← Chapters

မိစ္ဆာမ၏ အစီအရင်သက်ရောက်မှု

Vol. 7 Ch. 102

မိစ္ဆာမ၏ အစီအရင်သက်ရောက်မှု

Vol. 7 Ch. 102

"ဟွားလဲ့ နောက်ထပ်သစ္စာဖောက်လား" ကျန်းဟောင် သိပ်မအံ့သြပေ။ ဂိုဏ်းတွင် သစ္စာဖောက်များစွာရှိနေသည်မဟုတ်ပါလား။

သို့သော် မည်သည့်သူလျှိုကမှ လျှိုရှင်းချန်လောက် အသုံးမဝင်ပါချေ။ သူက ကျန်းဟောင်ကို အကြိမ်များစွာ ကူညီခဲ့ဖူးသည်။

ပဟေဠိဖြစ်ရသည်က သူ့ဘေးမှာ ကောင်းကင်ဘုံရနံ့တာအိုပန်းရှိရုံနှင့် မည်သို့သောတန်ဖိုးအား မြင်ပါသနည်း။

နောက်ဆုံးဖော်ပြချက်ကလည်း အံ့သြစေ၏။ ရွှမ်ယွမ်ထိုက်က သူ့ကို ခွင့်လွှတ်ပြီး အကျိုးအမြတ်များပင် ပေးရန် ဆန္ဒရှိသည်မဟုတ်ပါလား။

သူ ကျရှုံးသွားရင်ရော.. သူသာ ရွှမ်ယွမ်ထိုက်ကို ပန်းစိုက်ဖို့ မအောင်မြင်ခဲ့ရင် အသတ်ခံရမှာလား။

သို့သော် ဒါက ရွေးချယ်စရာဖြစ်စေသည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းသာ သူ့ကို ကောင်းကင်နက်ဂိုဏ်းဆီ ထိုးကျွေးလိုက်သည်ဆိုပါက ၎င်းတို့နှင့် ပူးပေါင်းရန် ရွေးချယ်နိုင်လေသည်။

သူ့အနေနဲ့ ဤဂိုဏ်းတွင် နှိမ့်ချစွာနေ၍ မြင့်မားစွာတိုးတက်ရန် အားထုတ်ထားလေသည်။ အစကနေ ပြန်မစချင်ပါချေ။ ဖြစ်နိုင်ပါက ဤဂိုဏ်းတွင်သာ ဆက်နေချင်မိလေသည်။

ကျန်းဟောင် တခုခုပြောမည်အပြု ရွှမ်ယွမ်ထိုက်က တားသည်။ "အခု ဖြေစရာမလိုပါဘူး"

"ကောင်းကင်ရှင်းလင်းဂိုဏ်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ရင်တောင် ငါတို့ချင်း ရန်သူမဖြစ်ဖို့ မျှော်လင့်ပါတယ် အင်မော်တယ်လမ်းစဥ်က မသေချာဘူး ဒီနေ့ရန်သူက အနာဂတ်မှာ ကိုယ့်အသက်ကိုကယ်မဲ့လူဖြစ်လာနိုင်တာပဲ ငါ မင်းကိုတတ်နိုင်သလောက် ကူညီချင်တယ် ဒါပေမဲ့ ဘယ်သူလာမယ် ဘယ်လိုတွေစီစဥ်ပြီး ဘယ်လိုဆုံးဖြတ်ထားလဲဆိုတာတော့ မသိဘူး "

ကျန်းဟောင်လည်း ခေါင်းညိတ်၍ ဘာမှမပြောချေ။

ရွှမ်ယွမ်ထိုက်က သူသုံးခဲ့သည့် ဓားတစ်သိန်းအဆောင်အကြောင်းမေးသည်။ ၎င်းကို သူကိုယ်တိုင်ပြုလုပ်ခဲ့သည်လား သိချင်နေပုံရသည်။

ကျန်းဟောင်လည်း အမှန်တိုင်း ဝန်ခံသည်။

ရွှမ်ယွမ်ထိုက်က ခေါင်းညိတ်၍ သူ့ကိုယ်ပိုင် အဆောင်ပြုလုပ်ခြင်းအတွေ့အကြုံများအားပြောသည်။ အဆောင်ပြုလုပ်ခြင်းနှင့် ပတ်သတ်ပြီး ညွှန်ပြချက်များကိုပါ ပေးသည်။

သူ ကျေးဇူးတင်၏။ ၎င်းက သူ့အတွက် တကယ်အကျိုးရှိသည်။

အဆောင်များအား ပိုမိုအာနိသင်ရှိစေရန် စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းသည့် လက်ဟန်များအကြောင်းပင် ပြောဆိုခဲ့သည်။ ကျန်းဟောင် နားမလည်နိုင်သည့်အရာများစွာရှိနေသည်။

သူတို့ပြောဆိုပြီးသောအခါ သူ ထွက်လာခဲ့သည်။

ကျန်းဟောင်မှာ အကျဥ်းထောင်ကနေ အတွေးနက်လျက် ထွက်လာ၏။ "ကောင်းကင်နက်ဂိုဏ်းက ရောက်လာတော့မှာပဲ ကောင်းကင်ရှင်းလင်းဂိုဏ်းက ဘယ်လိုတုံ့ပြန်လိမ့်မလဲ"

အခြေအနေအရ သူ့တွင် အန္တရာယ်ရှိနေသည်။

"ငါ လုံလောက်အောင် မသန်မာသေးဘူး"

ကျန်းဟောင်လည်း မိုင်းတူးရန်ကိုသာ တွေးမိသည်။ သူသာ ရက်အနည်းငယ်လောက် မိုင်းတူးရလျှင် အဆင့်တက်ရန် အခွင့်အရေးပိုရှိသည်။

ကံမကောင််းစွာ ကောင်းကင်ဘုံရနံ့တာအိုပန်းနှင့် မိစ္ဆာမက သူ့ကို ငြိမ်းချမ်းစွာ မကျင့်ကြံနိုင်ရန် တားဆီးနေသည်။ လက်ရှိအခြေအနေနှင့် ကျင့်သားရရန် လိုအပ်နေသည်။

ဥပဒေမဲ့မျှော်စင်ကနေထွက်လာပြီး ဈေးကိုသွားသည်။ ဟုန်ယွီယဲ့ပေးသည့် ပုံစံပြာအား ထုတ်ကြည့်၏။

သူ၏နေရာအား အဆင့်မြှင့်တင်လိုပါက ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန်လို၏။

"၁၃၀၀ " ကျန်းဟောင် ဈေးနှုန်းကြောင့် ကြောင်အသွား၏။

အစီအရင်ဆရာက ခေါင်းယမ်း၍ " ဒီထက်တော့ လျှော့မပေးနိုင်တော့ဘူး မင်းလိုတဲ့ပစ္စည်းတွေက သာမန်မှမဟုတ်တာ ဒါက စိတ်ဝိညာဥ်စုစည်းအစီအရင်ကို ပြောင်းလဲထားတာပဲ ဘယ်သူကမှ မင်းလို ထူးထူးဆန်းဆန်းပြုပြင်ချင်မယ်မထင်ဘူး ဒီပုံစံက ဘာမှန်းတောင်မသိဘူး အချိန်ယူပြီး သီးသန့်ခွဲခြမ်းလိုက်ရင်တော့ နားလည်နိုင်မှာပါ ဘာပဲဖြစ်ဖြစ် ဒါက ကျသင့်မဲ့ဈေးနှုန်း၊ တချို့ပစ္စည်းတွေပြတ်နေလို့ စောင့်ပေးရမယ်"

သူ ရှော့ရသွား၏။ ဟုန်ယွီယဲ့ပေးသည့် ပုံစံပြာက ဈေးကြီးရုံမက ပစ္စည်းများကိုလိုသလိုမရနိုင်ပေ။

"ဘယ်လောက်ကြာမှာလဲ"

"သုံးရက်"

ကျန်းဟောင်လည်း အစီအရင်ဆရာကို စရံငွေ ၃၀၀ ပေးပြီး အိမ်ပြန်လာခဲ့သည်။

သုံးရက်ကြာပြီးနောက် ဈေးကိုသွား၍ ငွေအပြည့်ချေသည်။ အစီအရင်အတွက် လိုအပ်သည့်ပစ္စည်းများအားလုံး စုံလင်သွားလေပြီ။ အစီအရင်ချပ်ပြားကို ကြည့်လိုက်၏။

အစီအရင်အား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးလေပြီ။

သူ သက်ပြင်းချလိုက်၏။ အစီအရင်က ကောင်းကင်ဘုံရနံ့တာအိုပန်းအား ပတ်ဝန်းကျင်၏ သက်ရောက်မှုမှ ကာကွယ်ပေးမည်ဖြစ်သည်။

ပန်းအကြောင်း လူပိုသိလေ အန္တရာယ်များလေပင်။ သာမန်လူများက ကောင်းကင်ဘုံရနံ့တာအိုပန်းကို ထူးထူးခြားခြားတွေးကြမည်မဟုတ်ပါချေ။ သို့သော် အချို့ကတော့ ၎င်းကို ချောင်းမြောင်း၍ အခွင်အရေးစောင့်နေကြသည်။

အကြီးအကဲပိုင်ကျီက သစ္စာဖောက်များကို မျှားခေါ်ရန် အသုံးချထားသည်။ မင်ယီ၊ လျှိုရှင်းချန်နှင့် သားရဲတို့ သူ့ဆီ ချဥ်းကပ်လာခြင်းမှာ ပန်းကြောင့်ဖြစ်သည်။ သို့သော် သူတို့ ပေါ်ပေါ်ထင်ထင်မပြုကြပေ။

ဟုန်ယွီယဲ့ကသာ ငါးစာကိုဟပ်ပေသည်။

ခြံထဲတွင် ကောင်းကင်ဘုံရနံ့တာအိုပန်းအနား၌ သားရဲမှာ သွားရည်ကျ၍ အိပ်ပျော်နေသည်။

ကျန်းဟောင် သက်ပြင်းချ၏။ သူ မည်မျှမှာထားပါစေ ၎င်းက ပန်းအနားကပ်နေလေ့ရှိသည်။ ဒီလိုမျိုးထပ်မလုပ်ရန် သင်ခန်းစာပေးမည့်လူရှိပါက ကောင်းမည်ဟု တွေးမိသည်။

အိမ်ထဲဝင်ပြီး ကျင့်ကြံရန်ပြင်ဆင်သည်။ စတင်လိုက်သည်နှင့် မျက်မှောင်ကြုတ်မိသည်။ စွမ်းအင်လှည့်ပတ်မှုက အတော်လေးချောမွေ့နေသည်။

ပိုင်ရီ၏ စည်းခတ်မှုအား ကြာပန်းနက်ဖြင့် ဖြေရှင်းထားသော်လည်း ကျင့်ကြံရာ၌ ခက်ခဲမှုအချို့ရှိနေဆဲဖြစ်သည်။ သို့သော် ယခု လေ့ကျင့်သောအခါ ထိုသို့ လုံးဝမခံစားရတော့ပေ။

"ဝိုး သခင်က ဒီအစီအရင်ကိုဆင်ထားတာလား စိတ်ဝိညာဥ်စွမ်းအင်တွေက လှိုင်းလုံးကြီးလိုရိုက်ခတ်နေသလိုပဲ" သားရဲက အပြင်ဖက်မှအော်သည်။

ကျန်းဟောင်က ၎င်းကိုလျစ်လျူရှု၍ အဆောင်တချို့ပြုလုပ်ရန် ကြိုးစားသည်။ အဆောင်က သူ၏ ဝင်ငွေလမ်းကြောင်းဖြစ်သည်။ အဆောင်ကောင်းကောင်းမပြုလုပ်နိုင်ပါက ဂိုဏ်းတွင် ရှင်သန်ရန်ခက်သည်။

နောက်တစ်ရက်မနက်

အဆောင်စုတ်တံကိုချ၍ သက်ပြင်းချသည်။ အဆောင် ၁၀ ခုလုပ်ရန် ကြိုးစားခဲ့ရာ သူ၏ အောင်မြင်နှုန်းက ကျသွားပြီး ၈ ခုသာ အောင်မြင်သည်။

၎င်းတွင် ကြည်လင်သန့်စင်နှလုံးသားအား အသုံးပြုခြင်းမပါခဲ့ပေ။ သူ အလွန်ပင်ပန်းနေသောကြောင့် တစ်ရက် နှစ်ရက်လောက်နားရန် ဆုံးဖြတ်လိုက်၏။

နတ်စွမ်းရည်ကို အရမ်းမသုံးသင့်ဘူးပဲ။

သုံးရက်ကြာပြီးနောက် ကျရှုံးသွားသည့် အဆောင်များအား ကြည့်သည်။ နတ်စွမ်းရည်မသုံးထားပါက အဆောင်ကျရှုံးနှုန်းက တိုးလာသည်။

သို့သော် နတ်စွမ်းရည်မသုံးပါက ပင်ပန်းမှုနည်းကြောင်း သတိထားမိသည်။

ကျန်းဟောင်လည်း ပစ္စည်းများအား ဘေးသို့ထား၍ ပူဖောင်းအချို့ကောက်ယူရန် အပြင်ထွက်လာခဲ့သည်။

ကျင့်ကြံရေး +၁

အသက်သွေး +၁

ခွန်အား +၁

ဆေးဥယျာဥ်ကိုသွားသောအခါ သားရဲက ခုန်ထ၍ လိုက်လာသည်။

"သခင် နေ့တိုင်း တူညီတဲ့အရာကိုပဲလုပ်နေရတာ မပျင်းဘူးလား "

"ဒီလိုဘဝမျိုးကို ခံစားတတ်ဖို့ မင်းသင်ယူရဦးမယ်" ကျန်းဟောင် ပြော၏။ "ပြဿနာတွေမရှိရင် ဘယ်လောက်ငြိမ်းချမ်းလိုက်သလဲ"

"ဒါပေမဲ့ ကျနော်က အင်အားကြီးပြီး သန်မာတယ်လေ ဘယ်အချိန်မှ ဟန်ရေးပြနိုင်မှာလဲ"

ကျန်းဟောင် ပြုံး၏။ "ပြဿနာမရှာနဲ့ သူ့အချိန်ရောက်လာရင် မင်းကြိုက်သလိုလုပ်နိုင်တယ်"

ဆေးဥယျာဥ်ကိုရောက်လာသောအခါ စိုးရိမ်နေသည့် ချန်ချိုးအား တွေ့ရလေသည်။

"တခုခုဖြစ်လို့လား" သူမေးသည်။

အရိုးတစ်ရာတောအုပ်ကိစ္စပြီးကတည်းက ဆေးဥယျာဥ်က ငြိမ်းချမ်းနေခဲ့သည်။

"စီနီယာအစ်ကိုကျန်းရဲ့ အကူအညီလိုနေပြီ" ချန်ချိုးက ကိုးရိုးကားရားပြောသည်။" ဆေးဥယျာဥ်က အားလုံးအဆင်ပြေပါတယ် တပည့်သစ်တွေကပါ"

"တပည့်သစ်" ကျန်းဟောင်လည်း ရှောင်လီနှင့် လင်းကျစ်အား အမှတ်ရလိုက်သည်။

"ဂျူနီယာညီမရှောင်လီကြောင့်ပါ"

All Chapters