← Chapters

ကောင်းကင်နက်ဂိုဏ်းသို့ဝင်ရန် ဖိတ်ခေါ်ခြင်း

Vol. 7 Ch. 101

ကောင်းကင်နက်ဂိုဏ်းသို့ဝင်ရန် ဖိတ်ခေါ်ခြင်း

Vol. 7 Ch. 101

ဆေးဥယျာဥ်ကိုသွားပြီး ပူဖောင်းများကောက်ယူသည်။ လက်ကာကို စစ်ဆေးကြည့်ချင်သော်လည်း ရွှမ်ယွမ်ထိုက်နှင့် အရင်သွားတွေ့ရန် ဆုံးဖြတ်လိုက်၏။

"မင်္ဂလာမနက်ခင်းပါ ဂျူနီယာမောင်လေးကျန်း" မြောင်တင်းလျန်က သူ့ကို ဆေးဥယျာဥ်ရှေ့တွင် နှုတ်ဆက်သည်။

ကျန်းဟောင်က သူမကို ပြန်နှုတ်ဆက်သော်လည်း တခုခုမှားယွင်းနေသလို ခံစားရသည်။

မြောင်တင်းလျန်က သတိပြုမိပုံရသည်။ "တို့က ရွှေအမြုတေအဆင့် အလယ်အလတ်လေ စီနီယာအစ်ကိုကျန်းလို့ ခေါ်စေချင်တယ်လို့တော့ မပြောနဲ့နော် နောက်ပြီးဂျူနီယာမောင်လေးက မိစ္ဆာဂိုဏ်းမှာ ပါရမီဖြုန်းတီးနေတယ်လို့ ခံစားနေရတယ်"

ကျန်းဟောင် ခေါင်းငုံ့ပြီး ဘာမှမပြောချေ။ မြောင်တင်းလျန်၏ ကျင့်ကြံခြင်းက အထွတ်အထိပ်တွင်မဟုတ်ကြောင်း သတိထားမိသည်။ ချိပ်ပိတ်ခံထားရပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်စွမ်းအားကိုသာ သုံးနိုင်သည်။

ထိုအခိုက် မုချီ ရောက်လာ၏။ "ဂျူနီယာညီလေးကျန်း သူမကို လျစ်လျူရှုထားလိုက် ဆရာက သူမကို တစ်နှစ်လောက် အနည်းဆုံးစောင့်ကြည့်ဖို့ မှာထားတယ် စိတ်ပူစရာမလိုဘူး ဂျူနီယာညီမပဲဖြစ်ဖြစ် စီနီယာအစ်မပဲဖြစ်ဖြစ် ကြိုက်သလိုခေါ်နိုင်တယ် "

ကျန်းဟောင် ခေါင်းညိတ်သည်။ သူ ပြဿနာမဖြစ်ချင်ပါချေ။ သူမကို စီနီယာအစ်မဟုခေါ်ရ၍လည်း ကိစ္စမရှိပေ။

မုချီက မြောင်တင်းလျန်ကို ကူညီ၍ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်လုပ်ပေးနေသည်။

"ပြဿနာမရှာဖို့ သတိပေးထားတယ်နော် "

"ဘာကို ပြဿနာရှာတာလဲ သူ့ကို စနောက်တာပဲဟာ ဂျူနီယာမောင်လေးကျန်းက သင့်တော်တဲ့လူလို့ခံစားရတယ် အရမ်းစပ်စုလွန်းရာကျမနေဘူးလား"

"သူနဲ့သာ ဝေးဝေးနေပါ သူနဲ့ ပြဿနာဖြစ်ဖူးသူတွေအားလုံး သေကုန်ကြပြီ "

သူတို့ထွက်သွားပြီး ပြောနေသည်အား ကြားရသည်။ သူတို့က ကြားရအောင်မပြောသော်လည်း အမည်မဲ့ကျင့်စဥ်မှ ရသည့်အသိပညာများကြောင့် အသံနှင့် စွမ်းအင်လှုပ်ခတ်မှုများအပေါ် အလွန်အာရုံခံစားနိုင်စွမ်းမြင့်သည်။

၎င်းမှတဆင့် သက်သေမရှိလျှင်တောင် လူများက သူ့ကို သံသယဝင်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ နှစ်ဝက်ကြာပြီးသည့်တိုင် သူ့နာမည်ကို မရှင်းလင်းနိုင်သေးပေ။

ရှေ့ထွက်ပြီး သူ့ကို ရန်စလာသူထက် ကန့်လန့်ကာနောက်ကနေ ကြံစည်နေတတ်သူအား သူ ပိုစိုးရိမ်သည်။ ပိုင်ရီက ထိုသို့သောလူမျိုးဖြစ်သည်။

ပိုင်ရီက သူ့ကို မချဥ်းကပ်လာပေ။ လူပင်မလွှတ်ခဲ့။ သို့သော် ဆေးဥယျာဥ်တွင် ဆေးပင်များစိုက်ခိုင်း၍ သူ့ကျင့်ကြံခြင်းကိုပိတ်ဆို့ခဲ့၏။ ကြောက်စရာကောင်းလှသည်။

ကျန်းဟောင်လည်း ဥပဒေမဲ့မျှော်စင်ကို ဦးတည်လိုက်တော့သည်။ ရွှမ်ယွမ်ထိုက်က ဥပဒေမဲ့မျှော်စင်နားတွင် အချုပ်ခံထားရသည်။ ဥပဒေမဲ့မျှော်စင်နားတွင် စွမ်းအင်များအား ကန့်သတ်ထားသည့်နေရာရှိသည်။ ထိုနေရာတွင် အကျဥ်းထောင်များရှိပြီး ဥပဒေမဲ့မျှော်စင်ကို မပို့ရသေးသည့် အကျဥ်းသားများအား ထားသည်။

"အသည်းကွဲကမ်းပါးက ကျန်းဟောင်လား" သက်လတ်ပိုင်းလူက မေးသည်။

"ဟုတ်ပါတယ်"

"လိုက်ခဲ့ပါ " ထိုလူ၏ အမည်က ကောဖုန်းဖြစ်သည်။ "အထဲမှာ နည်းနည်းနေရအဆင်မပြေဖြစ်လိမ့်မယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့"

သူ ခေါင်းညိတ်၍ အတူလိုက်ပါသွားသည်။ မှောင်နေသောကြောင့် အသေအချာမမြင်ရပဲ အောက်သို့ နိမ့်ဆင်းသွားသည်ကိုသာ သတိထားမိသည်။

အတန်ကြာသော် ထူးဆန်းသည့်ဖိအားတမျိုးက ဘက်ပေါင်းစုံမှ သက်ရောက်လာကြောင်း ခံစားရသည်။ သူ အံ့အားသင့်သွားပေမဲ့ မဖော်ပြချေ။

"ဥပဒေမဲ့မျှော်စင်ထဲကိုမသွားခင် ဒီမှာနေ့တိုင်းနေရတယ် အဲဒါမှ စိတ်ဝိညာဥ်အဆီအနှစ်ခမ်းခြောက်ပြီး ကျင့်ကြံခြင်း လုံးဝပြိုကွဲသွားမှာ" ကောဖုန်းက ရှင်းပြသည်။

"တပည့်တွေအတွက် အခြားအလုပ်လုပ်ပုံလည်းရှိတယ် ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအင်ကြွယ်ဝတော့ မြန်မြန်အဆင့်တက်နိုင်တယ် ဒါပေမဲ့ လူတိုင်း အဲ့လိုမလုပ်နိုင်ပါဘူး"

ကျန်းဟောင်လည်း ဟန်မင်ပေးသည့် တိုကင်အား အမှတ်ရသွားသည်။ ၎င်းကိုအသုံးချ၍ ကျင့်ကြံနိုင်လောက်သည်။

"ရောက်ပြီ ဝင်သွားပေတော့" ကောဖုန်းက ထောင်ခန်းတခုရှေ့ရပ်လိုက်သည်။

ကျန်းဟောင်အား ဖြတ်သန်းခွင့်ပေးသည်။ သူလည်း ကျေးဇူးတင်ပြီး ရှေ့က ကျောက်တုံးတံခါးကိုကြည့်သည်။ ဤအခန်းက အဆင့်မြင့် ရာဇဝတ်သားများအား ချုပ်ထားသည့်နေရာဖြစ်ပုံရသည်။

တံခါးပွင့်သွားသောအခါ သူ အထဲဝင်လိုက်၏။ ထို့နောက် တံခါးက ဖြည်းညင်းစွာ ပြန်ပိတ်သွားလေ၏။

ကျန်းဟောင်လည်း သူ၏ ရှီယုဆေဘာနဲ့ဆိုပါက ဖျက်ဆီးရန် ပြဿနာမရှိနိုင်ဟုတွေးမိသည်။

ကျန်းဟောင် အခန်းအား စစ်ဆေးသည်။

ရှေ့တွင် စက်ဝိုင်းပုံစင်မြင့်တခုရှိသည်။ စင်မြင့်ပတ်လည်တွင် တိုင်လုံးလေးခုရှိပြီး ၎င်းပေါ်မှ ချိန်းကြိုးများက အကျဥ်းသား၏ ခြေလက်များအား တုပ်နှောင်ထားလေသည်။

မှော်အစီအရင်များအား နေရာတိုင်းတွင် အာရုံခံမိ၏။ ဤနေရာမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။

"မင်းရောက်လာပြီ" ရွှမ်ယွမ်ထိုက်က ကြမ်းပြင်တွင် ထိုင်နေသည်။

သူ့ပုံစံက အတန်ငယ် စုတ်ပြတ်ပြတ်နိုင်သော်လည်း အော်ရာကမူ တုန်လှုပ်စရာကောင်းအောင် သန်မာလေသည်။

"ဘာကြောင့် ကျုပ်ကို တွေ့ချင်တာလဲဆိုတာ မေးလို့ရမလား" သူ ယဥ်ကျေးစွာပြောသည်။

ရွှမ်ယွမ်ထိုက်က အကျဥ်းသားဖြစ်သလို ရန်သူဖြစ်ပေမဲ့ အထင်မသေးရဲပါချေ။

"ငါ့ကို ဖမ်းဖို့ကူညီခဲ့လို့ ဂိုဏ်းမှာ အတော်နာမည်ရနေမယ်ထင်တယ်" သူက ခပ်ဖျော့ဖျော့ပြုံးသည်။

"ကျုပ်မှာ အဲ့လိုလုပ်နိုင်တဲ့အရည်အချင်းမျိုးမရှိပါဘူး" သူ ခေါင်းယမ်း၏။ "စီနီယာအစ်ကိုမန်လုံကသာ ဖမ်းခဲ့တာပါ"

ရွှမ်ယွမ်ထိုက်၏ နောက်စကားက သူ့ကို အံ့အားသင့်စေသည်။ "ကောင်းကင်နက်ဂိုဏ်းကို ဝင်ချင်လား"

သူ အံ့အားသင့်သွား၏။ တဖက်လူက သာမန်ရိုးကျကိစ္စတခုကိုပြောနေသည့်အလား ပြောဆိုခဲ့သောကြောင့်ပင်။

"မအံ့သြပါနဲ့ ငါ မင်းကို စိတ်ဝင်စားတယ် ကောင်းကင်နက်ဂိုဏ်းကလူတွေ မကြာခင်ရောက်လာလိမ့်မယ် မင်း ဒုက္ခရောက်မှာသေချာတယ် မင်းသာ ဂိုဏ်းထဲဝင်ဖို့သဘောတူရင် ငါကူညီပေးမယ် မင်းကို ခေါ်သွားခဲ့ရင်လည်း အန္တရာယ်ကင်းစေဖို့ ငါ အာမခံတယ် အခု အဖြေပေးစရာမလိုဘူး ငါ့ဖိတ်ခေါ်ချက်က အကန့်အသတ်မရှိဘူး မင်းအဖမ်းခံနေရရင်တောင် အကျုံးဝင်တယ်"

ကျန်းဟောင်က သူ့အပေါ် အကဲဖြတ်စွမ်းရည်သုံးလိုက်သည်။

[ရွှမ်ယွမ်ထိုက်၊ ကောင်းကင်နက်ဂိုဏ်း၏ တပည့်၊ တောင်တန်းနှင့် ပင်လယ်တို့၏ ကောင်းချီးပေးခံထားရသည်၊ အထူးလေဟာနယ်တည်ဆောက်ပုံကို ပိုင်ဆိုင်သည်၊ မိုးမြေအနေအထားမကျခြင်းနတ်စွမ်းရည်အား သုံးနိုင်သည်၊ ဟွားလဲ့ထံမှ သင်၏ခြံဝန်းအတွင်း ကောင်းကင်ဘုံရနံ့တာအိုပန်းရှိသည်ကိုသိထားသည်၊ သင်၏ တန်ဖိုးကိုသိပြီး ဂိုဏ်းကို ပန်းနဲ့အတူ ခေါ်ဆောင်သွားချင်၏၊ သို့သော် သင်ကိုင်ဆောင်ထားသည့် တန်ဖိုးနဲ့ပတ်သတ်ပြီး မည်သူ့ကိုမှ အသိမပေးလိုပေ၊ သင်သာ သဘောတူ၍ ပန်းပေးမည်ဆိုပါက သင်နဲ့ပတ်သတ်သည့်အမုန်းကို လက်လွှတ်ရုံမက သင့်အား အကျိုးအမြတ်များပင် ပေးပေမည်]

All Chapters