အခန်း (၁၀၂)
Vol. 8 Ch. 102
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် လုချင်းချင်း? လီချင်းယန်နှင့် တစ်ခြားသူများကို ခေါ်၍ ချင်းယန်မြို့ဆီသို့ ဦးတည်သွားလိုက်သည်။
ရှောင်ကျီသည်လည်း နောက်မှ လိုက်ပါလာသည်။ သူ၏ကျောပေါ်တွင်တော့ စနိုက်ပါရိုင်ဖယ်တစ်ခုရှိနေပြီး လက်နက်အား အမဲရောင် အဝတ်ဖြင့် သေချာထုပ်၍ ပတ်ထား၏။
"စနိုက်ပါသမားတွေဆိုတာ ပတ်ဝန်းကျင်ကို အမြဲတမ်း သတိထားနေရတယ်။ သက်တောင့် သက်သာ နေလို့ မဖြစ်ဘူး။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"ကောင်းပါပြီ။"
ရှောင်ကျီသည် လမ်းတစ်လျှောက်လုံး သတိဖြင့် နေသည်။ မြက်ခင်းပြင်ထဲတွင် တောယုန်တစ်ကောင် ဖြတ်ပြေးသွားသည်ဆိုလျှင်တောင်မှ သူသည် ချက်ချင်း သိရှိခဲ့၏။ သူသည် စနိုက်ပါသမားတစ်ယောက်၏ တာဝန်အား လက်ခံခဲ့ပြီး ဖြစ်၏။
သို့ပေမဲ့ သူသည် ပစ်ခတ်လေ့ကျင့်ရန်အတွက်တော့ ကျည်ဆံများ လိုနေသေးသည်။
ပါရမီသည် အလွန်အရေးကြီးသည်။ သို့ပေမဲ့ လေ့ကျင့်ရန် ကျည်ဆံများရှိရန်လည်း လိုအပ်နေသေး၏။
နာရီအနည်းငယ် ကြာမြင့်ပြီးနောက်မှာတော့ သူတို့သည် ချင်းယန်မြို့ဆီသို့ ရောက်ရှိလာခဲ့သည်။
မြို့ထဲသို့ ဝင်ဝင်ချင်းမှာပဲ မြို့ထဲရှိလူများ၏ အာရုံသည် သူတို့ဆီသို့ ရောက်ရှိလာကြ၏။
အရင်အချိန်တုန်းက ထိုသူတို့၏ မျက်လုံးတွင်ရှိသော အထင်သေးမှု မခန့်လေးစားမှု များသည် လက်ရှိ အချိန်မှာတောာ့ လေးစားမှု၊ ချီးကျူးမှု နှင့် အစားထိုးသွားခဲ့ပြီဖြစ်၏။
ဤအတော်အတွင်း သံမဏိအရိုးဂိုဏ်း၏ လုပ်ဆောင်ချက်များသည် အားလုံး၏ အသိအမှတ် ပြုမှုကို ရရှိခဲ့သည် မဟုတ်လား။
ကျွင်းချောင်ရှောင်း ပြောခဲ့သလိုပင် သာမန်လူများသည် ဤကဲ့သို့ပင်ဖြစ်သည်။
သင် သာ အားနည်းနေလျှင် သူတိုသည် သင့်အား ဝိုင်းဝန်းကန်ကြောက်ကြပေလိမ့်မည်။ သင်သာ အားကောင်းနေသည်ဆိုလျှင်တော့ သင်၏ရှေ့သို ရောက်ရှိလာပြီး ဒူးထောက်၍ သင်၏ ခြေထောက်အား လျှာနှင့် ရပ်ပေလိမ့်မည်။
"ဂိုဏ်းအသိအမှတ်ပြု ဟောခန်းက ဘယ်နေရာမှာလဲ။"
"မြို့၏ တောင်ဘက်ခြမ်းမှာပါ။"
မြို့၏ ကျယ်ပြောလှသော လမ်းအတိုင်း လျှောက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်၍ ဂိုဏ်း၏ အသိအမှတ်ပြု ဟောခန်းဟု ရေးသားထားသော အဆောက်အဦ တစ်ခု ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"သံမဏိအရိုးဂိုဏ်းက ဘာလို့ ဒီကို ရောက်လာတာလဲ။"
"သူတို့က သူတို့ဂိုဏ်း အသိအမှတ်ပြုမှုကို ယူမလို့နဲ့ တူတယ်။"
