နဂါးမျိုးနွယ်
Vol. 7 Ch. 98
ကျန်းဟောင် အချိန်တချို့ရသည့်အတွက် ဆေးဥယျာဥ်ကိုသွားသည်။
ဆေးဥယျာဥ်ထဲ ဝင်လိုက်သည်နှင့် သားရဲနှင့် ချန်ချိုးတို့ စကားပြောနေသည်အား ကြားရလေသည်။
"ချမ်းသာတဲ့မိသားစုက ၁၆ နှစ်အရွယ်အပျိုမလေးတွေက အကောင်းဆုံးပဲ ငါ့ကို လတ်ဆတ်တဲ့မုန်လာဥတွေပေးတယ် "
ချန်ချိုးမှာ ရှော့ရနေဟန်ရှိ၏။
သားရဲက ကျန်းဟောင်ကိုမြင်သောအခါ လှမ်းပြောသည်။ "သခင် ပြန်လာပြီ ကျနော် မုန်လာဥစားမလို့ ယူဦးမလား"
"စီနီယာအစ်ကိုကျန်း" ချန်ချိုးက ဦးညွတ်သည်။
ကျန်းဟောင်က သူ့ကိုကြည့်သည်။ "ကျင့်ကြံခြင်းမှာ ပြဿနာရှိလို့လား "
"နည်းနည်းပါ" သူက အတန်ငယ် ရှက်ရွံ့ဟန်ဖြစ်သွားသော်လည်း မေးခွန်းများမေးမြန်းခဲ့သည်။ ကျန်းဟောင်လည်း ပြန်ဖြေပေးခဲ့သည်။
".မင်းအဆင့်တက်တော့မယ်ဆိုရင် မတော်တဆမဖြစ်ရအောင် ရက်အနည်းငယ်လောက် ကျင့်ကြံခြင်းကိုသွေးထားတာ အကောင်းဆုံးပဲ "
ချန်ချိုး ခေါင်းညိတ်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာ"
ချန်ချိုးက အသက်သွေးသန့်စင်ခြင်းအဆင့် ၈ တွင် ရောက်နေတာကြာပြီဖြစ်ပြီး အခု အဆင့် ၉ ကိုတက်တော့မည်ဖြစ်သည်။
သူသာ အခြေခံတည်ဆောက်နိုင်ပါက အတွင်းစည်းတပည့်ဖြစ်လာမည်။
ကျန်းဟောင်လည်း ဆေးပင်များအား ဂရုစိုက်ပြီးချိန် ကျိုးချန်က ဘူးတခုဖြင့်ရောက်ရှိလာလေသည်။
အကြီးအကဲပိုင်ကျီက ပေးခိုင်းလိုက်ကြောင်းပြောသည်။
သူကြည့်လိုက်ရာ ယခင်ရထားဖူးသည့် ချပ်ဝတ်၏ အစိတ်အပိုင်းဖြစ်ကြောင်းသိလိုက်သည်။ ပြီးခဲ့သည့်နှစ်ဝက်အတွင်း ကောင်းကင်ဘုံရနံ့တာအိုပန်းကို ဂရုစိုက်ခဲ့သည့်အတွက် ဆုလာဘ်ဖြစ်ပေမည်။
"ကြည့်ရတာ လက်ကာဖြစ်မယ် နောက်မှအကဲဖြတ်ကြည့်ရမယ်" ထိုကိစ္စကို ဘေးဖယ်ထား၍ သူ့ဆရာ၏ အိမ်ကိုသွားသည်။
"ဝင်ခဲ့" သူ တံခါးခေါက်လိုက်သောအခါ အထဲက ပြန်ထူးသံကြားသည်။
"နှုတ်ဆက်ပါတယ် ဆရာ" ကျန်းဟောင် ဦးညွတ်သည်။
ခူဝူကန်းက စိတ်အခြေအနေမကောင်းသည့်ပုံမျိုးပေါက်နေသည်။ ကျန်းဟောင်ကြည့်ရာ ထိပ်တန်းပါရမီရှင်နှစ်ဦးအား မတွေ့ရသည့်အတွက် အခြားအခွဲများက ခေါ်ယူသွားခြင်းဖြစ်ကြောင်း သတိပြုမိသည်။
"ပြောစရာရှိတယ်ဆို "
"တပည့်သစ်ကိစ္စပါ" ကျန်းဟောင်လည်း မြောင်တင်းလျန်၏ အကြောင်းအား ပြောပြလိုက်သည်။
ကမ်းပါးသခင် ဆုံးဖြတ်ချက်ချမည်အား စောင့်နေသည်။
ခူဝူကန်းက မျက်မှောင်ကြုတ်နေပြီးမှ "သူမကို လက်ခံလိုက်"
"ဟုတ်ကဲ့"
မြောင်တင်းလျန်ကို လက်ခံလိုက်သည့်အတွက် ကျန်းဟောင်တွင် နှစ်နေရာစာသာ ရွေးချယ်ရန်လိုတော့သည်။
နောက်မနက် အခြားသူများနဲ့တွေ့ဆုံ၍ ချောက်နက်အား ဖြတ်ကျော်ခရီးနှင်ရပြန်သည်။
"ကလေးနှစ်ယောက်ကို ဘယ်အခွဲက ခေါ်သွားလဲသိကြလား "ကျန်းရှီကျူးမေးသည်။
"ငါတို့မရလိုက်ဘူး" ဖုန်းပိုင်ဖေးပြောသည်။
"ငါတို့ရောပဲ" ယွဲ့ယူးက ဆိုသည်။
"ကျောက်ချင်းရှဲ့က အဖြူရောင်လရေကန်ကိုရောက်သွားတာတော့သိတယ်" ရှင်းယုယွီပြောသည်။ "လင်းမိုကိုတော့ မသိဘူး"
အခြားသူများက ကျန်းဟောင်ကို မေးခွန်းထုတ်စွာကြည့်သည်။ သူ ခေါင်းယမ်း၏။
"ငါလည်း မကြားမိဘူး" ကျန်းရှီကျူး ပြော၏။ "ကြည့်ရတာ ဥပဒေခန်းမလားမသိဘူး သူတို့ တပည့်လက်မခံတာ အတော်ကြာနေပြီ"
ဥပဒေခန်းမထံ ဝင်ရောက်ချင်သည့် တပည့်များရှိသော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ၎င်းတို့ထံ ဝင်ရောက်မည့် တပည့်များအတွက် အလွန်တင်းကြပ်သည်။ ဥပဒေခန်းမကို ဝင်ရောက်နိုင်သူများက တကယ်ထူးခြားကြသည်။
ခဏကြာသော် သူတို့ငါးယောက် တောင်ကို ပြန်ရောက်သွားကြသည်။ အလုပ်တစ်ဝက်ပြီးထားပြီဖြစ်၍ ဒီတခါ အေးဆေးဖြစ်နေကြသည်။ သူတို့အခွဲအတွက် လူသုံးဦး ရွေးရန်သာလိုတော့သည်။
"စီနီယာတို့ မနေ့က ရွေးချယ်ခံထားရတဲ့တပည့်တွေအားလုံး ရောက်ရှိနေပါပြီ" မြောင်ရှင်းက တပည့်များကို ဦးဆောင်၍ ပြောသည်။
လူတိုင်း ခေါင်းညိတ်ပြီး သုံးဦးစီရွေးချယ်တော့သည်။
မြောင်တင်းလျန်က ရောက်လာ၏။ "တို့ကိစ္စရော"
"ပြီးရင် ကမ်းပါးသခင်ကို လိုက်တွေ့ပါ" ကျန်းဟောင်က တောင်စွန်းကိုသွားပြီး ငုံ့ကြည့်လိုက်သည်။ လူများစွာက တောင်ပေါ်တက်နေကြဆဲဖြစ်၏။
ကျန်းဟောင် ၎င်းတို့ကို သနားမိ၏။ တပည့်ဖြစ်ရန်မှာ အလွန်ခက်သည်။ အများစုမှာ ချော်ကျကုန်ပြီး အနည်းစုသာလုပ်ဆောင်နိုင်ကြသည်။
လူတစ်ယောက်က ချော်ကျသွားရာ ကျန်းဟောင်လည်း လက်ချောင်းတောက်လိုက်သည်။ မမြင်ရသည့်စွမ်းအားက ၎င်းပြုတ်ကျသည့် အရှိန်ကိုနှေးသွားစေ၍ မြေပြင်ပေါ် အန္တရာယ်မရှိ ကျသွားလေသည်။ ၎င်းက ကျန်းဟောင်ကို ကျေးဇူးတင်စွာ ဦးညွတ်သည်။
"အိမ်ပြန်တော့"
၎င်းက မချိတင်ကဲဟန်ဖြင့် ထွက်ခွာသွားခဲ့သည်။ ထိုလူ တောင်ကို ထပ်တက်ဦးမည်လား မသိပါချေ။
"သနားကြင်နာမှုကိုပြတာ အန္တရာယ်မများဘူးလား ဘာပဲဖြစ်ဖြစ် ရှင်က မိစ္ဆာဂိုဏ်းကလေ "မြောင်တင်းလျန်က ပြောသည်။
ကျန်းဟောင်က ဘာမှမပြောပဲ သူမကိုဦးညွတ်၍ ထွက်ခွာသွားသည်။ မနေ့က ကောင်မလေးကို တွေ့ချင်နေ၏။
ရှောင်လီက သူ့ကို စောင့်နေသည်။ သူမ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဟု မြောင်ရှင်းက ပြောထားပုံရသည်။
ကျန်းဟောင်ကို မြင်သောအခါ သူမမျက်နှာထက် မျှော်လင့်ချက်များပေါ်လာသည်။
ကျန်းဟောင်က သူမအပေါ် အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်သည်။
[ရှောင်လီ၊ နဂါးမျိုးနွယ်နှင့် ပတ်သတ်သည်၊ သာမန်နည်းလမ်းဖြင့် သူမ၏ ပါရမီအား မစစ်ဆေးနိုင်ပေ၊ ကောင်းကင်မိုးကြိုးကြောင့် သူမဒဏ်ရာရပြီး မြစ်ထဲပြုတ်ကျခဲ့သည်၊ ခွန်အားနှင့် မှတ်ဉာဏ်များ ပျောက်ဆုံးနေ၏၊ အသက်ကြီးသည့် စုံတွဲက သူမကိုရှာတွေ့ပြီး ပျိုးထောင်ထားသည်၊ ရှင်သန်နေထိုင်ရေးအတွက် ရွေးချယ်စရာမရှိပဲ ဂိုဏ်းကိုလွှတ်လိုက်သည်]
ကျန်းဟောင် ဆွံ့အသွား၏။ နဂါးမျိုးနွယ်နဲ့ ပတ်သတ်နေသူက ရှင်သန်နေထိုင်ရေးအတွက် ဂိုဏ်းထဲဝင်လာတာလား။
"ငါ့နောက်လိုက်ချေ "
ရှောင်လီက ပျော်ရွှင်မှုကြောင့် ထခုန်သည်။ ဝမ်ထန်းက သူမကို အကူအညီမဲ့စွာကြည့်၏။
နဂါးဟူသည့် နောက်ခံအတွက်မူ မည်သို့လုပ်ရမည်အား ကမ်းပါးသခင်က ဆုံးဖြတ်ပေမည်။
ကျန်းဟောင်က လင်းကျစ်နား ချဥ်းကပ်သွား၏။" ငါ့နောက်လိုက်မလား"
လင်းကျစ် အံ့အားသင့်သွားသော်လည်း ကျေးဇူးတင်စွာ ခေါင်းညိတ်ပြီး လက်ခံလိုက်လေသည်။
ဤသို့နှင့် မြောင်တင်းလျန်နှင့် အာရုံစိုက်ရအောင် မထင်ရှားသည့် ကလေးနှစ်ဦးအား ရွေးချယ်ပြီးစီးခဲ့လေသည်။