← Chapters

အခန်း (၁၁၃)

Vol. 8 Ch. 113

အခန်း (၁၁၃)

Vol. 8 Ch. 113

"သိုင်းတပည့်အဆင့်ရှစ် ဟုတ်လား။"

စုရှောင်မို၊ ထျန်းချီနှင့် တစ်ခြားသော တပည့်များအားလုံး၏ အမူအရာသည် ပြောင်းလဲသွား၏။

အဆင့်လေးနှင့် အဆင့်ရှစ်ကြားမှ ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှ၏။ သူတို့၏ ဒုတိယစီနီယာအစ်ကို အနိုင်ယူနိုင်ပါ့မည်လား။

လုချင်းချင်းသည် မျက်မှောင်ကုတ်ကာဖြင့် တီးတိုးပြောလိုက်သည်။ "ဂိုဏ်းချုပ် ပြိုင်ဘက်က အရမ်းအားကောင်းတယ် ။ ကျွန်မ တိုက်ခိုက်ပါရစေ။"

ဒုတိယဂျုနီယာမောင်လေးသည် မိုရှန်းဖေး၏အားအင်အဆင့်အား အနိုင်ယူနိုင်မည်ဟု သူမ မထင်ချေ။

ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ထိုင်ခုံတစ်ခုအား ထုတ်ယူကာ ထိုင်လိုက်သည်။

ပြီးနောက် ထိုင်ခုံ လက်ရမ်းအား တစ်တောက်တောက် နှင့် ခေါက်ကာ ပြောလိုက်သည်။ "မင်းက စီနီယာအစ်မကြီးလေ … ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မင်းရဲ့ ဂျူနီယာမောင်လေး အပေါ် ယုံကြည်မှု ရှိရမှာပေါ့။"

လုချင်းချင်း ငြိမ်သက်သွား၏။ သူမသည် တစ်ခြားသော ဂျူနီယာမောင်လေးများနှင့်အတူ အနောက်တွင် ရပ်နေလိုက်သည်။

"လီချင်းယန်ရဲ့ ပါရမီက မဆိုးဘူး။ ဒါပေမဲ့ နတ်စမ်းချောင်းဂိုဏ်းရဲ့ မိုရှန်းဖေးက အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိတယ်။ ဒါကြောင့် အနိုင်ယူနိုင်ဖို့ အခွင့်အရေး မရှိဘူး။"

"သံမဏိအရိုးဂိုဏ်းမှာ ဒီတပည့်ပဲ ပွဲထုတ်စရာရှိတာလား။"

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ခေါင်းဆောင်ချင် နှင့် တစ်ခြားသော ခေါင်းဆောင်များသည် နှာခေါင်းရှုံ့လိုက်ကြ၏။ ဤသည်မှာ အခွင့်အရေးကောင်းဖြစ်၏။

သူတို့အနေနှင့် ဤကဲ့သို့သောအခြေအနေမှာမှ သံမဏိအရိုးဂိုဏ်းအား လှောင်ပြောင်ခြင်း မပြုရလျှင် ကြယ်လစားသောက်ဆိုင်တွင် ဖြစ်ပေါ်ခဲ့ရသော ဒေါသများအတွက် မည်သို ပြန်လည်ပေးဆပ်ခိုင်းရမည်နည်း။

ဟုတ်ပေသည်။ သူတို့အနေနှင့် လီချင်းယန်အား ဆိုးဝါးပြီး ညံ့ဖျင်းလှသောသူဟု မထင်ထားကြချေ။ သို့ပေမဲ့ မိုရှန်းဖေသည် အရင်းအမြစ်နှင့် လမ်းညွှန်ပြသသည့် အကြီးအကဲများ ကွာခြားမှုကြောင့် ပို၍ ထက်မြက်ကာ အရည်အချင်းရှိနေမည်ဟု သူတို့ ယုံကြည်ထားကြ၏။

"ချင်းယန်မြို့က နံပါတ်တစ်ပါရမီရှင်က တောင်ပြာဂိုဏ်းကိုသာ ဝင်ရောက်ခဲ့မယ်ဆိုရင် သိုင်းတပည့်တစ်ယောက် ဖြစ်နေလောက်ပြီ။လက်ရှိအချိန်မှာ သူ့ရဲ့အောင်မြင်မှုက အခုထက်ပိုပြီး သာနေမှာပဲ။"

"အကောင်းဆုံး ပါရမီကို ဖြုန်းတီးလိုက်သလိုပဲ။"

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် စိတ်မသက်မသာဖြင့် ပြောလိုက်ကြသည်။ သို့ပေမဲ့ အမှန်တရားမှာတော့ သူတို့သည် သံမဏိအရိုးဂိုဏ်းအား လှောင်ပြောင်လိုခြင်းပင် ဖြစ်၏။

မြိုတော်ဝန်ရှဲ့ တွေးလိုက်၏။ "လွန်ခဲ့တဲ့ နှစ်လတုန်းက လီချင်းယန်က အဆင့်တစ်ဆယ် စွမ်းအင်ဖွင့်ခြင်းမှာပဲ ရှိသေးတယ်။အခု သူက သိုင်းတပည့်အဆင့်လေးကို ရောက်နေပြီ။ သူ့ရဲ့ အမြန်နှုန်းက တကယ့်ကို ဆိုးရွားတာ မဟုတ်ဘူး။သူတို့ မျက်လုံးများ ကန်းနေတာလား။"

ထိုသူတို့အားလုံးသည် မျက်လုံးကန်းနေခြင်း မဟုတ်ပေ။ အဝိဇ္ဇာဖုံးနေခြင်းသာ ဖြစ်လိမ့်မည်။

ကျွင်းချောင်ရှောင်းသည် တစ်ခြားသူများ၏ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို လုံးလုံး ဂရုမစိုက်ချေ။ သူသည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ချိန်မှာတော့ အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားသည်ကို မြင်လိုက်ရသည်။

"ရှောင်ကျီလည်း ရောက်နေပြီကိုး။"

ဟုတ်သည်။ ရှောင်ကျီသည် မလှမ်းမကန်းနေရာတွင် ရှိနေသည်။

သူသည် မီတာရှစ်ရာလောက်ရှိသော တောင်စောင်းတစ်ခုပေါ်တွင် အသာလှဲလျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သစ်ရွက်များ နှင့် ဖုံးလွမ်းနေပြီး သူ၏ မျက်လုံးများသည် စနိုက်ပါ၏ မှန်ဘီလူးမှ တစ်ဆင့် မိုရှန်းဖေးအား ချိန်ရွယ်ထား၏။

သူသည် တောနက်ထဲမှာ လေ့ကျင့်နေစဉ်မှာပဲ တိုက်ပွဲအကြောင်းကို ကြားသိခဲ့ရသည်။ ထို့ကြောင့် လျင်လျင်မြန်မြန်နှင့် တည်နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တစ်နေ့နဲ့တစ်ညတိတိ ခြုံပုတ်ထဲတွင် ပုန်းအောင်းနေခဲ့၏။

ထို့ကြောင့် သူရောက်ရှိသည်ဆိုသည်ကို သိုင်းစစ်သူကြီး ဖြစ်သော အကြီးအကဲသုံးယောက်ပင်လျှင် မသိခဲ့ချေ။

"ဂိုဏ်းချုပ် သေနတ်ကတော့ အဆင်သင့်ဖြစ်နေပြီ။ ပစ်စေစေချင်တဲ့လူကို လက်ညိုးသာထိုးလိုက်။ဒီတပည့်က အကုန်လုံးကို ပစ်ပေးမယ်။"

ရီရှင်းချန် သည် မလှမ်းမကမ်းရှိ ကျောက်တုံးတစ်ခုပေါ်တွင် လှဲလျောင်းပြီး တွေးလိုက်၏။

ကျုပ်သာ တိုက်ရွှန်ကျင့်ကြံခြင်းနည်းကို အသုံးပြုပြီး ခင်ဗျားရဲ့ကိုယ်ကို ဖျောက်မပေးထားရင် ဒီအချိန် အကုန်လုံး သိနေလောက်ပြီ။

"နတ်စမ်းချောင်းဂိုဏ်း … မိုရှန်းဖေး။"

မိုရှန်းဖေးသည် ခပ်တည်တည်နှင့် သူ၏ နာမည်အား ထုတ်ဖော်ပြောကြားလိုက်၏။ သူ၏ မျက်လုံးများတွင်တော့ အထင်သေးသည့် မျက်လုံးများနှင့် ပြည့်နှက်နေသည်။

