← Chapters

အခန်း (၁၁၉)

Vol. 9 Ch. 119

အခန်း (၁၁၉)

Vol. 9 Ch. 119

စိတ်ဝိညာဉ်စမ်းချောင်းတောင်၏ တိုက်ပွဲပြီးမြောက်ပြီး ခြောက်ရက်မြောက်နေ့မှာတော့ သံမဏိအရိုးဂိုဏ်း၌ လျှိုဝမ်ရှစ်မှ လွဲ၍ သံမဏိအရိုးဂိုဏ်းတပည့် တော်တော်များများ တို့သည် အဆင့် ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်းအဆင့်အား ကျော်လွန်သွားခဲ့ပြီဖြစ်၏။

"ဂိုဏ်းချုပ်" လီချင်းယန်သည် သတင်းလာပို့သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ တပည့်တွေ တော်တော်များများက သိုင်းတပည့်အဆင့်ကို ရောက်ရှိသွားခဲ့တယ်။ လက်ရှိမှာ သိုင်းတပည့်အဆင့်ကို ရောက်ရှိသွားတဲ့ တပည့်အရေအတွက် ဆယ့်ကိုးယောက် ရှိနေပါပြီ။"

သိုင်းတပည့်အဆင့် ဆယ့်ကိုးယောက်နှင့် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ခုနစ်ဆယ့်နှစ်ယောက်ဆိုသည်မှာ အလွန်အမင်း အားကောင်းသော ဂိုဏ်းတစ်ခုဖြစ်ကြောင်း ညွှန်ပြနေသည်။

ကံဆိုးစွာပင် ဂိုဏ်းတွင် လုံလောက်သည့် ဂိုဏ်းသားအရည်အတွက် မရှိပေ။ သူတို့သည် အားကောင်းလှသည်ဆိုသော်လည်း အဆင့်ခုနစ်ဂိုဏ်းအဆင့်သို့ မရောက်ရှိနိုင်သေးချေ။

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ "ကြည့်ရတာ ဂိုဏ်းအနေနဲ့ တပည့်တွေကို ထပ်ပြီး လက်ခံရမယ့် အချိန်ရောက်ပြီပဲ။"

ဂိုဏ်း၏ တရားဝင်လူခေါ်ပွဲ ကျင်းပပြီးသည့်နောက် ဂိုဏ်း၏ တပည့်အရေအတွက်သည် ပိုမိုတိုးတက်လာခဲ့သည်။ ထို့ကြောင့် ဂိုဏ်းအနေဖြင့် တရားဝင် ဂိုဏ်းသားခေါ်ဆိုမှုကို ပြုလုပ်မည်ဆိုမှသာလျှင် တပည့်အရေအတွက် ပိုမို တိုးတက်လာမှာ ဖြစ်၏။

ထို့ကြောင့် သူသည် ချင်းရန်မြို့ရှိ မြို့တော်ဝန်၏ စံအိမ်ရှိရာသို့ သွားလိုက်သည်။

ဟောခန်းထဲသို့ ဝင်ဝင်ချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လိုရင်းကို တည့်တည့်ပင် တောင်းဆိုလိုက်သည်။ "ကျွန်တော် ဂိုဏ်းသားအသစ်တွေ လိုချင်တယ်။ဒီတော့ ကြော်ငြာစာရွက်တွေ မြို့ထဲမှာ ကပ်ခွင့်ရှိမလား။"

"ပြဿနာမရှိဘူး။" မြို့တော်ဝန်ရှဲ့ သည် တည့်တည့်ပင် ပြောလိုက်သည်။

နောက်ဆုံးမှာတော့ သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းသားခေါ်ယူခြင်း စာရွက်များသည် ချင်းယန်မြို့၏ နေရာအနှံ့တွင် ကြေညာပြီးဖြစ်နေ၏။

ထို့အပြင် ကြော်ငြာထားသည့် ကြေညာစာရွက်မှာလည်း သူများတွေနှင့်မတူ ခြားနားလျက် ရှိသည်။

မြို့၏ အရှေ့ဘက်တွင်တော့ သံမဏိအရိုးဂိုဏ်းအား ဝင်၍ အတူတကွ အိမ်မက်များကို ဖန်တီးရန်။

