အခန်း (၁၀၇)
Vol. 8 Ch. 107
မုယုံရှင်း ထွက်ခွာသွားပြီးသည့်နောက် ရှောင်ကျီသည် မရီဒန်ဖွင့်ခြင်း ဆေးလုံးအား ဘေးတစ်ဖက်သို့ တင်လိုက်သည်။
သူသည် မုယုံရှင်း ပေးခဲ့သော ဆေးလုံးအား အသုံးမပြုချင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့အား ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့သော မိန်းကလေးဆီမှ ပစ္စည်းအား လက်မခံလိုခြင်းကြောင့် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အနားသို့ ရောက်လာပြီး ဆေးလုံးအား သူ၏ သိုလှောင်လက်စွပ်ထဲသို့ ခပ်တည်တည်ဖြင့် ထည့်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။
"သုံးနှစ်မကြာခင်မှာ မင်းရဲ့ကျင့်ကြံခြင်းကို ပိုပြီး အားထုတ်ဖို့ လိုလာပြီ။"
"ဂိုဏ်းချုပ်။"
ရှောင်ကျီပြောလိုက်သည်။ "ကျွန်တော်နဲ့ သူမနဲ့က ဘာမှမဆိုင်တော့ဘူးလေ။ ဒီတော့ သုံးနှစ်ကြာပြီးနောက်မှာ လိုင်လီနတ်ဂိုဏ်းဆီကို တကယ်ပဲ သွားဖို့ လိုလို့လား။"
ကျွင်းချောင်ရှောင်းသည် သူ၏ ပုခုံးအား အသာပုတ်၍ ပြောလိုက်သည်။ "ရှောင်ကျီ မင်းက အခု ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာ။ အနာဂတ်မှာ မင်းက သူမထပ်ပိုပြီး သာတယ်ဆိုတာကို သက်သေပြဖို့ လိုတယ်။ ဒီတော့ မင်း ဆုံးရှုံးခဲ့တဲ့အရာတွေကို သူမဆီက ပြန်ပြီးတော့ ယူရမယ်။"
"ကျွန်တော် ဘာတွေ ဆုံးရှုံးခဲ့တာလဲ …." ရှောင်ကျီ တီးတိုးရေရွတ်လိုက်သည်။
သူ ဘာတွေဆုံးရှုံးခဲ့သနည်း။
ဂုဏ်သိက္ခာပင် ဖြစ်၏။
ယောကျာ်းတစ်ယောက်၏ ဂုဏ်သိက္ခာ။
ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဆုံးဖြတ်ချက်ချပြီးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဂုဏ်းချုပ် ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် အများကြီး ကြိုးစားမယ်။ ကျွန်တော်က တစ်ခြားသူတွေထက် ပိုပြီးတော့ သာတယ်ဆိုတာကို သက်သေပြရမယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့ ဆုံးရှုံးခဲ့တဲ့ အရာတွေအားလုံးကို ပြန်ယူရမယ်။"
"ကြိုးစားထား …လူငယ်လေး။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အဓိက ဟောခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာ သူသည် ထိုင်ခုံကို မှီကာ ပြောလိုက်မိ၏။
"ရှောင်ကျီ မုယုံရှင်းနဲ့ ပတ်သက်တဲ့ သဘောတူညီချက်က မင်းကို ပိုပြီး အားကောင်းလာစေဖို့ပဲ။ ငါ့ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်မိတယ်။"
သူ၏တပည့်အား သုံးနှစ် စီမံကိန်းအတွက် အစီအစဉ်ချမှတ်ခဲ့ခြင်းသည် မုယုံရှင်း၏မျက်နှာအား ပိတ်ရိုက်ရန်မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ ရှောင်ကျီအတွက် ရည်မှန်းချက်ရှိရန် လိုအပ်နေသည်ဟု ထင်မြင်သောကြောင့် ဖြစ်၏။
ဥပမာအားဖြင့် ပြောရမည်ဆိုလျှင် ချမ်းသာချင်သည်ဆိုလျှင် ဘယ်နှစ် နှစ်အတွင်း မည်၍မည်မျှ ရှာဖွေမည်ဟူသော အကန့်အသတ်တစ်ခုကို ဦးဆုံးချမှတ်ထားသင့်သည် မဟုတ်လား။
ဟင်း။
