← Chapters

အဆင့်တက်ခြင်း

Vol. 7 Ch. 104

အဆင့်တက်ခြင်း

Vol. 7 Ch. 104

ဆေးဥယျာဥ်တွင် ကျန်းဟောင်က အရိုးတစ်ရာတောအုပ်မှပို့လိုက်သည့် ဆေးပင်များအား သေချာစစ်ဆေးနေ၏။

အပေါ်ယံတွင် သာမန်ဆေးပင်များဖြစ်သော်လည်း မည်သို့သောနည်းလမ်းဖြင့် ပိုင်ရီက သူ့ကျင့်ကြံခြင်းအား ပိတ်ဆို့ခဲ့သည်ကို သေချာမသိပါချေ။

ပိုင်ရီက တကယ့်ပါရမီရှင်ဖြစ်သည်။ ၎င်း၏ အကြံအစည်များနဲ့ပတ်သတ်ပြီး သူ ဘာမှမလုပ်ဆောင်နိုင်ပေ။ မိစ္ဆာဂိုဏ်းတွင် တပည့်များအား စမ်းသပ်လေ့လာမှုနဲ့ပတ်သတ်ပြီး ကန့်သတ်ထားခြင်းမရှိပေ။

ဂိုဏ်းမှ စမ်းသပ်ထားသည့် သားရဲတစ်ကောင်လွတ်မြောက်သွား၍ မြို့တစ်မြို့ပျက်စီးသွားသည်အား ကြားဖူးထားသည်။ သူ့ရှေ့မှ ဆေးပင်ကလည်း ထိုသို့သောရလဒ်မျိုးဖြစ်နိုင်သည်။

နေ့လယ်၌ သူ ပြန်မည်အပြု မြောင်တင်းလျန်က လာရှာသည်။

"စီနီယာအစ်မမြောင် ကိစ္စရှိလို့လား"

မြောင်တင်းလျန်က ပြုံးသည်။ "အသည်းကွဲကမ်းပါးက လူတွေက ဂျူနီယာမောင်လေးကို အပြစ်မဆိုတာ မဆန်းတော့ဘူး တကယ့်ကို နှိမ့်နှိမ့်ချချနေပြီး လူတွေကို မဆန့်ကျင်မိအောင် ရှောင်တိမ်းတာပဲ"

ကျန်းဟောင် ဘာမှမဆိုချေ။

"အို့ ငါကလည်း တပည့်သစ်ဆိုတော့ ဆေးဥယျာဥ်ကို ဂရုစိုက်ပေးသင့်တယ်မဟုတ်လား "

"ရပါတယ် စီနီယာအစ်မ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားပါ ကျန်ဝာာ ကျနော့်တာဝန်ထားပါ "သူမ အဘယ်ကြောင့် သူ့အလုပ်ကိုယူချင်သည်အား မသိပါချေ။ သူ မိုင်းတွင်းကို မသွားရမခြင်း ဆေးဥယျာဥ်အား လက်မလွှတ်နိုင်ပါချေ။

"တကယ်တော့ တို့မှာ ဆေးပင်နဲ့ပတ်သတ်ပြီး ဗဟုသုတအချို့ရှိတယ်" မြောင်တင်းလျန်ပြော၏။ "တို့အကူအညီမလိုတာ သေချာရဲ့လား"

ကျန်းဟောင် ခေါင်းယမ်းလျက်သာ။

သူမ ခေါင်းညိတ်သည်။

"တို့ကို ဒီခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်စကားတော့ ပြောရမှာပဲ" သူ ထွက်သွားရန်လုပ်သည်။ "ဒီမှာနေရတာ အဆင်မပြေရင် ရှောင်ထွက်သွားတာ အကောင်းဆုံးပဲ"

မြောင်တင်းလျန်က အမြင်စူးရှကြောင်း သူသိလိုက်သည်။ အရိုးတစ်ရာတောအုပ်မှ ဆေးပင်များတွင် ပြဿနာရှိကြောင်း သူမ မြင်ပုံရသည်။