သူသည် လီချင်းယန်၏ နာမည်အား အရင်ကကြားဖူးခဲ့သည်။ သို့ပေမဲ့ လေးလေးနက်နက် မရှိပေ။

ထို့အပြင် လီချင်းယန်သည် မည်သည့်အဆင့်အတန်းမှ မရှိသော ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့ခြင်းကြောင့် အမှိုက်တစ်ခုလိုပင် ဖြစ်သွားလိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။

တစ်ယောက်၏ နာမည်အား မိတ်ဆက်ပြီးသည့်နောက်မှာတော့ တိုက်ပွဲသည် စတင်ခဲ့ပြီး ဖြစ်၏။

သို့ပေမဲ့ ဒုတိယအကြီးအကဲသည် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း လက်သီးတွေ ၊ ခြေထောက်တွေက မျက်လုံးပါတာ မဟုတ်ဘူး။ ကျုပ်တပည့်က ခင်ဗျားတပည့်ကို ထိခိုက်မိသွားလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ။"

ဆိုလိုသည့်သဘောမှာ သူ၏တပည့်သည် ဤတိုက်ခိုက်ပွဲတွင် ကြမ်းတမ်းလိမ့်မည်ဟု ကြိုတင်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာခါယမ်းပြီး လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏။ "ကျုပ်တပည့်က ခင်ဗျားတပည့်ကို ထိခိုက်မိစေမယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

ချင်ဟောင်းရန်နှင့် တစ်ခြားသူများသည် မျက်လုံးများ ချာချာလည်သွားသည်။

သိုင်းတပည့်အဆင့်လေး ကျင့်ကြံသူတစ်ယောက်သည် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်အား ဒဏ်ရာရအောင် ပြုလုပ်မည်ဆိုသည်မှာ ကျိန်းသေပေါက် ဟာသတစ်ခုပင် ဖြစ်၏။

တတိယအကြီးအကဲသည် ကျွင်းချောင်ရှောင်းနှင့် ငြင်းခုန်ရမည်ကို အလွန်အမင်း ပျင်းရိသွား၏။ ထို့ကြောင့် ထူးမခြားနားသလို ပြောလိုက်သည်။ “မင်းတို စလို့ရပြီ။”

ဆွစ်။

ပြောပြီးပြီးချင်းမှာပဲ မိုရှန်းဖေးသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လှမ်းတက်လာ၏။

သူ၏ညာဘက်လက်သီးတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များနှင့် စုစည်းထားပြီး ကြီးမားသည့် အားအင်များနှင့် အတူ ခြေတစ်လှမ်းတိုးကာ ထိုးချလာသည်။

လက်သီးချက်သည် အလွန်အမင်း မြန်ဆန်ပြီး ရုတ်တရက်လည်း ဆန်လှ၏။

ဘန်း။

လီချင်းယန်သည် ရှောင်ရန် အချိန်မရှိခဲ့ပေ။

ထို့ကြောင့် သူ၏လက်များကို မတင်ပြီး ပြိုင်ဘက်၏ လက်သီးထိုးချက်ကို ထိပ်တိုက်ခံယူလိုက်၏။

ဘုတ် ဘုတ် ဘုတ်။

သူသည် နောက်သို့ခြေဆယ်လှမ်း ဆုတ်ခွာခဲ့ရသည်။ ပြီးနောက်တွင်မှ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့၏။

လေထဲတွင် ဖြစ်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင်များ၏ အခြေအနေကို ကြည့်လိုက်လျှင် မိုရှန်းဖေး၏ လက်သီးချက်သည် အနည်းဆုံး ဂျင် ၂၀၀၀၀ ခန့် ရှိပေလိမ့်မည်။

ဖူး။

လီချင်းယန်သည် သူ၏ ထုံကျင်သွားသောလက်အား ခါယမ်းလိုက်၏။

“ဟမ်…”

မိုရှန်းဖေးသည် သူ့လက်ကို ပြန်ရုတ်ကာ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ လေပွေလက်သီးချက်ကို မျက်တောင်တစ်ချက်မှ မတွန့်ဘဲ ရင်ဆိုင်နိုင်ရဲတယ်ဆိုတာ မင်းရဲ့ ခန္ဓာကိုယ်အားအင်က မဆိုးဘူးပဲ။ ဒါပေမဲ့ …."

သူ ပြုံးလိုက်သည်။ "မင်း ဘယ်လောက်အထိ အထိုးခံနိုင်မှာတုန်း။"

ဝှစ်။

သူသည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို သုံးကာ ရှေ့သို့တိုးလာသည်။ သူသည် လူမရောက်ခင်မှာပဲ သူ၏ ညာဘက်နှင့် ဘယ်ဘက် လက်သီးများသည် အချိန်အကိုက်လှုပ်ရှားသွား၏။

စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့ပေးမှု အောက်တွင်တော့ လက်သီးများသည် အလွန်လျှင်မြန်စွာဖြင့် လက်သီးရိပ်များ အဖြစ် ဖုံးလွှမ်းသွားတော့သည်။

အလယ်အလတ်အဆင့် လေပွေလက်သီးသည် အမြန်နှုန်းနှင့် ပြင်းထန်သော လက်သီးချက်များကြောင့် ကျော်ကြားလှ၏။ မိုရှန်းဖေးသည် ဤနည်းစနစ်အား အဆုံးစွန်ထိ နားလည်ပြီးသားဖြစ်၏။

တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ချိန်မှာတော့ မဟာမိတ်ခေါင်းဆောင်ချင် နှင့် တစ်ခြားသူများအားလုံးသည် အံ့အားသင့်မိသွားကြသည်။

စုချောင်မိုနှင့် ထန်းချီတို့၏ အမူအယာများသည်လည်း ထိပ်လန့်တုန်လှုပ်သည့် အမူအရာများအဖြစ်သို့ ပြောင်းလဲသွား၏။

သူတို့သာဆိုလျှင် ထိုသို့သော အမြန်ဆန်ဆုံး လက်သီးချက်နှင့် အားအင်များကို ရှောင်တိမ်းနိုင်မည်မဟုတ်မှာ သေချာသည်။ ကျိန်းသေပေါက် တစ်ချက်တည်းနှင့်တင် ရှုံးနိမ့်သွားမှာ သေချာသည်။

လီချင်းယန်သည် မျက်မှောင်ကုတ်လိုက်မိ၏။

ပြီးနောက် သူ၏လက်ကောက်ဝတ်များကို ရှေ့သို့ ဆန့်တန်းပြီး စွမ်းအားမြင့် လက်သီးချက်များအားလုံးကို ခံယူလိုက်၏။

သူ၏ခန္ဓာကိုယ်သည် နောက်သို့ တစ်ဖြည်းဖြည်းချင်းဆုတ်ခွာသွားရ၏။ ပြီးနောက် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အစပ်ဆီသို့ ရောက်ရှိသွားတော့သည်။

မိုရှန်းဖေးသည်လည်း လက်လွတ်မခံဘဲ မြန်မြန်ဆန်ဆန်ပဲ ရှေ့သို့ လိုက်ပါကာ တိုက်ခိုက်တော့သည်။

သူသည် လေထဲကို ခုန်တက်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များနှင့် ထောက်ပံ့ထားသော ညာဘက်လက်သီးနှင့်အတူ လီချင်းယန်အား ထိုးနှက်လိုက်သည်။

ဤတိုက်ခိုက်ချက်သည် အလွန်အမင်း အားကောင်းလှ၏။

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ ခေါင်းဆောင်ချင် နှင့် တစ်ခြားသော ဂိုဏ်းချုပ်များ အားလုံးသည် လီချင်းယန် ဘယ်ဘက် နှင့် ညာဘက်သို့ ရှောင်တိမ်း၍ မရနိုင်သည်ကို ခန့်မှန်းသိပြီးဖြစ်၏။ နောက်ဘက်သို့ ရှောင်တိမ်းခြင်း မဟုတ်လျှင် ထိပ်တိုက်ရင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။

နောက်ဘက်သို့ ရှောင်တိမ်းမည်ဆိုလျှင် ကျိန်းသေပေါက် ရှုံးနိမ့်မည်ဖြစ်၏။

ရှေ့သို့ တိုးမည်ဆိုလျှင်လည်း များပြားလှသော လက်သီးချက်များကို ခံယူပြီး ် ဒဏ်ရာရသွားမှာ သေချာသည်။

