← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

မရီဒန်ဖွင့်ခြင်းနှင့် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ် တို့ကြောင့် လျှိုဝမ်ရှစ် သည် သူမ ၏ ငါးခုမြောက် မရီဒန်ကို ဖွင့်နိုင်ခဲ့ပြီ ဖြစ်သည်။

ပြီးနောက် ကျွင်းချောင်ရှောင်းသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် သို့မရောက်သေးသော တပည့်များ အားလုံးကို စုဝေးစေ၏။

လူများများစားစားတော့ မဟုတ်ပေ။ အားလုံးပေါင်း ဆယ့်သုံးယောက်သာ ရှိသည်။

လေးယောက်သည် စွမ်းအင်ဖွင့်ခြင်းအဆင့် တစ်ဆယ် ၊ ကိုးယောက်သည် ဆယ့်တစ် တွင် ရှိနေကြ၏။

သူတို့သည် လုံလောက်အောင်မကြိုးစားသောကြောင့် အဆင့်မတက်နိုင်ခြင်းမဟုတ်ပေ။ ကံဆိုးနေသောကြောင့်ပင် ဖြစ်သည်။ သူတို့သည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံကြသည် ဆိုသော်လည်း စွမ်းအင်ဖွင့်ရန် အောင်မြင်နိုင်မှုမှာတော့ အမြဲလို ကျရှုံးနေကြသည်။ ထို့ကြောင့် သူတို့သည် တခြားသူများနှင့် အဆင့်ချင်း ကွာကွာလာကြခြင်း ဖြစ်သည်။

အတူတူ ကျင့်ကြံကြသော တခြားတပည့်များ စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ်နှစ်ကို ရောက်ရှိသွားကြသည်ကို မြင်တော့ သူတို့အားလုံးသည် မိမိကိုယ်ကိုယ် အပြစ်တင်ရင်းစိတ်ဓာတ်ကျလျက်ရှိသည်။ သူတို့သည် ဂိုဏ်းခေါင်းဆောင်ဆီမှ ပြည့်စုံသော ထောက်ပံ့မှုကို ရယူပြီး မအောင်မြင်ကြသည်အတွက် ရှက်စိတ်ပင် ဝင်နေမိကြ၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်၏။ ထို့ကြောင့်ပင် မရီဒန်ဖွင့်ခြင်း ဆေးလုံးများကို ပေး၍ အားပေးစကား ပြောလိုက်သည် “ခဏတာ ကျရှုံးမှုဆိုတာ ထာဝရ ကျရှုံးမှုမဟုတ်ဘူး။ အလုပ်ကြိုးစား။ အချိန်တန်ရင် အောင်မြင်မှာပဲ”

စနစ်မှ ပြောလိုက်သည် “လက်ခံသူသည် ပိုပို၍ ဂိုဏ်းချုပ်နှင့် တူလာသည်”

ဤစကားသည် ဘာကို ဆိုလိုသနည်း။ သူသည် အရင်က ဂိုဏ်းချုပ်တစ်ယောက် နှင့် နည်းနည်းမှ မတူညီဘူးလား။

သူသည် အရင် က အားနည်းလွန်းသောကြောင့် ဂိုဏ်းချုပ်တစ်ယောက်၏ ဟိတ်ဟန်မျိုးမရှိပေ။ ယခု ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည်လည်း ပိုမို၍ အားကောင်းလာသည်။ ထို့ကြောင့် သူသည် ဂိုဏ်းချုပ်တစ်ယောက်၏ အရှိန်အဝါမျိုး ထွက်ပေါ်လာခြင်း ဖြစ်ရမည်။

သို့ပေမဲ့ .. သူသည် ဂုဏ်ရှိန်မြင့်မားသူ တစ်ယောက်၏ အော်ရာမျိုးကိုတော့ မထုတ်နိုင်သေးချေ။

ထိုသို့သော အော်ရာမျိုး ဖြစ်ပေါ်လာအောင် ကျင့်ကြံ၍ မရချေ။ အစစ်အမှန် ကျွမ်းကျင်သူ တစ်ယောက် အရင်ဆုံး ဖြစ်အောင် ပြုလုပ်ရမည်။ ပြီးလျှင် သူ၏ ဂိုဏ်းသည် အားကောင်းလာရန် လိုအပ်သည်။ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို မလွှမ်းမိုးနိုင်လျှင်ပင် ပို၍အစွမ်းထက်သော ဂိုဏ်းတစ်ခု ဖြစ်လာမှ ဖြစ်မည်။

ငါ .. ကျွင်းချောင်ရှောင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီ ရောက်လာခဲ့ပြီ။ လောကပြီးကို ထိန်းချုပ်နိုင်တဲ့ အား အကောင်းဆုံးဂိုဏ်းချုပ် တစ်ယောက် ဖြစ်ရမယ်။ ပြီးရင် မိန်းမလှလေးတွေရဲ့ ပေါင် ပေါ်မှ လှဲပြီး အရက်သောက်မယ်။

စနစ်မှ အပြစ်တင်လိုက်သည် “ရည်စားတောင်မရှိတဲ့ လက်ခံသူ .. အခုထပြီး မျက်နှာသစ်ပါတော့”

……..