မြောင်တင်းလျန်နှင့် ပိုင်ရီတို့ အချင်းချင်းသိသလားဟု တွေးနေမိသည်။

ကျန်းဟောင် အိမ်ပြန်လာ၍ အဆင့်မြှင့်တင်ထားသည့် အစီအရင်အားကြည့်သည်။ ၎င်းက ထင်ပေါ်ခြင်းမရှိပါချေ။ လူအနည်းငယ်ကသာ ဤခြံထဲ ကောင်းကင်ဘုံရနံ့တာအိုပန်းရှိနေကြောင်း သိကြသည်။

"ပိုင်ရီသာသိရင် အသစ်တခုခုကို စမ်းသပ်လောက်သလား"

သားရဲက ခြံထဲ လျှောက်ပတ်ပြေးနေ၏။ " ဒီနေရာကို အရမ်းသဘောကျတယ် နောက်ကျရင် ဒီကနေ မောင်းမထုတ်ဘူးမလား သခင်.

"မင်း မကောင်းဆိုးဝါးမဖြစ်သွားရင်ပေါ့"

"ဟီးဟီးဟီး သခင်က နောက်နေတာပဲ ကျနော်က မိစ္ဆာသားရဲဘုရင်လေ မကောင်းဆိုးဝါး ဘယ်လိုဖြစ်မှာလဲ"

ထို့နောက် သားရဲက နေရာရှာ၍ ကောင်းကင်ဘုံရနံ့တာအိုပန်းအား ထိုင်ကြည့်နေတော့သည်။

ကျန်းဟောင်လည်း အဆောင်ပြုလုပ်ရန် ပြင်ဆင်သည်။ သူ့တွင် ဝိညာဥ်ကျောက်တုံး ၁၇၀၀ ကျန်သေးသည်။ သားရဲအား ကျွေးမွေးရန် ၅၀၀၀ အထိရှာဖွေရဦးမည်။

ခုနစ်ရက်ကြာပြီးနောက် ချန်ချိုးတယောက် မနက်စောစော ဆေးဥယျာဥ်ကိုသွားသောအခါ ရှောင်လီကို တွေ့လေသည်။

"ဂျူနီယာညီမရှောင်လီ အစ်ကို့ကိုလာရှာတာလား" ဘာမှမပြောသဖြင့် သူ မေးကြည့်သည်။

"စီနီယာအစ်ကိုကျန်းနဲ့တွေ့ချင်လို့ "

ရှောင်လီက သူ့နာမည်ကိုသိပေမဲ့ ဘယ်မှာရှာရမည်မှန်း မသိပေ။ ချန်ချိုးနှင့် အတူတူအလုပ်လုပ်သည်ကိုသိသောကြောင့် အကူအညီလာတောင်းခြင်းဖြစ်သည်။

ချန်ချိုးက သူမကို ဆေးဥယျာဥ်ထဲ ခေါ်သွားလေသည်။

"ဂျူနီယာညီမရှောင်လီ နောက်နှစ်ရက်လောက် စိတ်ရှည်ရှည်နဲ့ စောင့်သင့်တယ် စီနီယာအစ်ကိုကျန်းက မိသားစုနဲ့သွားတွေ့ဖို့ ခွင့်ပြုပေးလိမ့်မယ်"

"ဘာလို့စောင့်ရမှာလဲ စီနီယာအစ်ကိုကျန်းက ပထမအခန်းရရင် သွားလို့ရပြီပြောထားတာလေ ကျမရသွားပြီ" ချန်ချိုးမှာ ရပ်တန့်သွားပြီး သူမအား မယုံနိုင်စွာကြည့်သည်။

"ဘာဖြစ်လို့လဲ" ရှောင်လီက နားမလည်စွာမေး၏။

"ဘာ ဘာမှမဟုတ်ဘူး" ချန်ချိုး ခေါင်းယမ်းလေ၏။

လွန်ခဲ့သည့်ရက်အချို့က ရှောင်လီကို ခေါ်သွားရန် သူ့ကို ပြင်ဆင်ခိုင်းတုန်းက စိတ်မကောင်းဖြစ်သောကြောင့် လိုက်လျောခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။ အခုတော့ မသေချာတော့ပါချေ။ စီနီယာအစ်ကိုကျန်းက သူမ ပါရမီကို ကြိုသိနေခဲ့တာလား။

