← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

လုံလောက်သည့် စွမ်းအင် အမြုတေများရှိသောကြောင့် ရှောင်ကျီသည် ဂိုဏ်းသို့ ပြန်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ စနိုက်ပါပစ်ခတ်ခြင်းအား အချိန်ပေးပြီး လေ့ကျင့်နိုင်ပြီဖြစ်သည်။

သူသည် တစ်ညလုံး တောင်၏အနောက်ဘက်တွင် ပုန်းအောင်နေပြီး ပစ်မှတ်အား ရှာဖွေနေ၏။ ငြိမ်သက်နေသည့်ပစ်မှတ်များကို ပစ်ခတ်ရသည်မှာ သူ့အတွက် ဘာမှမဟုတ်ပေ။ အကောင်းမွန်ဆုံးသော ပစ်ခတ်ရေးသမားဆိုသည်မှာ လှုပ်ရှားနေသောပစ်မှတ်များအား ပစ်ခတ်ခြင်းဖြစ်၏။

ဘန်း…..ဘန်း။

ညသန်းခေါင်အချိန်တွင်တောင်မှ သေနတ်သံသည် ရံဖန်ရံခါ ထွက်ပေါ်လာလေ့ရှိသည်။

စာကြည့်ခန်းထဲတွင်ရှိသော ကျွင်းချောင်ရှောင်းသည် အိပ်ချင်စိတ်ပင် မရှိသေးချေ။ ထို့ကြောင့် သူသည် စတိုးအား refresh လုပ်လျက်ရှိ၏။

ယခုသူ့ဆီတွင် ဂိုဏ်းစုဆောင်းမှတ် ၃၅၅ မှတ်ရှိ၏။ ထို့ကြောင့် သူစိတ်လိုလက်ရဖြင့် လိုချင်သည့်ပစ္စည်းများကို ရှာဖွေနိုင်သည်။

ဒင်။

ဂိုဏ်းစုဆောင်းမှတ် - ၃၄၅/၅၀၀။

Refresh လုပ်ပြီးသည့်နောက်တွင် မှော်နည်းစနစ်ဖြင့် အဆင့်မြှင့်တင်ထားသော ပုခုံးကာသော ပစ္စည်းတစ်ခုပေါ်လာသည်ကို သူ မြင်လိုက်ရ၏။

အသေးစိတ်ကို သူ ထောက်ကြည့်လိုက်၏။

[ပစ္စည်း-နည်းစနစ်ဖြင့် အဆင့်မြှင့်တင်ထားသော ပုခုံးကာ။

အစွမ်းသက်ရောက်မှု- ထိုအရာအား ဝတ်ပြီးသည့်နောက်တွင် ပုခုံးနားတစ်ဝှိက်အား ကာကွယ်ပေးထားမည် ဖြစ်၏။

စနိုက်ပါရိုင်ဖယ် သို့မဟုတ် သေနတ်များ၏ ပြန်ကန်အားကို ခုခံနိုင်ရန် ဖန်တီးထားခြင်း ဖြစ်၏။

အစွမ်းသက်ရောက်မှု-ဝတ်၍ အသုံးပြုရန်။

ဈေးနှုန်း-ဂိုဏ်းစုဆောင်းမှတ် ၂၀။]

ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်သည်။ "ပြန်ကန်အားကို ခုခံနိုင်ဖို့ ဒါ ပစ္စည်းကောင်းတစ်ခုပဲ။"

သူသည် နှောင်နှေးခြင်းကင်းမဲ့စွာဖြင့် ဝယ်ယူလိုက်၏။

[ဒင်။

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀အား အသုံးပြု၍ မှော် နည်းစနစ်ဖြင့် အဆင့်မြှင့်တင်ထားသော ပုခုံးကာအား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးဖြစ်သည်။]

[ဒင်။

ဂိုဏ်းစုဆောင်းမှတ် - ၃၂၅/၅၀၀။]

ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ refresh လုပ်လိုက်၏။ သို့ပေမဲ့ သူ၏ ကံတရားသည် ဆိုးရွားနေသည်။ ကောင်းမွန်သည့် ပစ္စည်းတစ်ခုကိုမှ သူ မတွေ့ခဲ့ပေ။ ထို့ကြောင့် ထပ်မံ၍ refresh လုပ်ရန်အတွက် ကြိုးခုန်သည့် ကြိုးတစ်ချောင်းကို သာ သူဝယ်ယူလိုက်ရ၏။

