မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်
Vol. 7 Ch. 105
ကျန်းဟောင်လည်း တတ်နိုင်သမျှ ကူညီချင်သော်ငြား အများကြီးမတတ်နိုင်ပါချေ။
ချန်ချိုးအား ဂရုစိုက်ရန် မှာကြားသည်။ သူ မရင်ဆိုင်နိုင်သည့် အရာတခုခုရှိပါက ရှောင်လီအားလွှတ်၍ အကူအညီတောင်းစေရန်ပြောသည်။
ချန်ချိုးလည်း ခေါင်းညိတ်ပြီး ကိုယ်ပိုင်ပြင်ဆင်မှုများအား စတင်ပြုလုပ်သည်။
သို့သော် သူ အန္တရာယ်ကင်းမည်ဟု ချန်ချိုးထင်သည်။ သူ မည်သူ့ကိုမှ မဆန့်ကျင်ပေ။ နောက်ပြီး အသက်သွေးသန့်စင်ခြင်းအဆင့် ၈ သာရှိသေးသည့် သူ့ကို မည်သူက ပစ်မှတ်ထားမည်နည်း။
သူ အိမ်ပြန်လာပြီး အကြီးအကဲပိုင်ကျီပေးသည့် လက်ကာကိုစစ်ဆေးသည်။ ၎င်းပေါ် အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်သည်။
[ကောင်းကင်ချပ်ဝတ်၏ အစိတ်အပိုင်းတခု၊ ချပ်ဝတ်၏ အစိတ်အပိုင်းနှစ်ခုတိုးလာသည်၊ အားကောင်းသည့် တိုက်ခိုက်ထောက်ပံ့ရေးစွမ်းအားရှိသည်၊ ရွှေအမြုတေအဆင့် တိုက်ခိုက်ရေးနည်းစနစ်အား ဝှက်နိုင်သည်၊ အစိတ်အပိုင်းပိုရှိလေ စွမ်းအားပိုသန်မာလေဖြစ်သည်]
၎င်းနဲ့ပတ်သတ်ပြီး သိပ်မရှင်းလင်းပေ။ သူသာ နည်းစနစ်ဝှက်နိုင်မည်ဆိုပါက ငွေလသတ်ဖြတ်ခြင်း ဒါမှမဟုတ် တောင်တန်းဖိနှိပ်ခြင်းဖြစ်နိုင်သည်။
ကျန်းဟောင် လက်ကာကို အသက်သွင်းလိုက်၏။ သူ ထုတ်လွှတ်သည့် စွမ်းအားများကိုစုပ်ယူသည့် အားတစ်ခုပေါ်လာသည်။
ရိုးရှင်းသည့် မီးဘောလုံးမန္တန်အား အသုံးပြုလိုက်သည်။ မန္တန်က ပျောက်သွားပြီး လက်ကာပေါ်တွင် အမှတ်အသားတစ်ခုပေါ်လာသည်။
သူ့လက်ကိုဆန့်ထုတ်လိုက်ရာ မီးဘောလုံးတခုပျံထွက်လာ၏။
ထို့နောက် မိစ္ဆာအသံခုတ်ချက်အား စမ်းကြည့်သည်။ ၎င်းကိုလည်း လက်ကာတွင် ဝှက်နိုင်သည်။ သူ့လက်ချောင်းများက ဓားအဖြစ် တိုက်ခိုက်နိုင်လေသည်။
အကြီးအကဲပိုင်ကျီ ပေးသည့် ရတနာက အတော်ထူးခြားဆန်းကြယ်လေ၏။ သူမက ရက်ရောပြီး ချပ်ဝတ်၏ အစိတ်အပိုင်းများကို အပိုဆုအဖြစ် ပေးလေသည်။ ချပ်ဝတ်က အဓိကကာကွယ်မှုဖြစ်ပြီး လက်ကာကိုသုံးပြီး တိုက်ခိုက်နိုင်လေသည်။
ကောင်းကင်ဘုံရနံ့တာအိုပန်းကို ပျိုးထောင်တဲ့ဆုလာဘ်က မက်စရာပဲ ငါသာ ချပ်ဝတ်အစိတ်အပိုင်းအားလုံးကိုစုစည်းနိုင်ရင် ဘယ်လောက်အားကောင်းလိမ့်မလဲ။
ကျန်းဟောင် သက်ပြင်းချသည်။ ထိုသို့ဖြစ်ရန် မည်မျှကြာဦးမည်နည်း။ သူရော ဘယ်လိုဖြစ်နေလိမ့်မလဲ။
ထို့နောက် ဈေးကိုသွားပြီး အဆောင်များကိုရောင်းသည်။
"ဂျူနီယာမောင်လေးကျန်း ရောက်လာပြီလား" လန်ထျန်က ပြောသည်။ "ဒီနေ့ ဘာတွေပါလဲ ဟင် ကုသရေးအဆောင်တွေ အများကြီးပါပါလား ဓားတစ်သိန်းအဆောင်ရောပဲ တစ်မျိုးကို ငါးခုစီပေးပါ"
"ကောင်းပါပြီ ဝိညာဥ်ကျောက်တုံး ၃၀၀ ပါ" ကျန်းဟောင် သက်ပြင်းချ၏။ စီနီယာအစ်မလန်ထျန်က ချမ်းသာတာပဲ။
"ကျေးဇူးတင်ပါတယ် ဂျူနီယာမောင်လေးကျန်း အဆောင်တွေရဲ့အရည်အသွေးက ပိုကောင်းလာသလိုပဲ အဆောင်ပြုလုပ်တာမှာ ပါရမီပါပုံပဲ ငါ့မှာသာ အဲ့လိုပါရမီပါရင် အဆောင်တွေ အမြဲတမ်းဝယ်နေစရာမလိုတော့ဘူး"
"ဂျူနီယာမောင်လေးကျန်း ဆေးလုံးတွေမလိုအပ်ဘူးလား အစ်မမှာ နည်းနည်းရှိတယ် "