သို့သော် ရှောင်လီ အဆင့်တက်မတက်ကို သူ အာရုံမခံနိုင်ပါချေ။

ကျန်းဟောင်ပင် ရှောင်လီက သာမန်မဟုတ်ကြောင်းသိထားပေမဲ့ အခုလို စွမ်းဆောင်မှုက သူ့ကို အံ့အားသင့်စေသည်။

ရှောင်လီမှာ အချိန်ဘယ်လောက်မှ မယူလိုက်ရချေ။

သူ့ကိုယ်ပိုင်အချက်အလက်အား ကြည့်လိုက်သည်။

အသက်သွေး ၉၇/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၉၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နောက်တစ်လဆိုလျှင် လျှိုရှင်းချန်နဲ့ တန်းတူဖြစ်ပြီဖြစ်၏။ ပိုင်ရီနဲ့ ယှဥ်လျှင်တော့ အားနည်းနေသေး၏။

ကောင်းကင်နက်ဂိုဏ်းက လူများနှင့်ယှဥ်ပါကလည်း ရွှေအမြုတေအဆင့် အထွတ်အထိပ်က မလုံလောက်ပေ။

"မင်း အဆင့်တက်တာ ဘယ်သူသိလဲ" ကျန်းဟောင် မေး၏။

"ဘယ်သူ့ကိုမှမပြောပြရသေးဘူး" ရှောင််လီ ခေါင်းခါသည်။

ကျန်းဟောင် ခေါင်းညိတ်သည်။ "အထုပ်ပြင် ချန်ချိုးက အိမ်ကိုလိုက်ပို့ပေးလိမ့်မယ် အပြင်စည်းကြီးကြပ်သူကို ငါပြောပေးထားမယ်"

ဂိုဏ်းက အပြင်စည်းတပည့်များအပေါ် သိပ်အာရုံမထားချေ။ ကျန်းဟောင်အတွက် ခွင့်ပြုချက်တောင်းရတာ ပြဿနာမရှိနိုင်ပေ။

ချန်ချိုးအား ဝိညာဥ်ကျောက်တုံး ၅ တုံးပေးလိုက်သည်။ ဓားတစ်သိန်းအဆောင်နှစ်ခု၊ ကုသရေးအဆောင်နှင့် အခြားအဆောင်များလည်း ပေးလိုက်သည်။

ချန်ချိုးမှာ အဆောင်များကိုကြည့်၍ အံ့သြနေ၏။

"စီနီယာအစ်ကိုကျန်း နောက်ဆိုရင်ရော အိမ်ကိုပြန်လို့ရသေးလား" ရှောင်လီက မေးသည်။

"ဒါပေါ့ မင်းအဆင့်တက်တိုင်း ပို့ပေးမယ်"

"အဲဒီကိုရောက်ရင် ရှောင်လီ့မိဘတွေရဲ့ အခြေအနေကိုကြည့်ခဲ့"

ချန်ချိုးမှာ ကြောင်သွားပြီး "စီနီယာအစ်ကိုကျန်း ရှောင်လီက သူ့မိသားစုအနှောင်အဖွဲ့ကို ဖြတ်တောက်နိုင်အောင် ကျနော့်ကို တခုခုလုပ်စေချင်တာလား"

ကျန်းဟောင်က ကြင်နာတတ်သူဟု သူထင်ထားသည်မဟုတ်ပါလား။

"မရူးစမ်းပါနဲ့ သူတို့က အသက်ကြီးနေပြီဆိုလို့ နည်းနည်း အသက်ရှည်ရှည်နေရအောင် ကျန်းမာရေးကို စစ်ဆေးခိုင်းတာကွ"

ကျန်းဟောင်က သူ့ကိုယ်သူ သူတော်ကောင်းဟု မယူဆပါချေ။ သို့သော် ရှောင်လီ၏ မိသားစုအပေါ် သဘောထားက သူ့ကို သက်ရောက်ခဲ့သည်။ ဒါကြောင့် သေးငယ်သည့် အကူအညီအချို့အား ပေးချင်လေသည်။

All Chapters