"ဂိုဏ်းချုပ်ကျွင်းက တော်ဝင်ဓားမော့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှာ နိုင်ခဲ့တယ် ဆိုပေမဲ့ ဂိုဏ်းအဆင့်နဲ့ ပတ်သက်ရင် သူ့ရဲ့ တစ်ကိုယ်ရည် အားအင် အဆင့်နဲ့ မလုံလောက်သေးဘူး။ တပည့်တွေကလည်း အသိအမှတ်ပြုခံရလောက်အောင် အားကောင်းဖို့ လိုသေးတယ်။"
"ဂိုဏ်းအသိအမှတ်ပြုဟောခန်းက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ် မလား။ သံမဏိအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့က ထွက်သွားတယ်ဆိုတော့ သူတို့ အနေနဲ့ အသိအမှတ်ပြုမှုကို ရဖို့ တော်တော်ခက်ခဲလိမ့်မယ်။
အနားက ဖြတ်သွားဖြတ်လာများ၏ ဆွေးနွေးမှုကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကုတ်ကာ တွေးလိုက်မိသည်။
"ဂိုဏ်းအသိအမှတ်ပြု ဟောခန်းက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နဲ့ တော်တော်ကြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာပဲ။ ဒီတော့ သူတို့က ကျိန်းသေပေါက် ခက်ခဲအောင် ပြုလုပ်လိမ့်မယ်။"
ထင်မှတ်ထားသည့်အတိုင်းပဲ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းထဲကို ဝင်ခဲ့ပြီး သူတို့၏ နာမည်ကို ပြောဆိုလိုက်ချိန်မှာတော့ စာရေးသည် ထူးမခြားနားသလို ပြောလာသည်။ "ဂိုဏ်းအသိအမှတ်ပြု စည်းမျဉ်းစည်းကမ်းတွေ အရဆိုလျှင် မင်းအနေနဲ့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ရဲ့ အသိအမှတ်ပြုစာရွက်ကို ပြသဖို့လိုအပ်တယ်။"
ဘုန်း။
စုရှောင်မိုသည် ဒေါသထွက်ပြီး စားပွဲအား ထုကာ ပြောလိုက်သည်။ "ကျုပ်တို့အားလုံး ဒီကို ရောက်နေတာပဲ တစ်ခါတည်း အသိအမှတ် ပြုလိုက်လို့ မရဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ မဟာမိတ်အဖွဲ့ရဲ့ အသိအမှတ်ပြု လက်မှတ်က ထပ်လိုသေးရတာလဲ။"
စာရေးသည် ထူးမခြားနားသလို ခပ်တည်တည်ပြောလာသည်။ "ဒါက ဂိုဏ်းအသိအမှတ်ပြု ဟောခန်းပါ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ မျှတမှု နဲ့ တာဝန်ကို ရယူထားတဲ့နေရာလည်းဖြစ်တယ်။ ဂိုဏ်းချုပ်ကျွင်း …. မင်းရဲ့တပည့်ကို ဒီထက်ပိုပြီး လေးစားမှုရှိအောင် ကျေးဇူးပြုပြီး ပြောလိုက်ပါအုံး။"
"မျှတမှု ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်ချုပ်ဟူသော ဂုဏ်ပုဒ်ကိုသာ ဂရုမစိုက်ရဘူဆိုလျှင် ချက်ချင်းဆိုသလိုပဲ သူ၏ သမိုင်းဝင် ဝါးပြားအား ထုတ်ယူ၍ ထိုသူ၏ မျက်နှာအား တခွက်ခွက်နှင့် ရိုက်နက်မိနေမှာ သေချာ၏။
"ထောက်ခံချက်လက်မှတ်မရှိဘဲနဲ့ အသိအမှတ်ပြုပေးလို့ မရဘူးလား။" တည်ငြိမ်စွာမေးလိုက်၏။
