ရွေးချယ်မှု
Vol. 7 Ch. 94
ကျန်းဟောင် သက်ပြင်းချ၍ သူ့ဆရာဆီမှ ထွက်ခွာလာခဲ့သည်။ ခူဝူကန်းက သူ့ကို ဝိညာဥ်ကျောက်တုံး ၃၀၀၀ ပေးလိုက်သည်။ မုချီက သူ ဝိညာဥ်ကျောက်တုံးများလိုအပ်နေကြောင်း ပြောထားသည့်ပုံပင်။
ကျန်းဟောင်လည်း မငြင်းဆန်ပဲ လက်ခံခဲ့သည်။ ဒီလောက်များသည့် ဝိညာဥ်ကျောက်တုံးများအား မရဖူးပါချေ။ သူသာ နောက်ထပ် ဝိညာဥ်ကျောက်တုံး ၂၀၀၀ ရှာနိုင်ပါက သားရဲအား ဆက်လက်ကျွေးမွေးနိုင်မည်ဖြစ်သည်။
ထိုအခါ သားရဲ၏ သွေးမျိုးဆက်အား အလုံးစုံနိုးထနိုင်စေလောက်သည်။
သို့သော် သူ့အနေနဲ့ ပိုမိုအားကောင်းသည့် လည်ပတ်အသစ်လိုမည်ဟုလည်း ဆိုလိုရာရောက်လေသည်။
ဥပဒေခန်းမတွင် ကျန်းရှီကျူး၊ ရှင်းယုယွီတို့နှင့် ဆုံသည်။ သူတို့က သူ့ကို နှုတ်ဆက်ကြ၏။
ရှင်းယုယွီမှာ ပြုံးနေသော်လည်းစိတ်ထဲ ရေရွတ်နေမိလေသည်။ အရင်ဘဝက ဘာအပြစ်များကျူးလွန်မိလို့ ကျန်းဟောင်နဲ့ တာဝန်အတူတူကျရတာလဲ။
ဒါပေမဲ့ ကောင်းကင်ရွှင်ပျော်စံအိမ်မပါသည့်အတွက် အရင်တခါလို ပြဿနာမရှိနိုင်ပေ။
ပန်းတစ်ရာရေကန်
ဟုန်ယွီယဲ့မှာ စားပွဲပေါ်ရှိ ကျောက်ပြားတစ်ချပ်ကိုကြည့်ပြီး အတွေးနက်နေဟန်ရလေသည်။
အဖြူရောင်ပုံရိပ်တခုရောက်လာ၍ ဦးညွတ်သည်။ "ဂိုဏ်းချုပ်"
"ပြီးခဲ့တဲ့နှစ်ဝက်မှာ ကောင်းကင်ဘုံရနံ့တာအိုပန်းရဲ့ တိုးတက်မှုက ဘယ်လိုလဲ "
"ပန်းက ပိုပြီးမြင့်လာပါတယ် ကြီးထွားနှုန်းက အသိအမှတ်ပြုနိုင်ပါတယ်" ပိုင်ကျီ ပြောသည်။ "ကျန်းဟောင်က ခြောက်လလုံးလုံး ငြိမ်ငြိမ်သက်သက်ပဲ နေနေခဲ့ပါတယ်"
"စုံစမ်းစစ်ဆေးမှုအရ သူ့နဲ့ပတ်သတ်ပြီး မှားယွင်းတာမျိုးမရှိပါဘူး ဒါပေမဲ့ သူက မင်ဇိုချွမ်ရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီး အကြိီးမားဆုံးသံသယဝင်ခံထားရပါတယ် သက်သေတော့မတွေ့ပါဘူး သူမဟုတ်ရင်တောင် သူနဲ့ ပတ်သတ်သူဖြစ်နိုင်ပါတယ် ကျမအမြင်အရ ကျန်းဟောင်က သစ္စာဖောက်မဟုတ်ပေမဲ့ လုံးဝအပြစ်ကင်းတာမျိုးလည်း မဟုတ်ပါဘူး သူ့ကို ပိုပြီးစောင့်ကြည့်ဖို့လိုပါမယ် ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့်လည်း သစ္စာဖောက်တွေက သူ့ကို ချဥ်းကပ်လာကြမှာပါ သစ္စာဖောက်တွေရဲ့ အရှုပ်အထွေးထဲ သူပါလာမှာ ကျိန်းသေပါတယ်"
"သူနဲ့ အနီးကပ်ဆုံးက ဘယ်သူလဲ" ဟုန်ယွီယဲ့ မေးသည်။
"ဥပဒေခန်းမက လျှိုရှင်းချန်ပါ "
"သူရော ပြဿနာရှိလား"
"အမူအကျင့်နဲ့ နောက်ကြောင်းအရတော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ သူ့ဇစ်မြစ်က နည်းနည်းထူးခြားနေတယ် သိပ်မသိရဘူး"
"မိုးပြာတောင်တန်းကရော" ဟုန်ယွီယဲ့က ပန်းများဆီ လျှောက်သွား၏။
"သူတို့ ပြန်ပြီးကုစားနေရတုန်းပါ တခါတည်းရှင်းပစ်ချင်လည်း ရပါတယ်"
"မလိုသေးဘူး ထားထားလိုက်ဦး ကောင်းကင်နက်ဂိုဏ်းကရော"
"အကျဥ်းသားတွေကိုခေါ်ဖို့ သူတို့ လူလွှတ်မယ်ပြောပါတယ် ရှင်းပြချက်နဲ့ သူတို့ကို ဆန့်ကျင်တဲ့အတွက် တစုံတယောက်ကို တန်ကြေးပေးဆပ်စေချင်နေတယ်"
"ဒါဖြင့် သူတို့လာမှာကိုစောင့်ကြတာပေါ့" ဟုန်ယွီယဲ့က ဘူးတခုအား ပိုင်ကျီထံ ပစ်ပေးလိုက်သည်။ အထဲတွင် လက်ကာတခုရှိလေသည်။" အားထုတ်မှုအတွက် ဆု"
ပိုင်ကျီလည်း ဦးညွတ်၍ ထွက်ခွာသွားလေသည်။ ကျန်းဟောင်က သံသယဝင်စရာကောင်းသော်လည်း ဆုနဲ့လည်း ထိုက်တန်သည်။ အနည်းဆုံးတော့ ဂိုဏ်းချုပ်က ထိုသို့တွေးသည်မဟုတ်ပါလား။
လျှိိုရှင်းချန်အတွက်မူ ဂရုမစိုက်ပါချေ။
ပိုင်ကျီက ကျန်းဟောင်ထံ အဆင့်မြင့်သူတဦးဦး ချဥ်းကပ်လာရန် စောင့်နေသည်။ ဒါမှသာ သစ္စာဖောက်များကို အမြစ်ပါလှန်နိုင်မည်ဖြစ်သည်။
အဆင့်မြင့်သူများမှာ အလွန်ဂရုစိုက်ကြသောကြောင့် ဖမ်းမိရန်ခက်သည်။ ဂိုဏ်းချုပ်က ကောင်းကင်ဘုံရနံ့တာအိုပန်းတည်းဟူသော ငါးစာကိုချထားပြီးပြီဖြစ်သည်။ ၎င်းတို့ ပေါ်ထွက်လာဖို့ကိုသာ စောင့်ရမည်။
ကောင်းကင်ဘုံရနံ့တာအိုပန်းက အပြင်က ရန်သူများကိုလည်း ဆွဲဆောင်နိုင်၏။ ကောင်းကင်နက်ဂိုဏ်း လာရောက်မည့်ကိစ္စတွင် အခြားရည်ရွယ်ချက်များပါနိုင်၏။
ကောင်းကင်နက်ဂိုဏ်း
စစ်ထူကျန်းက တပည့်တဦးနှင့် ပြိုင်ဆိုင်နေသည်။
"မင်း ပိုတော်လာတယ်" စစ်ထူကျန်းက ပြောသည်။
"မလုံလောက်သေးဘူး" ဟိုထျန်းယီက ခေါင်းယမ်း၍ စစ်ထူကျန်းနဲ့အတူ လေ့ကျင့်ကွင်းမှထွက်လာသည်။
"ဂိုဏ်းက ကောင်းကင်ရှင်းလင်းဂိုဏ်းကို သွားမယ်လို့ ကြားထားတယ် ဘယ်လိုထင်လဲ"
"ဂိုဏ်းက ပြဿနာမဖြစ်စေပဲ စီနီယာအစ်ကိုရွှမ်ယွမ်ကို ပြန်ခေါ်လာနိုင်ရင် အကောင်းဆုံးပေါ့" စစ်ထူကျန်း ပြော၏။
ဟိုထျန်းယီက ရယ်၍ "မင်းက အရင်တိုင်းပဲ အကြီးအကဲတွေကြားရင် ရန်သူကို အားပေးနေတယ်ထင်လိမ့်မယ်"
"ကောင်းကင်ရှင်းလင်းဂိုဏ်းက မြင်ရသလောက် မရိုးရှင်းဘူး လွန်ခဲ့တဲ့အနှစ်တစ်ရာတုန်းက မိစ္ဆာဧကရီက ပလ္လင်ကိုယူခဲ့တယ် သူမရဲ့ နည်းလမ်းတွေက ကြမ်းတမ်းပြီး ပြတ်သားတယ် ဂိုဏ်းတွေစုပေါင်းပြီး သူမကို ဖမ်းဖို့လုပ်ပေမဲ့ ပျောက်ကွယ်သွားခဲ့တယ်"
"ဒါပေမဲ့ သူမပျောက်နေတာ အနှစ် ၆၀ ရှိပြီ အခုဆို သေပြီလားတောင်မသိဘူး ကောင်းကင်ရှင်းလင်းဂိုဏ်းမှာ ဂိုဏ်းချုပ်မရှိတာ လူတိုင်းသိနေတာပဲ"
စစ်ထူကျန်းက ပြုံးသည်။ ဒီတခေါက်သွားမည့် အကြီးအကဲများက သာမန်ဖြစ်သောကြောင့် ပြဿနာမဖြစ်တန်ရာ။
စစ်ထူကျန်းလည်း ဟိုထျန်းယီကို နှုတ်ဆက်၍ ရမ်ရှောင်းဆီ လျှောက်လာသည်။ ရမ်ရှောင်းက သက်လတ်ပိုင်းလူတဦးနှင့် စကားပြောနေသည်။
"ပြော ကောင်းကင်ရှင်းလင်းဂိုဏ်းကိုရောက်နေတုန်းက တယောက်ယောက် နှောင့်ယှက်သေးလား ချက်ချင်း လက်တုံ့ပြန်ပေးမယ်" ရမ်တင်းဟယ်က ပြောသည်။
ရမ်ရှောင်းက လည်ပင်းကိုထိ၍ ကျန်းဟောင်အား အမှတ်ရသွား၏။
စစ်ထူကျန်း၏ သတိပေးမှုကိုလည်း အမှတ်ရသည်။ စစ်ထူကျန်းကို သူမ နည်းနည်းကြောက်သည်။
သူမက အားတင်းပြုံးပြီး ခေါင်းယမ်းသည်။ "ဘာမှမဖြစ်ခဲ့ပါဘူး"
ရမ်တင်းဟယ်က သူ့သမီးကိုကြည့်ပြီး သက်ပြင်းချသည်။ "ငါ့သမီး အရွယ်ရောက်လာပြီ"
သူထွက်သွားသောအခါ စစ်ထူကျန်းရောက်လာ၏။ "ကြည့်ရတာ ဂျူနီယာညီမရမ်က ထင်သလောက် မတုံးအဘူးပဲ"
ရမ်ရှောင်းမှာ ရှူးရှူးရှားရှားဖြစ်သွားပြီး "စီနီယာအစ်ကို အဲ့လူက ဒီလောက်တောင်အန္တရာယ်များလား သူက ကောင်းကင်ရှင်းလင်းဂိုဏ်းကျဆင်းနေချိန်မှာ ရွေးချယ်ခံထားရတာတဲ့ ဘာများထူးခြားမှာမို့လို့လဲ"
"ဘယ်သူသိမှာလဲ" စစ်ထူကျန်းက အဝေးကိုကြည့်သည်။ "အချိန်က ပြောသွားပါလိမ့်မယ် ငါတို့လုပ်ရမှာက စောင့်ကြည့်ဖို့ပဲ ဒီနေ့ မင်းပြုလုပ်လိုက်တဲ့ ရွေးချယ်မှုက အကျိုးပေးကောင်းပေးလိမ့်မယ်"