အဓိပ္ပာယ်ကင်းမဲ့သည့် စစ်ဆေးမှု
Vol. 7 Ch. 96
ထိုမိန်းကလေးက ၁၂ နှစ် ၁၃ နှစ်လောက်သာရှိမည်။ ဆံပင်တိုတိုနှင့် အနည်းငယ် စုတ်ပြတ်ပြတ်နိုင်သည်။
သူမက အာဟာရချိုတဲ့နေပုံရ၏။ အဖွဲ့ထဲ အခုလိုကလေးတယောက်ပေါ်လာတာ ထူးခြားနေသည်။
သို့သော် ကျန်းဟောင်က ဒီထက်ပိုမြင်နိုင်၏။ သူမ၏ စိတ်ဝိညာဥ်က သန်မာသည်။ အသက်ရှူခြင်းကြား စိတ်ဝိညာဥ်စွမ်းအင်ကို အာရုံခံမိသည်။ သို့သော် သူမက ကျောက်စိမ်းပြားကို လုံးဝမလင်းစေနိုင်ပေ။
ဤကလေးက သာမန်မဟုတ်ကြောင်းတွေးမိသည်။ သူ၏ အကဲဖြတ်စွမ်းရည်အား စံပြဖြစ်ထိုက်သူတဦးဦးအတွက်သာ ချန်ထားခြင်းမဟုတ်ပါလျှင် သူမအပေါ် သုံးလိုက်ပြီဖြစ်၏။
ဤအသုတ်က မည်သူမှ ကျောက်စိမ်းပြားကို မလင်းစေပေ။ သူ့အနေနဲ့ အနည်းဆုံး တပည့်သုံးဦးကိုစုဆောင်းရမည်ဖြစ်ရာ ဤနေရာတွင် မတွေ့ပါက ထပ်ရှာရပေမည်။
"ပါရမီမပါဘူးလား" မိန်းကလေးက စိတ်ပျက်သွားဟန်ရပြီး ကျောက်စိမ်းပြားကို ပြန်ပေးသည်။
မြောင်ရှင်းက နောက်ဆယ်ဦးအား ခေါ်မည်အလုပ်တွင် ကျန်းဟောင် တားလိုက်၏။
"ခဏ"
အခြားသူများ သူ့ကိုကြည့်လိုက်ကြသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ "ကျန်းဟောင် မေးသည်။ ဤမိန်းကလေးသာထူးခြားရိုးမှန်ပါက အသည်းကွဲကမ်းပါးကို ခေါ်သွားရပေမည်။
"ကောင်မလေးက သူ့ကိုယ်သူ ညွှန်ပြရင်း အံ့သြသွား၏။ ကျမလား"
ကျန်းဟောင် ခေါင်းညိတ်သည်။
"လီ ကျမနာမည်က လီပါ"
"ကောင်းပြီ ဘေးမှာရပ်ပြီး နောက်စစ်ဆေးမှုအတွက် စောင့်နေ "
ကျန်းရှီကျူးတို့မှာ နားမလည်နိုင်ကြပေ။ မြောင်ရှင်းလည်း စိတ်ရှုပ်သွားပေမဲ့ ဘာမှမပြောချေ။
လီက ဘေးတွင်ရပ်၍ စောင့်နေသည်။
"သူမမှာ ပုန်းကွယ်နေတဲ့ပါရမီရှိလို့လား" ရှင်းယုယွီက မေးသည်။
ယွဲ့ယူးက ကောင်မလေးကိုကြည့်၍ "အရိုးအဆစ်တည်ဆောက်ပုံကတော့ ကောင်းပါတယ် ဒါပေမဲ့ ဘာမှအာရုံမခံမိဘူး ပါရမီမပါရင်တော့ သိုင်းပညာရပ်ပဲသင်ယူနိုင်လိမ့်မယ်"
ဖုန်းပိုင်ဖေးက မနှစ်သက်ဟန်ဖြင့် ခေါင်းခါသည်။
သူတို့တွင် နေရာအကန့်အသတ်ရှိရာ ထူးချွန်သည့်လူများကိုသာ သူတို့၏ အခွဲအတွက် စုဆောင်းချင်လေသည်။
စစ်ဆေးမှုက ဆက်သွားနေသည်။ ကျောက်စိမ်းပြားသုံးတန်းကို လင်းစေသူများလည်း ပေါ်ထွက်လာ၏။ သို့သော် ထို့ထက် ကျော်လွန်၍ လင်းစေနိုင်သူတော့ ပေါ်မလာသေးပါချေ။
ကျန်းဟောင်တို့မှာ အလျင်မလိုချေ။ ဖြည်းဖြည်းချင်းသာ ပါရမီရှင်တပည့်များအား ရှာဖွေလို၏။
လေးတန်းလင်းပါက ပျမ်းမျှပါရမီဟုဆိုရမည်။ ငါးခုနဲ့အထက်ကတော့ သင့်တင့်သည်။
လူတစ်ရာလောက် စစ်ဆေးပြီးမှ ငါးတန်းလင်းစေသည့် မိန်းကလေးတဦး ပေါ်ထွက်လာသည်။ သူမပြီးနောက် နောက်ထပ်တူညီသည့် နှစ်ဦးပေါ်လာသည်။
လူငါးရာစစ်ဆေးပြီးသောအခါ သာလွန်ပါရမီရှိသည့် ကောင်လေးတဦးပေါ်လာ၏။ ကျန်းဟောင်က သေချာအာရုံစိုက်ထားသည်။
စုဆောင်းသူများက သူတို့အခွဲအတွက် လူသုံးဦးရယူနိုင်ရာ သေချာသတိထားလေသည်။
စစ်ဆေးမှုက ချောချောမောမော ဆက်သွားနေသည်။
လူနှစ်ထောင်ကို စစ်ဆေးပြီးသွားသည်။ တချို့က ဖြတ်ကျော်နိုင်သည့်အတွက် ဝမ်းသာ၍ အချို့ကတော့ ဝမ်းနည်းနေကြသည်။
ပျမ်းမျှပါရမီထက်မြင့်သူ ကိုးဦးကိုရှာတွေ့ထား၏။ အရည်အသွေးမြင့်သူအားလုံးကို မရွေးချယ်နိုင်ကြောင်း ကျန်းရှီကျူး သတိပေးသည်။ ဒါက အခွဲအားလုံးကို မျှတစေရန်ပေးထားသည့် အခွင့်အရေးဖြစ်သည်။
ထိုအခိုက် လူသုံးဦးက စားပွဲဆီ ချဥ်းကပ်လာ၏။ ယောကျာ်းလေးနှစ်ဦးနှင့် မိန်းကလေးတဦးဖြစ်သည်။ သူတို့က တစ်ရွာတည်းသားချင်းဖြစ်သည်။
ယောကျာ်းလေးတဦးမှာ သန်မာဟန်ရပြီး ကျန်တဦးမှာ အားနည်းပုံပေါ်သည်။ မိန်းကလေးကလည်း သန်မာပုံပေါက်သည်။
ကျန်းဟောင်က အားနည်းဟန်ရသည့် ကောင်လေးကိုကြည့်ပြီး တစုံတခုကွဲပြားနေကြောင်း သတိထားမိသည်။ တခုခုပုန်းအောင်းနေသလိုပင်။
ကျန်ယောကျာ်းလေးနဲ့ မိန်းကလေးမှာ ကျောက်စိမ်းပြားကိုကိုင်ထား၏။ သူတို့နှစ်ဦးလုံး ခုနစ်တန်းလင်းစေလေသည်။
ကျန်းရှီကျူးနှင့် အခြားသူများ ထိုင်ခုံမှထရပ်လိုက်ကြသည်။ ကျန်းဟောင်လည်း ကွဲထွက်မနေချင်သောကြောင့် ထရပ်သည်။
အခြားသူများက စိတ်လှုပ်ရှားနေကြသော်လည်း ကျန်းဟောင်မှာမူ အားနည်းသည့် ကောင်လေးကိုသာ ကြည့်နေသည်။ သူက သုံးတန်းမျှသာလင်းစေ၏။
အကဲဖြတ်စွမ်းရည်အား သုံးချင်သော်လည်း ထိန်းထားလိုက်သည်။ အလျင်မလိုပေ။ ၎င်းတို့ကို နောက်မှ အကဲဖြတ်နိုင်၏။
ကျန်းရှီကျူး စကားစလိုက်သည်။ "မင်းတို့နှစ်ဦး ဒီလာပြီး နာမည်ပြော"
ကောင်လေးနဲ့ ကောင်မလေးက သူ့ဆီလျှောက်သွားစဥ် အားနည်းသည့်ကောင်လေးကတော့ စိတ်ဓာတ်ကျနေဟန်ရှိလေသည်။
ကျန်းဟောင် ဘာမှမပြောပေ။ ဒါက အစသာရှိသေး၏။ မိစ္ဆာဂိုဏ်းတွင်ရှင်သန်လိုပါက နှိမ့်နှိမ့်ချချဖြင့် နေထိုင်ရန်လိုသည်။ အားနည်းသူက အာရုံစိုက်ခံရလွန်းပါက ဒုက္ခရောက်ပေမည်။
"ကျမက ကျောက်ချင်းရှဲ့ပါ "
"ကျနော့်နာမည် လင်းမိုပါ"
ကျန်းရှီကျူးက အခြားသူများကိုကြည့်သည်။" ဘယ်လိုမြင်ကြလဲ"
"ဒါကိုတော့ ကျမတို့ဆုံးဖြတ်နိုင်မယ်မထင်ဘူး" ရှင်းယုယွီ ပြောသည်။
"အရိုးတစ်ရာတောအုပ်က တစ်ယောက်ယူမယ်" ဖုန်းပိုင်ဖေး ပြောသည်။
"သူတို့က ထိပ်တန်းပါရမီရှင်တွေပဲ ဂျူနီယာညီမရှင်းပြောတာ မှန်တယ် ကိုယ့်ဘာသာမဆုံးဖြတ်နိုင်ဘူး သူတို့ကို အကြီးအကဲတွေဆီ ပြန်ခေါ်သွားရမယ် အရိုးတစ်ရာတောအုပ်မှာ စိတ်ကြိုက်လုပ်နိုင်တဲ့အခွင့်အာဏာရှိတယ်လို့ထင်လား အခြားအခွဲတွေက ဒီတိုင်းထိုင်ကြည့်နေမယ်ထင်လား" ယွဲ့ယူး ပြောသည်။
"ဘယ်လိုဖြစ်သင့်တယ်ဆိုတာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး" ဖုန်းပိုင်ဖေးက ပြန်ပြော၏။
"ဂျူနီယာညီလေးကျန်းရော ဘယ်လိုထင်လဲ" ကျန်းရှီကျူးမေးသည်။
"စီနီယာအစ်ကို သဘောအတိုင်းပါ"
သူတို့တွင် လုံလောက်သည့် အခွင့်အာဏာဟူ၍ မရှိပါချေ။ သူတို့ဆရာများကိုသတင်းပေးပြီး သူတို့အချင်းချင်း ဖြေရှင်းခိုင်းရပေမည်။
"ဆက်စစ်ဆေးကြတာပေါ့ နောက်ထပ်ပေါ်လာနိုင်သေးတာပဲ" ကျန်းဟောင် ပြော၏။
ကျန်းရှီကျူးလည်း မြောင်ရှင်းအား လူများထပ်ခေါ်လာရန် ပြောသည်။
ထပ်မံ၍ ထိုသို့သောပါရမီရှင်မျိုးမတွေ့တော့ပေ။ တချို့က သာမန်ဖြစ်၍ အချို့က အနည်းငယ်သာသည်။
ရုတ်တရက် ကျန်းဟောင် မျက်မှောင်ကုတ်သည်။ ချိုသာသောအပြုံးဖြင့် လူတဦးက သူတို့ဆီ ချဥ်းကပ်လာ၏။ ၎င်းက ရွှေအမြုတေအဆင့်ဖြစ်သည်။
သူမက သူတို့ကိုကြည့်ပြီး ပိုပြုံးလိုက်၏။" ငါရော စစ်ဆေးလို့ရမလား"
ကျောက်စိမ်းပြားကို ကောက်ကိုင်လိုက်ရာ ခုနစ်တန်းလုံး လင်းလေသည်။
အခြားသူများလည်း တခုခုမှားနေပြီမှန်းသိလိုက်၏။ သူမက ရွှေအမြုတေအဆင့် ဖြစ်သောကြောင့် စစ်ဆေးမှုက အဓိပ္ပာယ်မရှိပါချေ။
"ဒီထဲမှာ အသည်းကွဲကမ်းပါးကလူပါလား "
"ကျုပ်ပါ" ကျန်းဟောင် ထရပ်သည်။" ဘာကိစ္စရှိလို့ပါလဲ"
"အသည်းကွဲကမ်းပါးထဲဝင်ချင်လို့ ကိုယ်ပိုင်အခွဲအတွက် တယောက်ကို သုံးနေရာရွေးလို့ရတယ်ကြားတယ် ငါ့ကိုရွေးပါ" သူမပြော၏။
"ဘယ်သူလဲဆိုတာသိပါရစေ" ကျန်းဟောင် ယဥ်ကျေးစွာမေး၏။
"မြောင်တင်းလျန် "
သူမ၏အဖြေကြောင့် ကျန်းဟောင် အလွန်အံ့သြသွားရသည်။