စာရေးသည် ထူးမခြားနားသလို ပြောလိုက်သည်။ "အဆင့်ငါး ဂိုဏ်းတစ်ခုခု ဒါမှမဟုတ် အဲဒီအထက်ရဲ့ အာမခံချက်တစ်ခုခုရှိမယ်ဆိုရင်တော့ ရတယ်။"
"သြော် ဟုတ်သားပဲ။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲကို့တောင် ဝင်ခွင့်မရှိတဲ့ သံမဏိအရိုးဂိုဏ်းလို အဆင့်နိမ့် ဂိုဏ်းလေးတစ်ခုက ဘယ်လိုလုပ်ပြီး ဂိုဏ်းကြီးတစ်ခုခုရဲ့ ထောက်ခံချက်ကို ရမှာလဲ။ ဒီတော့ မင်းတို့ လာရာလမ်းကို ပြန်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။"
"ချီးတဲ့မှ။"
လီဖေးသည် ဘယ်လိုမှ မနေနိုင်တော့ဟန်ဖြင့် စားပွဲကို ထုရိုက်ကာ ပြောလိုက်သည်။ "ထပ်ပြီး ပေါက်ကရတွေ လျှောက်ပြောနေမယ်ဆိုရင် ကျုပ်ခင်ဗျားကို ရိုက်သတ်မိလိမ့်မယ်။"
သံမဏိအရိုးဂိုဏ်းထဲကို ဝင်ရောက်သော တပည့်တော်တော်များများသည် နိမ့်ကျသောနောက်ခံနှင့် မွေးဖွားလာကြသူများ ဖြစ်၏။ ထို့ကြောင့် သူတို့သည် အရှက်ခွဲနိမ့်ကျမှုများကို ယှဉ်ပါးနေကြပြီ ဖြစ်သည် ။သို့ပေမဲ့ ဂိုဏ်းအား စော်ကားနေသည်ကို မြင်ချိန်မှာတော့ ဒေါသထွက်လာကြသည်။
စာရေးသည် လက်သီးကိုဆုပ်ကာဖြင့် နှာခေါင်းရှုံ့လိုက်မိ၏။ "ဘာလဲ….. သံမဏိအရိုးဂိုဏ်းက အသိအမှတ်ပြု ဟောခန်းမှာလာပြီး ပြဿနာရှာချင်တာလား။"
ကျွင်းချောင်ရှောင်းသည် ဒေါသထွက်နေသည့် သူဟ တပည့်များအား စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြ ပြောလိုက်သည်။ "ကျုပ်မေးချင်တယ်။ အဆင့်ရှစ် ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ ဘာတွေလိုအပ်လည်း သိချင်တယ်။"
ရုံးစာရေးသည် သံမဏိအရိုးဂိုဏ်းတပည့်များအား ကလေကချေ တစ်သိုက်လို ပုံစံမျိုးကြည့်၍ ပြောလိုက်သည်။
"သိုင်းတပည့်အဆင့်ငါးယောက်နဲ့ စွမ်းအင်ဖွဲ့ခြင်း အဆင့်ငါးယောက်။"
ကျွင်းချောင်ရှောင်း နားလည်ကာဖြင့် ပြောလိုက်သည်။ "ကောင်းပြီ … နှုတ်ဆက်ပါတယ်။"
သံမဏိအရိုးဂိုဏ်းတပည့်များ ထွက်ခွာသွားသည်ကို မြင်တော့ စာရေးသည် အထင်အမြင်သေးသလို ပြောလိုက်သည်။ "ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကနေ ထွက်သွားပြီးတောင်မှ အသိအမှတ်ပြုမှုကို လိုချင်နေတယ်။ ဒီကောင်တွေ ရူးနေတာလား မသိဘူး။"
"ဂိုဏ်းချုပ် …. ဒီလူက တမင်တကာ သံမဏိအရိုးဂိုဏ်းကို ထွက်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပဲ။"
စုရှောင်မို သည် အံကြိတ်ကာ ပြောလိုက်မိ၏။ "သူက တမင်တကာ ဒါကိုလုပ်နေတာပဲ။"
"ကျွန်တော်တိုကို့ ဒါ သက်သက်အရှက်ကွဲတာပဲ။"
ထျန်းချီ သည် ဒေါသထွက်လွန်းသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်လျှက် ရှိ၏။