လက်ရှိအချိန်တွင်တော့ သူတို့သည် လီချင်းယန် နောက်သို့ ဆုတ်ခွာသွားဖို့ မျှော်လင့်နေမိကြ၏။

ထိုသို့ဆိုလျှင် သံမဏိအရိုးဂိုဏ်း တပည့်အနေဖြင့် သိုင်းကွက် တစ်ကွက် ၊ နှစ်ကွက် အတွင်း ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်မို့ သူတို့ အားရပါးရ လှောင်ရယ်နိုင်ပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ လက်ချောင်းများသည် ထိုင်ခုံလက်ရန်းအား တစ်တောက်တောက်နှင့် ခေါက်လျှက် ရှိသည်။ သူသည် စိတ်ဂနာမငြိမ်ခြင်းကြောင့် ထိုသို့သော အပြုအမူမျိုးကို ပြုလုပ်နေခြင်း မဟုတ်ပေ။ သူ၏ စိတ်သည် အလွန်အမင်း တည်ငြိမ်လျက်ရှိသည်။

ထိုအချိန်မှာပဲ လီချင်းယန်သည် မြေပေါ်သို့ ခြေတစ်ချက်ဆောင့်ပြီး လက်သီးချက်တစ်ခုကို ထုတ်ဖော်လိုက်၏။

သူ၏ ဒန်ထျန်ထဲမှာရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် အရှိန်အဟုန် ကောင်းကောင်းနှင့် ထွက်ပေါ်လာပြီး သူ၏ လက်သီးတွင် စုလာသည်။

"ပေါက်ကွဲလက်သီး။"

အေးစက်စက် အော်သံနှင့်အတူ ညာဘက်လက်သီးသည် ရုတ်တရက်ဆိုသလိုပဲ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပဲ အလင်းတန်းများလည်း ဖြတ်ပြေးသွား၏။

သူ့ခြေထောက်အောက်တွင် တစ်မီတာလောက်ရှိသော စိတ်ဝိညာဉ်ရေပွက်တစ်ခု ဖြစ်ပေါ်လာသည်။

ဘန်း … ဘန်း … ဘန်း။

ပေါက်ကွဲသည့်အသံများသည် သိုင်းလေ့ကျင့်ရေးကွင်းတစ်ခုလုံးတွင် ဗျောက်အိုးဖောက်လိုက်သကဲ့သို့ ကျယ်လောင်စွာဖြစ်ပေါ်လာ၏။

အားလုံးသည် အံ့အားသင့် တုန်လှုပ်သွားကြသည်။

ဘုန်း။

မျက်စိတစ်မှတ်အတွင်းမှာပဲ လီချင်းယန်၏ လက်သီးသည် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်စေပြီး မိုရှန်းဖေး၏ လက်သီးအား တိုက်ရိုက်ထိုးနှက်ကာ အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။

နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့်သည် မြေပေါ်သို့ ပြုတ်ကျလာချိန်မှာတော့ ဟန်ချက်ညီအောင် မနည်း ထိန်းချုပ်ထားလိုက်ရသည်။ သို့ပေမဲ့ သူသည် မီတာနှစ်ဆယ်လောက် အနောက်ဘက်သို့ ရောက်ရှိသွားမှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့၏။

သူ၏ ညာဘက်လက်သီးသည် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးထဲတွင်တော့ ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်သွားသည်။

သူ၏လေပွေလက်သီးသည် ဂျင်၁၂၀၀၀သော အားအင်ကို ရောက်ရှိနေပြီဖြစ်သည်။

သို့ပေမဲ့ လီချင်းယန်၏ လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ချိန်မှာတော့ လုံးဝအသုံးမဝင်သည့် လက်သီးချက်တစ်ခုလိုပင် ဖြစ်ပေါ်ခဲ့၏။

မဟာမိတ်ခေါင်းဆောင်ချင် နှင့် တစ်ခြားသော ဂိုဏ်းချုပ်များ အားလုံးသည် သံမဏိအရိုးဂိုဏ်းကို လှောင်ပြောင်ရန် ပြင်ဆင်ထားကြသည်။

သို့ပေမဲ့ မိုရှန်းဖေ တစ်ယောက် အနောက်ဘက်သို့ ဆုတ်ခွာအောင် တိုက်ခိုက်ခံလိုက်ရသည်ကို မြင်တော့ သူတို့အားလုံး၏ မျက်နှာများသည် မဲနက်သွားကြ၏။ ဤကဲ့သို့သော အခြေအနေမျိုးသို့ ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့သည် မည်သို့မှ မထင်ထားကြချေ။

"ပေါက်ကွဲလက်သီး ဟုတ်လား။ ဒါက ဘယ်လို တိုက်ခိုက်ရေး နည်းစနစ်မျိုးလဲ။"

သူတို့ ကြားပင် မကြားဖူးခဲ့ချေ။

သိုင်းတပည့်အဆင့်လေး ကျင့်ကြံသူတစ်ယောက်၏ အဆင့် နှင့် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူ တစ်ယောက်အား အနိုင်ရရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်ဆိုတော့ အလယ်အလတ်အဆင့် နည်းစနစ် တစ်ခုများဖြစ်နေမလား။

မြင့်မားလှသည့် တောင်စောင်းတစ်ခုပေါ်မှာ ကြည့်လျက်ရှိသော ရီရှင်းချန် သည်လည်း တုန်လှုပ်သွားမိ၏။

"ဒီလက်သီးနည်းစနစ်က ကျိန်းသေပေါက် မရိုးရှင်းဘူးပဲ။"

ရုတ်တရက်ဆိုသလိုပဲ လီချင်းယန်သည် ရှေ့သို့တိုးလာ၏။

ချက်ချင်းဆိုသလိုပဲ သူ၏ ညာဘက်လက်သီးအား လက်ဝါးပုံစံမျိုး အသုံးပြုကာ ဓားကဲ့သို့ ခုတ်ပိုင်းလိုက်သည်။

သူ၏ လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်ပေါ်လာသည်။ လေထဲတွင် လခြမ်းပုံစံ အလင်းတန်းတစ်ခု ဖြစ်တည်လာ၏။

ချက်ချင်းဆိုသလိုပဲ လခြမ်းပုံစံ အလင်းတန်းသုံးခုသည် မတူညီသည့် တည်နေရာဆီသို ဦးတည်ကာ ထွက်ခွာသွားတော့သည်။

"ဒါက … ဒါက … လခြမ်းဓားကွက် ဟုတ်လား"

မြိုတော်ဝန်ရှဲ့ သည် ထအော်လိုက်မိ၏။ "ဒါက စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တစ်ခုပဲ။"

ချင်ဟောင်ရန် နှင့် တစ်ခြားသော ဂိုဏ်းချုပ်များအားလုံးသည် မျက်လုံး ပြူးသွားကြ၏။

သူတို့၏ မျက်လုံးထဲတွင် ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်နေသည်။

တည်ငြိမ်စွာထိုင်နေသောနတ်စမ်းချောင်းဂိုဏ်းမှ အကြီးအကဲသုံးယောက်သည် မနေနိုင်တော့ဘဲ မတ်တပ်ထရပ်မိလိုက်၏။ “စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်။”

နတ်စမ်းချောင်းဂိုဏ်းတွင်လည်း ထိုသို့သော နည်းစနစ်မျိုး ရှိ၏။ သို့ပေမဲ့ သိုင်းဆရာအဆင့်များသာလျှင် ထိုသို့သော နည်းစနစ်မျိုးကို ထုတ်ဖော်၍ ရနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုသို့သော တိုက်ခိုက်ရေး နည်းစနစ်မျိုးကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် ဒန်ထျန်ထဲမှာရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို အလွန်အမင်း ကုန်ဆုံးစေမှာ ဖြစ်သောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည်ကတော့ သူ၏ ခြေတစ်ဖက်ကို အသာချိတ်ထိုင်ပြီး ခပ်ရဲ့ရဲ့ ပြုံးကာ ပြောလိုက်သည်။ "အဲလောက်ကြီးလည်း အံ့အားသင့်စရာ မဟုတ်ပါဘူး ဟုတ်တယ်မို့လား။"

All Chapters