မိုင်းတူးသည်ထက်မြန်သော
Vol. 7 Ch. 93
"ဂျူနီယာမောင်လေး တခုခုဖြစ်လို့လား" လျန်ချင်က မေးသည်။
ကျန်းဟောင် ခေါင်းယမ်း၏။
ရက်အချို့ကြာပြီးနောက် သူ့အိမ်တွင် ထပ်မံကျင့်ကြံပြန်၏။ သို့သော် နာကျင်မှုက တားမြစ်ပြန်သည်။
နောက်ရက်၌ ရွက်တစ်ထောင်ပန်းအား အကဲဖြတ်ရာ တူညီသည့်ရလဒ်အား ရလေသည်။ နေရာရွှေ့ရုံဖြင့် ၎င်း၏ သက်ရောက်မှုက မပျောက်ပါချေ။
"ဒီလိုမျိုး ဘယ်လိုလုပ်နိုင်တာလဲ"
ကျန်းဟောင်က လျန်ချင်ကို ထပ်မရှာခဲ့ပေ။ အသုံးဝင်မည်မဟုတ်သောကြောင့်တည်း။
သူမက ပူးပေါင်းဆောင်ရွက်တတ်ပြီး ယဥ်ကျေးသည်။ ဆေးပင်ကိုလည်း ရွေ့ပေးပေမဲ့ မထူးခြားဘူးမဟုတ်ပါလား။
နောက်တစ်ရက်ကိုစောင့်၍ ကျင့်ကြံသည်။ နာကျင်မှုကို အောင့်အီးသည်းခံ၍ ကျင့်ကြံနေဆဲ အကဲဖြတ်စွမ်းရည်ကို သုံးလိုက်သည်။
ထိုအခါ အချက်အလက်သစ်ပေါ်လာသည်။
[အခြေအနေ၊ ဂူအဆိပ်နှင့် စိတ်ဝိညာဥ်စည်းခတ်နည်းစနစ်၊ ပိုင်ရီ ဖန်တီးခဲ့သည့်နည်းစနစ်ဖြစ်သည်၊ စက္ခုမဲ့၊ အရောင်မဲ့၊ ထိတွေ့ခြင်းကင်းမဲ့၍ သင်၏ ကျင့်ကြံခြင်းအား စည်းခတ်နိုင်လေသည်၊ ကြာပန်းနက်ကို ဘေးတွင်စိုက်၍ ဖြေရှင်းနိုင်သည်]
ပြဿနာဖြေရှင်းနည်းအား တွေ့သွားသဖြင့် သူ စိတ်သက်သာရသွားလေသည်။
သို့သော် ကြာပန်းနက်က ရှာရမလွယ်ပေ။ နှင််းကြာပန်းစံအိမ်ကို သွားကြည့်ရမည်။ ဒါက ရေရှည်အတွက် အဖြေမဟုတ်ပဲ ပိုင်ရီအား ရှာဖွေရပေမည်။
နေထွက်လာသောအခါ နှင်းကြာပန်းစံအိမ်ကိုသွားသည်။ ကြာပန်းနက်အစေ့က ဝိညာဥ်ကျောက်တုံး ၃၀၀ လောက်ကျသင့်လေသည်။
ကုသခြင်းအဆောင်နှင့် ကျန်သည့်ပိုက်ဆံအတွက် ပေးချေ၍ အစေ့အား ဝယ်လာသည်။
နောက်တစ်ရက် အစေ့၏ ကြီးထွားမှုကိုမြှင့်တင်နိုင်မည့် နည်းလမ်းကိုသိရရန် အကဲဖြတ်စွမ်းရည်အား သုံးသည်။
[ကြာပန်းနက်အစေ့၊ အားကောင်းသည့် ဆေးအာနိသင်ရှိသည်၊ အရွယ်ရောက်ပြီးနောက် ကျင့်ကြံခြင်းအား မြှင့်တင်ရန် အသုံးပြုနိုင်သည်၊ စိုက်ပျိုးပြီးပါက ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ၏ တည်ငြိမ်မှုကို သက်ရောက်စေသည့် မမြင်ရသောလှုပ်ခတ်မှုများအား ထုတ်ဖော်ပေးသည်၊ တစ်ရက်လျှင် စိတ်ဝိညာဥ်အရည်တစ်ပုလင်းလောင်းပါ၊ ခုနစ်ရက်ကြာသော် အမြစ်ပေါက်လာမည်]
ကျန်းဟောင်လည်း ဈေးကိုသွားပြီး စိတ်ဝိညာဥ်အရည်အား ဝယ်ယူရလေသည်။ တစ်ပုလင်းကို ဝိညာဥ်ကျောက်တုံး ၃၀ ပေးရပြီး ၇ ပုလင်းဝယ်လာ၏။
သူ မွဲသွားပြန်လေ၏။ ကြာပန်းနက်ကို ပျိုးထောင်ရသည်မှာ အဖိုးအခကြီးလေသည်။
ခုနစ်ရက်ကြာပြီးနောက် ကြာပန်းနက်က အမြစ်ပေါက်လာပြီး သူ့အား အပြာရောင်ပူဖောင်းရစေခဲ့သည်။