လီချင်းယန် တည်ငြိမ်သွာဖြင့် ပြောလိုက်သည်။ "ဒီအသိအမှတ်ပြုဟောခန်းက ဂိုဏ်တစ်ရာ မဟာမိတ်အဖွဲ့နဲ့ ဆက်စပ်နေတယ်။ ငါတိုဂိုဏ်းရဲ့အဆင့်ကို မြှင့်တင်ချင်တယ်ဆိုရင် တစ်ခြားထောက်ခံချက်တစ်ခုခုကိုရဖို့လိုတယ်။"
"ထားလိုက်တော့။ ဒါက ကိစ္စမရှိဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သူတို့သည် ချင်းယန်မြို့သို လာခြင်းမှာ ကျည်ဆံအတွက်လိုအပ်သော သလင်းအမြူတေများ ဝယ်ယူရန်ဖြစ်သည်။
အသိအမှတ်ပြုလက်မှတ် ရရှိရန်ဆိုသည်မှာ လမ်းကြုံ၍ ဝင်သည့် ကိစ္စသာ ဖြစ်၏။
တစ်ဖက်လူသည် သူ့အား ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် ပြုလုပ်နိုင်သည်ဆိုမှတော့ သူတို့သည် အသိအမှတ်ပြုလက်မှတ်ကို မယူလိုက်ရုံသာ ရှိတော့သည်။ ထို့အပြင် သူတို့ဂိုဏ်းသည် အဆင့်ရှစ်ဂိုဏ်းတစ်ခု အရည်အသွေးနှင့် ပြည့်စုံပြီးသားဖြစ်၏။
"ဂိုဏ်ချုပ်ကျွင်း။"
ထိုအချိန်မှာပဲ အဝေးတစ်နေရာဆီသို့ တည်ငြိမ်သော အသံတစ်ခုဖြင့် ထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်း အသာလှည့်ကြည့်လိုက်၏။ ပြီးနောက် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "အကြီးအကဲမာ။"
မှန်ပေသည်။
ထိုလူသည် တောင်ပြာဂိုဏ်း၏ အကြီးအကဲ … အကြီးအကဲမာပင် ဖြစ်သည်။
အကြီးအကဲမာဆီမှ ထွက်ပေါ်လာသော အော်ရာ များကို ကြည့်လိုက်သည်နှင့် သိုင်းစစ်သူကြီး အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သိနိုင်သည်။
အကြီးအကဲမာသည် သိုင်းဆရာထပ်ဆုံးအဆင့်တွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သူဖြစ်သည်။
လွန်ခဲ့သည့်နှစ်လလောက် က ကျွင်းချောင်ရှောင်ဆီမှ ကျင့်ကြံခြင်း နှင့် ပတ်သက်သည့် လမ်းညွှန်ချက်တစ်ချို့ ကိုရရှိပြီးသည့်နောက်မှာတော့ သူသည် အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
အကြီးအကဲမာသည် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် မတ်တပ်ရပ်၍ လက်သီးကို ဆုပ်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ ကျေးဇူးကြောင့် ဒီအဘိုးကြီးက သိုင်းစစ်သူကြီး အဆင့်ကို ရောက်ရှိသွားခဲ့ပြီ။"
"သိုင်းစစ်သူကြီး အဆင့်ဟုတ်လား။"
လီချင်းယန်နှင့် တစ်ခြားသော သူများ၏ မျက်လုံးများသည် မလိုမှု၊ လေးစားမှု များဖြင့် ပြည့်နက်သွားသည်။
ချင်းယန်နိုင်ငံတွင် သိုင်းဆရာသို့ ရောက်ရှိသူများသည် ထိပ်တန်းအဆင့် များဟု သတ်မှတ်ကြ၏။ သိုင်းစစ်သူကြီးဆိုလျှင် အားလုံးက မော့ကြည့်ရသည့် ပိုမိုမြင့်မားသည့်လူများ ဖြစ်ကြောင်း သိသာလှ၏။