တပည့်ဆယ့်သုံးယောက်တို့သည် မရီဒန်ဖွင့်ခြင်း ဆေးလုံး ကို သောက်ပြီးသည့်နောက် ကိုးယောက်သည် အဆင့်ဆယ့်နှစ် သို့ ရောက်ရှိသွားပြီး ကျန်သော လေးယောက်မှာ အဆင့်ဆယ်တစ် သို့ ရောက်ရှိသွားကြသည်။

ဘာကို ဆိုလိုသနည်း။

တစ်ရာ ရာခိုင်နှုန်း အောင်မြင်သည်ဟု ဆိုရမည်။

အားလုံး သူတို့၏ မရီဒန်များအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာ ပြောလိုက်သည် “တပည့်သစ်တွေ လက်ခံချိန်ရောက်ရင် သူတို့ စိတ်ဝိညာဉ်စွမ်းအင်တွေ လုံလုံလောက်လောက် ရပြီ ဆိုတာနဲ့ မရီဒန်ဖွင့်ဖို့ ဆိုတာ ကိစ္စသေးလေး တစ်ခု ဖြစ်နေမှာပဲ ။ ရှောင်ရှီ နဲ့ ရှင်းချန် တို့ လေ့ကျင့်ဖို့ ထွက်သွားကြတယ်။ မဟုတ်ရင် ဆေးလုံး အနည်းငယ်ပေးပြီး ဘယ်လောက် တိုးတက်လာလဲ စမ်းသပ်ကြည့်လို့ရတယ်.”

ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် နှင့် မရီဒန်ဖွင့်ခြင်း ဆေးလုံးတို့၏ ပူးပေါင်းအစွမ်းသည် မရီဒန် ဖွင့်ရန် တစ်ရာရာခိုင်နှုန်း အောင်မြင်စေသည်။ ထိုအရာသည် အံ့အားသင့်ဖွယ်ရာ ကောင်းလှပြီး ဤသတင်းသာ ပြင်ပဆီ ပျံ့နှံ့သွားပါက အုတ်အော်သောင်းနင်း ဖြစ်ကုန်ပေလိမ့်မည်။

ကံကောင်းစွာနှင့်…. ဤ ကိစ္စအား သံမဏိအရိုးဂိုဏ်းတပည့်များမှ လွဲ၍ မည်သူမှ မသိချေ။

များပြားလှသော အဆင့်မြင့်ဂိုဏ်းများ၏ မျက်လုံးထဲတွင် သံမဏိအရိုးဂိုဏ်းသည် တောင်ပေါ်သို့ ဖြည်းညှင်းစွာ တက်နေသော ပုရွက်ဆိတ်လေးတွေ လိုပင်။

….

တိုက်ပွဲ မစခင် တစ်ရက်မှာတော့ …

လီချင်းယန် သည် စိတ်ဝိညာဉ်စွမ်းအင် အစီအရင်၏ အလယ်ဗဟိုတွင် ခြေချိတ်ထိုင်နေသည်။

သူသည် အာရုံစူးစိုက်မှုအပြည့်ဖြင့် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား ခန္ဓာကိုယ်အတွင်း လှည့်ပတ်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်ဝိညာဉ် စွမ်းအင်များသည် ပိုးအိမ်လိုပဲ ရစ်သိုင်းလျက်ရှိ၏။

စုရှောင်မို နှင့် တခြားသော ဂျုနီယာများသည် သူတို့၏ ဒုတိယ စီနီယာ အစ်ကိုကြီးသည် နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့် နှင့် သွားရောက် တိုက်ခိုက်မည်ကို သိရှိသောကြောင့် နှစ်ရက်လုံးလုံး စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ထဲသို့ မဝင်ကြချေ။ သူတို့၏ အစ်ကိုကြီ စိတ်အနှောက်အယှက် ဖြစ်ပြီး တိုက်ပွဲတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို သူတို့ စိုးရိမ်ကြသည်။

