← Chapters

ကျင့်ကြံခြင်းကို ချိပ်ပိတ်ရန်နည်းလမ်း

Vol. 7 Ch. 92

ကျင့်ကြံခြင်းကို ချိပ်ပိတ်ရန်နည်းလမ်း

Vol. 7 Ch. 92

မိစ္ဆာဂိုဏ်းက အင်မော်တယ်ဂိုဏ်းများနှင့် ကွာ၏။ လူများ၏ ပထမရွေးချယ်မှုမဟုတ်ပါချေ။

မိစ္ဆာဂိုဏ်းတွင် အားကြီးသူက အားနည်းသူကို ဝါးမျိုသည်။ ကျန်းဟောင်သည်လည်း ရွေးချယ်ခွင့်မရှိပဲ မိစ္ဆာဂိုဏ်းကို ရောင်းစားခံရပြီးရောက်လာခြင်းဖြစ်သည်။

လျှိုရှင်းချန် ထွက်သွားပြီးနောက် ကျန်းဟောင်လည်း ဆေးဥယျာဥ်ကို ဆက်လျှောက်သွားလိုက်သည်။ အရိုးတစ်ရာတောအုပ် ဘာတွေကြံနေလဲဆိုတာ သိချင်နေသည်။ လျှိုရှင်းချန်ကိုယ်တိုင် သတိပေးလာမှတော့ သူ အန္တရာယ်ရှိနေတာသေချာ၏။

ငါ့နားက လူတွေအကုန်လုံးသာ လျှိုရှင်းချန်လိုဖြစ်ရင်...

ဟုန်ယွီယဲ့ကိုလည်း သတိရမိသည်။ သူမနဲ့ နောက်ဆုံးတွေ့ခဲ့တာ အတော်ကြာနေပြီဖြစ်၏။

အမည် ကျန်းဟောင်

အသက် ၂၂

ကျင့်ကြံခြင်းအဆင့် ရွှေအမြုတေအဆင့် နှောင်းပိုင်း

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား၊ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်း

အသက်သွေး ၇၇/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၇၁/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၀/၃ (မရနိုင်)

ငါ့အသက် ၂၂ တောင်ရှိပြီပဲ။ တစ်နှစ်ဟူသည်က မနေ့တနေ့ကလိုပင်။

ဟုန်ယွီယဲ့ သူ့ဆီကိုမလာတာ နှစ်ဝက်ရှိနေလေပြီ။ သူ့စိတ်က တည်ငြိမ်နေသော်လည်း သူမက တွေ့ချင်နေမိသည်။

သူမနဲ့ အတူရှိသောအခါ စိတ်လှုပ်ရှားမှုကိုခံစားရသည်။ မဟုတ်ပါက သူ၏ စိတ်အစဥ်မှာ အမြဲငြိမ်သက်နေသည်။

"ပထမဆုံးအကြိမ် သူ့ကို မျှော်မိတာပဲ"

ဆေးဥယျာဥ်တွင် လူများစွာက ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည်။

သနပ်ခါးရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးအား တွေ့လိုက်ရသည်။ သူမ၏ ဆံပင်များကို ရိုးရှင်းစွာ ထုံးဖွဲ့ထား၏။ သူမက နတ်မိမယ်နင်ရွှမ်ဖြစ်သည်။

သူမနှင့် အရင်က တစ်ခါတွေ့ခဲ့ဖူးသည်။ ကျင့်ကြံခြင်းအဆင့်ကို မသိသော်လည်း သာမန်တပည့်မဟုတ်မှန်းတော့ သိလေသည်။

သူမက ရွှေအမြုတေအဆင့်ကို ကျော်လွန်ပြီးသူဖြစ်၏။

"နှုတ်ဆက်ပါတယ် စီနီယာအစ်မနင်"

"နှုတ်ဆက်ပါတယ် အရိုးတစ်ရာတောအုပ်က ဒီမှာ ဆေးပင်အချို့ စိုက်ချင်နေတယ် သူတို့နဲ့ အထင်လွဲမှုလေးရှိတယ်လို့ကြားလို့ တခုခုဖြစ်လာခဲ့ရင် ငါ့ကို တိုက်ရိုက်ပြောပါ စိုက်ပျိုးဖို့ သင့်တော်တဲ့နေရာကိုလည်း စီစဥ်ပေးလိုက်ပါ "

နင်ရွှမ်က သူ့ကို အထင်မကြီးသလို အထင်သေး၍လည်း မဆက်ဆံပါချေ။ ပုံမှန် သူလိုကိုယ်လိုသာ ဆက်ဆံသည်။

"ကောင်းပါပြီ" ကျန်းဟောင် မငြင်းဆန်ပါချေ။

ထို့နောက် နင်ရွှမ်က ဘာမှမပြောပဲ ထွက်ခွာသွားတော့သည်။

"ဂျူနီယာမောင်လေးကျန်း အစ်မက အရိုးတစ်ရာတောအုပ်အတွက် ဒီတခေါက် တာဝန်ပေးခံရသူပါ အစ်မနာမည်က လျန်ချင်ပါ"

"စီနီယာအစ်မလျန်" ကျန်းဟောင် ဦးညွတ်သည်။

သူမက ရွှေအမြုတေအဆင့် အစောပိုင်းဖြစ်ကြောင်း သူ ပြောနိုင်လေသည်။

"ဒီဆေးပင်တွေက နည်းနည်းအဖိုးတန်တော့ အစ်မကိုယ်တိုင်စိုက်ချင်တယ် ဒါပေမဲ့ မောင်လေးအကူအညီလည်း လိုတယ် လျန်ချင်က ပြောသည်။ ဆေးပင်တွေနဲ့ပတ်သတ်ပြီး ပြဿနာရှိရင် အစ်မကိုပြောပါ နေရာပြောင်းပေးပါမယ်"

ကျန်းဟောင် ခေါင်းညိတ်သည်။

"ကောင်းပြီ ဒါဖြင့် တို့ဘာသာ အကာအကွယ်အစီအရင်ဖန်တီးပါမယ်"

လျန်ချင်က လီကိုင်နဲ့ မတူစွာ အလွန်ယဥ်ကျေးပြီး များစွာ ကွာခြားသည်။

"အရိုးတစ်ရာတောအုပ်က ငါ့ကို ထပ်ကြံစည်နေတာဆိုရင် ဒီတခါတော့ လွယ်မှာမဟုတ်ဘူး "

လျန်ချင်အပါအဝင် အရိုးတစ်ရာတောအုပ်မှ တပည့်အချို့မှာ ဆေးဥယျာဥ်၏ တနေရာတွင် အပင်များစိုက်ပျိုးနေကြသည်။ တချို့ကို ကျန်းဟောင် ရင်းနှီးပြီး အချို့ကို မသိပေ။

ဆေးပင်များအား လေ့လာဆန်းစစ်ရန် သူ ဆုံးဖြတ်လိုက်၏။

ကျန်းဟောင်က ၎င်းတို့ကိုစစ်ဆေးခဲ့သော်လည်း မှားယွင်းနေသည်ကိုတော့ မတွေ့ပါချေ။

ညနေတွင် အရိုးတစ်ရာတောအုပ်မှလူများ ပြန်သွားကြသည်။

ကျန်းဟောင် ပဟေဠိဖြစ်နေ၏။ သူတို့ ဒီတိုင်းပဲပြန်သွားတာလား။

ဆေးပင်များတွင် ပြဿနာမရှိပဲ လျန်ချင်ကလည်း တာဝန်ယူကြောင်း အာမခံသည်။

ငါပဲ အတွေးများနေတာလား။

သူလည်း စောင့်ကြည့်နေရန်သာကျန်တော့သည်။

နောက်ခုနစ်ရက်တွင် အချိန်အများစုကို ဆေးပင်များအား လေ့လာရန်သာ အသုံးပြုခဲ့သည်။ ကျင့်ကြံခြင်းကိုလည်း သန့်စင်၍ အဆောင်များအား ပိုဖန်တီးခဲ့သည်။