ထပ်မံ၍ refresh လုပ်လိုက်သည်။

[ဒင်။

ဂိုဏ်းစုဆောင်းမှတ် - ၂၉၅/၅၀၀။]

ဤတစ်ကြိမ်ပေါ်လာသော ပစ္စည်းများကတော့ မဆိုးရွားချေ။

သေမျိုးအဆင့်မြင့် သိုင်းနည်းစနစ်ဖြစ်သော ပေါက်ကွဲလက်သီးဟူသော နည်းစနစ်တစ်ခုအား သူမြင်လိုက်ရ၏။

အဆင့်သည် နိမ့်ကျသည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းအတွက် သိုင်းနည်းစနစ်များမှာ အရေးတကြီးလိုအပ်နေသည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြု၍ ဝယ်ယူလိုက်၏။

[ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၂၈၅/၅၀၀]

[ဒင်။

လက်ခံသူဝယ်ယူလိုက်သော လက်သီး နည်းစနစ်သည် ဂိုဏ်း၏ သိုင်းနည်းစနစ်အဖြစ် ထားရှိရန် လိုက်ဖက်ညီလှ၏။]

ဂိုဏ်း၏ တိုက်ခိုက်ရေး နည်းစနစ်နှင့် လိုက်ဖက်ညီလှသည်ဆိုသော် စကားမှာ တပည့်များအနေနှင့် လေ့ကျင့်၍ ရသည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ မိတ္ထူတစ်ထောင်ကို ကူးယူလိုက်သည်။

"မနက်ဖန်မှာ တပည့်တွေကို ပေးရမယ်။ ဒါက စွမ်းအင်ဖွင့်ခြင်းအဆင့်တစ်ဆယ်အထက် ကျွမ်းကျင်သူတွေ အသုံးပြု လေ့ကျင့်လို့ ရတာပဲ။"

နောက်တစ်ရက်မှာတော့ နတ်ဘုရားတေးဂီတ၏ လွှမ်းမိုးမှုအောက်တွင် တပည့်များအားလုံးသည် မနက်ခင်း လေ့ကျင့်ခန်းအား ပျော်ပျော်ရွင်ရွင် ပြုလုပ်ပြီး ဖြစ်၏။ ထို့အပြင် သူတို့တစ်ယောက်ချင်းဆီတိုင်းသည် ပေါက်ကွဲလက်သီး သိုင်းကြမ်း နည်းစနစ်အား ရရှိခဲ့သောကြောင့် ပိုမို၍ ပျော်ရွင်သွားကြတော့သည်။

ကျွင်းချောင်ရှောင်းသည် မှော်နည်းစနစ်ဖြင့် မြှင့်တင်ထားသော ပုခုံးကာအား ရှောင်ကျီအား ပေးလိုက်၏။ ပြီးနောက် ကြိုးခုန်သည့် ကြိုးအားတော့ စုရှောင်မိုအား ပေးလိုက်၏။

"ကျေးဇူးပါ …. ဂိုဏ်းချုပ်။" နှစ်ယောက်သားသည် ပြိုင်တူ ပြောလိုက်ကြ၏။

ရှောင်ကျီသည် ပုခုံးကာအား ပုခုံးတွင် ကောက်ဝတ်၍ တောင်၏ အနောက်ဘက်ဆီသို့ သွားလိုက်သည်။

သူသည် စနှိုက်ပါသေနတ်အား ထုတ်ယူ၍ ဒေါက်ပေါ်တွင် တင်ကာ ပစ်ကြည့်လိုက်၏။ ဒိုင်းဟူသောအသံနှင့်အတူ သူသည် အနည်းငယ်သာ တုန်ခါသွား၏။ အနောက်သို့ လန်မသွားခဲ့ချေ။

"အားကောင်းသားပဲ။" ရှောင်ကျီ မျက်လုံးပြူးသွားသည်။ ပြောပြီးသည့်နောက် သူသည် မတ်တပ်ရပ်၍ သေနတ်ကို မြှောက်ကာ ပြောလိုက်သည်။ “ဒေါက်မထောက်ဘဲနဲ့ မတ်တပ်ရပ်ပစ်ကြည့်ရင် အဆင်ပြေမယ်နဲ့တူတယ်။”

ဒိုင်း။

သူသည် သေနတ်မောင်းခလုတ်အား ထပ်မံ၍ ဆွဲလိုက်၏။

ကျည်ဆံထွက်ခွာသွားပြီးသည့်နောက် ရှောင်ကျီသည် အနောက်မီတာ အနည်းငယ်သို့ လွင့်စင် သွားတော့သည်။ ပြီးနောက် သူ၏ ကိုယ်ဟန်အား မနည်းထိန်း၍ စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။