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်မိ၏။ "တပည့်တွေကို လေ့ကျင့်ပေးရတဲ့အရာက တတယ့်ကို လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး"
ပြောပြီးသည့်နောက် သူသည် မရီဒန်ဖွင့်ခြင်း ဆေးလုံးအား ထုတ်ယူ၍ တီးတိုးရေရွတ်လိုက်သည်။ "ဒါက မရီဒန်ဖွင့်ခြင်းတွေကို ပိုပြီးတော့ တိုးတက်စေနိုင်တယ်။ ဒီဆေးလုံးက တော်တော် ကောင်းတဲ့ပုံပဲ။"
စနစ်မှ ပြောလိုက်သည်။
"လက်ခံသူအနေနှင့် ဤဆေးလုံးအား ဆေးသန့်စင်ဆောင်သို့ ပို့ကာ အထဲတွင် ပါဝင်သော ဆေးဖော်မြူလာအား ထုတ်ဖော်ရယူနိုင်သည်။"
"ဒီလို လုပ်ဆောင်ချက်မျိုးလည်း ရှိတာလား။" ကျွင်းချောင်ရှောင်း ချက်ချင်းဆိုသလိုပဲ စနစ်အား ဖွင့်၍ ဆေးသန့်စင်ခန်းမဆောင်သို့ ဝင်လိုက်၏။
ဆေးလုံးအမျိုးအစားလေးခု၏ အောက်မှာတော့ နောက်ထပ် အကွက်တစ်ခု ပေါ်နေသည်။
ရေးသထားသည်မှာ မရီဒန်ဖွင့်ခြင်း ဆေးလုံး ဖော်မြူလာ ဟူ၍ဖြစ်၏
သူနှိပ်လိုက်၏။
[ဒင်။
လက်ခံသူသည် ဆေးလုံးဖော်မြူလာအား သိရှိရန် ဂိုဏ်းစုဆောင်းမှတ် ၁၀မှတ်ကို အသုံးပြုခဲ့သည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၂၆၅/၅၀၀။]
ထင်မှတ်ထားသည့်အတိုင်းပဲ စနစ်သည် သူ့အား ကြင်ကြင်နာနာနှင့် သတိပေးခဲ့သည်ဆိုသော်လည်း အဓိက ရည်ရွယ်ချက်မှာ ဂိုဏ်းစုဆောင်းမှတ်များ ကုန်ဆုံးစေရန်ပဲ ဖြစ်ပေလိမ့်မည်။
[ဒင်။
ဖော်မြူလာထုတ်ယူခြင်း အောင်မြင်သည်။
ဒင်။
မရီဒန်ဖွင့်ခြင်း ဆေးလုံးဖော်မြူလာအား ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
သူ ဆေးခန်းမဆောင်တွင် ပေါ်လာသော မရီဒန်ဖွင့်ခြင်းဆေးလုံးဆိုသည့် ခလုတ်အား နှိပ်လိုက်ချိန်မှာတော့ ဆေးပင်အမျိုးအစားလေးမျိုး ပေါ်ပေါက်လာသည်။
ကျွင်းချောင်ရှောင်းသည် နှာခေါင်းအား ကုတ်၍ ပြောလိုက်မိသည်။ “ဂိုဏ်စုဆောင်းမှတ် ဆယ်မှတ်ကို အသုံးပြုပြီး မရီဒန်ဖွင့်ခြင်း ဆေးလုံးဖော်မြူလာကို ရရှိတယ်ဆိုတာ တကယ့်ကို အကျိုးအမြတ်ရှိတာပဲ။”
မရီဒန်ဖွင့်ခြင်း ဆေးလုံးဖော်မြူလာကို ရရှိခဲ့ပြီးနောက် သူသည် နှစ်ရက်အတွင်း ဟူရန်မြို့သို့သွား၍ ဆေးပင်များကို ရှာဖွေရန် စဉ်းစားလိုက်မိ၏။
"အခု အရေးကြီးဆုံးက ရှောင်ကျီရဲ့ မရီဒန်တွေကို ဘယ်လို ဖွင့်ရမလဲ ဆိုတာပဲ။”
ခန္ဓာကိုယ်အားအင်အဆင့်ဆိုသည်မှာ နောက်ဆုံးပိတ်တွင် အကန့်အသတ်တစ်ခုအနေနှင့် ရှိနေသည်။ ရှောင်ကျီသည် သူ၏ မရီဒန်များကို ဖွင့်၍ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်မှ ဖြစ်လိမ့်မည်။မဟုတ်ပါက သေနတ်တစ်လက်နှင့် တစ်နေကုန်လျှောက်သွားနေရမည် ဖြစ်သည်။
ဘဝတစ်လျှောက်လုံး ထိုသို့နေထိုင်နေ၍ မဖြစ်ပေ။
ရှောင်ကျီသည် ခန္ဓာကိုယ်အားအင်တွင် အလွန်အမင်း သန်မာသူဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များကိုပါ ဖွင့်၍ ရမည်ဆိုလျှင် ကျားအား အတောင်ပံ တပ်ပေးသလို ဖြစ်သွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့အား ပွတ်သပ်၍ ပြောလိုက်သည်။ "ဒီကောင်လေး ဘာလို့ မကျင့်ကြံနိုင်တယ်ဆိုတာကို ငါတို့ အဖြေရှာရမယ်။ ကောင်းပြီ ….. ငါ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို ဝယ်ပြီး သူ့ကို တိုက်ကြည့်ရမယ်။ ဒါဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်အမြစ် ကို အဆင့်နိမ့် ကနေ သေမျိုးအဆင့်ထိရောက်အောင် အတင်း တွန်းတင်လိုက်သလို ဖြစ်သွားလိမ့်မယ်။ဒါဆိုရင် သူ့ရဲ့ အဓိက မရီဒန်တွေကို ဖွင့်နိုင်မလား မသိဘူး။"
