← Chapters

အခန်း (၁၁၇)

Vol. 9 Ch. 117

အခန်း (၁၁၇)

Vol. 9 Ch. 117

နတ်စမ်းချောင်းဂိုဏ်းမှ လူများ ထွက်ခွာသွားသည်။

ချင်းဟောင်ရန်နှင့် တစ်ခြားသော ဂိုဏ်းချုပ်များသည်လည်း အသီးသီး ထွက်ခွာသွားခဲ့ပြီဖြစ်၏။

သူတို့သည် မတူညီသည့်အချိန်များတွင် ထွက်ခွာသွားခဲ့သည် ဆိုသော်လည်း သူတို့၏ ရင်ထဲ၌ ဒေါသမီးတွေ လောင်မြိုက်နေပုံခြင်းမှာတော့ တူညီလှသည်။

တစ်ဖွဲ့သည် ကျွင်းချောင်ရှောင်းအား သင်ခန်းစာပေးရန် ကျရှုံးခဲ့၏။ တစ်ယောက်မှာ ခွေးတစ်ကောင်ဟု ဆဲဆိုခြင်းကို ခံရသည်။

ကျန်သောသူများသည်လည်း ဟာသလုပ်ရန် လာခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူတို့ မပျော်မရွင် ဖြစ်နေသည့်ကိစ္စမှာ ဆန်းကျယ်လှသည့် ကိစ္စတော့ မဟုတ်ပေ။

အပျော်သဘောဖြင့်လာကြည့်သော တစ်ခြားသောကျင့်ကြံသူများမှာတော့ တုန်လှုပ်လျက် ရှိ၏။

သံမဏိအရိုးဂိုဏ်းမှ လီချင်းယန်သည် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်အား အနိုင်ယူခဲ့သည်။

ဤကိစ္စသည်မှာ သတင်းထူးပင် ဖြစ်၏။

ထို့အပြင် ပို၍ ထူးခြားသည့် သတင်းမှာ ကျွင်းချောင်ရှောင်းသည် နတ်စမ်းချောင်းဂိုဏ်းကဲ့သို့ ကြီးမားလှသည့် ဂိုဏ်းကြီးအား တစ်ချက်ကလေးမှ မကြောက်ရွံ့ခဲ့ချေ။

နောက်တစ်နှစ်အကြာတွင် နတ်စမ်းချောင်း ဂိုဏ်းနှင့် တိုက်ခိုက်မည်ဟုပင် ကြိုတင် စိန်ခေါ်ခဲ့သေးသည်။

သူ၏ ဦးနှောက်ထဲတွင် တစ်ခုခုများ မှားယွင်းနေသည်လား။

ကျင့်ကြံသူများသည် အမျိုးမျိုးတွေးရင် တောင်ဆင်းလမ်းအတိုင်း ဆင်းသက်သွားကြတော့သည်။

တပည့်များသည် ထူးခြားသည့် သိုင်းနည်းစနစ်များအား အသုံးပြု၍ အနိုင်ရခဲ့သည်ကို သူတို့ နားလည်နိုင်၏။ သို့ပေမဲ့ အဆင့်ရှစ် ဂိုဏ်းတစ်ခုအနေနှင့် အဆင့်ငါး ဂိုဏ်းတစ်ခုအား စိန်ခေါ်ခြင်းဆိုသည်မှာတော့ ဟာသတစ်ခုလိုပင် ဖြစ်၏။

"သံမဏိအရိုးဂိုဏ်းခေါင်းဆောင်က အရမ်းကို ရဲရင့်လွန်းတယ်။ နတ်စမ်းချောင်းဂိုဏ်းကို တစ်ခါတည်း စိန်ခေါ်ရဲတယ်နော်။”

“သူ့ကိုယ်သူ ဘာလည်းဆိုတာကို သိပုံမပေါ်ဘူး။ ငါ့အထင်အရဆိုရင် သူက မဟာမိတ် ခေါင်းဆောင်ချင်းကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ နတ်စမ်းချောင်းဂိုဏ်းကို သွားဖို့ဆိုရင် မေ့ထားလို့တောင် ရတယ်။”