"နာတယ်ဟ။"

သေနတ်၏ ဒေါက်မပါသောကြောင့် စနိုက်ပါရိုင်ဖယ်၏ ပြန်ကန်အားသည် အများကြီး ပိုမို အားကောင်းသွား၏။ကံကောင်းစွာနှင့် သူသည် ပုခုံးကာအား ဝတ်ဆင်ထားခဲ့သည်။ မဟုတ်လျှင် ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် အနောက်ဘက်ခြုံထဲသို့ လွင့်စင်သွားမှာ သေချာ၏။

လေ့ကျင့်ရေးကွင်းမှာတော့ စုရှောင်မို သည် ကြိုးအား ကိုင်၍ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဒီဟာကို ပေးထားတာ ဘာလုပ်ချင်လို့လဲ မသိဘူး ။ကြိုးခုန်ဖို့လား"

ဝှီ။

ပြောပြီးသည့်နောက် သူသည် ခုန်လိုက်သည်။ ပြီးနောက် သူ၏ လက်များသည် အလိုလို လှုပ်ရှားနေတော့သည်။ သူ၏ ခြေထောက်များသည်လည်း ထိန်းချုပ်၍ မရနိုင်ဘဲ သူ့အလိုလို ခုန်လျက်ရှိ၏။

ဝှီ … ဝှီ …ဝှီ။

အမြန်နှုန်းသည် ပိုမို၍ မြန်ဆန်လှကာ အလင်းတန်းတွေကိုသာ မြင်နေရတော့သည်။

"ချီးတဲ့မှ ….."

တပည့်တွေအားလုံးသည် စုဝေးလာပြီး အံ့အားတသင့်နှင့် ပြောလိုက်သည်။ "စီနီယာအစ်ကိုစု ခုန်တာ မြန်လိုက်တာ။"

တစ်နာရီလောက်ကြာပြီးသည့်နောက်မှာတော့ ကြိုး၏ အမြန်နှုန်းသည် ကျဆင်းလာ၏။ ပြီးနောက် အရှိန် ရပ်တန့်သွားသည်။

ဘုတ်။

စုချောင်မို၏ ခြေထောက်များသည် တုန်ခါနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မထိန်းသိမ်းနိုင်တော့ဘဲ မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ မျက်လုံးများသည် ချာချာလည်နေပြီး ပါးစပ်မှ အဖြူရောင် အမြုပ်များပင် ထွက်ပေါ်နေ၏။

ဤကြိုးသည် ခြေထောက်အားအင်ကို ပိုမိုအားကောင်းစေရန် လေ့ကျင့်ရသည့်ကြိုးဖြစ်ပြီး တစ်ခါခုန်လိုက်ပြီဆိုသည်နှင့် ကြိုးသည် တစ်နာရီတိတိ အလိုလို လွှဲရမ်းနေမည် ဖြစ်သည်။

တပည့်များသည် ထုံးစံအတိုင်းဆက်လက်၍ လေ့ကျင့်နေကြသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လေ့ကျင့်မှုများတွင် အာရုံစိုက်ထားမိ၏။

ဝိညာဉ်စွမ်းအင်များ စုစည်းမှု ပိုမိုကောင်းမွန်စေရန် သူသည် ချီစုစည်းခြင်းဆေးလုံးများအား ယူလိုက်၏။

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ သူ၏အဆင့်သည် သိုင်းတပည့်အဆင့်ခုနစ်မှ အဆင့်ရှစ်သို့ ရောက်ရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် သူသည် မြေကမ္ဘာမီးဝံပုလွေနှင့် ဆက်လက်တွေ့ပြီဆိုပါက သေနတ်ကို အသုံးပြုစရာမလိုအပ်တော့ချေ။

သူ၏ လက်နှစ်ဖက်ကိုသာ အသုံးပြု၍ တစ်စစီ ဆွဲဖြဲ သတ်ဖြတ်နိုင်ပြီ ဖြစ်၏။

လေ့ကျင့်ရေးအခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို ညာဘက်လက်သီးဆီသို ထည့်သွင်းပြီး သူသင်ယူထားသော ပေါက်ကွဲလက်သီးနည်းစနစ်အား အသုံးပြုကြည့်လိုက်၏။

