← Chapters

အခန်း (၉၁၄)

Vol. 61 Ch. 914

အခန်း (၉၁၄)

Vol. 61 Ch. 914

“နင်..ငါ့အနားကို ကပ်မလာနဲ့နော်”

မှောင်မိုက်သောတောအုပ်အတွင်းတွင် ကိုယ်လုံးကိုယ်ပေါက်သေးသွယ် ကျစ်လျစ်သော ကောင်မလေးတစ်ယောက်က မြက်ခင်းပုံကြီးပေါ်၌ ထိုင်နေ၏။ သူမက လက်နှစ်ဖက်ခြင့် ရင်ဘက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး သူမထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာသော အမျိုးသားအား အနားကပ်မလာရန် အသနားခံလိုက်သည်။

အစောပိုင်းက မိန်းကလေးပြောသကဲ့သို့ သူက စပါးအုံးနဂါးမျိုးနွယ်စုမှ ယောက်ျားသားတစ်ဦးမဟုတ်ပေ။

စပါးအုံးနဂါးမျိုးနွယ်စု၌ မျိုးနွယ်စု၏ အမျိုးသမီးများအား အခြား မျိုးနွယ်စုများမှ ယောက်ျားသားများနှင့် ကာမဆက်ယှက်ဆက်ဆံမှုမပြုခြင်းကို ခွင့်မပြုသော စည်းမျဉ်းတစ်ခုရှိသည်။ အကယ်၍ သူတို့ကအခြားသောမျိုးနွယ်စုများမှ အမျိုးသားများနှင့် ကာမဆက်ယှက်ဆက်ဆံခဲ့မိလျှင် မျိုးနွယ်စု၏ စည်းမျဉ်းများအရ ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။

သူတို့၏သွေးများက မြွေမယ်တော်၏ ခြောက်သွေ့သည်အထိစုပ်ယူခြင်းကိုခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သူမ၏လိုအင်ဆန္ဒမပါရှိဘဲ သူမရှေ့မှလူ၏ အတင်းအဓမ္မပြုကျင့်ခြင်းခံခဲ့ရသည်ဆိုလျှင်တောင် မျိုးနွယ်စုဝင်များက မသန့်ရှင်းသောခန္ဓာကိုယ်အား မသန့်စင်တော့သော ခန္ဓာကိုယ်အဖြစ်သာမှတ်ယူ လိုက်မည်ဖြစ်သည်။

အကယ်၍ ဤသန်မာပြီး ချောမောသော အမျိုးသားကသာစပါးအုံးနဂါးမျိုးနွယ်စုမှ ယောက်ျားတစ်ဦးဖြစ်နေလျှင် သူမ၏ခန္ဓာကိုယ်အား ပေးပစ်ရန် ပို၍ပင် ဆန္ဒရှိလိမ့်မည်ဖြစ်သည်။

ထိတ်လန့်ကြောက်ရွံ့နေသော မိန်းကလေးအားကြည့်ရင်း ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး ပို၍ ပင် မကောင်းသည့်အသွင်ပြုံးလိုက်သည်။ သူ၏ခြေလှမ်းများက ရုတ်ခြည်းတန့်သွားပြီး သူမအားငုံ့ကြည့်၍ ပြောလိုက်သည်။

“အကယ်၍ မင်းငါ့မေးခွန်းကိုသာ အမှန်အတိုင်းဖြေမယ်ဆိုရင် ငါမင်းကိုဘာမှမလုပ်ဘူး..ဒါပေမဲ့ မင်းငါ့ကိုလိမ်ရင်တော့. ဘာဖြစ်လာမယ်ဆိုတာကို မင်းသိပါတယ်”

ရှစ်ဖုန့်ကနောက်ဆုံးစကား အားပြောသောအခါတွင် မိန်းမငယ်လေးတင်းကျပ်စွာဆုပ်ကိုင်ဖုံးကွယ်ထားသော ရင်ဘက်ထံသို့ တမင်တကာ စိုက်ကြည့်လိုက်သည်။