ကျွင်းချောင်ရှောင်းသည် ရိုးရိုးသားသားပင် ပြောလိုက်သည်။ "အကြီးအကဲမာက ကိုယ့်ဘာကို ဇဝေဇဝါဖြစ်နေတာပါ။ ကျွန်တော်မရှိလည်း သိုင်းစစ်သူကြီး အဆင့်ကို လွယ်လွယ်ကူကူနဲ့ ရောက်နိုင်ပါတယ်။"
အကြီးအကဲမာ၏ မျက်လုံးများသည် ချီးကျူးမှု များဖြင့် ပြည့်နက်နေ၏။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက ဤကလေးသည် ဘာမှ မဟုတ်ဟု သူတွေးမိ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အရည်အချင်းနှင့် ပြည့်စုံပြီး မိမိကိုယ်ကို နှိမ့်ချတတ်သော လူငယ်လေးတစ်ယောက် ဖြစ်လို့နေ၏။
"အခု ဘာဖြစ်လို့လဲ။" အသိအမှတ်ပြုဟောခန်းကို လှမ်းကြည့်ပြီး အကြီးအကဲမာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းရဲ့အဆင့်ကို လာပြီး အသိအမှတ် ပြုချင်တာလား။"
"မှန်ပါတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အကြီးအကဲမာသည် နောက်သို့ရွေ့ကာ သံမဏိအရိုးဂိုဏ်းတပည့်များအား လှမ်းကြည့်လိုက်သည်။
တပည့်များ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာများကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ "အဆင့်ရှစ် ဂိုဏ်း အဖြစ် ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "သူတို့က အသိအမှတ် မပြုပေးဘူးလေ။ ဒီတော့ အဆင့်ကိုး ဂိုဏ်းပါပဲ။"
"အသိအမှတ် မပြုပေးဘူး ဟုတ်လား။" အကြီးအကဲ အံ့အားသင့်သွား၏။
"ဘာကိုဆိုလိုတာလဲ။"
ဂိုဏ်းအသိအမှတ်ပြုဟောခန်း သည် ကြယ်ကြွယ်ကုန်းမြေတိုက်ကြီးတွင် ဂိုဏ်းများအား သတ်မှတ်ချက်နှင့် အညီ အသိအမှတ်ပြုပေးနိုင်သော အခွင့်အာဏာကို ပိုင်ဆိုင်၏။ မည်သည့်ဂိုဏ်းမဆို ဤနေရာတွင် အတည်ပြုနိုင်သည်။
အသိအမှတ်ပြုမပေးနိုင်ဘူးဟူသော စကားကို ကြားရခြင်းသည် သူ့အတွက် ပထမဦးဆုံးပင်ဖြစ်၏။
ကျွင်းချောင်းရှောင်းသည် အရာအားလုံးကို ရှင်းပြလိုက်၏။
အကြီးအကဲမာသည် ကျွင်းချောင်ရှောင်း၏ စကားကို ကြားချိန်မှာတော့ လေးလေးနက်နက် ပြောလိုက်မိသည်။
"ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ဆိုတာက အဖွဲအစည်း သီးသန့်ပဲ။သူတို့ဆီက ထောက်ခံချက်ကို ယူဖိုလို့တယ်ဆိုတာက ဟာသပဲ။ ဂိုဏ်းချုပ်ကျွင်း သွားကြစို့။ ဒီအဘိုးကြီးက ဦးဆောင်ပြီးခေါ်သွားမယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ခေါ်ကာ ဟောခန်းထဲသို့ ပြန်ရောက်လာ၏။
ရုံးစာရေးသည် မတ်တပ်ရပ်၍ မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း .. ဘယ်လိုဖြစ်ပြီး ထပ်လာတာလဲ။"
