အခန်း (၉၁၅)
Vol. 61 Ch. 915
“မင်းတို့ရဲ့မြေရိုင်းတိုက်ကြီးထဲမှာ နတ်ဘုရားနယ်ပယ်စွမ်းအားကြီးတဲ့သူတွေရှိလား”
“နတ်ဘုရားတွေလား”
ရှစ်ဖုန့်၏မေးခွန်းအားကြားသောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးက ခေါင်းခါယမ်းပြီးပြောလိုက်သည်။
“နတ်ဘုရားအဆင့်ကျွမ်းကျင်သူတွေဆိုတာကအရမ်းကို ဝေဝေဝါးဝါးပါပဲ.. သူတို့ကရှေးဟောင်းဒဏ္ဍာရီတွေ ထဲမှာပဲရှိတာ.. မြေရိုင်းဒေသကြီးထဲမှာ နတ်ဘုရားအဆင့်ကျွမ်းကျင်သူတွေက ရှေးဟောင်းဒဏ္ဍာရီတွေထဲမှာပဲရှိတာ…သူတို့က ကမ္ဘာပေါ်မှာ လုံးဝမပေါ်လာဖူးဘူး”
မြေရိုင်းဒေသကြီးကလည်း ထျန်းဟန်တိုက်ကြီးနှင့်ဆင်တူပုံရ၏။ နတ်ဘုရားအဆင့်ကျွမ်းကျင်သူများက ဒဏ္ဍာရီများထဲ၌သာရှိသည်ဖြစ်သည်။
ကောင်မလေး၏အဆိုအရ စပါးအုံးနဂါးမျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သူက တပ်မှူးကြီးထက်များစွာ သန်မာသည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် ရှစ်ဖုန့်အနေဖြင့်၎င်းတို၏ မျိုးနွယ်စုခေါင်းဆောင်အား မယှဉ်နိုင်သည်မှာ သိသာသည်ဖြစ်သည်။
ယခု သူက စပါးအုံးနဂါးမျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးအား လုယူခဲ့သောကြောင့် သူနှင့်စပါးအုံးနဂါးမျိုးနွယ်စုကြားထဲ၌ မကျေလည်မှုတို့ရှိနေပြီဖြစ်သည်။ ၎င်းတို့ကသူ့အား စာလိပ်ကိုငှားရန်ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။
အကယ်၍ တပ်မှူးကြီးတစ်ယောက်တည်းသာဆိုလျှင် ကြောက်စရာမလိုပေ။ စပါးအုံးနဂါးမျိုးနွယ်စုသို့သူအတင်းဝင်ရောက်ပြီးစာလိပ်အားလုယူနိုင်သည်ဖြစ်သည်။ သို့သော် မည်သူမှန်းမသိရသည့်နတ်ဘုရားတစ်ပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦးရှိနေသောကြောင့် ရှစ်ဖုန့်အနေဖြင့်မဆင်မခြင်မပြုမူရဲပေ။
ဤကိစ္စက အနည်းငယ် ခဲရာခဲဆစ်နိုင်သည်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး ခန္ဓာကိုယ်တစ်ဝက်ကထိုင်ကာတစ်ဝက်ကလဲနေသော ကောင်မလေးကို ကြည့်လိုက်သည်။ အကယ်၍ သူက သူမအားပြန်သွားခွင့်ပြုခဲ့လျှင် ရှေးဟောင်းစာလိပ်အား ပြန်ယူနိုင်လောက်သည်ဖြစ်သည်။
“ဒါကအကြံကောင်းတစ်ခုပဲ”
ရှစ်ဖုန့်၏မျက်လုံးက ရုတ်ခြည်းအရောင်လက်သွားသည်။ အကယ်၍ သူမ၏ကိုယ်ပေါ်၌သူသာ ကန့်သတ်ချက်တစ်ခုကိုထားရှိခဲ့လျှင် သူမအား စပါးအုံးနဂါးမျိုးနွယ်စုသို့ အတင်းအကျပ်သွားခိုင်းပြိး စာလိပ်အားပြန်ယူခိုင်း၍ရလောက်သည်ဖြစ်သည်။
ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်က သူ၏လက်ချောင်းအားကွေးလိုက်ပြီး ဒေါင်လိုက်အတိုင်းအောက်သို့တောက်ထုတ်လိုက်သည်။ အဖြူရောင် ဖားလောင်းသဏ္ဍန်အရာလေးတစ်ခုက ရုတ်ခြည်း ကောင်မလေး၏နဖူးထံ ပျံသန်းဝင်ရောက်သွားသည်။
“နင်…နင်ဘာလုပ်နေတာလဲ.. နင်ငါ့ကိုဘာလုပ်လိုက်တာလဲ”
ရုတ်ခြည်း သူမ၏ခေါင်းအတွင်းအေးစိမ့်သော အအေးဓာတ်တစ်ခုဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်ကောင်မလေးက အလန့်တကြားဖြစ်ကာ နှစ်လိုဖွယ်ကောင်းသောအသံလေးဖြင့် ငိုယိုတော့၏။
“ဒီသခင်လေးမင်းကိုဘာမှမလုပ်ဘူး. “
ရှစ်ဖုန့်ကပြောလိုက်သည်။
“မင်းပေါ်မှာ ကန့်သတ်ချက်တစ်ခုပဲထားထားတာ.. အကယ်၍မင်းသာ ဒီသခင်လေးပြောတာကိုနားထောင်ရင် မင်းလုံခြုံဖို့ကို ဒီသခင်လေးအာမခံတယ်.. အကယ်၍မင်းမနာခံရင်တော့ မင်းခေါင်းပေါက်ကွဲတဲ့အထိ စိတ်နှလုံးပူဆွေးပြီး သေလိမ့်မယ်”
ပြောရလျှင် ရှစ်ဖုန့်အနေဖြင့် ဆယ်ကျော်သက်ကောင်မလေးတစ်ဦးအား မခြိမ်းခြောက်လိုပေ။ ၎င်းကသိက္ခာမရှိဟုသူထင်သော်လည်း ထျန်းဟန်တိုက်ကြီးသို့ပြန်နိုင်ရေးအတွက်သူလုပ်ရခြင်းဖြစ်သည်။
“ခေါင်းပေါက်ကွဲမယ်”
ရှစ်ဖုန့်၏နောက်ဆုံးစကားအားကြားလိုက်ရသောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေး၏ မျက်လုံးတို့ပြူးကျယ်သွားသည်။ ထို့နောက်သူမက ထပ်မံပြောလိုက်သည်။
နင်.. နင်ရ ရက်စက်တဲ့ကန့်သတ်ချက်တစ်ခုထားလိုက်တာပဲ. နင်က ဝူရှန်မျိုးနွယ်စုကပဲ. နင်ကတကယ်ပဲ စပါးအုံးနဂါးမျိုးနွယ်စုကို မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့လာခဲ့တာပဲ..လက်လျော့လိုက် စပါးအုံးနဂါးမျိုးနွယ်စုကိုထိခိုက်မဲ့ ဘယ်အရာကိုမှငါလုပ်မှာမဟုတ်ဘူး”
“ဝူရှန်မျိုးနွယ်စုလား”
ရှစ်ဖုန့်မှာမရင်းနီးသောမျိုးနွယ်စုတစ်ခု၏နမည်အားကြားလိုက်ရသောအခါတွင် ခေါင်းခါယမ်းလိုက်သည်။
“ဒီသခင်လေးက ဝူရှန်မျိုးနွယ်စုကမဟုတ်ဘူး.. တစ်ခါမှလည်းသူတို့ကိုမကြားဖူးဘူး. တကယ်တော့ ငါ့မှာမင်းတို့စပါးအုံးနဂါးမျိုးနွယ်စုအပေါ် ဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူး. ငါကမင်းကို စပါးအုံးနဂါးမျိုးနွယ်စုကိုပြန်စေချင်တာ ဒါမှ မင်း စာလိပ်ကို ရဖို့ ငါ့ကိုကူညီနိုင်မှာ. မင်းသာရှေးဟောင်းစာလိပ်ကိုရတာနဲ့. ဒီသခင်လေး မင်းလုံခြုံဖို့ကိုအာမခံတယ်”
“ဒါပေမဲ့မင်းက ဒီသခင်လေးပြောတာကို နားမထောင်ပဲ သစ္စာဖောက်ရင်..”
ရှစ်ဖုန့်၏စကားတို့တန့်သွားသည်။ ခဏကြာပြီးနောက်ဆက်ပြော၏။
“မင်းလိုနာခံတတ်ပြီးတော်တဲ့ကောင်မလေးတစ်ယောက်က ခေါင်းပေါက်ကွဲပြီး ဦးနှောက်တွေနေရာအနှံ့ပြန့်ကျဲပြီး ဦးခေါင်းမပါတဲ့ ကိုယ်တစ်ခုတည်းကျန်ခဲ့မှာကိုဒီသခင်လေးတကယ်မမြင်ချင်ဘူး”
“အား”
ရှစ်ဖုန့်၏ဖြည်းညှင်းစွာပြောသော သရော်သံနှင့် နောက်ဆုံးစကားလုံးတို့အား ကြားသောအခါတွင် စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးက တုန်လှုပ်အံ့အားသင့်စွာဖြင့် ထပ်မံအော်ဟစ်လိုက်သည်။ သူမ၏လက်တို့အားဆန့်ထုတ်ပြီး ခေါင်းကိုထိလိုက်၏။ သူမ၏ခေါင်းကရှိနေသေးသည်ကို ခံစားမိမှသာဖြည်းဖြည်းချင်း စိတ်သက်သာရာရသွား၏။
ကောင်မလေးက လက်တို့အား မြှောက်လိုက်သည့်အခိုက်အတန့်တွင် မူလက လက်တို့ဖြင့် ကာဆီးထားသော မို့မောက်သည့်တောင်ထွတ်နှစ်ခုက ရှစ်ဖုန့်၏မျက်လုံး ရှေ့၌ထပ်မံပေါ်လာသည်။ သူမ၏လက်နှစ်ဖက်အားမြှောက်၍ ခေါင်းကို ထိလိုက်သောအပြုအမူကြောင့် စနေနံနှစ်ခိုင်က ပို၍ပင် မြင်သာထင်သာဖြစ်လာ၏။
“နင်တကယ်ပဲ ငါ့ရှေးဟောင်းစာလိပ်ကိုရဖို့ငါ့အကူအညီကိုလိုချင်ပြီး ပြီးတာနဲ့ငါ့ကိုလွှတ်ပေးမှာလာ.. နင်ငါ့ခေါင်းကိုပေါက်ကွဲအောင် မလုပ်ဖူးမလား”
သူမ၏ခေါင်းအားစစ်ဆေးပြီးနောက် ကောင်မလေးက ရှစ်ဖုန့်အားထပ်မံကြည့်လိုက်ပြီး မေးလိုက်သည်။
ပြောရလျှင် ရှေးဟောင်းစာလိပ်က စပါးအုံးနဂါးမျိုးနွယ်စုမှ ဘိုးဘေးတို့ချန်ရစ်ထားခဲ့သောခရီးသွားမှတ်တမ်းတစ်ခုသာဖြစ်သည်။ ၎င်းရှေးဟောင်းစာလိပ်က အဖိုးမတန်သောကြောင့်မည်သူကမှ ဂရုမစိုက်ကြပေ။ ပြောရလျှင် မည်သူကမှဂရုမထားသောကြောင့်အရမ်းပင်ဟောင်းနွမ်းနေပြီဖြစ်သည်။ အကယ်၍ ရှေးဟောင်းစာလိပ်တစ်ခုတည်းကိုသာယူရမည်ဆိုလျှင် ယင်းက စပါးအုံးနဂါးမျိုးနွယ်စုအတွက် ဆိုးဝါးသောအရာတစ်ခုမဟုတ်ပေ။
“မဟုတ်တယ်. ဒီသခင်လေးက ပြောတဲ့စကားနဲ့အညီနေတဲ့သူပဲ”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်၏။ ထို့နောက်သူကဆက်ပြောသည်။
“အခုမင်းစပါးအုံးနဂါးမျိုးနွယ်စုကိုပြန်လို့ရပြီ.. ငါမင်းကိုဒီနေရာကနေစောင့်နေမယ်. မင်းရှေးဟောင်းစာလိပ်ကိုရရင် ဒီမှာငါ့ကိုလာပြီးရှာ. ပြီးတာနဲ့ မင်းပေါ်က ကန့်သတ်ချက်ကိုငါဖယ်ရှားပေးမယ်..အဲ့တာဆိုမင်းလွတ်လပ်သွားလိမ့်မယ်”
“ကောင်းပြီ. ငါအခုပဲပြန်သွားမယ်”
စပါးအုံးနဂါးမျိုးနွယ်စုမှကောင်မလေးကခေါင်းညိမ့်ပြီးပြန်ဖြေသည်။ ထို့နောက်သူမရှေ့ရှိရပ်နေသော ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ ဖြည်းဖြည်းချင်းတစ်ဝက်ထိုင်တစ်ဝက်လှဲပုံစံမှထရပ်လိုက်၏။
“ညစ်ညမ်းတဲ့ခွေးမ စပါးအုံးနဂါးမျိုးနယ်စုကိုပြန်ပြီး မင်းကိုယ်မင်းအရှက်ရအောင်လုပ်စရာမလိုဘူး. နင်ဒီနေရာမှာပဲသေလိုက်”
ဤအချိန်တွင် ကောင်းကင်ထဲမှအေးစက်သောအော်သံတစ်ခုထွက်ပေါ်လာသည်။
ဤအသံအားကြားပြီးနောက်ရှစ်ဖုန့်၏ မျက်မှောင်ရုတ်ခြည်းကြုတ်သွားသည်။ သူ၏မျက်နှာက ချက်ချင်းအေးစက်သွား၏။သူကခေါင်း ကိုမော့ပြီး ကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က သူ၏အထက်၌ရုတ်ခြည်းပေါ်လာပြီး သူကအာရုံမခံနိုင်ခဲ့ပေ။ ဤလူ၏လှုပ်ရှားမှုနှင့် ဖုံးကွယ်ထားမှု ကျွမ်းကျင်မှုတို့က အလွန်သိမ်မွေ့လှသည်ဟု သုံးသပ်၍ရသည်ဖြစ်၏။
ရှစ်ဖုန့်က သူ၏ခေါင်းကို မော့လိုက်ပြီးသူ့ရှေ့ရှိ ကြီးမားသော သစ်ပင်ကြီးတစ်ပင်ထိပ်ဖျားပေါ်မှ အသက်သုံးဆယ်အစောပိုင်းအရွယ်ရှိ လူတစ်ယောက်ကို လျှင်မြန်စွာ တွေ့လိုက်ရသည်။ သူက တကြည်လေးနက်သော မျက်နှာတစ်ခုကို ဆင်မြန်းထားပြီး သားရဲဝတ်ရုံတစ်ခုကို ဝင်ဆင်ထားသည်။ သူ့၌ အားကောင်းပြီးစွမ်းအားကြီးမားသော အော်ရာတစ်ခုလည်းရှိနေသည်။
“ဒု..ဒုတိယတပ်မှူး”
စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးကလည်းခေါင်းကိုမော့ကြည့်လိုက်ပြီး ကောင်းကင်ထဲမှ ပုံရိပ်အား ကြည့်လိုက်မိသောအခါတွင် နှစ်လိုဖွယ်ကောင်းသောအသံလေးဖြင့် လျှင်မြန်စွာ ခေါ်လိုက်သည်။
ကောင်မလေး၏စကားအားကြားပြီးနောက် ဤလူက လည်း စပါးအုံးနဂါးမျိုးနွယ်စုမှဖြစ်ပြီး ဒုတိယတပ်မှူးဟုခေါ်သည့်သူဖြစ်မှန်း ရှစ်ဖုန့်သဘောပေါက်လိုက်သည်။
သို့သော် ဒုတိယတပ်မှူး၏ စကားတို့နှင့် အမူအယာအားအကဲဖြတ်ရသလောက် ၎င်းကသူမအားအရမ်းဖော်ရွေပုံမရပေ။
ထို့နောက် ဒုတိယတပ်မှူးက သူ၏ညာလက်အားဓားလက်ချောင်းတစ်ခုအသွင်ပြုလုပ်လိုက်ပြီး အောက်ရှိကောင်မလေးထံထိုးညွှန် လိုက်သည်။ သူကဒေါသတကြီးအော်ပြောလိုက်၏။
“ခွေးမ..နင်ငါ့ကိုခေါ်ဖို့မထိုက်တန်ဘူး. နင်ကတခြားမျိုးနွယ်စုက ယောက်ျားကြော့်ညစ်ညမ်းသွားတဲ့ မသန့်စင်တော့တဲ့မိန်းမပဲ.. နင်က စပါးအုံးနဂါးမျိုးနွယ်စုရဲ့အမျိုးသမီး တစ်ယောက်ဖြစ်ဖို့မထိုက်တန်ဘူး. နင့်အတွက်ဒီကမ္ဘာပေါ်မှာ အသက်ရှင်ဖို့ မျက်နှာမရှိဘူး”
“အား”
ဒုတိယတပ်မှူး၏စကားတို့အား ကြားပြီးနောက် ကောင်မလေးမှာတုန်လှုပ်အံ့အားသင့်သွားသည်။ သူမကလျှင်မြန်စွာခေါင်းကိုခါယမ်းပြီးပြောလိုက်၏။
“မဟုတ်ဘူး. ဒုတိယတပ်မှူး. တပ်မှူးနားလည်မှုလွဲနေပြီ.. သူက ကျွန်မကို ဘာမှမညစ်ညမ်းစေဘူး. ကျွန်မကိုယ်က သန့်စင်နေသေးတယ်.. ဘယ်သူ့ကြောင့်မှ ကျွန်မက မညစ်နွမ်းသွားသေးဘူး. ဒုတိယတပ်မှူးကျေးဇူးပြုပြီးကျွန်မကို ယုံကြည်ပေးပါ”
စပါးအုံးနဂါးမျိုးနွယ်စုမှ ကောင်မလေးက စကားပြောနေသောအခါတွင် သူမ၏မျက်နှာထက်၌ အသနားခံတောင်းပန်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူမက ဒုတိယတပ်မှူးအား သူမသန့်စင်နေဆဲဖြစ်ကြောင်းကို ယုံကြည်ပေးရန်တောင်းပန်နေ၏။
“ဟမ့်”
ဒုတိယတပ်မှူးက အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“သူက ယောက်ျားတစ်ယောက်ပဲ..သူကမင်းလိုမိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး ဒီလိုသစ်တောကြီးထဲကို ခေါ်လာခဲ့တယ်.. သူက ဒါကို မလုပ်ဘူးတဲ့လား. နင့်လိုမျိုးခွေးမတစ်ယောက်ရဲ့ စကားတွေကိုငါကယုံလိမ့်မယ်လို့နင်ထင်နေတာလား”
“လွန်ခဲ့တဲ့ရက်အချို့က နင့်ခန္ဓာကိုယ်ကို ငါ့ကိုပေးဖို့တောင်းဆိုတော့ နင်က ငြင်းဆန်ပြီးအပြင်းအထန်ကို ရုန်းကန်ခဲ့တယ်.. အခုတော့နင့်ကို တစ်ခြားမျိုးနွယ်ကလူက အခွင့်အရေးယူသွားပြီ. နင်..နင်ကသေဖို့ထိုက်တန်တယ်”
ဆက်ရန်…………
ဘာသာပြန်သူ-ARISE