ဤကောင်မလေးကအရမ်းအရွယ်မ ရောက်သေးသော်လည်း သူမတင်းကျပ်စွာကာကွယ်ထားသော သားရဲအရေပြား ဝတ်စုံအောက်ရှိ တောင်ထွတ်နှစ်ခုက လွန်စွာ ဖွံ့ထွားပြည့်ဝသည်ဖြစ်သည်။

ယ ခင်ကဆိုလျှင် ယင်းတို့က အဝတ်အစားများအား ဖောက်၍ ထွက်လာတော့မည့်နှယ်ပင်ဖြစ်သည်။

“ဘာ..နင်ဘာကိုသိချင်တာလဲ”

ရှစ်ဖုန့်၏စကားများအားကြားသောအခါတွင် ကောင်မလေးက အလျှင်အမြန်မေးလိုက်သည်။

ရှစ်ဖုန့်က ပါးစပ်အား ဖြည်းညှင်းစွာဖွင့်ဟပြီး စကားလေးလုံးကို ပြောလိုက်သည်။

“ထျန်းဟန်တိုက်ကြီး”

“ထျန်းဟန်တိုက်ကြီး”

ကောင်မလေးကရှစ်ဖုန့်ပြောသောထိုစကားများကို တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်ကောင်မလေးကပြောသည်။

“ငါ.ငါ့ကငါတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ သမီးဖြစ်သူ မိန်းကလေးချန်ရှန်နဲ့ လွန်ခဲ့တဲ့သုံးနှစ်တုန်းက မျိုးနွယ်စုခေါင်းဆောင်ရဲ့အိ်မထဲမှာစာအုပ်တွေကိုသေသေသပ်သပ်ပြန်စီနေတုံးရှိနေခဲ့တယ်.. မျိုးနွယ်စုရဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရှေးဟောင်းစာလိပ်တစ်ခုကိုငါတို့တွေ့ခဲ့တယ်.. အဲ့ပေါ်မှာထျန်းဟန်တိုက်ကြီးလို့ရေးထားခဲ့တာကိုတွေ့ခဲ့ရတာ”

“အိုး”

ကောင်မလေး၏စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်က “အိုး”ဟု ပြန်လည်တုန့်ပြန်လိုက်သည်။ သူကလျှင်မြန်စွာမေးလိုက်၏။

“ရှေးဟောင်းစာလိပ်ပေါ်မှာ ထျန်းဟန်တိုက်ကြီးအကြောင်းဘာတွေရေးထားလဲ. ငါ့ကိုပိုပြီးပြောပြအုံး”

ထိုနေရာ၌စပါးအုံးနဂါးမျိုးနွယ်စု၏ ဘိုးဘေးများ ချန်ရစ်ထားခဲ့သည့် ထျန်းဟန်တိုက်ကြီးအကြောင်း မှတ်တမ်းတင်ထားသော ရှေးဟောင်းစာလိပ်တစ်ခု တကယ်ရှိနေခဲ့သည်။ ယင်းမှာ စပါးအုံးနဂါးမျိုးနွယ်စု၏ဘိုးဘေးများက ထျန်းဟန်တိုက်ကြီးသို့ရောက်ဖူးပြီး ထိုနေရာမှပြန်လာခဲ့သည်ဟုဆိုလိုခြင်းမဟုတ်သလော။

“ငါလည်းလွန်ခဲ့တဲ့သုံးနှစ်ကဖတ်ခဲ့တယ်. အထဲမှာပါတဲ့အရာတော်တော်များများ ကတော့ တော်တော်လေးကိုဝါးတားတားဖြစ်နေပြီ.. ရှေးဟောင်းစာလိပ်က ငါတို့စပါးအုံးနဂါးမျိုးနွယ်စု ရဲ့ဘိုးဘေးတွေ အသူရာချောက်နက်လို့ခေါ်တဲ့နေရာအချို့ကနေ ထျန်းဟန်တိုက်ကြီးလို့ခေါ်တဲ့နေရာကို မတော်တဆဝင်ရောက်မိပြီး မှတ်တမ်းတင်ထားခဲ့တာဖြစ်ပုံရတယ်”

