← Chapters

သစ္စာဖောက်

Vol. 7 Ch. 97

သစ္စာဖောက်

Vol. 7 Ch. 97

ကျန်းဟောင် ထိုနာမည်ကိုသိ၏။ မုချီကို အကဲဖြတ်တုန်းက သူမ၏ အမည်ပါခဲ့သည်။ သူမက ကောင်းကင်သူတော်စင်ဂိုဏ်းမှ သူတော်စင်မဖြစ်ပြီး မုချီနဲ့ပတ်သတ်ခဲ့ဖူးသည်။

သူ စိုးရိမ်သလို ပဟေဠိလည်းဖြစ်နေမိသည်။ သူမက ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် သူလျှိုလုပ်ချင်ပါက အဘယ်ကြောင့် ကျင့်ကြံဆင့်အမှန်ဖြင့် ချဥ်းကပ်လာရပါသနည်း။

"သင့်ရဲ့ ကျင့်ကြံဆင့်က မြင့်မားလှတာ ဘယ်ဂိုဏ်းကလဲဆိုတာသိခွင့်ရှိမလား "ကျန်းဟောင် မေး၏။

အခြားသူများ အံ့သြသွား၏။ သူတို့ကြားထဲ ဒီလိုလူမျိုးရှိနေသည်ကို မသိခဲ့ပါချေ။ တချို့ကတော့ သူမကို ရန်မစမိသည့်အတွက် ကံကောင်းသည်ဟု တွေးနေကြလေသည်။

"ကောင်းကင်သူတော်စင်ဂိုဏ်း" မြောင်တင်းလျန်က အမှန်တိုင်းပြောသည်။" ဂိုဏ်းကို သစ္စာဖောက်ပြီး ဒီကိုရောက်လာခဲ့တာ ရှင့်ဆရာဆီ ခေါ်သွားပေးမယ်ဆိုရင် သစ္စာခံပါမယ်လို့ ဒီနေရာမှာ ကတိပြုပါတယ်"

ကျန်းဟောင် ခေါင်းကိုက်သွား၏။ ကောင်းကင်ရှင်းလင်းဂိုဏ်းနှင့် ကောင်းကင်သူတော်စင်ဂိုဏ်းနှစ်ခုလုံးမှာ မိစ္ဆာဂိုဏ်းများဖြစ်သော်လည်း တဖွဲ့တည်းသားချင်းမဟုတ်ပေ။

ကျန်းဟောင် တုံ့ဆိုင်းသွား၏။။

"ကောင်းပြီလေ ဘယ်အရာမှ အလကားမရဘူး" မြောင်တင်းလျန်က အပြုံးဖြင့် ပြောသည်။ သူမက ဖန်ပုလင်းငယ်တခုထုတ်၍ "သဘောတူရင် ဒါက ရှင့်ဟာပဲ"

ကျန်းရှီကျူးနှင့် ဖုန်းပိုင်ဖေးတို့ ကြောင်အသွားကြသည်။

ကောင်းကင်မူလပြန်ဆေးလုံး

ကျန်းဟောင်လည်း ထိုဆေးလုံးကိုကြည့်၍ အတော်လိုချင်သွားလေသည်။ ၎င်း၏ တန်ကြေးက ဝိညာဥ်ကျောက်တုံး ၃၀၀၀ ကနေ ၁၀၀၀၀ ထိရှိနိုင်သည်။

ကျန်းဟောင်လည်း တုံ့ဆိုင်းမနေတော့ပဲ သူမအပေါ် အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်သည်။

[မြောင်တင်းလျန်၊ ကောင်းကင်သူတော်စင်ဂိုဏ်း၏ သူတော်စင်မတစ်ဦး၊ အလွန်ပါရမီရှိသည်၊ ရွှေအမြုတေအဆင့် အလယ်အလတ်၊ သူမ၏ ဂိုဏ်းကိုစွန့်ခွာပြီး အဖမ်းမခံရစေရန် အသည်းကွဲကမ်းပါးကို ဝင်ရောက်ချင်နေ၏၊ အသည်းကွဲကမ်းပါးမှ မုချီနှင့် ပတ်သတ်ခဲ့ဖူးသည်၊ သူ့ကြောင့် ဂိုဏ်းကို စွန့်ခွာခဲ့ခြင်းဖြစ်၏]

ကျန်းဟောင် ဆွံ့အသွား၏။ မုချီက မြောင်တင်းလျန်နဲ့ ပတ်သတ်ခဲ့ဖူး၍ သစ္စာဖောက်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ရာမှ မြောင်တင်းလျန်ကသာ သူမဂိုဏ်းကို သစ္စာဖောက်သွားလေသည်။

သူမက ခြိမ်းခြောက်မှုမဟုတ်ကြောင်း သိလိုက်၏။ ဆေးလုံးအား သူမဆီပြန်တွန်းပေးလိုက်သည်။" ဝင်ခွင့်စစ်ဆေးမှုက မနက်ဖြန်မှဖြစ်လို့ စောင့်ဆိုင်းပေးပါ အရင်ဆုံး ဆရာ့ကို အကြောင်းကြားဖို့လိုပါတယ် ကျေးဇူးပြု၍ နားလည်ပေးပါ"

ဆေးလုံးကိုသာ လက်ခံလိုက်ပါက တာဝန်အားလုံးမှာ သူ့ပေါ် ကျလာပေမည်။ တခုခုဖြစ်လာပါက သူ အပြစ်တင်ခံရမည်။ ဆေးလုံးကို မယူသည့်အတွက် သူ့အနေနဲ့ လွတ်လပ်သည်။

ကျန်းရှီကျူးနှင့် အခြာသူများ ဆေးလုံးကို တပ်မက်စွာကြည့်လိုက်ကြသည်။

မြောင်တင်းလျန်က ကျန်းဟောင်၏ စကားအား သဘောတူလေသည်။

စစ်ဆေးမှုက ဆက်သွားနေ၏။ ပထမစစ်ဆေးမှုပြီးနောက် မြောင်တင်းလျန်အပါအဝင် လူသုံးရာကျော်ကျန်သည်။ သူတို့၏ တာဝန်က ပြီးမြောက်သွားပြီဖြစ်၏။

သို့သော် ဒုတိယစစ်ဆေးမှုအတွက် ဆက်နေရပေဦးမည်။

မြောင်ရှင်းက လူတိုင်းကို စာအုပ်များဝေပေးသည်။ ဒါက နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ပါရမီစစ်ဆေးမှုတွင် ကျရှုံးခဲ့လျှင်တောင် နားလည်မှုစစ်ဆေးခြင်းတွင် သူတို့ကိုယ်သူတို့ သက်သေပြနိုင်၏။ သို့သော် ပထမစစ်ဆေးမှုကို မအောင်မြင်ခဲ့သူများမှာ ဒုတိယစစ်ဆေးမှုကိုလည်း ကျော်ဖြတ်ရန် အခွင့်အလမ်းနည်းလေသည်။

"ကောင်းပြီ ကောင်းကင်အသံကြိုးကို စဖတ်ကြတော့" မြောင်ရှင်း ပြောသည်။

ကျန်းဟောင်၏ အကြည့်က လီနှင့် အားနည်းသည့်ကောင်လေးထံ ရောက်သွား၏။

ကောင်းကင်အသံကြိုးက ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၏ ပထမအခန်းဖြစ်ပြီး နားလည်နိုင်စွမ်းအား စစ်ဆေးရန် သုံးသည်။

ထို့အပြင် ၎င်းက လူထုကိုချပြထားသောကြောင့် အခြားဂိုဏ်းများလည်း တခါတရံ ဤနည်းလမ်းကို အသုံးပြုကြသည်။

ဤစစ်ဆေးမှုကို ဂိုဏ်းချုပ်ကိုယ်တိုင် ဖန်တီးခဲ့သည်ဟု သိရသည်။

စာအုပ်ကို မှော်ဖြင့်ပြုလုပ်ထား၏။ နားလည်နိုင်စွမ်းကောင်းလျှင် တောက်ပလာပေမည်။ ၎င်းကိုလည်း ခုနစ်ပိုင်းခွဲထားသည်။

ခဏကြာသော် ယောကျာ်းလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး၏ စာအုပ်မှာ အလွန်လင်းလက်သောကြောင့် ရွေးချယ်ခံလိုက်ရသည်။

တယောက်ဆို နောက်ဆုံးအပိုင်းထိပင် လင်းလက်စေလေသည်။

လီတွင် နားလည်နိုင်စွမ်းလည်း မရှိပါချေ။ ကျန်းဟောင် စိတ်ရှုပ်ထွေးသွား၏။ အားနည်းသည့်လူငယ်မှာမူ အတန်းသုံးခုအား လင်းလက်စေပြန်လေသည်။ သူ့နာမည်က လင်းကျစ်ဖြစ်သည်။

"အင်း လီကို မနက်ဖြန်ကျရင် အကဲဖြတ်ရမယ်" ကျန်းဟောင် တွေးသည်။

လင်းကျစ်က ဂိုဏ်းထဲကိုဝင်နိုင်သွားပြီဖြစ်ရာ အကဲဖြတ်စရာမလိုတော့ပါချေ။ ဒါပေမဲ့ လီလေးအတွက်မူ...

သူမက တကယ်ပဲ သာမန်လား ပုန်းကွယ်နေသည့်ပါရမီရှိလားဟု သေချာစေရပေမည်။

"အတော်ကံကောင်းတာပဲ ထိပ်တန်းပါရမီရှင်နှစ်ဦးတောင် တွေ့ခဲ့တယ်" မြောင်တင်းလျန် ပြောသည်။

ကျန်းဟောင်က ဘာမှမပြောပေမဲ့ သူမပြောတာ မှန်သည်။

နားလည်မှုစစ်ဆေးပြီးနောက် စာရင်းထဲ လူသုံးဆယ်ကျော်တိုးလာသည်။

နောက်ဆုံးစစ်ဆေးမှုက ဇွဲလုံ့လဖြစ်သည်။

"ပါရမီ၊ နားလည်နိုင်စွမ်းနဲ့ လုံ့လ... သိပ်ကောင်းတဲ့စစ်ဆေးမှုပဲ "သူမက ပြောပြန်သည်။

သူမက ရွှေအမြုတေအဆင့်ဖြစ်သောကြောင့် စစ်ဆေးမှုက မလိုအပ်ပါချေ။ ရှုပ်ထွေးသည့် နောက်ခံကြောင့်သာမဟုတ်ပါက အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက်လက်ခံနိုင်သည်။

"သူတို့ကို မနက်ဖြန်ခေါ်သွားမယ်" ကျန်းရှီကျူးပြောသည်။" ဒီနေ့တော့ နားပါစေ"

မြောင်ရှင်းလည်း ခေါင်းညိတ်ပြီး ကျန်းဟောင်ကိုကြည့်သည်။

"စီနီယာအစ်ကိုကျန်း လီလေးကို ပြန်လွှတ်ရမလား နေခိုင်းထားရမလား "

ထိုကောင်မလေးက မည်သည့်ပါရမီမှမရှိပဲ စစ်ဆေးမှုနှစ်ခုလုံးကို ကျခဲ့သည်။ ပုံမှန်ဆို ထိုသို့မေးနေစရာမလိုပါချေ။

"နေခိုင်းလိုက်ပါ မနက်ဖြန်ကြမှ ဆုံးဖြတ်မယ်"

ထို့နောက် မြောင်တင်းလျန်ကို နှုတ်ဆက်၍ အခြားသူများနဲ့အတူ ပြန်လာခဲ့သည်။ ထိပ်တန်းအဆင့်ရှိ တပည့်နှစ်ဦးကိုလည်း ခေါ်လာသည်။

သူတို့ ထွက်မလာခင် ကျောက်ချင်းရှဲ့နှင့် လင်းမိုက လင်းကျစ်ကို နှုတ်ဆက်နေသည်အား တွေ့ရလေသည်။

လင်းကျစ်က အားတင်းပြုံး၍ သူ့သူငယ်ချင်းများအတွက် ဝမ်းသာကြောင်း ပြလေသည်။။

သူတို့နှစ်ဦးက အနာဂတ်အကန့်အသတ်မဲ့ဖြစ်သွားပြီး သူကတော့ အဆင့်မီသည်ဆိုရုံလေးဖြစ်သည်။

လင်းကျစ် ဂိုဏ်းတွင်ရှင်သန်နိုင်ရန် ကျန်းဟောင် မျှော်လင့်မိသည်။ သူ့အနေနဲဲ့ နိုင်ရာစားမိစ္ဆာဂိုဏ်းတွင် ရှင်သန်ရန် နည်းလမ်းရှာဖို့လို၏။

လင်းကျစ်နှင့် သူငယ်ချင်းများကြား အကွာအဝေးက ခြားနားသွားပေလိမ့်မည်။ ဒါကို သူ ခံနိုင်ရည်ရှိပါစေ မျှော်လင့်မိ၏။

"စီနီယာတို့ ကျနော်တို့ကို ဘယ်အခွဲက လက်ခံမှာပါလဲ" လင်းမိုက မေးသည်။

"မသိသေးဘူး" ကျန်းရှီကျူးက ကြင်နာစွာပြော၏။ "ဒါပေမဲ့ မင်းရဲ့ ပါရမီနဲ့ဆိုရင် ဘယ်သွားသွားတန်ဖိုးထားခံရမှာပါ"

"အနာဂတ်ကျရင် ကျနော်တို့ရော စီနီယာတို့လို လေပေါ်ပျံပြီး သန်မာနိုင်မှာလား"

ရှင်းယုယွီက ရယ်သည်။ "တို့ထက်တောင် သာသွားဦးမယ်"

ကျန်းဟောင်က ဘာမှမပြောပေ။ မြင့်မားသည့်ပါရမီရှိခြင်းက မနာလိုစရာဖြစ်သည်။

"ကျမတို့ သူငယ်ချင်း.. သူကရော" ကျောက်ချင်းရှဲ့က မေး၏။

"လင်းကျစ်လား သူ့ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက အကန့်အသတ်ရှိတယ် မင်းတို့ကြားက အကွာအဝေးက ကြီးမားလာလိမ့်မယ် ဒါကို အားလုံးခန့်မှန်းပြီးသားဖြစ်မှာပါ" ယွဲ့ယူးက ဆိုလေသည်။

အတန်ကြာသော် သူတို့ ဥပဒေခန်းမဆီ ဆင်းသက်လိုက်ကြသည်။ သက်ဆိုင်ရာအခွဲများ၏ ဆရာသခင်များလည်း ခေါ်ထားပြီးဖြစ်သည်။

ကလေးနှစ်ဦး၏ အရည်အချင်းအား အကျဥ်းချုပ်ရှင်းပြသည်။ ဆရာသခင်တိုင်းက သူတို့ကို လိုချင်ကြလေသည်။

ကျန်းဟောင်က သူ့ဆရာကို အစီအရင်ခံစရာရှိသည်ဟုပြောသောကြောင့် ခူဝူကန်းက သူ့အိမ်ကိုခေါ်သွားလေသည်။

မြောင်တင်းလျန်နဲ့ပတ်သတ်သည့် ကိစ္စအား အမြန်ဆုံးဖြေရှင်းချင်လေသည်။

All Chapters