"ဂိုဏ်းအတည်ပြုမှုကို လိုချင်လို့။" ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည်။
ရုံးစာရေးသည် မျက်လုံးတွေ ချာချာလည်သွားသည်။ ပြီးနောက် သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။ “အစောကြီးကတည်းက ရှင်းရှင်းလင်းလင်း ပြောပြထားတယ်လေ။ မင်းအနေနဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်ဆိုရင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲရဲ့ ထောက်ခံချက် ဒါမှမဟုတ် အဆင့်ငါးအဖွဲရဲ့ ထောက်ခံချက် လိုတယ်။"
"ရုံးစာရေးကျိုး။"
သူပြောလို့ မပြီးသေးခင်မှာပဲ ဟောခန်းသို ဝင်လာသော အကြီးအကဲမာ ဖြတ်ကာ ပြောလိုက်သည်။
"ကျုပ်က တောင်ပြာဂိုဏ်းကို ကိုယ်စားပြုပြီး သံမဏိအရိုးဂိုဏ်းကို အာမခံပေးမယ်။ ဒါဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့ လျော်ညီပြီလား။"
"အကြီးအကဲမာ။"
တောင်ပြဂိုဏ်းအကြီးအကဲ လျှောက်ဝင်လာသည်ကို မြင်တော့ စာရင်းကျိုးသည် သူ၏ နေရာဆီမှ ထ၍ ရိုရိုကျိုးကျိုးဖြင့် ပြောလိုက်သည်။ "ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။"
သူ၏ မျက်နှာ ပြောင်းလဲမှုသည် အလွန်တရာ မြန်ဆန်လှ၏။
စုရှောင်မို ၊ ထျန်းချီ နှင့် အခြားသောသူများသည် ထိုသူအား ရွံရှာသလို ကြည့်လိုက်မိကြသည်။
အကြီးအကဲမာသည် ထူးမခြားနားသလို ပြောလိုက်သည်။ "စာရေးကျိုး … ကျုပ်မှတ်ထားသလောက်ဆိုရင် ခင်ဗျား ဒီမှာ အလုပ်လုပ်တာ ဆယ်နှစ်ကျော်ပြီနဲ့ တူတယ်။
စာရေးကျိုးသည် ပြုံးလိုက်မိ၏။ "ဆယ်နှစ် အတိအကျပါပဲ။"
အကြီးအကဲမာ၏ နှလုံးသားသည် အေးစက်သွားသည်။ "စာရေးကျိုး က ဒါဆိုရင် စီနီယာတစ်ယောက် ဖြစ်နေပြီပဲ။ကျုပ်မေးချင်တာ ဂိုဏ်းအသိအမှတ်ပြု ဟောခန်းအနေနဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ ထောက်ခံမှုကို ဘယ်တုန်းက လိုသွားတာလဲ။"
"ဒါ …"
ရုံးစာရေးကျိုး၏ မျက်နှာသည် ပြောင်းလဲသွားသည်။
သူသည် ချင်းယန်နိုင်ငံကိုသာ ကိုယ်စားပြုသူဖြစ်၏။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမှာ သူ၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာ ဖြစ်၏။
ဤကိစ္စအား သူ့ထက် အဆင့်မြင့်မားသောသူများ လုံးဝ ကျိန်းသေပေါက် မသိရှိကြပေ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အကြီးအကဲမာရဲ့ စကားတွေအရဆိုရင် စာရေးကျိုးက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နဲ့ ညစ်တီးညစ်ပတ်ကိစ္စတွေ လုပ်ထားမယ်လို့ သံသယဝင်နေမိတယ်။"