စဉ်းစားပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်များအတွက် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးလုံးအား ရွေးချယ်လိုက်၏။
[ဒင်။
လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀ အား အသုံးပြု၍ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အား ရရှိခဲ့သည်။
ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် -၂၁၅/၅၀၀။]
ရှောင်ကျီ ပိုမို အားကောင်းလာစေရန်နှင့် သုံးနှစ်ကြာပြီးသည့်နောက်တွင် သူ၏ ဂိုဏ်သိက္ခာများကို ပြန်လည်ရရှိစေရန်အတွက် ကျွင်းချောင်ရှောင်းသည် သူ၏ ရှိသမျှအရင်းအမြစ် အကုန်လုံးကို ပေးရန် စဉ်းစားထားမိ၏။
လေ့ကျင့်ရေးအခန်းထဲမှာတော့ ရှောင်ကျီသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အား ကိုင်ထားသည်။
မည်သည့် အစွမ်းသက်ရောက်မှု ရှိသည်ကို မသိသောကြောင့် သူသည် ပထမတွင် ဆွံ့အနေမိ၏။ အချိန်အတော်ကြာပြီးနောက် သူမယုံကြည်နိုင်စွာပဲ ပြောလိုက်မိ၏။ "ဂိုဏ်းချုပ် ဒါကို သောက်ပြီးရင် စိတ်ဝိညာဉ်အမြစ်ရဲ့အဆင့်က တကယ်ပဲ မြင့်တက်လာနိုင်မှာလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပေါကရတွေ လျှောက်ပြောမနေနဲ့ သောက်စရာရှိတာသောက်။"
ဂလွတ်။ ရှောင်ကျီသည် ပုလင်းအား ဖွင့်၍ ခေါင်းမော့ကာ ချက်ချင်းပဲ သောက်လိုက်သည်။
ဆေးရည်များအား သောက်သုံးပြီးနောက်မှာတော့ သူ့ ခန္ဓာကိုယ်ထဲမှ မရီဒန်များသည် လောင်ကျွမ်းသွားသလို ခံစားမိလိုက်၏။
ဟူး …. ဟူး။
သူ၏ အသက်ရှူသံများသည် ပြင်းထန်လာသည်။ ခန္ဓာကိုယ်များသည် ချက်ချင်းဆိုသလိုပဲ နီရဲလာပြီး မီးရှို့လိုက်သော မီးသွေးတုံးတစ်တုံးကဲ့သို့ပင် ဖြစ်လာသည်။
"ဘာတွေဖြစ်လာတာလဲ။"
ကျွင်းချောင်ရှောင်း ဆွံအသွားမိသည်။
သူသည် ပင်ကိုယ်စွမ်းရည် ဆေးပုလင်းများအား အနည်းငယ် သောက်ခဲ့ဖူး၏။ သို့ပေမဲ့ မည်သည့် ပြောင်းလဲမှုများမှ မဖြစ်ပေါ်ခဲ့ချေ။
ဤကောင်လေး၏ ခန္ဓာကိုယ်သည် ဆေးရည်သောက်သုံးပြီးသည့်နောက် ဓာတ်မတည့်သည့် ကိစ္စရပ်မျိုး ဖြစ်ပေါ်နေသည်လား။
စနစ်မှ ပြောလိုက်သည်။ "ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်က စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတာ။ပြီးတော့ စိတ်ဝိညာဉ်အမြစ်တွေကို အရည်အသွေးတိုးတက်လာအောင် လုပ်ပေးတာ။ တစ်ခြား ဓာတ်မတည့်တဲ့ ပြဿနာမျိုးဆိုတာ မဖြစ်နိုင်ဘူး။"
ရွှီ …ရွှီ။
ထိုအချိန်မှာပဲ ရှောင်ကျီ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။ အနံ့မှာ ညှီစို့စို့နှင့် ဖြစ်၏။
စနစ်မှ ပြောလိုက်သည်။ "ဒါက အဆိပ်ငွေ့တွေပဲ။"
"အဆိပ်ငွေ့ ဟုတ်လား။"