“သူက မဟာမိတ်ခေါင်းဆောင်ချင်းရဲ့ဂိုဏ်းဆီကို ဘယ်အချိန်သွားမယ်လို တိတိကျကျ မပြောခဲ့ဘူး။ဒါကလည်း ထူးခြားနေတယ်။”

“ဘာပဲပြောပြော ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကနေ ထွက်လိုက်ပြီးတော့ ကျုပ်တို့ ချင်းယန်နိုင်ငံကို လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်ခဲ့တာပဲ။"

များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးနေကြသည်။

သူတို့သည် ကျွင်းချောင်ရှောင်း သူ၏ တပည့်များကို ခေါ်ယူကာ မဟာမိတ်ခေါင်းဆောင်ချင် ၏ဂိုဏ်းဆီကို သွားကြစေဖို့ မျှော်လင့်နေမိ၏။

ထိုမှသာ သူတို့၏ ကျင့်ကြံခြင်း ဘဝသည် အနည်းငယ် ပျော်ရွင်မှု ရလာမည် မဟုတ်လား။ ငြိမ်သက်နေသော ကျင့်ကြံခြင်းလောကသည် ပျင်းစရာကောင်းလွန်းလှ၏။

……..

ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းထွက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“အကြီးအကဲမာ အချိန်မှီရောက်လာတာ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော် နတ်စမ်းချောင်းဂိုဏ်းကို ဘယ်လိုရင်ဆိုင်ရမလဲသိမှာ မဟုတ်ဘူး။"

အကြီးအကဲမာ ပြောလိုက်သည်။ "ကျုပ်တို့ တောင်ပြာဂိုဏ်းက ချင်းယန်နိုင်ငံကပဲလေ။ ဘာပဲပြောပြော နတ်စမ်းချောင်းဂိုဏ်းအနေနဲ့ သူငယ်ချင်းလေးကျွင်းကို လာပြီး အနိုင်ကျင့်တာကို သည်းခံပေးနိုင်မှာ မဟုတ်ဘူး။"

ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်သည်။ "ကျွန်တော်က ဒီနေ့အကူအညီကို လေးလေးနက်နက် မှတ်ထားပါ့မယ်။ အကြီးအကဲမာက ကျုပ်တို့ သံမဏိအရိုးဂိုဏ်းရဲ့ အကူအညီကို အနာဂတ်မှာ လိုအပ်လာပြီဆို ဘာကိစ္စကိုပဲဖြစ်ဖြစ် ကူညီပါ့မယ်"

သူ၏စည်းမျဉ်းမှာ ရိုးရှင်းလှ၏။

သူအား ဆိုးမည်ဆိုလျှင် သူသည် ထိုသူထက်ပို၍ ဆိုးရွားပြမည်။

သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံလျှင်တော့ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးနှင့် တုံ့ပြန်မည် ဆိုသည်ပင်။

ထို့အပြင် အဆင့်ငါးဂိုဏ်းတစ်ခုဖြစ်သော တောင်ပြာဂိုဏ်းသည် ခိုင်မာသောအခြေခံကို ပိုင်ဆိုင်သည်။ ထို့ကြောင့် သူတို့နှင့် ရင်းနှီးထားသည်ဆိုသည်မှာ ရွှေပေါင်ကြီးတစ်ခုကို ရရှိထားသည်နှင့်ပင် တူညီလိမ့်မည်။

ရွှေပေါင်ကြီးကို သူ အပြေးအလွှားသွားဖက်ခြင်း မဟုတ်။ ရွှေပေါင်ကြီးက အဖက်ခံရန် သူ့ဆီသို့ ရောက်လာခြင်းဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူ၏ ရွှေပေါင်ကြီးဆီမှ ခြေသလုံးမွှေးများ ဆွဲနှုတ်လျှင်ပင် ရှက်စရာမရှိဟု သူ သတ်မှတ်ထား၏။