မြို့၏ တောင်ဘက်ခြမ်းတွင်တော့ လောကကြီး၏ ပါရမီရှင်များကို စုစည်းရန်အတွက် ဂိုဏ်းသားခေါ်ဆိုမှု ပြုလုပ်နေသည်။ သံမဏိအရိုးဂိုဏ်းသည်သာ သင်၏ ယုံကြည်ရာဖြစ်သည်။

မြို့၏ မြောက်ဘက်တွင်တော့ အများကြီး စဉ်းစားမနေနှင့်။ သင်၏ ထူးခြားချက်အား ပိုမိုတိုးတက်အောင် ပြုလုပ်ပေးရန် သံမဏိအရိုးဂိုဏ်း ရှိနေသည်။

မြို့၏ အနောက်ဘက်တွင်တော့ သင်ပျံသန်းချင်ပါသလား။သင့်အား အတောင်ပံတစ်စုံ ပေးအပ်မည်။

ဂိုဏ်၏ ကြော်ငြာ စာရွက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တစ်ခြားသောဂိုဏ်းများနှင့် မတူညီဘဲ ခြားနားလျက်ရှိသည်။ ဤအရာကပင် သံမဏိအရိုးဂိုဏ်းအား ပို၍ ဆွဲဆောင်မှု ရှိနေစေ၏။

ချင်းယန်မြို့တစ်ခုတည်း မဟုတ်သေးပေ။

ကျွင်းချောင်ရှောင်းသည် အိုက်ကလန်၏ အဆက်အသွယ်ကို အသုံးပြု၍ ဟူရန်မြို့ထဲတွင်လည်း ဂိုဏ်းသားသစ်ခေါ်ဆောင်မှု စာရွက်များအား ကပ်လျက်ရှိသည်။

သို့ပေမဲ့ ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူတို့ဂိုဏ်းသို့ လာရောက်၍ စာရင်းပေးသွင်းသည့် သိုင်းပညာရှင် အရေအတွက်မှာ မရှိသလောက်ပင်။

……..

ကလော ကလော။

ကောင်းကင်ပေါ်တွင် ကျီးကန်းများ ပျံသန်းသွား၏။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ရှေ့ အဓိက တံခါးပေါက်အနီးရှိ စားပွဲတစ်လုံးပေါ်တွင် ထိုင်ပြီး သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ငါ ဒီအတောအတွင်း ကိစ္စကြီးတွေ အများကြီး လုပ်ခဲ့တာပဲ။ ဂိုဏ်းကတော်တော် နာမည်ကျော်နေပြီ။ဒါပေမဲ့ ဘာလို့ ဘယ်သူမှ မလာသေးတာပါလိမ့်။"

လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော်တို့ ဂိုဏ်းက နတ်စမ်းချောင်းဂိုဏ်းနဲ့ တိုက်ခိုက်ဖို့ အချိန်းအချက် ပြုလုပ်ထားတယ်လေ။ ဒီတော့ လက်ရှိ ဂိုဏ်းအခြေအနေက သိပ်မကောင်းဘူး။ဒါ့ကြောင့် လူတော်တော်များများက ဂိုဏ်းထဲကိုဝင်ဖို့ စိုးရွံ့နေတာလ့ို ထင်တယ်။"

"မင်း ပြောတာ ဟုတ်တယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သို့ပေမဲ့ ဤကိစ္စသည် ဆိုးသောအရာတော့ မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် စိတ်ဓာတ်သန်မာ ရင့်ကျက်သူများသာ သူ၏ ဂိုဏ်းထဲသို့ ဝင်ရောက်လာမည်ဖြစ်၏။

ထိုသူတို့သည် မည်သည့် ပြဿနာကိုမှ ကြောက်ရွံ့နေမည်မဟုတ်ဘဲ သံမဏိရိုးဂိုဏ်းထဲသို့ ဝင်ချင်၍ ဝင်လာသည့်သူများအဖြစ် သတ်မှတ်နိုင်သည်။

ထိုအချိန်မှာပဲ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူ တစ်ယောက် သည် လှေကားထစ်များအတိုင်း လျောက်လှမ်း၍ တက်လာသည်။