ကျွင်းချောင်ရှောင်း မြန်မြန်ဆန်ဆန်ပဲ အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။
စနစ်မှ ပြောလိုက်သည်။ "မမှားဘူးဆိုလျှင် လက်ခံသူ၏ တပည့်သည် အဆိပ်မိနေတာပဲ ဖြစ်လိမ့်မည်။"
"အဆိပ်မိတာ ဟုတ်လား။"
ကျွင်းချောင်ရှောင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါကြောင့် သူ မကျင့်ကြံနိုင်တာနဲ့တူတယ်။"
ရှောင်ကျီ၏ခန္ဓာကိုယ်ထဲမှာ ရှိနေသော အဆိပ်ငွေ့များသည် လေ့ကျင့်ရေးခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။
ကံကောင်းစွာဖြင့် သူ့အား မည်သည့် ထိခိုက်မှုမျိုးမှ မဖြစ်ပေါ်ပေ။
ကျွင်းချောင်ရှောင်းသည် သူ၏ မေ့စေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်ရှိနေတယ်။ ဒါ့ကြောင့် မကျင့်ကြံနိုင်ဘူး။ ဒီအခြေအနေက လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေတာပဲ။"
ဘန်း။
ထိုအချိန်မှာပဲ ရှောင်ကျီ၏ ခန္ဓာကိုယ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ လက်ကောက်ဝတ်တွင် အားပျော့လာသော အလင်းတန်းတစ်ခုက ခပ်ရေးရေး ပေါ်လာသည်။ ဤအရာသည် မရီဒန်ပွင့်ခြင်း လက္ခဏာပင် ဖြစ်၏။
ဖောက် …. ဖောင်း။
ရှောင်ကျီ၏ နှလုံးခုန်သံများသည် ကျယ်လောင်စွာဖြင့် မြည်နေ၏။ သူ၏ ရင်ဘတ်တစ်ခုလုံးသည် နိမ့်လိုက်မြင့်လိုက်ဖြင့် ပြင်းပြင်းထန်ထန် အသက်ကို ရှူနေရသည်။
သူ၏ ခန္ဓာကိုယ် အပူချိန်၏ အောက်တွင် ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားသော အဆိပ်ငွေ့များသည် ပျောက်ကွယ်သွားတော့၏။
လက်ကောက်ဝတ်တွင် ပေါ်လာသော ခပ်ဖျော့ဖျော့ အလင်းရောင်သည် ကြည်လင်ရှင်းလင်းသော အလင်းရောင်များအဖြစ် ပြောင်းလဲသွားတော့သည်။
"မရီဒန်တစ်ခုပွင့်လာပြီ" ကျွင်းချောင်ရှောင်း ပျော်ရွင်စွာနှင့် ပြောလိုက်မိ၏။
သူ ပြောပြောပြီးချင်းမှာပဲ ရှောင်ကျီ၏ လက်ကောက်ဝတ်တွင် ဒုတိယအလင်းတန်းတစ်ခု ပေါ်လာသည်။
ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး ဒုတိယ မရီဒန်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
တစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက် လေ့ကျင့်ရေးခန်းမထဲမှာ ရှိသော အဆိပ်ငွေ့များသည် အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်။
အရာအားလုံးသည် ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွား၏။
ရှောင်ကျီသည် တောင်တန်းကြီးတစ်ခုလို ခပ်မတ်မတ်ရပ်လျက် ရှိသည်။ သူ၏ လက်ကောက်ဝတ်မှာတော့ အလင်းတန်းလေးခု စုစည်းလျက် ရှိသည်။
ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ကို သောက်သုံးပြီးနောက်မှာတော့ သူ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်နိမ့်အဆင့်မှ သာမန်အဆင့်သို့ ပြောင်းလဲ သွားခဲ့ပြီဖြစ်၏။
ပင်ကိုယ်စွမ်းရည်သည် တိုးတက်လာသည်နှင့်အမျှ သူ၏ မရီဒန်များ၏ လုပ်ဆောင်နိုင်မှုသည်လည်း တိုးတက်လာခဲ့သည်။
သူသည် တစ်ထိုင်တည်းနှင့် မရီဒန်ဖွင့်ခြင်း အဆင့်လေးဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့သည်။
"ဂိုဏ်းချုပ် …."
