← Chapters

အိမ်လည်ပြန်ခြင်း

Vol. 7 Ch. 103

အိမ်လည်ပြန်ခြင်း

Vol. 7 Ch. 103

"ပြောပြ" ကျန်းဟောင်က ချန်ချိုးနဲ့အတူလျှောက်လာသည်။ ရှောင်လီကို သူခေါ်လာခြင်းဖြစ်သောကြောင့် တစုံတခုဖြစ်ပါက သူ တာဝန်ယူရပေမည်။

"အပြင်စည်းတပည့်တွေဟာ သူတို့ရဲ့ ဝိညာဥ်အမြစ်နဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို ချိတ်ဆက်မိစေဖို့ ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းရဲ့ ပထမအခန်းကို အလွတ်ရနေဖို့လိုတယ် ဒါပေမဲ့ ဂျူနီယာညီမရှောင်လီက.." ချန်ချိုးက နားထင်ဖိပြီး "သူမက ကြိုးစားပါတယ် ဒါပေမဲ့ အလွတ်ဆိုရမဲ့အချိန်ဆို ထွက်ပြေးနေတော့တာပဲ စီနီယာတွေ ဘယ်လောက်ပြောပြောမရဘူး စီနီယာတယောက်ဆို စိတ်တိုလို့ သူမကို မန္တန်နဲ့ဖမ်းထားဖို့လုပ်တာ မရဘူး ဘယ်သူကမှ သူ့ကို မဖမ်းနိုင်ဘူး "

ကျန်းဟောင် သက်ပြင်းချသည်။ ရှောင်လီက နဂါးမျိုးနွယ်ဖြစ်သောကြောင့် သာမန်မန္တန်နှင့် သူမကို မထိန်းထားနိုင်တာ သဘာဝဖြစ်သည်။ ဒါပေမဲ့ ဤသို့သောအကြောင်းဖြင့် ပြဿနာဖြစ်နေမည်မထင်ထားပေ။ သူမ မဖတ်နိုင်လို့လား။

သာမန်အခြေအနေတွင် အပြင်စည်းတပည့်များကို စီနီယာများက ဂရုမစိုက်သော်လည်း ရှောင်လီက သူ၏ တာဝန်ဖြစ်သည်။

ကျန်းဟောင်လည်း အသည်းကွဲကမ်းပါး၏ အပြင်ဖက်အကျဆုံးတောင်ကို ရောက်လာသည်။ "သူမ ဒီမှာလား"

"ဟုတ်ကဲ့"

"ခေါ်လိုက်"

ချန်ချိုး ပဟေဠိဖြစ်သွား၏။ ပုန်းနေသူက ဒီတိုင်းခေါ်ရုံနှင့် ထွက်လာပါမည်လော။

"စားစရာနဲ့ပတ်သတ်တာပြော" သားရဲက ဆိုသည်။" သူမ ပြေးလာမယ်ဆိုတာ သေချာတယ်"

"ထမင်းစားချိန်ရောက်ပြီဟေ့" ချန်ချိုးအော်လိုက်၏။

တစုံတရာက အလွန်လျင်မြန်သောနှုန်းဖြင့် ရွေ့လျားလာသည်။ ကျန်းဟောင် လက်မြှောက်လိုက်၏။

ဘန်း

သူ့လက်နဲ့တိုက်ပြီး ရှောင်လီမှာ လဲကျသွား၏။ သူမက စတွေ့တုန်းကလို အားနည်းပြီး စုတ်ပြတ်သည့်ပုံစံမျိုးမဟုတ်ပါတော့ချေ။

သူမက ကျန်းဟောင်ကိုမြင်သောအခါ ထွက်မပြေးရဲပဲ ရပ်သွားလေသည်။

ဝမ်ထန်းက သူမကိုခေါ်လာခြင်းဖြစ်သောကြောင့် ကလန်ကဆန်မလုပ်ရဲပါချေ။

ထိုကလေး၏ အပြစ်ရှိစွာ ခေါင်းငုံ့နေဟန်ကိုမြင်သောအခါ သူ စိတ်မကောင်းဖြစ်ရသည်။

"ဗိုက်ဆာနေပြီလား" ရှောင်လီက ခေါင်းညိတ်ပြီးမှ ခေါင်းခါသည်။

"လိုက်ခဲ့"