ဖူး …

နောက်ဆုံးကျန်သော စိတ်ဝိညာဉ်ကျောက်တုံးသည် အရောင်အဆင်း မရှိတော့ပေ။ ရှိရှိသမျှသော စွမ်းအင်များအား စုပ်ယူပြီး ဖြစ်၏။

“ဟူး ….” လီချင်းယန်သည် အသက်ကို ပြင်းပြင်းရှုပြီး သူ၏ ကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူလိုက်ငည်။ ပြီးနောက် မျက်စိကို ဖွင့်လိုက်သည်။

“သိုင်းတပည့် အဆင့်လေး … ဒါလောက်ဆို ပြဿနာမရှိလောက်ဘူး။ ဟုတ်တယ်မလား”

သိုင်းပြိုင်ပွဲတုန်းက သူသည် သိုင်းတပည့် အဆင့်တစ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ဂိုဏ်းသို့ ပြန်ရောက်ပြီး ချိန်မှာတော့ သူသည် မကြာခင်မှာပဲ သိုင်းတပည့် အဆင့်နှစ် သို့ ရောက်ရှိခဲ့သည်။ ယခု စိတ်ဝိညာဉ်ကျောက်တုံး၊ စိတ်ဝိညာဉ်စွမ်းအင် အစီအရင် နှင့် ချီစုစည်းခြင်း ဆေးလုံးတို့ကြောင့် နှစ်ရက် အတွင်း အဆင့်နှစ်ဆင့် တက်ခဲ့၏။

ချင်းယန်နိုင်ငံ၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်နှင့် အညီ လီချင်းယန်၏ ပင်ကိုယ်စွမ်းရည်သည် မေးခွန်းထုတ်စရာ မရှိပေ။ သို့ပေမဲ့ သူသည် ဂိုဏ်းချုပ်အား ဂိုဏ်းကိစ္စရပ်တွေ ကူညီနေရသောကြောင့် ကျင့်ကြံခြင်းတွင် နှေးကွေးသလို ဖြစ်နေရခြင်း ဖြစ်သည်။

သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား ယုံကြည်သောကြောင့် ခိုင်းစေခြင်း ဖြစ်သည်ကို နားလည်သည်မို့ သူ မည်သို့ကော စောဒကကိုမှ တက်ရန် မရှိချေ။ ဘာကိုပဲ ခိုင်းခိုင်း ပြုလုပ်ပေးမည် ဖြစ်၏။

ညရောက်လာခဲ့သည်။

လီချင်းယန် သည် စိတ်ဝိညာဉ်အစီအရင်ထဲကနေ ထွက်လာပြီး ကြွက်သားတည်ဆောက်ခြင်းအခန်းထဲ ဝင်လိုက်သည် ။

အဓိကဟောခန်း၏ အမိုးပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် တင်ပလွေချိတ်ထိုင်ရင်း ပြောလိုက်သည် “ချင်းယန် … ဒီတစ်ကြိမ်မှာ မင်းအရမ်းကြိုးစားနေရတာပဲ”

လုချင်းချင်းသည် အေးစက်၍ မတုန်မလှုပ်နှင့် ဖြစ်သည်။ ရှောင်ကျီမှာတော့ စိတ်အားငယ်တတ်သည်။ စုရှောင်မို သည် ပြောင်ချော်ချော်နှင့် အပူအပင်ကင်းမဲ့သည်။ တပည့်များအားလုံးသည် ပါရမီ ရှိကြသည်ကတော့ တူညီကြသည်။

သို့ပေမဲ့ ဂိုဏ်းတစ်ခု သည် ဂိုဏ်းချုပ်တစ်ယောက်တည်း အပေါ် မှီခိုနေ၍ မဖြစ်ချေ။

တည်ကြည်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း ပြည့်ဝသော လီချင်းယန်လို တပည့်များ ရှိနေသည်ကို ကျွင်းချောင်ရှောင်း နှစ်သက်မိသည်။

ထို့ကြောင့် လီချင်းယန်အား စိန်ခေါ်ပွဲအတွက် တာဝန်ယူ တိုက်ခိုက်စေခြင်း ဖြစ်သည်။ ထိုမှသာ နောက်ပိုင်းတွင် ဂျုနီယာ ညီလေးများအား ပိုမို ကူညီနိုင်မည်။ တာဝန်ယူစိတ် ပိုတိုးလာမည်။

…

နောက်တစ်ရက် ..

ကောင်းကင်ကြီးသည် တောက်ပနေလေသည်။ လျှိုဝမ်ရှစ် သည် စောစောထ၍ ချက်ပြုတ်ကာ မနက်စာ ပြင်ဆင်ပေးထာသည်။ မုရုံနင် နှင့် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်တို့သည် လက်တိုလက်တောင်း ကူညီနေကြသည်။

ခဏလောက်ကြာတော့ တပည့်များသည် လာရောက် စားသောက်တော့၏။

လီချင်းယန်သည် တစ်ညလုံး ကြွက်သားတည်ဆောက်ခြင်း အခန်းထဲတွင် လေ့ကျင့်ခဲ့သောကြောင့် တစ်ကိုယ်လုံးအားအင်တွေနှင့် ပြည့်ဝနေသည်။

စုရှောင်မိုသည် လက်ထဲတွင် ပန်းကန်ကို ကိုင်လာပြီး ပြောလိုက်၏ “စီနီယာ အစ်ကိုကို တိုက်ပွဲမှာ အနိုင်ယူပြီး သံမဏိအရိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာ တိုးလာအောင် လုပ်နိုင်ပါစေလို့ ဝိုင်းဆုတောင်းရအောင် ဂျုနီယာ ညီလေးတို့ …”

ပြောပြီးသည့်နောက် ပန်းကန်ကိုမော့၍ အတွင်းရှိ စွပ်ပြုတ်များအား တစ်ခါတည်း မော့သောက်လိုက်၏

“အား …”

သူသည် လျာအား မြန်မြန်ထုတ်ကာ အော်လိုက်သည် “ပူတယ်။ ပူတယ်။”

တခြားသော ဂျုနီယာများသည်လည်း ထလာပြီး သူတို့၏ အစ်ကိုကြီးအတွက် ဆုတောင်းပေးလိုက်ကြသည်။ စားသောက်ခန်းတွင် ဂိုဏ်းသားများ၏ တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်မှုကို အတိုင်းသား မြင်သာစေသည်။

မကြာမီမှာပဲ ကျွင်းချောင်ရှောင်း ရောက်လာပြီး မနက်စာ စားကာ လုချင်းချင်း ၊ လီချင်းယန် နှင့် တခြားသော အဓိက တပည့်များအား ခေါ်ယူ၍ ထွက်ခွာသွားတော့သည်။

…..

ရောင်ယန့်မြို့ .. စိတ်ဝိညာဉ်စမ်းချောင်းတောင် ။

ပထမတစ်ကြိမ် လာစဉ်က ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးခဲ့သည်။ ဒုတိယ တစ်ကြိမ် လာရခြင်းမှာတော့ စိန်ခေါ်မှုကို လက်ခံလိုက်ရသောကြောင့် ဖြစ်သည်။။

“သူလာပြီ … သူလာပြီ”

“သံမဏိအရိုးဂိုဏ်းက စိန်ခေါ်ကို တကယ်ပဲ လက်ခံလိုက်တာပဲ”

“ဒီကောင်တွေ မလာရဲဘူးလို့ ငါထင်ထားတာ”

ကျွင်းချောင်ရှောင်းသည် တပည့်များအား ခေါ်၍ တောင်ပေါ်တက်လာချိန်မှာတောာ့ ကျင့်ကြံသူ တော်တော်များများသည် ပွဲကြည့်ရန် ရောက်ရှိနေကြကြောင်း တွေ့လိုက်ရ၏။

သူသည် ဤတလောအတွင်း တောင်အောက်မဆင်းသောကြောင့် နတ်စမ်းချောင်းဂိုဏ်း နှင့် သူတို့၏ စိန်ခေါ်ပွဲ အကြောင်း မည်မျှ ပျံ့နှံ့၍ သတင်းကြီးနေကြောင်းကို မသိရှိခဲ့ပေ။

ဂိုဏ်းတော်တော်များများ နှင့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ထိုသို့သော ပွဲကို မလွတ်ချင်သောကြောင့် ရောင်ယန့်မြို့သို့ အသောနှင်လာကြခြင်း ဖြစ်သည်။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ထဲရှိ ဂိုဏ်းတော်တော်များများသည်လည်း ရောက်နေကြ၏။

ကျားဟိန်းသံဂိုဏ်းနှင့် ရှောင်ကျီ၏ ထိုးနှက်ခြင်းကို ခံလိုက်ရသော သံမဏိလက်သီးဂိုဏ်းချုပ်လည်း ရောက်ရှိနေသည်။ ကျွင်းချောင်ရှောင်း နှင့် တပည့်များ တောင်ပေါ် တက်လာသည်ကို မြင်တော့ သူတို့၏ နှုတ်ခမ်း များသည် စိတ်ကျေနပ်မှုများဖြင့် ကော့တက်သွားကြသည်။

အမှိုက်ကောင် ..

ဒီကောင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ က ထွက်သွားတာ တော်သေးတယ်။ မဟုတ်ရင် နတ်စမ်းချောင်းဂိုဏ်ဒက ငါတို့ကိုပါ ပြဿနာ ရှာနိုင်တယ်။

“ဟားဟား..” ကျွင်းချောင်ရှောင်း ရယ်ကာ ပြောလိုက်သည် “ဒါက စိန်ခေါ်ပွဲလေး တစ်ခုလေ။ ဘယ်လိုလုပ် ဂိုဏ်းပေါင်းစုံ သိုင်းပြိုင်ပွဲထက် ပိုပြီး စည်ကားနေရတာလဲ။ ကျုပ်တောင် နည်းနည်း အံ့အားသင့်သွားတယ်”

“ဂိုဏ်းချုပ်ကျွင်း …”

ကျားဟိန်းသံ ဂိုဏ်ချုပ်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းက အပေါ်မှာ စောင့်နေတယ်။ သွားလိုက်ပါ။ မင်း အံ့အားသင့်သွားမယ်။”

ချင်းယန်မြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများပြီးဆုံးပြီးနောက် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့သည် ကျွင်းချောင်ရှောင်းအား နည်းနည်းလေးမှ မေတ္တာမရှိချေ။ သူတို့ယနေ့ ဤနေရာသို့ လာရခြင်း ရည်ရွယ်ချက်မှာ နတ်စမ်းချောင်းဂိုဏ်း ကျွင်းချောင်ရှောင်းအား မည်ကဲ့သို့ အရှက်ခွဲ အနိုင်ကျင့်မည်ကို မြင်ချင်သောကြောင့် ဖြစ်၏။

ကြယ်လစားသောက်ဆိုင်တွင် မောက်မာရိုင်းပျခဲ့သော ကျွင်းချောင်ရှောင်းတစ်ယောက် အားကောင်းလှသော နတ်စမ်းချောင်းဂိုဏ်းနှင့် ရင်ဆိုင်ရတော့မည်ကို မြင်တော့ များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ချက်ချင်းဆိုသလိုပဲ ပြုံးလိုက်မိကြသည်။

“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းတောင် ပျက်ဆီးသွားပြီကို။ ကျုပ် က ဘာကြောက်ရမှာလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ခေါ်၍ ရှေ့မှ ဦးဆောင်ကာ တက်သွားလိုက်သည်။ သူတို့ အပေါ်ရောက်ချိန်မှာတော့ ပြိုပျက်နေသော အဓိကဟောခန်းကြီး၏ ရှေ့တွင် ထိုင်ခုံသုံးလုံး ရှိနေကြောင်း မြင်လိုက်ရသည်။

ထိုထိုင်ခုံ သုံးလုံးပေါ်တွင်တော့ လူသုံးယောက် ထိုင်လျက်ရှိသည်။

အလယ်မှ လူသည် တည်ကြည်သော မျက်နှာသွင်ပြင်ရှိပြီး ဦးခေါင်းအား ငုံ့ထား၏။

ဘယ်ဘက်ရှိ လူမှာတော့ သက်လတ်ပိုင်း တစ်ယောက်ဖြစ်ကာ မျက်နှာအမူအရာသည် သုန်မှုန်လျက် ရှိသည်။

ညာဘက်ခြမ်းရှိ သူကတော့ နဖူးပေါ်တွင်အရေးအကြောင်းများနှင့် လူတစ်ယောက် ဖြစ်ပြီး အသက်ကြီးပုံပေါ်သည်။ ထိုသူသည် နားထဲ လက်နှိုက်နေပြီး ညစ်တီးညစ်ပတ် ပုံစံမျိုးလည်း ရှိ၏။

သုံးယောက်လုံးသည် မတူညီသော ပုံပန်းသွင်ပြင်မျိုး ရှိသည် ဆိုသော်လည်း တူညီသောအရာတစ်ခုတော့ ရှိသည်။ ထိုအရာမှာ ထိုသူတို့၏ ကိုယ်ပေါ်မှ ထွက်ပေါ်လျက်ရှိသော အားကောင်းလှသည့် အော်ရာများ ဖြစ်သည်။ တောင်ပြာဂိုဏ်းအကြီးအကဲထက် မည်သို့မှ အားနည်းမည့်ပုံမပေါ်ချေ။

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ကုတ်ကာ တွေးလိုက်မိသည် “ဒီလူတွေက အကြီးအကဲတွေပဲ ဖြစ်ရမယ်။”

All Chapters