“အဲ့မှာ ငါတို့နဲ့အရမ်းဆင်တူတဲ့လူသားတွေရှိတယ်..မြေရိုင်းတိုက်ကြီးကလိုမျိုး နတ်ဆိုးသားရဲ၊မွန်းစတားတွေလည်းရှိပြီး ငါတိုလုံးဝမမြင်ဖူးတဲ့ မျိုးနွယ်တွေတောင်ရှိတယ်တဲ့.. အဲ့မှာ ဖော်ပြလို့မရနိုင်လောက်အောင်စွမ်းအားကြီးမားတဲ့ကျွမ်းကျင်သူတွေလည်းရှိပြီး မြို့ကြီးတွေလည်းအများကြီးရှိတယ်တဲ့.. ဟုတ်လား”

ကောင်မလေးကရှစ်ဖုန့်အား သူမမှတ်မိသလောက်ရှင်းပြ၏။

သို့သော်ရှစ်ဖုန့်အတွက်သူမဘာပြောသည်ကားအရေးမကြီးပေ။ အရေးကြီးဆုံးအရာကား မိန်းမငယ်လေးပြောခဲ့သော စပါးအုံးနဂါးမျိုးနွယ်စု၏ဘိုးဘေးဝင်ရောက်ခဲ့သည့် “အသူရာချောက်နက်” ပင်ဖြစ်၏။

“သေချာလေးစဉ်းစားကြည့်အုံး. အဲ့အသူရာချောက်နက်ရဲ့နမည်က ဘယ်လိုအမျိုးအစားလဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။ အကယ်၍ သူသာ ထိုနေရာ၏ နမည်အပြည့်အစုံကို ရရှိနိုင်လျှင် ဤတိုက်ကြီး၏အကြောင်းအား လူများကိုမေးမြန်းနိုင်ပြီး သူ့အတွက်ထိုနေရာကိုရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။

အကယ်၍ သူမ၌ထိုနေရာနှင့်ပက်သက်သည့် နမည်အပြည့်အစုံရှိမနေလျှင်တောင် သူမပြောပြသလောက်က သူ့အတွက်အနည်းငယ်အသုံးဝင် သေးသည်ဖြစ်သည်။ အများဆုံး ဤတိုက်ကြီး၌ ထျန်းဟန်တိုက်ကြီးနှင့်ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခု တကယ်ကြီးရှိသည်ကို သူ့အား သိခွင့်ရသွားစေသည်ဖြစ်သည်။

“ငါ..ငါတကယ်မမှတ်မိဘူး..”

ကောင်မလေးကသူမ၏ခေါင်းအား ဖြည်းညှင်းစွာခါယမ်းလိုက်ပြီး ရှစ်ဖုန့်အားအားနည်းစွာပြောလိုက်သည်။

သူမအနေဖြင့်လိမ်သည့်ပုံမပေါ်ပေ။ ထိုထက်ပိုသည်ကား ၎င်းကနေရာတစ်ခု၏နမည်သာဖြစ်သည်။ သူမအတွက် သူ့အား လိမ်စရာအကြောင်းမရှိပေ။

ကောင်မလေးက “ငါတကယ်မမှတ်မိဘူး”ဟု သူမပြောလိုက်သည့်အချိန်တွင် ဤလူ၏မျက်နှာထက်ရှိ စိတ်ပျက်သွားသောအမူအယာကိုသတိပြုမိလိုက်သည်။