အကြီးအကဲမာပြောလိုက်သည်း "ဂိုဏ်းချုပ်ကျွင်း … ကျုပ်ဆီမှာတောင်းဆိုစရာလေးရှိတယ်။"

"ကျေးဇူးပြုပြီး ပြောပါ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။

အကြီးအကဲမာသည် သူ့နောက်တွင်ရှိသော တပည့်များကို ကြည့်ကာ ပြောလိုက်သည်။ "ဒီ ဘာမှကောင်းကျိုးမပေးတဲ့ တပည့်တွေက သူတို့ရဲ့ သိုင်းကျင့်စဉ်တွေမှာ ပြဿနာတစ်ချို့ ကြုံတွေ့နေရတယ်။ သူငယ်ချင်းလေးကျွင်းအနေနဲ့ ကျေးဇူးပြုပြီး သူတို့ကို ညွှန်ပြပေးလို့ရမလား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြဿနာမရှိပါဘူး။"

ပြောပြီးသည့်နောက် သူသည် စဦးအသိအမြင်အဆောင်အား ချိုးလိုက်၏။

ပြီးနောက် တောင်ပြာဂိုဏ်းတပည့်များ ပြောပြသော သူတို့၏ ကိုယ်ပိုင် ပြဿနာများအား နားထောင်လိုက်သည်။ ထို့နောက် အမှန်ကန်ဆုံးသော လမ်းညွှန်မှုများကို ပေးအပ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူသည် တောင်ပြဂိုဏ်း၏ သိုင်းပညာများကို မှတ်သားထားပြီး ဖြစ်နေ၏။

သူ့အား အပြစ်တင်၍တော့ မဖြစ်ချေ။ အသိအမြင်အဆောင်၏ အထောက်အပံ့ကြောင့် သူသည် ကျင့်ကြံခြင်းနည်းစနစ်များကို ရရှိသည်ဆိုသည်နှင့် မိနစ်ပိုင်းအတွင်း ချက်ချင်း နားလည်သွားခဲ့သည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက်မှာတော့ တောင်ပြာဂိုဏ်း၏ တပည့်များအားလုံး တစ်ယောက်ပြီးတစ်ယောက် လမ်းညွှန်မှု ပေးခဲ့ပြီးဖြစ်၏။

ထိုသူတို့အားလုံးသည် သူတို့၏ သိုင်းပညာနှင့် ပတ်သက်သည့် အခက်အခဲများအား ရုတ်တရက်ဆိုသလိုပဲ နားလည်သွားကြ၏။

အနားတွင် ရှိနေသော မြိုတော်ဝန်ရှဲ့သည်လည်း ဆွံ့အသွား၏။

အဆင့်ကိုးဂိုဏ်းမှ တပည့်များအား အဆင့်ရှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် တစ်ယောက်ပြီးတစ်ယောက် လမ်းညွှန်ပြသလျက်ရှိသည်။

ဤမြင်ကွင်းသည် အလွန်တရာ ထူးဆန်းနေ၏။

သူသည် အသာအနားသို့ ရောက်လာပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်ဆီမှာလည်း သိုင်းပညာနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုရှိနေတယ်။ဖြေရှင်းပေးနိုင်မလား သိချင်မိတယ်။"

"ကျေးဇူးပြုပြီး ပြောပါ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။

လက်ရှိအချိန်၌ သူတို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၌ ရှိနေကြခြင်း ဖြစ်၏။ ထို့ကြောင့် မြိုတော်ဝန်ရှဲ့ သူ့အနားသို့ ရောက်လာသည်ဆိုသည်မှာ လမ်းညွှန်မှု လိုချင်သောကြောင့် ဖြစ်မည်ဟု ထင်မှတ်ပြီးသားဖြစ်သည်။ ထို့ကြောင့် စိတ်ထဲတွင် မထားဘဲ လမ်းညွှန်ချက်များအား ပေးလိုက်၏။

မြိုတော်ဝန်ရှဲ့သည် သူလေ့ကျင့်နေသော လက်သီးနည်းစနစ်တစ်ခုအား ပြောပြလိုက်၏။ ပြီးနောက် ချက်ချင်းပင် သရုပ်ပြလိုက်သေးသည်။

ကျွင်းချောင်ရှောင်းသည် ခဏလောက် ငြိမ်သက်သွားလိုက်သည် ။ ပြီးနောက် လက်သီးနည်းစနစ် ၏ လှည့်ပတ်ပုံအား အနည်းငယ်ပြောင်းလဲကာ ပြန်လည်ပြောပြလိုက်၏။

ဟုတ်ပေသည် ။ သူသည် ဤသိုင်းပညာနည်းစနစ်အားလည်း တစ်ခါတည်း သင်ယူတတ်မြောက်ပြီး ဖြစ်နေသည်။

မြိုတော်ဝန်ရှဲ့သည် ဤပြောင်းလဲမှုအား သေသေချာချာစဉ်းစားလိုက်၏။ ပြီးနောက် သူသည် လက်မထောင်ကာ ပြောပြလိုက်သည် "ဂိုဏ်းချုပ်ကျွင်း ဂိုဏ်းချုပ်ကျွင်းရဲ့ လမ်းညွှန်ချက်က ကျုပ်ရဲ့နှစ်ပေါင်းများစွာဖြစ်နေတဲ့ နားမလည်မှုကို တစ်ခါတည်းရှင်းလင်းသွားစေတယ်။မင်းကတော့ တစ်ခါတည်း နတ်ဘုရားတစ်ပါးလိုပဲ။"

ကျွင်းချောင်ရှောင်း တစ်ခါတည်း နိမ့်ချစွာဖြင့် ပြောလိုက်မိသည်။ "ဒါက ကျွန်တော့်ရဲ့ အားသာချက်ပဲလေ။ ဒါပေမဲ့ သိုင်းပညာနဲ့ပတ်သက်ပြီး ကျွန်တော်က သိပ်ပြီး ကျွမ်းကျင်တာတော့ မဟုတ်ဘူး။အနာဂတ်မှာ မြိုတော်ဝန်ရှဲ့ကို မှီခိုရလိမ့်မယ်နော်။"

သူသည် မောက်မာသင့်သည့်နေရာတွင် အလွန်အမင်း မောက်မာသည်ဆိုသော်လည်း ကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေးများ တည်ဆောက်သင့်သည့်အခါမှာတော့ အကောင်းမွန်ဆုံးသော ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်သူလည်း ဖြစ်၏။

ထို့အပြင် သူ သွားရမည့် လမ်းကြောင်းမှာ အရှည်ကြီး ကျန်နေသေး၏။ တစ်လောကလုံးနှင့် ရန်ဖက်ဖြစ်နေလျှင် အအေမြန် သေဆုံးသွားရမှာ သေချာသည်။

မြိုတော်ဝန်ရှဲ့သည်လည်း မြေခွေးအိုကြီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ စကားဆိုလိုရင်း အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်နေ၏။

သူသည် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း စိတ်ချပါ။ ချင်းယန်နိုင်ငံမှာ ရှိတယ်ဆိုရင် မင်းရဲ့သံမဏိအရိုးဂိုဏ်းကို ဘယ်သူမှ ထိလို့မရဘူး။ ချင်းယန်မြို့သား ၃.၆သန်း ရဲ့ ရန်သူဖြစ်သွားလိမ့်မယ်။"

မြိုတော်ရှဲ့သည် စကားပြောဆိုရာတွင် အမြဲတမ်း သူ၏မြို့သူမြို့သား ၃.၆သန်းအကြောင်းကို ထည့်ထည့်ပြောလေ့ရှိ၏။

သို့ပေမဲ့ အနာဂတ်တစ်နေ့ ချင်းယန်နိုင်ငံတွင် စစ်ပွဲမီးများနှင့် တောက်လောင်ခဲ့သည့် အချိန်၌ သံမဏိအရိုးဂိုဏ်း တပည့် တပ်သားတစ်သောင်းကျော် ရောက်ရှိလာပြီး သူတို့၏ သံမဏိကဲ့သို့ ခိုင်မာသည့် စိတ်ဓာတ်ဖြင့်အတူ မြို့သူမြို့သား ၃.၆သန်းအား ကာကွယ်ပေးသွားလိမ့်မည်ဟု သူ နည်းနည်းမှ မထင်မှတ်မိခဲ့ချေ။ နောင်တစ်ချိန်တွင် ဤကိစ္စသည် အမှန်ပင် ဖြစ်လာခဲ့သည်။

တပည့်များ သည် လမ်းညွှန်ချက် ရရှိပြီးသည့်နောက်မှာတော့ ပိုမိုနားလည်ရန် တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေသေး၏။

ထို့ကြောင့် အကြီးအကဲမာသည် နှုတ်ဆက်ထွက်ခွာသွားတော့သည်။ သို့ပေမဲ့ မထွက်ခွာခင်မှာတော့ သူသည် လမ်းညွှန်ပြသသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျွင်းချောင်ရှောင်းအား ငွေတစ်သန်း ထုတ်ပေးခဲ့သည်။

ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားမိ၏။ "တစ်ခါတည်း ငွေတစ်သန်းတောင် ပေးတာလား။ အကြီးအကဲမာ တကယ့်ကို ချမ်းသာတာပဲ။"

မြိုတော်ဝန်ရှဲ့ ပြောလိုက်သည်။ "တောင်ပြဂိုဏ်းက ကျင့်ကြံခြင်းလောကထဲကို လျှောက်မသွားဘဲနဲ့ သီးခြားနေတတ်တဲ့ ဂိုဏ်းတစ်ခုဆိုပေမဲ့ မြို့တိုင်းမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေရှိတယ်။ ဒါတွေအကုန်လုံးကို အကြီးအကဲမာက ထိန်းချုပ်ထားတာလေ။ သူတို့ရဲ့ ငွေရေးကြေးရေး အရင်းအမြစ်ကို အထင်သေးလို့ မဖြစ်ဘူး။"

"သြော် … အဲ့လိုကိုး။"

ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ "အရင်ကမ္ဘာပဲ ဖြစ်ဖြစ် လက်ရှိကမ္ဘာပဲဖြစ်ဖြစ် မာမျိုးရိုးတွေက တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ။"

စနစ်မှပြောလိုက်သည်။ "ဒါဆို ဖေဖေလို့ ခေါ်လိုက်လေ။"

"တိတ်စမ်း။"

……..

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအားခေါ်၍ တောင်အောက်သို့ ဆင်းသက်လိုက်သည်။ ပြီးနောက် ချင်းယန်မြို့ဆီသို့ ပြန်လာခဲ့လိုက်၏။

ရှောင်ကျီ နှင့် ရီရှင်းချန်မှာတော့ ဆက်လက်၍ လေ့ကျင့်နေကြသည်။

မကြာခင်မှာပဲ သံမဏိအရိုးဂိုဏ်း၏ နတ်စမ်းချောင်းဂိုဏ်းဆီ လာရောက်စိန်ခေါ်မည်ဟူသော သတင်းစကား သည် ချင်းယန်နိုင်ငံတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။

"နတ်စမ်းချောင်ဂိုဏ်း ကိစ္စကို ကြားပြီးပြီလား။"

ထိုစကားသည် ကျင့်ကြံသူများ အချင်းချင်း စတင်တွေ့ဆုံရာတွင် အစဦးဆုံး ပြောဆိုသော စကားပင် ဖြစ်လာခဲ့သည်။

မကြားဖူးသော လူတစ်ယောက်ဆိုလျှင် သူတို့သည် သေသေချာချာ ဂဂဏဏ အလုံးစုံ ရှင်းပြလိမ့်မည်။

တစ်နှစ်အကြာတွင် ဖြစ်ပေါ်လာနိုင်သောတိုက်ပွဲ။

ဤကိစ္စသည် ချင်းယန်နိုင်ငံတွင် မဟုတ်ဘဲ တစ်ခြားသော နိုင်ငံများဆီပါ ပျံ့နှံ့သွားသည်။

နိုင်ငံအသီးသီးဆီမှ မိသားစုများနှင့် ဂိုဏ်းများသည် ထိုသတင်းကို ကြားသည့်အချိန်မှာတော့ သံမဏိအရိုးဂိုဏ်းဆိုတာ ဘာလဲ မသိသောကြောင့် သေလမ်းရှာသည့် ဂိုဏ်းချုပ်တစ်ယောက်၏ အပြုအမူသာ ဖြစ်လိမ့်မည်ဟုသာ မှတ်ယူလိုက်ကြသည်။

အမှန်တကယ်တမ်းတွင်တော့ ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ တိုးတက်စေရန် သုံးနှစ်ကြာတွင် တိုက်ပွဲတစ်ခု ပြုလုပ်မည်ဟု စီမံခဲ့၏။

ထို့အတူ ရှောင်ကျီ ကဲ့သို့ပင် သူသည်လည်း သူ၏ ရည်မှန်းချက်ရှိရန်လိုသည်။

သူ့အနေနှင့် တစ်နှစ်ကြာတွင် အဆင့်ငါး ဂိုဏ်းတစ်ခု ဖြစ်ကိုဖြစ်ရမည်ဟု သူ့ကိုယ်သူသတ်မှတ်လိုက်ခြင်းပင် ဖြစ်၏။

သူသည် အဆင့်ရှစ်မှ အဆင့်ခုနစ်သို့ တက်လှမ်းရုံလောက် ရည်မှန်းချက်မထားဘဲနှင့် အဆင့်ငါးအထိ တိုက်ရိုက် ရည်မှန်းချက်ထားခဲ့သည်။

ထိုအရာသည်မှာ အလွန်ခက်ခဲလှ၏။

သေလမ်းမရှာဘဲနှင့် လူတွေသည် မည်ကဲ့သို့ ပိုမို အားကောင်းလာမည်နည်း။ သေခြင်းတံခါးပေါက်ကို လျှောက်လှမ်းရင်း သေမင်း သီချင်းသံကို သီဆိုရင်းနှင့်သာ လူများသည် ပိုမို အားကောင်းလာပေလိမ့်မည်။

ထိုမှသာလျှင် စိတ်လှုပ်ရှားမှုလည်း ရှိလိမ့်မည် မဟုတ်လား။ လောက၏ အနှစ်သာရ ဆိုသည်မှာ သေလမ်းရှာခြင်းပင် ဖြစ်သည်။ သေလမ်းမရှာသော လူတစ်ယောက်သည် ငါးသေကြီးတစ်ယောက်နှင့် မခြားပေ။

……….

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို စုဝေးကာ ပြောလိုက်သည်။

"တစ်နှစ်ကြာတဲ့အခါမှာ ငါတို့ နတ်စမ်းချောင်းဂိုဏ်းဆီကို သွားပြီး တိုက်ခိုက်ကြမယ်။ မင်းတို့ရဲ့တာဝန်က ဒီထက်ပိုပြီးတော့ အများကြီး အားကောင်းလာဖို့ပဲ။ငါ့ကို ကျယ်ကျယ်ပြော လုပ်နိုင်တယ်မဟုတ်လား။"

"လုပ်နိုင်ပါတယ်။"

တပည့်များအားလုံးသည် ခေါင်းမော့ရင်ကော့ကာဖြင့် ပြောလိုက်ကြသည်။

"ကောင်းပြီ … တန်းဖြုတ်မယ်။"

All Chapters