ကျန်းဟောင် ခေါင်းယမ်း၏။" လောလောဆယ်တော့ မလိုသေးပါဘူး"
"နှမြောစရာပဲ ဒါပေမဲ့ အဆင်ပြေပါတယ် လိုအပ်ခဲ့ရင် ငါ့ကိုပြောပါ ငါ သန့်စင်ပေးနိုင်တယ်"
"စီနီယာအစ်မလန်က မှော်ဆေးပညာရှင်လား" သူ အံ့သြသွား၏။ သူမ ချမ်းသာနေတာ မဆန်းပါချေ။
လန်ထျန်က ရယ်သည်။" ငါက လူသစ်ပဲရှိပါသေးတယ် ဂျူနီယာမောင်လေးကျန်းမှာ အဆင့်မြင့်အဆောင်ဖန်တီးမဲ့အတွေးမရှိဘူးလား"
"ဘာကြောင့်များပါလဲ"
"မောင်လေးမှာ ပါရမီပါတယ်ဆိုတာ မြင်နိုင်တယ် အဆောင်တခုကို စိတ်ဝင်စားမလားမသိဘူး ဝိညာဥ်ကျောက်တုံး ၂၀၀၀ နဲ့ရောင်းပေးမယ်"
"ဘာအဆောင်များလဲ" ကျန်းဟောင် မေးသည်။
"မသိဘူး အပြင်ကနေ မတော်တဆရခဲ့တာ ထိခိုက်ထားပေမဲ့ ထူးခြားတယ်လို့ ခံစားရတယ် "
ကျန်းဟောင် တုံ့ဆိုင်းသွား၏။ "မနက်ဖြန် အသည်းကွဲကမ်းပါးကို ယူလာပေးနိုင်မလား"
လန်ထျန်ကပြော၍ ခေါင်းညိတ်သည်။ "ကောင်းကင်နက်ဂိုဏ်းကလူတွေ မကြာခင်ရောက်လာလိမ့်မယ် ဂျူနီယာမောင်လေးကျန်း သတိထားပါ ပထမဆုံးအကြိမ် ဂိုဏ်းက တစုံတယောက်က ဒီလောက်များတဲ့လူတွေကို ရန်စဖူးတာပဲ"
သူ ကိုးရိုးကားရားပြုံး၍ လန်ထျန် ထွက်သွားသည်အား ကြည့်နေသည်။ အားကောင်းသည့် အဆောင်ရမည့် အခွင့်အရေးကို လက်မလွှတ်နိုင်ပါချေ။
ကိစ္စရပ်များက သူ့အတွက်ကောင်းမနေချေ။ ပိုကောင်းသည့် အဆောင်များဖန်တီးပြီး ပိုက်ဆံရှာရန်လို၏။
အဆောင်များရောင်းချခြင်းမှ သိပ်မရခဲ့ပေ။ လက်ရှိသူ့တွင် စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၂၁၀၀ ရှိထားသည်။
လန်ထျန်အပေါ် အကဲဖြတ်စွမ်းရည်မသုံးဖူးကြောင်း အမှတ်ရသွား၏။ သူမကို သစ္စာဖောက်အဖြစ် မခံစားရသောကြောင့်ဖြစ်နိုင်သည်။
နောက်တစ်ရက်
လန်ထျန်က သူ့ဆီရောက်လာသည်။" ဂျူနီယာမောင်လေးရဲ့ အိမ်က သီးခြားဆန်တာပဲ အစ်မတောင် ရှာမရဖြစ်တော့မလို့ အထဲမှာပြောလို့ရမလား"
"ဒါပေါ့ စီနီယာအစ်မ" ကျန်းဟောင် အထဲကိုခေါ်သွားလိုက်သည်။ သူမအား လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။
လန်ထျန်က သစ်သားဘူးငယ်လေးကိုထုတ်၍ ဖွင့်ပြသည်။ အဆောင်ရေးဆွဲထားသည့် ကျောက်ပြားကျိုးတချပ်ပါလေသည်။
အဆောင်က အတော်ရှုပ်ထွေးပြီး ၎င်းမှ ထူးခြားမှုကို မခံစားရပေ။ ၎င်းပေါ် အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်သည်။
[မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်၊ မွန်းတည့်ချိန် သင့်စိတ်ကြည်လင်နေသောအခါ အဆောင်၏ ပထမပိုင်းအား ရေးဆွဲနိုင်သည်၊ အမွေအနှစ်ကိုရပြီး မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို ရနိုင်သည်၊ လန်ထျန်နှင့် အခြားစီနီယာများ ခက်ခဲစွာကြိုးစားပြီးမှရခဲ့သည်]
တည်နေရာကူးပြောင်းအဆောင်
အခြေအနေမဟန်တော့ရင် ကောင်းကင်ရှင်းလင်းဂိုဏ်းကနေ ဒီအဆောင်နဲ့ထွက်ပြေးနိုင်မှာလား။
ဒီလိုအဆောင်မျိုးက အလွန့်အလွန်ရှားသည်။ ဖန်တီးဖို့လည်း အလွန်ခက်၏။
"နည်းနည်းဈေးလျှော့ပေးနိုင်မလား"
လန်ထျန်က အကြပ်ရိုက်သွားဟန်ရ၏။ "ဒါက ငါတယောက်တည်းပိုင်တာမဟုတ်ဘူ