ချက်ချင်းပဲ သူမအနေဖြင့် ဤလူနှင့်ဆက်ဆံရေးတစ်ခုအတွင်း၌ ကျရောက်နေသည်ကို သဘောပေါက်လိုက်သည်။ သူမက ဤလူအတွက် တစ်စုံတစ်ခုပြုလုပ်ရန် စွဲဆောင်မှုရှိသည်ဖြစ်သည်။

သူက အစောပိုင်းက သူမစကားကြောင့် စိတ်ပျက်သွားခဲ့သည်။ ထို့‌နောက် သူက သူ့မအားအတင်းအဓမ္မဆက်ဆံလိမ့် မည်လော။

ဤအရာအားတွေးမိသောအခါတွင် ကောင်မလေး၏ မျက်နှာထက်၌ နောက်တစ်ကြိမ်သနားစဖွယ်အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူမက ရှစ်ဖုန့်အား အသနားခံသောလေသံဖြင့်ပြောလိုက်သည်။

“ငါ..ငါတကယ်မမှတ်မိတာပါ.. အကယ်၍ ငါသာမှတ်မိရင် ငါသေချာပေါက်နင့်ကိုပြောပြမှာပါ.. ငါနင့်ကိုတောင်းပန်ပါတယ်.. ကျေးဇူးပြုပြီးငါ့ကိုအဲ့လိုမလုပ်ပါနဲ့နော် .. ငါတောင်းပန်ပါတယ်..ငါ့ကိုလွှတ်ပေးပါ”

“အဲ့ရှေးဟောင်းစာလိပ်..အဲ့တာ ဘယ်မှာရှိလဲဆိုတာကိုမင်းသိလား”

ကောင်မလေးကထိုနေရာအားမမှတ်မိသောကြောင့် သူ့အနေဖြင့် ထိုရှေးဟောင်းစာလိပ်ကိုရှာဖွေ ရမည်ဖြစ်သည်။

ထိုထက်ပိုသည်ကား အကယ်၍သူမကထိုနေရာ၏နမည်အား ပြောပြခဲ့လျှင်တောင် ရှေးဟောင်းစာလိပ်ထဲကအတိုင်းအမှန်ဟုတ်လိမ့်မည်မဟုတ်ပေ။

“အဲ့ ….အဲ့တာက ငါတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ အိမ်ထဲမှာပဲရှိနေသေးတယ်..”

ကောင်မလေးကပြန်ဖြေသည်။

“မင်းတို့မျိုးနွယ်စုခေါင်းဆောင်လား”

မိန်းမငယ်လေးက သူမတို့၏မျိုးနွယ်စုခေါင်းဆောင်အကြောင်းအားထပ်မံပြောသည်ကိုကြားရသောအခါတွင် ရှစ်ဖုန့်က ထပ်မံ မျက်မှောင်ကြုတ်လိုက်သည်။ စပါးအုံးနဂါးမျိုးနွယ်စုအထက်ကောင်းကင်ထဲ၌ သူမြင်ခဲ့ရသော စပါးအုံးနဂါးမျိုးနွယ်စု၏ တပ်မှူးကြီးကိုအမှတ်ရလိုက်၏။

သိုင်းပညာစွမ်းအားများကသာ ကြီးစိုးမင်းမူသော ဤကမ္ဘာကြီးအတွင်းတွင် စပါးအုံးနဂါးမျိုးနွယ်စု၏ တပ်မှူးကြီးက သူ၏ကိုယ်ပိုင်စွမ်းအားနှင့် ဆင်တူသော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်၏ခွန်အားမျိုးကိုပိုင်ဆိုင်ထားသည့်သူဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်းတို့၏မျိုးနွယ်စုခေါင်းဆောင်၏ ခွန်အားက ပို၍ အထင်ကြီးလောက်စရာကောင်းနေမည်မဟုတ်လော။

ထိုထက်ပိုသည်ကား ထျန်းဟန်တိုက်ကြီး၌လုံးဝမရှိခဲ့သော နတ်ဘုရားများက မြေရိုင်းတိုက်ကြီး၌ရှိနေမည်လားဆိုသည်ကိုရှစ်ဖုန့်သိချင်မိသည်။

ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်က မိန်းကလေးကို ထပ်မံမေးလိုက်သည်။

“မင်းတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ ခွန်အားက ဘယ်အဆင့်လဲ မင်းတို့ရဲ့တပ်မှူးကြီးနဲ့ဘယ်လိုမျိုးနှိုင်းယှဉ်လဲ”

“မျိုးနွယ်စုခေါင်းဆောင်ရဲ့ခွန်အားက တပ်မှူးကြီးထက်အများကြီး ပိုသန်မာတာပေါ့”

ကောင်မလေးကအရှိကိုအရှိအတိုင်းစိတ်ပါလက်ပါပြောလိုက်သည်။ ၏

“တပ်မှူးကြီးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ရဲ့ စွမ်းအားကိုပိုင်ဆိုင်ပေမဲ့ ငါတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်ကနတ်ဘုရားတစ်ပိုင်းစွမ်းအားကို ပိုင်ဆိုင်ထားတာ”

“နတ်ဘုရားတစ်ပိုင်းတစ်ယောက်ရဲ့စွမ်းအား”

ရှစ်ဖုန့်မှာ ဤစကားလုံးများအားကြား လိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။ နတ်ဘုရားနယ်ပယ်အား သူကြားဖူးသော်လည်း နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကို သူလုံးဝမကြားဖူးပေ။

သို့သော် ယင်းအား နတ်ဘုရားတစ်ပိုင်း နယ်ပယ်ဟုခေါ်သောကြောင့် ယင်းက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်၏အထက် နတ်ဘုရားနယ်ပယ်၏ အောက်၌ရှိလိမ့်မည်ဖြစ်သည်။

ဤကဲ့သို့နယ်ပယ်တစ်ခုရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ထို့နောက်ရှစ်ဖုန့်ကသူ၏ ဝိညာဉ်စွမ်းအားဖြင့် ခန္ဓာကိုယ်အတွင်းမှကောင်းကင်မီးတောက်အား ဆက်သွယ်၍ မေးလိုက်သည်။

“နတ်ဘုရားတစ်ပိုင်းနယ်ပယ်က ဘာလဲဆိုတာကိုခင်ဗျားသိလား”

“ငါဒီလိုနယ်ပယ်တစ်ခုကို လုံးဝမကြားဖူးဘူး. ဒီတိုက်ကြီးရဲ့ဘယ်သက်ရှိတွေက ဒီလိုနယ်ပယ်မျိုးကိုဘယ်နေရာကရလဲဆိုတာကိုငါမသိဘူး. ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရဲ့အထက်မှာက ငါ့တစ်ချိန်ကရောက်ခဲ့ဖူးတဲ့နတ်ဘုရားနယ်ပယ်ပဲရှိတာ”

ကောင်းကင်မီးတောက်က အထင်သေးမှုအပြည့်၊မောက်မာမှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။

ရှစ်ဖုန့်နှင့်ကောင်းကင်မီးတောက်တို့ကနားလည်မှုတူညီသည်ဖြစ်သည်။ သူတို့အနေဖြင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်အား လုံးဝမကြားဖူးပေ။ ဧကရာဇ်နယ်ပယ်သို့သူခြေချပြီးသည့်နှင့် နတ်ဘုရားနယ်ပယ်သို့ရောက်လိမ့်မည်ဖြစ်၏။

ထို့နောက်ရှစ်ဖုန့်ကယခင်မေးခွန်းအားထပ်မံတွေးမိပြီး ကောင်မလေးကိုထပ်မံမေးလိုက်သည်။

“မြေရိုင်းတိုက်ကြီးထဲမှာ နတ်ဘုရားနယ်ပယ်ထဲကစွမ်းအားကြီးတဲ့သူတွေရှိလား”

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters