← Chapters

အစစ်အမှန်နဂါး၏ အကြွင်းအကျန်ဝိညာဥ်

Vol. 7 Ch. 91

အစစ်အမှန်နဂါး၏ အကြွင်းအကျန်ဝိညာဥ်

Vol. 7 Ch. 91

နှစ်ဝက်အတွင်း ကျန်းဟောင်မှာ အသည်းကွဲကမ်းပါးတွင်သာနေထိုင်ပြီး အပြင်မထွက်ခဲ့ပေ။ သို့သော် လျှိုရှင်းချန်အား သတိထားခဲ့သည်။

ထိုအချိန်အတွင်း လျှိုရှင်းချန်ရော မိစ္ဆာမပါ မလာခဲ့ကြပေ။

သူ့အနေနဲ့ ကျင့်ကြံပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရလေသည်။

လျှိုရှင်းချန်တွင် တစုံတခုဖြစ်လာမည်အား သူ စိုးရိမ်နေခဲ့သည်။ ဒါပေမဲ့ သတိပေးရန်လည်း မတတ်နိုင်ချေ။

အခု လျှိုရှင်းချန်က သူ့အိမ်ကိုလာနေသောအခါ တစုံတခုလွဲနေပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။

ကျန်းဟောင်က အမည်မဲ့ကျင့်စဥ်ကို အချိန်ပေးလေ့လာထားသောကြောင့် ၎င်း၏ အော်ရာတွင် တစုံတခုမှားနေသည်အား သတိပြုမိသည်။

နဂါးစွမ်းအားဖြစ်နိုင်၏။

သူ လုံးဝပူးကပ်ခြင်းခံလိုက်ရပြီလား။

ကျန်းဟောင်လည်း အကဲဖြတ်စွမ်းရည်အား အသုံးပြုလိုက်သည်။

[လျှိုရှင်းချန် ၊ ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး နဂါးအော်ရာနှင့် မွေးဖွားလာကာ ရွှေအမြုတေအဆင့် အထွတ်အထိပ်တွင်ရှိသည်။ သူက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဥပဒေခန်းမတွင် သူလျှိုလုပ်နေသည်၊ ပျင်းရိသောကြောင့် အစစ်အမှန်နဂါး၏ အကြွင်းအကျန်ဝိညာဥ်ကို သူ့အား ပူးကပ်ခွင့်ပြုခဲ့သည်၊ သူက သင်နဲ့ နီးကပ်အောင်လုပ်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို သေချာကြည့်ရှုချင်နေသည်၊ သင့်အား အတော်လေး စိတ်ဝင်စားနေသည်]

ကျန်းဟောင် ဆွံ့အသွား၏။ ဘယ်လိုလုပ် လျှိုရှင်းချန်က ပျင်းပြီး ပူးကပ်ခွင့်ပြုရတာလဲ။ ပြပွဲကောင်းကြည့်ချင်လို့လား။

သူ သက်ပြင်းချသည်။ ဒီဂိုဏ်း၏ တပည့်များအား သူ နားမလည်နိုင်တော့ပေ။ ကံကောင်းသည်က လျှိုရှင်းချန်မှာ သူ့အတွက် အန္တရာယ်မရှိသေးပေ။ မဟုတ်ပါက သူ အတော်လေးစိုးရိမ်ရမည်ဖြစ်သည်။

အကဲဖြတ်မှုအရ ပြီးခဲ့သည့် စိုးရိမ်မှုများက မလိုအပ်ပါချေ။ သူ့ကိုယ်သူသာ ဂရုစိုက်ရန်လို၏။

နှစ်ဝက်ကြာသွားပြီဖြစ်သောကြောင့် သူ့အပေါ် လှုပ်ရှားလာသူများရှိနိုင်သည်။

ကောင်းကင်သူတော်စင်ဂိုဏ်းက ငြိမ်နေသည်။ သူတို့ လက်လျှော့သွားတာလား ဒါမှမဟုတ် မင်ယီက တခုခုကြံနေတာလား။

"မတွေ့ရတာကြာပြီ ဂျူနီယာညီလေးကျန်း" လျှိုရှင်းချန်က အပြုံးဖြင့်ပြောသည်။

"စီနီယာအစ်ကိုလျှို " သူ ပြန်နှုတ်ဆက်ပြီး ဆေးဥယျာဥ်ကို အတူတူထွက်လာခဲ့ကြသည်။

သားရဲက သူတို့ရှေ့တွင်ရှိနေသည်။ စမ်းချောင်းထဲက ငါးကိုဖမ်းရန် မကြာခဏဆိုသလိုရပ်နေသည်။

"ဂျူနီယာညီလေးရဲ့ သားရဲက ထူးခြားတာပဲ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်မှာ ဒီလိုအသိဉာဏ်ရှိတာရှားတယ်"

ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်သားရဲများမှာ သိပ်မထက်မြက်ကြပေ။ အခုလို စောစောစီးစီး အသိဉာဏ်ရှိနေသည်က ရှားသည်။

ကျန်းဟောင် သက်ပြင်းချ၏။ မလိုအပ်တဲ့ အာရုံစိုက်ခံရမှုမျိုးရနိုင်တယ်။

"ဒီကြားထဲ အေးအေးဆေးဆေးဖြစ်နေရောပေါ့ မိုးပြာတောင်တန်းနဲ့ ကိစ္စကတော့ ပြီးသွားပြီ ကောင်းကင်နက်ဂိုဏ်းက လူတွေ သူတို့ တပည့်တွေကိုပြန်ခေါ်ဖို့ လာဆွေးနွေးမှာ မကြာတော့ဘူး" လျှိုရှင်းချန် ပြောသည်။

"သိထားလား"

"ဘယ်သူမှပြောတာ မကြားမိဘူး" သူ ခေါင်းယမ်းသည်။ သို့သော်လည်း ဤကိစ္စက သူ့အပေါ် သက်ရောက်လာမည်ဖြစ်ကြောင်း သိထားသည်။

"ဒါဖြင့် ဂျူနီယာညီလေးကျန်း သတိထားဖို့လိုမယ် နေဝင်ဆည်းဆာဂိုဏ်း၊ ကောင်းကင်နက်ဂိုဏ်းနဲ့ လေမိုးကြိုးဂိုဏ်းက သူတို့လူတွေကို လွှတ်လိမ့်မယ်"

"ကျနော်က ရွှမ်ယွမ်ထိုက်ကိုဖမ်းခဲ့သူလို့ ကောင်းကင်နက်ဂိုဏ်းယုံကြည်နေတာကို နားမလည်နိုင်ဘူး ကျနော်က အခြေခံတည်ဆောက်ခြင်းအဆင့်ပဲရှိသေးတာလေ စီနီယာအစ်ကိုမန်လုံကိုပဲ ယူဆသင့်တယ်မဟုတ်လား"

လျှိုရှင်းချန်က ရယ်သည်။" မန်လုံက ထိပ်တန်းတပည့် ဆယ်ဦးထဲက တစ်ဦးပဲ ကောင်းကင်နက်ဂိုဏ်းအတွက် သူ့ကို ပစ်မှတ်ထားဖို့က ပြဿနာရှိတယ်"

ကျန်းဟောင် သက်ပြင်းချသည်။" ဒါဆို သူတို့ အလွယ်တကူ အပြစ်တင်လို့ရမဲ့လူကိုရှာနေတာပေါ့"

"ဒီကိစ္စက ရှုပ်ထွေးတယ် အချိန်ကျလာရင် မင်းကို လာမရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ် သတိထားပါ အထူးသဖြင့် ဆေးပင်တွေနဲ့ပတ်သတ်ပြီး"

"ဆေးပင်တွေမှာ ဘာပြဿနာရှိလို့လဲ "

"အရိုးပန်းနဲ့ ပတ်သတ်ပြီးတော့လေ သေသွားတဲ့ လီကိုင်နဲ့ မင်ဇိုချွမ်တို့က သန္ဒေပြောင်းအရိုးပန်းနဲ့ ပတ်သတ်နေတယ် ဒါက အရိုးတစ်ရာတောအုပ်အတွက် ကြီးမားတဲ့ရိုက်ခတ်မှုပဲ အခု ငြိမ်နေပေမဲ့ ဒီကိစ္စက ဖြေရှင်းပြီးသွားတယ်လို့ မဆိုလိုဘူး ပိုင်ရီကိုသိလား"

"ပိုင်ရီ "ကျန်းဟောင် ကြိတ်၍ ရှော့ရသွား၏။" တစ်ခါမှမကြားဖူးဘူး"

လျှိုရှင်းချန် ခေါင်းညိတ်သည်။ "သာမန်ပါပဲ သူက အတော်လျှို့ဝှက်တယ် ငါတောင်မှ သူ့အကြောင်း အနည်းငယ်ပဲကြားရတယ် သူ မင်းကို မှတ်မိတယ်ဆိုတာက ကောင်းတဲ့အရာမဟုတ်ဘူး သူက ဆေးပင် ဆေးဝါးနဲ့ ပတ်သတ်ရင် အရမ်းပါရမီရှိတယ် လူအတော်များများ သူ့ထောင်ချောက်ထဲ မသိိလိုက်ပဲကျသွားတာတွေရှိတယ်"

"သူက ကျနော့်ကို မျက်စိကျနေတယ်လို့ပြောတာလား"

ပိုင်ရီက သာမန်မဟုတ်မှန်း မင်ဇိုချွမ်ထံမှရသည့် အားဖြည့်ပုလဲများကို မြင်ကတည်းက သိခဲ့သည်။

ပြီးခဲ့သည့်လများတွင် ကျန်းဟောင်က ထိုပုလဲများကို ဂရုတစိုက်သုံး၍ ဆေးဥယျာဥ်၏ မြေဆီလွှာအား ပြန်လည်အားဖြည့်ခဲ့သည်။

ဥပဒေခန်းမ၏ စစ်ဆေးမှုခံရပြီးနောက် ပုလဲများအား သူနဲ့အတူ ယူမသွားရဲတော့ပေ။ တစုံတယောက်က သူ့ကိုတိုက်ခိုက်ပြီး သိုလှောင်ရတနာကို စစ်ဆေးမည်အား စိုးရိမ်သောကြောင့်ပင်။

"ဖြစ်နိုင်တယ် သတိထားပါ"

"စီနီယာအစ်ကိုပိုင်ရီက ဘယ်လောက််သန်မာလဲ "သူ မေးကြည့်သည်။

"ငါ့ထက် သန်မာတယ် သူက ထိပ်တန်းတပည့်ဆယ်ဦးထဲမဝင်ပေမဲ့ သူ့ရဲ့ ပါရမီနဲ့ အကျိုးဆောင်မှုက အသိအမှတ်ပြုစရာပဲ"

ကျန်းဟောင် တိတ်ဆိတ်သွား၏။ လျှိုရှင်းချန်ထက် သန်မာသည်ဆိုမှတော့ ရွှေအမြုတေအဆင့်လွန်ဖြစ်ရမည်။

ကျန်းဟောင် သူ့ကို မဆန့်ကျင်နိုင်ပါချေ။ သူ၏ လုပ်နိုင်စွမ်းအား သေချာသိလေသည်။

"အရမ်းလည်း မစိုးရိမ်ပါနဲ့ ဂျူနီယာညီလေး မင်းက သစ္စာဖောက်တွေနဲ့ ဆက်နွယ်နေတာ ဥပဒေခန်းမက မင်းကို အလွတ်မပေးသေးဘူး အခုတော့ လုံခြုံပါတယ် "

"ဟုတ်သားပဲ မကြာခင် မင်း တာဝန်ချထားပေးခံရလောက်တယ်"

"အေးအေးဆေးဆေးနေရတဲ့နေရက်တွေများနေပြီလေ" ကျန်းဟောင်၏ အံ့သြနေသည့်ပုံကြောင့် လျှိုရှင်းချန် ပြောသည်။

"ရိုးရှင်းတဲ့ကိစ္စပါပဲ တပည့်သစ်စုဆောင်းရမှာ"

"တပည့်သစ်" ကျန်းဟောင် သက်ပြင်းချသည်။ ဘယ်လိုလူမျိုးက မိစ္ဆာဂိုဏ်းကိုရွေးမှာလဲ။

All Chapters