သူ၏ လက်ကောက်ဝတ်တွင် ပေါ်မလာသည်မှာ ငါးနှစ်လောက် ကြာမြင့်ပြီးဖြစ်သော စိတ်ဝိညာဉ် အလင်းတန်းများကို ကြည့်ရှူပြီးသည့်နောက် ရှောင်ကျီ၏လက်သည် တဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိသည်။
သူ၏အသံသည် ခြောက်ကပ်နေ၏။
"တ …. တပည့် မရီဒန်တွေကို ဖွင့်နိုင်ခဲ့ပြီ။"
"မဆိုးဘူး။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း အခု မင်းရဲ့ မရီဒန်တွေကို ဖွင့်နိုင်ပြီ။"
ရှောင်ကျီသည် မျက်စိကို မှိတ်၍ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် သူ၏ ခံစားချက်များအား အကောင်းဆုံး ကြိုးစား၍ ထိန်းချုပ်နေသည်။ သို့ပေမဲ့ သူ၏ မျက်လုံးထဲမှ မျက်ရည်များသည် ထိန်းချုပ်၍ မရနိုင်ပဲ ကျဆင်းလာ၏။
ဘုတ်။
ရုတ်တရက်ဆိုသလိုပဲ ဒူးထောက်လိုက်၏။
သို့ပေမဲ့ သူ ဒူးမထောက်နိုင်ခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အသာဖေးမကာ ပြောလိုက်သည်။
"မင်းရဲ့ စွမ်းရည်တွေကို အသုံးပြုပြီး သံမဏိအရိုးဂိုဏ်းကို အကောင်းဆုံးပေးဆပ်ပါ။ ဒါ ငါ့ကို အကောင်းဆုံး ကျေးဇူးတင်နည်းတစ်ခုပဲ။"
"မတ်တပ်ထ။"
ရှောင်ကျီသည် အသာမတ်တပ်ပြန်ထ၍ သူ၏ ပါးပေါ်တွင် ရှိသော မျက်ရည်စက်များကို သုတ်လိုက်သည်။
ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ "တပည့်ရှောင်ကျီ ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး။ အနာဂတ်မှာ သံမဏိအရိုးဂိုဏ်းရဲ့နာမည်ကို တစ်လောကလုံးဆီ ပျံ့နှံ့အောင် တပည့် ဆထက်ထမ်းပိုး ကြိုးစားပါ့မယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။ "ငါ မင်းကို အများကြီး မျှော်လင့်ထားတယ်။"
[ဒင်။
ပထမဦးဆုံး တပည့်တစ်ရာသည် မရီဒန်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။
ဖုံးကွယ်ထားတဲ့ တာဝန်အတွက် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀ ရရှိပါသည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၂၆၅/၅၀၀။]
ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေး ခန်းမထဲမှ ထွက်လိုက်၏။ သူသည် ဆွံအစွာဖြင့် တွေးတော လိုက်မိသည်။
"ပထမဦးဆုံး တပည့်တစ်ရာက မရီဒန်တွေကို အောင်မြင်စွာဖွင့်နိုင်ဖို့ ဟုတ်လား။ တကယ်လို့ ရှောင်ကျီသာ မရီဒန်တွေကို မဖွင့်နိုင်ဘူးဆိုရင် ငါ ဒီဆုလာဒ်တွေကို ဘယ်တော့မှ ရမှာ မဟုတ်ဘူးပေါ့။"
စနစ်မှ ပြောလိုက်သည်။ "ဟုတ်ပါသည်။"
"ဒီတာဝန်ကြီးက သောက်တလွဲကြီးပဲ။"