပ်နေဆဲဖြစ်သည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters