မိစ္ဆာမ ရောက်လာခြင်း
Vol. 7 Ch. 99
ကျန်းဟောင်၏ ရွေးချယ်မှုက ကျန်းရှီကျူးတို့အား အံ့အားသင့်စေခဲ့သည်။ သူရွေးခဲ့သူများတွင် တဦးက သာမန်ဖြစ်ပြီး ကျန်တဦးမှာ ပါရမီလုံးဝမပါချေ။
သို့သော် မြောင်တင်းလျန်ကိုရလိုက်ခြင်းက ဘက်ညီသွားသည်ဟုဆိုရပေမည်။
ရှင်းယုယွီလည်း ထူးဆန်းသည်ဟု ခံစားရသည်။ ကျန်းဟောင်က အမြဲတမ်း နှိမ့်ချစွာနေသော်လည်း သူ လုပ်နိုင်သည်အား သိလေသည်။
ဖုန်းပိုင်ဖေးက ကျန်းဟောင်ကို အထင်သေးစွာကြည့်သော်လည်း ဘာမှမပြောပေ။ မြောင်တင်းလျန်က အသည်းကွဲကမ်းပါးကိုဝင်မည်ဟု ရှင်းလင်းစွာပြောထားရာ မည်သူမှ သူမကို မရပ်တန့်နိုင်ပါချေ။
သို့သော် ညံ့ဖျင်းသူများကိုရွေးချယ်မိခဲ့ခြင်းက စုဆောင်းသူများ ကောင်းမွန်စွာလုပ်ဆောင်ခြင်းမရှိဟု ဆိုလိုရာရောက်လေသည်။
ယွဲ့ယူးက ရှောင်လီကိုကြည့်သည်။ သူမမှာသာ ပါရမီရှိပါမူ ရေစီးတံခွန်အတွက် လက်ခံမိပေမည်။ ကံမကောင်းစွာ သူမတွင် လုံးဝပါရမီမရှိပါချေ။
"အချိန်တန်ပြီ" ကျန်းရှီကျူးပြော၏။
ကျန်းဟောင်က တောင်တန်းကိုကြည့်၏။ တချို့က တောင်တက်ခြင်း မပြီးသေးပေ။ လူအချို့ကျန်သေးတယ်
အဆုံးတွင် ၂၆ ယောက်က တောင်ပေါ် တက်နိုင်ခဲ့သည်။
နောက်ဆုံးအခိုက်အတန့်တွင် လူငယ်တဦးက ရုန်းကန်နေသည်။ သူ့လက်များက သွေးများဖုံးလွှမ်းနေပြီး ကိုယ်တစ်ဝက်သာ အပေါ်ရောက်သေး၏။
"ကောင်းပြီ အချိန်ပြည့်ပြီ" မြောင်ရှင်းပြော၏။ "တောင်ပေါ် မတက်နိုင်သူတွေ ဆင်းသွားနိုင်ပြီ"
သွေးများဖုံးလွှမ်းနေသည့်လူက ခေါင်းငိုက်စိုက်ကျသွားပြီး ငိုနေသည်အား မရပ်တန့်နိုင်ပေ။
အချို့သောတပည့်များက သူ့ကို သနားမိကြသည်။
ကျန်းဟောင်လည်း သနားမိ၏။ သို့သော် မိစ္ဆာဂိုဏ်းကိုဝင်ရန် စိတ်ရောကိုယ်ပါ သန်မာရန်လို၏။ မိစ္ဆာဂိုဏ်းတွင်းရှိ ပြိုင်ဆိုင်မှုများက ပြင်းထန်ရက်စက်သည်။
ယွဲ့ယူးက ထိုလူထံ ချဥ်းကပ်သွား၏။
"သင့်မှာ မိသားစုရှိလား" သူ၏ စိတ်ဓာတ်ခိုင်မာမှုအား သဘောကျမိသည်။ သူက ဒဏ်ရာအရခံ၍ တောင်တက်ခဲ့သည်။ ဖြစ်နိုင်ပါက ရေစီးတံခွန်အား ခေါ်သွားချင်လေသည်။
"ရှိပါတယ် "
"ဂိုဏ်းထဲဝင်ချင်တာသေချာလား"
"ဟုတ် ဟုတ်ကဲ့"
ယွဲ့ယူးလည်း ခြေဆောင့်လိုက်ရာ ထိုလူက တောင်ပေါ် ရောက်ရှိလာတော့သည်။ "နောက်က လိုက်ခဲ့ လိုက်မီရင် ရေစီးတံခွန်ထဲ ဝင်ခွင့်ပြုမယ် မဟုတ်ရင်တော့ လက်လျှော့ပေတော့"
ကျန်းဟောင်လည်း ယွဲ့ယူး၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွား၏။ အခြားသူများကိုကြည့်လိုက်ရာ တောင်တစ်ဝက်ကိုသာ ရောက်နေကြောင်းတွေ့ရ၏။
"ကျန်တဲ့လူတွေကို ဆင်းခိုင်းလိုက်တော့" ကျန်းဟောင် ပြော၏။
မြောင်ရှင်း ခေါင်းညိတ်သည်။
ကျန်းဟောင်လည်း အိတ်ထဲက စိတ်ဝိညာဥ်ဓားတစ်ချောင်းကိုထုတ်၍ မေးသည်။ "ဟောဒီမှာ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကျန်း"
စိတ်ဝိညာဥ်ဓားများက ဈေးပေါသော်လည်း အရေးကြီးသည့်အရာများအဖြစ် ယူဆနိုင်သည်။ မြောင်ရှင်းက ဓားကိုသိမ်းပြီး ပြုံးပြသည်။
ထို့နောက် သူတို့ ဂိုဏ်း၏ အပြင်ဂိတ်များကို သွားကြတော့သည်။ ထိုနေရာသို့ရောက်ရန် နေ့ဝက်လောက် အချိန်ယူခဲ့ရသည်။
ယင်းက ခရီးစဥ်၏ တစိတ်တပိုင်းဖြစ်သည်။ ၎င်းက စိတ်ဝိညာဥ်စွမ်းအင်များကို ဖြည့်တင်းပေးမည်ဖြစ်၏။ ခရီးစဥ် ပြီးဆုံးပြီးနောက် တပည့်များက ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းကျမ်းအား ရရှိပေမည်။
"ကောင်းကင်ရှင်းလင်းဂိုဏ်းက တကယ်ရက်ရောတာပဲ" မြောင်တင်းလျန် သက်ပြင်းချသည်။ သူမလည်း ဤအခြင်းအရာကိုသိပေမဲ့ ယနေ့မှ မျက်မြင်တွေ့ရခြင်းဖြစ်သည်။
ညနေတွင် ကျန်းဟောင်နဲ့ အခြားသူများ အပြင်ဂိတ်များသို့ရောက်လာသည်။ မြောင်ရှင်းက အခြားသူများကို ဤနေရာကနေ ဆက်လက်ဂရုစိုက်ပေး၍ ကျန်းဟောင်တို့မှာမူ ရွေးချယ်ထားသည့် အခွဲများနှင့်အတူ သက်ဆိုင်ရာအခွဲများသို့ ပြန်မည်ဖြစ်သည်။
အားလုံးက ချောချောမောမောဖြစ်နေသည့်အတွက် သူ ဝမ်းသာနေလေသည်။ သို့သော် မြောင်တင်းလျန်ကို ခေါ်သွားခြင်းက မုချီအား ဆန့်ကျင်မိသလိုဖြစ်မည်လားကိုတော့ မသိပါချေ။
မုချီနှင့် မြောင်တင်းလျန်တို့၏ လက်ရှိဆက်ဆံရေးအခြေအနေကို မသိဘူးမဟုတ်ပါလား။
"လိုက်ခဲ့ကြပါ" ကျန်းဟောင်က သူ့နောက်မှ သုံးယောက်ကိုပြောသည်။
ရှောင်လီက ခေါင်းညိတ်ပြီး မည်သည့်စောဒကမှမတက်ပဲ ပါလာ၏။ သို့သော် သူမခြေလှမ်းများက အတန်ငယ် မတည်မငြိမ်ဖြစ်နေသည်။ သူမ ဗိုက်ဆာပြီး ပင်ပန်းနေကြောင်း သိလေ၏။
လင်းကျစ်က ခေါင်းငုံ့နေသည်။
မြောင်တင်းလျန်လည်း အတန်ငယ် စိတ်လှုပ်ရှားနေ၏။ သူ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့်လူနှင့် တွေ့ရမည်မဟုတ်ပါလား။ သူမသာ အခြေအနေမကောင်းလျှင် သေသည် သို့မဟုတ် ပိုမိုဆိုးဝါးသည့်အဖြစ်မျိုးနှင့် အဆုံးသတ်သွားနိုင်သည်။
ကျန်းဟောင် ထွက်မသွားခင် ယွဲ့ယူးကိုကြည့်၏။ စိတ်ဓာတ်ခိုင်မာသည့်လူငယ်က သူမနောက်မှ လိုက်လာသည်။
ယနေ့မှစ၍ တပည့်သစ်များ၏ ကံကြမ္မာက ပြောင်းလဲသွားပြီဖြစ်သည်။ တချို့က မြင့်မားစွာတက်လှမ်းသွားပြီး အချို့ကတော့ ပြုတ်ကျကျန်ရစ်ပေမည်။
ကျန်းဟောင်လည်း တပည့်များကိုခေါ်၍ ခူဝူကန်း၏ အိမ်ကိုသွားသည်။
သူ့ဆရာအား အားလုံးကိုရှင်းပြသည်။
ခူဝူကန်းက ရှောင်လီနှင့် လင်းကျစ်ကို တချက်မှကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။ ၎င်းတို့နဲ့ပတ်သတ်၍ မည်သို့သဘောထားသည်အား မသိရနိုင်ပါသေးချေ။
"သူတို့နှစ်ယောက်ကိုခေါ်သွားပြီး အထိုင်ချပေးလိုက် "
ကျန်းဟောင်လည်း ခေါင်းညိတ်ပြီး တပည့်နှစ်ဦးကိုခေါ်သွားသည်။ မြောင်တင်းလျန်ကတော့ ကျန်ခဲ့၏။
အပြင်ကိုထွက်လာသောအခါ မုချီက စိုးရိမ်သည့်အမူအရာဖြင့် ရပ်စောင့်နေကြောင်းတွေ့လိုက်ရသည်။
ကျန်းဟောင် ထွက်လာသည်ကိုမြင်သောအခါ အနားကပ်လာ၏။ "ဂျူနီယာညီလေးကျန်း တာဝန်ပြီးသွားပြီလား ဒါက တပည့်သစ်တွေလား"
"ဟုတ်ပါတယ် သူတို့ကိုလိုက်ပြပြီး အထိုင်ချပေးမလို့ပါ"
မုချီ ခေါင်းညိတ်၍ " နှစ်ယောက်တည်းလား"
မြောင်တင်းလျန်အကြောင်း တီးခေါက်နေကြောင်း သတိပြုမိလိုက်သည်။
"မြောင်တင်းလျန်လို့ခေါ်တဲ့ တယောက်ရှိသေးတယ် သူမ ဂိုဏ်းကိုစွန့်ခွာပြီး ဒီကိုဝင်ဖို့ လာခဲ့တယ်လို့ပြောတယ် ဒီကိစ္စက ကျနော်မဆုံးဖြတ်နိုင်တော့ သူမကိုခေါ်လာပြီး ဆရာနဲ့ ပေးတွေ့ရတာပဲ"
ထို့နောက် ကျန်းဟောင်က ရှောင်လီ၊ လင်းကျစ်တို့နဲ့အတူ ထွက်ခွာသွားခဲ့သည်။
မြောင်တင်းလျန်ကိုခေါ်လာသည့်အတွက် မုချီ သူ့ကို အပြစ်တင်မည်လားကိုတော့ မသိပေမဲ့ သူ့တွင်လည်း ရွေးချယ်စရာမရှိဖြစ်ခဲ့သည်။
ကျန်းဟောင်က ကလေးများကို အသည်းကွဲကမ်းပါး၏ တပည့်စုစည်းသည့်နေရာကို ခေါ်သွား၏။ ထိုမှတဆင့် သူတို့၏ ကိုယ်ပိုင်နေရာများဆီ ခေါ်ဆောင်သွားလေသည်။
"ဂိုဏ်းမှာ အရေးကြီးဆုံးက နှိမ့်နှိမ့်ချချနေဖို့ပဲ နည်းနည်းပြောပြီး ကိုယ့်အလုပ်ကိုသာလုပ် လူတွေကို မဆန့်ကျင်မိစေဖို့ သတိထား "
ကလေးများက ခေါင်းညိတ်သည်။
ညတွင် ကျန်းဟောင်တယောက် အိမ်ပြန်ရောက်လာ၏။ တာဝန်ပြီးသွားပြီဖြစ်ရာ မနက်ဖြန်မှစ၍ သူ၏ လုပ်ငန်းဆောင်တာများအား လုပ်ဆောင်နိုင်ပေတော့မည်။
ထို့နောက် သူ စတင်ကျင့်ကြံလိုက်တော့၏။
နောက်တစ်ရက်
နေအလင်းက ပြတင်းပေါက်မှဖြာကျလာသည်။ သူ လေသာဆောင်ကိုထွက်ပြီး အသက်တဝကြီးရှူလိုက်၏။
လှပသည့်နေ့ရက်တခုပင်။
ကောင်းကင်ဘုံရနံ့တာအိုပန်းကို လှမ်းကြည့်လိုက်သောအခါ ခြံထဲ၌ လူတဦးရှိနေကြောင်း သတိပြုမိသည်။
သူက အနီရောင်ဆင်မြန်းထား၍ ဆံပင်ရှည်များက လေပြည်နှင့်အတူ ယိမ်းနွဲ့နေသည်။ သူက ခေါင်းအသာမော့၍ ကျန်းဟောင်ကိုကြည့်သည်။