သူ အကြံတခုရလိုက်၏။ အပြာရောင်ပူဖောင်းတခုအတွက် ဝိညာဥ်ကျောက်တုံး ၅၀၀ လောက်သုံးလိုက်ရသည့် သဘောရှိသည်။
သူ့မှာသာ ဝိညာဥ်ကျောက်တုံး ၅၀၀၀၀ လောက်ရှိပါက လုံလောက်သည့် ကြာပန်းနက်များဝယ်၍ ပူဖောင်း ၁၀၀ ရနိုင်မည်မဟုတ်ပါလော။
သူ့မှာသာ ဝိညာဥ်ကျောက်တုံးတစ်သိန်းရှိလျှင် ခုနစ်ရက်ကြာတိုင်း အဆင့်တက်ရန် ကူညီပေးနိုင်မည့် ကြာပန်းနက်အား ဝယ်ယူနိုင်ပေမည်။ ဒါက မိုင်းတူးသည်ထက်ပင် မြန်၏။
ဒါတွေအားလုံးက စိတ်ကူးသာဖြစ်သည်။ ဝိညာဥ်ကျောက်တုံးတစ်သိန်းအား မည်သို့ရှာရပါမည်နည်း။
ကျန်းဟောင်လည်း ပူဖောင်းကိုစုပ်ယူ၍ စတင်ကျင့်ကြံသည်။ နာကျင်မှုအား မခံစားရတော့ပေ။ သူ့အနေနဲ့ တစ်လနီးပါး အချိန်ဖြုန်းသလိုဖြစ်သွားခဲ့ရသည်။ ပိုင်ရီက အတော်ကြောက်စရာကောင်း၏။
"သခင့်ဆီမှာ ကြာပန်းတွေ အများကြီးရှိတာပဲ" သားရဲက မေးသည်။" နှင်းကြာပန်း၊ ကြာပြာနဲ့ ကြာပန်းနက် နောက်ဆို ကြာပန်းဖြူဖြစ်နိုင်တယ်"
ကျန်းဟောင်လည်း ထိုအခါမှ သတိထားမိသည်။ သားရဲပြောတာမှန်သည်။ သူ့ခြံဝန်းထဲ ကြာပန်းသုံးမျိုးတောင်ရှိနေလေသည်။
"ကြာပန်းခုနစ်မျိုးကို စုစည်းလိုက်ရင် တခုခုဖြစ်နိုင်လား" သူ ရေရွတ်သည်။
"သခင် ဘာပြောတာလဲ"
"ဘာမှမဟုတ်ဘူး ဆေးဥယျာဥ်ကိုသွားရအောင်"
ပိုင်ရီက လှုပ်ရှားခဲ့ပြီးဖြစ်ပြီး ကောင်းကင်ရွှင်ပျော်စံအိမ်ကတော့ အခွင့်အရေးကို ချောင်းနေသည်။
"သခင် တပည့်စုဆောင်းရမဲ့တာဝန်ရှိတယ်လို့ကြားတယ် သခင်နဲ့အတူ လိုက်လို့ရလား"
သူ ခေါင်းယမ်းသည်။ "မရဘူး"
သူ စိတ်ပိုင်းဆိုင်ရာပင်ပန်းနေ၏။ တာဝန်အား ယနေ့ကြေညာမည်ကိုပင် မသိခဲ့ပါချေ။
မိစ္ဆာဂိုဏ်းတွင် ရှင်သန်ရသည်မှာ တကယ့်ကိုခက်ခဲ၏။ သင့်ကို သတ်ဖို့ကြိုးစားသူ၊ ကျင့်ကြံခြင်းအား ပိတ်ဆို့ရန် ကြိုးစားသူများရှိနေသည်။
သူ့အသက်က ၂၂ နှစ်ရှိလေပြီ။ ဤမျှထိ အသက်ရှင်နိုင်ခဲ့သည်ကိုပင် ဂုဏ်မပြုရပါသေးချေ။
ဆေးဥယျာဥ်က ပူဖောင်းများကိုကောက်၍ ဆေးပင်များအား ဂရုစိုက်သည်။ ထို့နောက် တာဝန်အတွက် ဥပဒေခန်းမအား ထွက်ခဲ့လေသည်။
(အသည်းကွဲကမ်းပါးမှ ကျန်းဟောင်)
(တာဝန်၊ တပည့်စုဆောင်းရန်)
(အနိမ့်ဆုံးလိုအပ်ချက် ၃၀၀ ၊ အမြင့်ဆုံးလိုအပ်ချက် ၁၀၀၀)
"များလိုက်တာ" သူ အံအားသင့်သွား၏။ မိုးပြာတောင်တန်းနဲ့ တိုက်ပွဲကြောင့် ဂိုဏ်းသားသစ်တွေလိုအပ်နေတာလား။
သူ ရောင်းစားခံရသညိ့ အချိန်ကိုပင် အမှတ်ရသွားသည်။ ထိုအချိန် ဂိုဏ်းက လူသိပ်မရှိသောကြောင့် နေရာတိုင်းမှ ရသလိုစုဆောင်းနေရသည်။ ကျန်းဟောင်မှာ တပည့်အဖြစ် ကံကောင်းခဲ့သည်။
လူတိုင်းကို တပည့်အဖြစ် လက်ခံသော်လည်း ပါရမီရှိလျှင် ပိုကောင်းသည်။ မဟုတ်ပါက ဂိုဏ်းတွင် မတိုးတက်နိုင်ပဲ အောက်ခြေသိမ်းအလုပ်များဖြင့် ဘဝအဆုံးသတ်သွားပေမည်။
တာဝန်က မလွယ်သော်လည်း သူတယောက်တည်း ပြီးအောင်လုပ်စရာမလိုပေ။ အခြားအခွဲများမှာ လူလေးဦလည်း ပါသည်။
ရေခဲလတောင်ကြား၊ ကျန်းရှီကျူး
မိုးကြိုးမီးတောင်ထွတ်၊ ရှင်းယုယွီ
အရိုးတစ်ရာတောအုပ်၊ ဖုန်းပိုင်ဖေး
ရေစီးတံခွန်၊ ယွဲ့ယူး
"နှစ်ယောက်က ငါသိတယ် ကျန်နှစ်ယောက်က ရေစီးတံခွန်နဲ့ အရိုးတစ်ရာတောအုပ်ပဲ"
သာမန်အတိုင်းဆို ပြဿနာမရှိသင့်ပေ။
အရိုးတစ်ရာတောအုပ်က တပည့်ကို ပိုင်ရီအကြောင်း မေးကြည့်ရမလား။
ဒါမျိုးက အလျင်မလိုသင့်ပါချေ။ သူက အခုမှ ရွှေအမြုတေအဆင့် နှောင်းပိုင်းသာရှိသေး၏။ နောက်တစ်ဆင့်နှင့် ဝေးကွာနေပါသေး၏။
တာဝန်ကိုကြည့်လိုက်ရာ ခုနစ်ရက်ကြာပြီးမှဖြစ်ကြောင်းသိရသည်။ သူ့တွင် ပြင်ဆင်ရန် အချိန်သိပ်မရှိတော့ပေ။ နတ်ဆိုးအသိုက်ကိုသွားတုန်းကဆို သူ့အနေနဲ့ တစ်လအချိန်ရခဲ့သည်။
ခုနစ်ရက်ကြာပြီးနောက် ကမ်းပါးသခင်က ခေါ်၍ သွားရသည်။
လမ်းတွင် သူ၏ အချက်အလက်များအား စစ်ဆေးသွားသည်။
အသက်သွေး ၈၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၈၃/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
အတော်လေးနီးကပ်နေလေပြီ။ ရွှေအမြုတေအဆင့် အထွတ်အထိပ်ကိုရောက်ရန် နှစ်လလောက်သာ လိုတော့မည်။
ဒါပေမဲ့ ပိုင်ရီကိုယှဥ်နိုင်ရန် မည်မျှသန်မာဖို့လိုကြောင်းကိုတော့ မသိပါချေ။
"နှုတ်ဆက်ပါတယ် ဆရာ"
"လူသစ်စုဆောင်းဖို့ တာဝန်ရထားတယ်မဟုတ်လား" ခူဝူကန်းက မေးသည်။ "အနည်းဆုံး ပါရမီရှိတဲ့တပည့်သုံးဦးလောက် အသည်းကွဲကမ်းပါးကို ခေါ်ခဲ့ဖို့ အရေးကြီးတယ်"
သာမန်အခြေအနေတွင် တပည့်သစ်များမှာ အပြင်စည်းတပည့်များဖြစ်ပြီး မည်သည့် အခွဲနှင့်မှ မသက်ဆိုင်ပေ။ ကျင့်ကြံဆင့်မြင့်လာပါမှ ကြိုက်ရာအခွဲတခုအား ဝင်ရောက်နိုင်သည်။ သို့သော် စုဆောင်းသူက သူတို့နှင့် သက်ဆိုင်သည့် အခွဲအတွက် လူသုံးဦး ရွေးချယ်နိုင်လေသည်။
"နားလည်ပါပြီ ဆရာ "
အရိုးတစ်ရာတောအုပ်မှ ဆေးပင်များအား ဆေးဥယျာဥ်မှ ဖယ်ရှားပေးရန် တောင်းဆိုရန်ကောင်းမည်လားဟု စဥ်းစားနေမိသည်။ ဒါပေမဲ့ ရန်သူအား အသိမပေးလိုပါသေးချေ။
ပိုင်ရီက မည်သူဖြစ်ကြောင်းနှင့် ကျင့်ကြံဆင့် မည်မျှရှိကြောင်းသိပါမှ အရိုးတစ်ရာတောအုပ်သို့ သူထပ်သွားရပေမည်။
တချို့အရာများက လောရန်မသင့်ပေ။