အဆင့်တက်ရန် နောက်သုံးလလောက်လိုသည်။ အဆင့်တက်ပြီးပါက ကောင်းကင်ဆေဘာ တတိယအကွက်အား လေ့ကျင့်နိုင်ပေမည်။

ဆေးပင်များတွင် ပြဿနာမရှိကြောင်းသေချာသည်။ ပိုင်ရီကလည်း မလှုပ်ရှားခဲ့ပေ။

ကျင့်ကြံခြင်းအား သန့်စင်ရန်လိုသလို အဆောင်ပစ္စည်းများကိုလည်း ဝယ်ယူရပေမည်။ သူ့တွင် ဝိညာဥ်ကျောက်တုံး ၂၀၀ သာကျန်တော့သည်။ ဒီပုံစံတိုင်းဆို သူ ဘယ်တော့မှ ချမ်းသာမည်မဟုတ်ပါချေ။

ကျင့်ကြံရန် ထိုင်ချလိုက်စဥ် စူးရှသည့် နာကျင်မှုအား ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းအား စစ်ဆေးလိုက်သော်ငြား ပြဿနာမရှိပါချေ။ စိတ်ဝိညာဥ်စွမ်းအင်အား ထပ်မံလည်ပတ်စေသောအခါ တူညီသည့် နာကျင်မှုပေါ်လာ၍ ဆက်လုပ်မရအောင် တားဆီးနေလေသည်။

သူ့ကိုယ်သူ အကဲဖြတ်စွမ်းရည်သုံးသော်လည်း ဂူအဆိပ်ကလွဲပြီး ထူးခြားတာမတွေ့ပေ။

ဘာမှားနေတာလဲ။

အရိုးတစ်ရာတောအုပ်က လူများရောက်လာပြီး ရက်ပိုင်းအတွင်း အခုလိုမျိုးဖြစ်လာခြင်းပင်။

လျှိုရှင်းချန်က မသိပဲကျရောက်သွားနိုင်သည့် ပိုင်ရီ၏ ထောင်ချောက်များအကြောင်းပြောခဲ့သည်။

နောက်ရက် ကျန်းဟောင်က အသစ်စိုက်ပျိုးထားသည့် ဆေးပင်များဆီ ရောက်လာပြီး ၎င်းတို့အပေါ် အကဲဖြတ်စွမ်းရည်သုံးသည်။

[ရွက်တစ်ထောင်ပန်း၊ အဆက်မပြတ်စီးဆင်းနေသည့် စိတ်ဝိညာဥ်စွမ်းအင်ရှိသည်၊ ကျင့်ကြံခြင်းအား သန့်စင်ရာတွင် ကွဲလွဲမှုဖြစ်စေခြင်းအား မြှင့်တင်ရန် သုံးသည်၊ ဤနေရာတွင် စိုက်ပျိုးရန်မှာ ပိုင်ရီ၏ အကြံဖြစ်သည်၊ သင်၏ ကျင့်ကြံခြင်းအား ချိပ်ပိတ်ရန်သုံးသည့်နည်းလမ်းဖြစ်သည်]

ပိုင်ရီ

ဒီလိုမျိုးလုပ်၍ရသည်ဟု သူ တခါမှမကြားဖူးပေ။ ပိုင်ရီက အန္တရာယ်များတာ မဆန်းတော့ပေ။

"သူ ဘယ်သူလဲဆိုတာ ရှာဖွေဖို့လိုနေပြီ"

ဆေးပင်များအား ရွှေ့ပြောင်းပေးရန် ချန်ချိုးကို လျန်ချင်အား သွားခေါ်ခိုင်းလေသည်။ အလုပ်ဖြစ်လား ကြည့်ရသေးတာပေါ့။

လျန်ချင်က အမြန်ရောက်လာပြီး သူ၏ တောင်းဆိုမှုအား မငြင်းဆန်ပဲ မည်သည့်နေရာသို့ ရွေ့ပြောင်းရမည်ကို မေးလေသည်။

း အဖွဲ့လိုက်ရခဲ့တာ ဈေးလျှော့ဖို့က မဖြစ်နိုင်လောက်ဘူး"

All Chapters