ဘန်းဆိုသောအသံနှင့်အတူ အားအင်စမ်းသပ်ခြင်းစက်သည် တုန်ခါသွားသည်။

စက်ပေါ်တွင် ဖော်ပြလာသော အားအင်သည် ၂၃၀၀၀ ဂျင် ဖြစ်၏။

"တကယ့်ကို ၃၀၀၀ ဂျင်တောင် တိုးလာတာပဲ။"

သိုင်းတပည့် အဆင့်ရှစ် သို့ အဆင့်တက်ခဲ့ပြီးနောက်မှာ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုရန်မလိုဘဲ ခန္ဓာကိုယ်အားအင်သီးသန့်ဖြင့် နှစ်သောင်း ဂျင် ကို ပိုင်ဆိုင်နေပြီဖြစ်၏။

ပေါက်ကွဲလက်သီး နည်းစနစ်အား အသုံးပြုလိုက်ချိန်မှာတော့ ဂျင်သုံးထောင် ပို၍ တိုးသွားသည်။

စနစ်မှ ပြောလိုက်သည်။ "ဒါက သာမန်အဆင့် နည်းစနစ်တစ်ခုသာဖြစ်၏။ အဆင့်မြင့် သိုင်းနည်းစနစ်သာဆိုလျှင် လက်ခံသူ၏ အားအင်သည် ပို၍ တိုးပွားသွားပေလိမ့်မည်။”

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် သိုင်းနည်းစနစ်များကို ကြည့်ချင်သည်။ သို့ပေမဲ့ သူ့အနေနှင့် ထိုအရာအား ရရှိရန် ကံတရားအပေါ်မူတည်နေသေးသည်။

ဒိုင်း။

အပြင်ဘက်တွင်တော့ သေနတ်သံတစ်ခု ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်းသည် အမြန်ပဲ အပြင်သို့ ထွက်၍ ကြည့်လိုက်တော့ စောင့်ကြည့်မျှော်စင်၏အပေါ်တွင်ရှိသော သေနတ်ဆီမှ အငွေ့များ ထွက်နေသည်ကို မြင်လိုက်ရ၏။

သူ အသာလှမ်းမေးလိုက်၏။ "ဘာဖြစ်တာလဲ။"

ရှောင်ကျီသည် မျှော်စင်ပေါ်မှ မတ်တပ်ရပ်၍ နေရာတစ်ခုဆီသို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် အမဲရောင်ဝတ်စုံ ဝတ်ထားတဲ့သူတစ်ယောက် အထဲကို ခိုးပြီးတော့ဝင်လာတယ်။ဒါ့ကြောင့် ပစ်လိုက်တာ။"

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအပြင်ဘက်သို ထွက်ပြီး ကြည့်လိုက်တော့ မီတာထောင်ချီဝေးကွာသော နေရာတစ်ခုဆီ၌ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ယောက်သည် မြေပေါ်၌ လဲလျက်ရှိသည်။

ထိုသူ၏ ရင်ဘတ်သည် ထွင်းဖောက်ခံထားရပြီး သွေးများဆက်တိုက်ထွက်နေ၏။ ထိုသူမှာ အသတ်မရှိတော့ချေ။

လုပ်ကြံသတ်ဖြတ်သူများသည် အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားနေကြ၏။ သို့ပေမဲ့ ရှောင်ကျီသည် တစ်ချက်တည်း နှင့် ထိုသူအား သတ်ဖြတ်နိုင်ခဲ့သည်။

ဆိုလိုသည်မှာ ရှောင်ကျီ ၏ ပစ်ခတ်ခြင်း စွမ်းရည်မှာ ပိုပို၍ တိကျနေပြီဟုပင် ဖြစ်သည်။

"ကံဆိုးစွာနဲ့ပဲ ငါ ဒီအချိန်မှာ အထူးတာဝန်တစ်ခုကို မရခဲ့ဘူးပဲ။" ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည်။

ပြီးနောက် သူသည် တစ်ဖက်လူဆီမှ သိုလှောင်လက်စွပ်ကို ယူ၍ သပ်ရပ်မီး အမြုတေအား အသက်သွင်းကာ အလောင်းအား မီးရှို့လိုက်တော့သည်။

"မိုးဆွေ အဆောက်အဦ …. မင်းတို့က တကယ့်ကို ဇွဲကောင်းကြတာပဲ။"

ရှောင်ကျီ ၏ စောင့်ကြပ်မှုအောက်တွင် ကျွင်းချောင်ရှောင်းသည် ညစဉ်ညတိုင်း ဂိုဏ်း၏ အစီအရင်အား အသက်သွင်းစရာမလိုတော့ချေ။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ်များကို စုဆောင်းပြီး ဖြစ်နေ၏။