ရှောင်လီက ခေါင်းငုံ့လျက် သူ့နောက်မှလိုက်လာသည်။

အတော်လေးနာခံမှုရှိသည့်အတွက် ချန်ချိုးမှာ အံ့အားသင့်နေလေသည်။

သားရဲက ရှောင်လီ၏ ပုခုံးပေါ် ခုန်တက်လိုက်၏။" သခင်က နင့်ကိုခေါ်လာတာပဲ ငါ့ကို အစ်ကိုကြီးလို့ခေါ် ဒါဆို ငါ့ကာကွယ်မှုအောက်မှာ ရှိနေလိမ့်မယ်"

ရှောင်လီက သားရဲ၏ ပါးကိုဆွဲလိုက်သည်။ "အရမ်းချစ်စရာကောင်းတာပဲ"

"ငါက ဦးလေးယုန်ပဲ ငါ့ကို မလေးမစားမလုပ်နဲ့" သားရဲက ထိုသို့ပြောပေမဲ့ သူမလက်ကိုတော့ မဖယ်ပါချေ။

ကျန်းဟောင်က ရှောင်လီကို စားသောက်ဆိုင်ခေါ်သွားပြီး အစားအစာအချို့မှာလိုက်သည်။

အစားအသောက်များယူလာသောအခါ ရှောင်လီက သူ့ကို မဝံ့မရဲကြည့်သည်။" စားလို့ရလား"

သူ ခေါင်းညိတ်လိုက်သောအခါ သူမက ပျော်ရွှင်စွာ စားသောက်နေတော့သည်။ မည်သည့်အရာမှ မချန်ခဲ့ပေ။ သို့သော် နောက်ဆုံးအချိုပွဲတခုကျန်သည်တွင် စက္ကူဖြင့် ထုပ်၍ အိတ်ထဲထည့်လိုက်သည်။

"နောက်မှစားဖို့လား" သူ မေးသည်။

"ဟင့်အင်း ကျမကိုပျိုးထောင်ပေးတဲ့ မိဘတွေအတွက်ပါ သူတို့ကို ဒီလိုအရသာရှိတဲ့အရာမျိုး မြည်းစမ်းစေချင်လို့"

ကျန်းဟောင်ကြောင်သွားပြီးမှ သူသည်လည်း မိစ္ဆာဂိုဏ်းကို ရောင်းစားမခံရခင် အိမ်တွင်ရှိနေသည်အား အမှတ်ရမိသည်။

"သူတို့က အသက်ဘယ်လောက်ရှိပြီလဲ"

"အင်း ဖေဖေက ဆံပင်တွေအားလုံးဖြူနေပြီ ထင်းတောင် မခွဲနိုင်တော့ဘူး မေမေကလည်း မျက်လုံးတွေမှုန်နေလို့ အဝတ်တောင် မချုပ်နိုင်တော့ဘူး သူတို့က ကောင်းကောင်းလည်း မဝါးနိုင်ဘူး ဒီအချိုပွဲက ပျော့တော့ ကြိုက်ကြမှာ ဘယ်တော့အိမ်ပြန်ပြီး သူတို့ဆီ သွားလည်လို့ရမလဲဟင်"

ထိုစကားလုံးများက ကျန်းဟောင်၏ ရင်ထဲ ခံစားချက်များ ရုန်းကြွလာစေခဲ့သည်။ သူ မိစ္ဆာဂိုဏ်းကို ရောက်လာသည်မှာ မည်မျှကြာပြီဖြစ်သနည်း။

သူခံစားခဲ့ရသည်ကိုပင် မမှတ်မိတော့ပေ။

အမုန်းလား မကျေနပ်မှု၊ လွမ်းဆွတ်မှုလား...

သူ၏ မိဘများအား မုန်းလည်းမမုန်းသလို သတိရခြင်းလည်း မရှိချေ။ သူ ဂိုဏ်းကိုရောက်ကတည်းက ရှင်သန်ရန် လုံးပန်းနေခဲ့သောကြောင့် မိသားစုကိုသတိရရန် အချိန်မရှိခဲ့ပါချေ။

ယခု ရှောင်လီပြောလာသောကြောင့် သူသည်လည်း အိမ်ပြန်ချင်သွားလေသည်။ သို့သော် သူ အပြင်မထွက်ရဲပေ။

နေဝင်ဆည်းဆာဂိုဏ်း၊ ကောင်းကင်သူတော်စင်ဂိုဏ်း၊ ကောင်းကင်နက်ဂိုဏ်း၊ ကောင်းကင်ရွှင်ပျော်စံအိမ်နှင့် အရိုးတစ်ရာတောအုပ် အကုန်လုံးက သူ့ကို စောင့်ကြည့်နေကြသည်။

နောက်ပြီး သူ့တွင် အိမ်ပြန်ရန် မည်သို့သောအကြောင်းရင်း ရှိပါသနည်း

ရှောင်လီက ခေါင်းငုံ့သည်။" ပြန်လို့မရဘူးလား"

သူမအမေးကြောင်း သူအသိပြန်ဝင်လာ၏။ ရှေ့က ကလေးကိုကြည့်၍ သက်ပြင်းချသည်။ ဂိုဏ်းကို ပြန်ထွက်ရန်မှာ အလွန်ခက်ခဲ၏။

ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းစာအုပ်ကို ထုတ်ပေးသည်။ "ဒါကို ရင်းနှီးအောင်လုပ်ထား ပထမအခန်းကိုရရင် အသက်သွေးသန့်စင်ခြင်းအဆင့်တစ်ကို ရောက်ပြီ အိမ်ပြန်ဖို့အတွက်က တစုံတယောက်ကို ပြောပေးထားမယ် ပြန်ယူသွားလို့ရအောင် အရသာရှိတဲ့မုန့်တွေလည်း ဝယ်ထည့်ပေးမယ်"

"ဒါကို ဖတ်ရမယ်" သူမ မျက်နှာအိုသွား၏။

"အိမ်ပြန်ချင်တယ်ဆို မင်းအပေါ်ပဲ မူတည်တယ်" ကျန်းဟောင် ထရပ်သည်။ "ပထမအခန်းကိုရရင် ငါ့ကိုလာရှာချေ"

ထို့နောက် ကျန်းဟောင် ထွက်ခွာသွား၏။ ချန်ချိုးနှင့် သားရဲလည်း လိုက်ပါသွားလေသည်။

ရှောင်လီက စာအုပ်ကိုကြည့်သည်။ ထို့နောက် စက္ကူဖြင့် ထုပ်ထားသည့်မုန့်ကို ပြန်ထုတ်စားလိုက်သည်။

ပြီးနောက် စာအုပ်ကိုယူ၍ အပြင်စည်းတပည့်များသင်ယူရသည့်နေရာသို့ ပြေးထွက်သွားတော့သည်။

သူမက အခြားသူများနဲ့ထိုင်၍ စာကျက်နေသည်ကိုမြင်သောအခါ လူတိုင်း အံ့သြရလေသည်။

စီနီယာတဦးက သူမကိုကြည့်သည်။ "ဂျူနီယာညီမရှောင်လီ အိပ်ငိုက်နေပြန်ပြီလား ထရပ်ပြီး စာဆိုမယ်"

ရှောင်လီက စီနီယာကိုစောင်းကြည့်ပေမဲ့ ထရပ်သည်။

စီနီယာများက သူ့ကို စိုးရိမ်နေကြသည်။ သူတို့ မန္တန်များအလုပ်မဖြစ်အောင် ထူးခြားသူမှန်းသိကြသည်။

သို့သော် ဒီတခေါက် သူမက နာခံမှုရှိနေသည့်အတွက် စီနီယာများ စိတ်သက်သာရလေသည်။

ဆေးဥယျာဥ်တွင် ကျန်းဟောင်က ပူဖောင်းများကို စိတ်ချမ်းသာစွာ ကောက်ယူနေ၏။

သို့သော် ရှောင်လီ၏ စကားများက သူ့စိတ်ထဲရှိနေတုန်းဖြစ်သည်။

သူ မိစ္ဆာဂိုဏ်းကိုရောက်လာတာ ဆယ်နှစ်ကျော်ပြီဖြစ်၏။ သူ့မိသားစု မည်သို့ဖြစ်နေမှန်း သွားကြည့်ချင်လေသည်။

"စီနီယာအစ်ကိုကျန်း ရှောင်လီရဲ့ မိဘတွေက အတော်အသက်ကြီးပြီထင်တယ် သူမသာ ပထမအဆင့်ရောက်ရင် သူတို့... " ချန်ချိုးက စကားရပ်လိုက်သည်။

ဂိုဏ်းထဲရောက်ပြီးကတည်းက လူတိုင်းမှာ မိသားစုများနှင့် ကင်းကွာသွားကြသည်။

"ဂျူနီယာညီလေးချန်း သူ့ကို ရက်ပိုင်းအတွင်း အိမ်ခေါ်သွားလို့ရအောင် စီစဥ်ပေးပါဦး"

ချန်ချိုး ခေါင်းညိတ်သည်။ ကျန်းဟောင်တွင်လည်း ရှောင်လီနှင့် သူ့မိဘများအား မြန်မြန်ပေးတွေ့စေချင်သည့် ဆန္ဒရှိပုံရသည်။

All Chapters