"ဂိုဏ်းချုပ် …"

နောက်တစ်နေ့မှာတော့ လီချင်ယန်သည် သူ့နောက်သို့ ရောက်ရှိလာခဲ့၏။

"ဒီရက်အနည်းငယ်အတွင်းမှာ ဂျူနီယာညီလေး လေးယောက်ကျော်က သိုင်းတပည့်အဆင့်ကို ရောက်ရှိသွားခဲ့တယ်။ သူတို့က တပည့် လခြမ်းဓါးကွက်နည်းစနစ်တွေ ပေးလိုက်တယ်။"

"ရှင်းချန်ရဲ့ ကျင့်ကြံခြင်းကရော ဘယ်လိုလဲ။"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည်တပည့်များအားလုံး၏ တိုးတက်လာမှုကို စိတ်ပါဝင်စားမှု ရှိ၏။

လီချင်းယန်ပြောလိုက်သည်။ "မနေ့တုန်းက ဂျုနီယာညီလေးလီ လေ့ကျင့်ရေးကွင်းမှာ စမ်းသပ်နေတာကို မြင်လိုက်ရတယ်။ အဲ့တုန်းက သူ့ရဲ့ လက်ကောက်ဝတ်ပေါ်မှာ အလင်းတန်း ခုနစ်ခု ရှိတယ်။ အဲ့တော့ သူ စွမ်းအင်ဖွင့်ခြင်း အဆင့် ခုနစ်ကို ချိုးဖြတ်ရောက်ရှိသွားပြီ ထင်တယ်။"

"မြန်လိုက်တာ။" ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။

အချိန်ကို တွက်ကြည့်ရမည်ဆိုလျှင် ရီရှင်းချန် သံမဏိအရိုးဂိုဏ်းထဲကို ရောက်ရှိလာခဲ့သည်မှာ တစ်လပင် မပြည့်သေးချေ။ သို့ပေမဲ့ သူသည် စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်မှ စွမ်းအင်ဖွင့်ခြင်း အဆင့်ခုနစ်သို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူ၏ ကျင့်ကြံမှု အမြန်နှုန်းသည် တစ်ခြားသော သူများထက်အလွန် မြန်ဆန်နေ၏။

လီချင်းယန်သည် လေးလေးနက်နက်ပြောလိုက်သည်။ "ဂိုဏ်းချုပ် … ဂျူနီယာညီလေးရီက မရိုးရှင်းဘူး။"

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ကုတ်ကာပြောလိုက်သည်။ "ဒီကောင်လေးရဲ့ မျက်လုံးထဲမှာ အတွေ့အကြုံတွေ အများကြီးရှိနေတယ်။ မပူနဲ့ … ဒီကောင်လေးက သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားတယ် ဆိုရင်တောင်မှ ငါ သူ့ကို နိုင်သေးတယ်။"

ဂိုဏ်းချုပ် တစ်ယောက် အနေနှင့် သူသည် ပြဿနာရှာနိုင်သော တပည့်များကို မကိုင်တွယ်နိုင်လျှင် အဘယ့်ကြောင့် ဂိုဏ်းချုပ် ရာထူးကို ယူထားမည်နည်း။ သူသည် ကိုယ်သေတွင်းကိုယ်တူမည့် လုပ်ရပ်မျိုးတော့ လုပ်လိမ့်မည် မဟုတ်ချေ။

"ဂိုဏ်းချုပ် …"

ဒီအချိန်မှာပဲ စုရှောင်မိုသည် မောကြီးပန်းကြီးနှင့် အထဲကို ပြေးဝင်လာသည်။

"အပြင်ဘက်မှာ ဧည့်သည်ရောက်နေတယ်။ မုယုံမိသားစုက မုယုံရှင်းလို့ ပြောတယ်။"

"ဘာ"

ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့သည် တုန်လှုပ်သွားသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကတင် သူတို့သည် သူမအကြောင်းကို ပြောခဲ့သေး၏။ ယနေ့တွင် သူမ ရောက်ရှိလာမည်ဟု မည်သူက ထင်ထားမည်နည်း။

ရှောင်ကျီ ကြောင့် ရောက်ရှိလာခြင်းပင် ဖြစ်နိုင်သည်။

“သူတို့က ကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် လာတာတော့ မဖြစ်နိုင်ဘူး။” ကျွင်းချောင်ရှောင်းသည် မျက်မှောင် ကုတ်လိုက်မိသည်။

All Chapters