သူ၏လက်တစ်ဖက်သည် နောက်ဘက်သို့ ပစ်ထားပြီး နောက်လက်တစ်ဖက်မှာတော့ ယပ်တောင်တစ်ခုအား ကိုင်ဆောင်၍ အသာခပ်နေ၏။

လေပြေများသည် နောက်ဖက်ဆီ ပြန့်ကျဲနေသော အမဲရောင်ဆံနွယ်များအား လွင့်ခနဲ ဖြစ်သွားစေပြီး ချောမောလှပသည့် မျက်နှာအား ထင်ပေါ်လာစေသည်။

လီချင်းယန်တို့သည် လှမ်းကြည့်လိုက်ချိန်မှာတော့ ပထမဦးဆုံး အတွေးတစ်ခုကိုသာ တွေးလိုက်မိသည်။ "ဆွဲဆောင်မှုရှိလိုက်တာ။"

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် သူ၏ ယပ်တောင်အား အသာခေါက်ပြီး စာရင်းများ ရေးမှတ်ရာခုံရှိရာသို့ အသာရောက်ရှိလာသည်။ ပြီးနောက် ကြည့်ကောင်းလှသော အမူအရာဖြင့် နူးနူးညံ့ညံ့ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း … သံမဏိအရိုးဂိုဏ်းအကြောင်းကို ကျွန်တော် ကြားထားခဲ့တာ ကြာပါပြီ။ ဒါကြောင့် ခင်ဗျားရဲ့ တပည့်လုပ်ဖို့ ဒီကို လာခဲ့တာပါ။ "

သူသည် လက်သီးဆုပ်ကာဖြင့် အသာဦးညွတ် ပြောလိုက်သည်။ သို့ပေမဲ့ သူဦးတည်၍ ပြောနေသည့်လူမှာ လီချင်းယန် ဖြစ်နေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို အသာမြှောက်၍ ဒုတိယတပည့်ကြီးအား အသာတွန်းလွှတ်လိုက်သည်။

ပြီးနောက် စုတ်တံတစ်ခုကို ယူ၍ ‘ငါက ဂိုဏ်းချုပ်ဖြစ်တယ်’ ဆိုသောစာကို ရေးသား၍ မျက်နှာပေါ်၌ ကပ်ထားလိုက်သည်။

"ရှင်းပြီလား။ ဒါက။"

ထိုမြင်ကွင်းကို မြင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်သည် ကြောင်အအဖြင့် ပြောလိုက်မိ၏။ "ကျွန်တော် တောင်းပန်ပါတယ်။ လူမှားသွားတာပဲ။ ဗွေမယူပါနဲ့ ဂိုဏ်းချုပ်ကျွင်း။"

"ဗွေယူရမယ်ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။"

သူသည် အသာခြေချိတ်ထိုင်ပြီး စုတ်တံကို အသာယမ်းခါကာ ပြောလိုက်သည်။

"မင်းနာမည်ပြော"

"လုံကျီရန်ပါ။" အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ပြောလိုက်၏။

ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။

ပြီးနောက် သူမျက်နှာအား ဖုံးကွယ်ထားသော စာရွက် အား အသာချွတ်ယူပြီး သေသေချာချာကြည့်လိုက်သည်။

ယဉ်ကျေးလွန်းတယ်။ သူက အဆင့်မြင့်ပညာရေးကို လက်ခံယူထားတဲ့ပုံစံပဲ။န ာမည်ကလည်း လုံမျိုးရိုး။ သူ့ရဲ့နောက်ခံက ကျိန်းသေပေါက် မရိုးရှင်းနိုင်ဘူး။

အနည်းငယ်သုံးသပ်ပြီးသည့်နောက်မှာတော့ သူသည် ဝင်ခွင့်စာရွက်အား ယူ၍ မေးလိုက်သည်။

လိင်-ယောကျာ်းလေး။

အသက်-ဆယ့်ခြောက်နှစ်ကျော်ကျော်။

အဆင့်-စွမ်းအင်ဖွင့်ခြင်းအဆင့်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အမြစ် နှင့် ဆိုင်သည့်ကိစ္စများအား မမေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ စိတ်လည်း မဝင်စားချေ။ သူ့တွင် စိတ်ဝိညာဉ်အဆင့် အဆင့်နိမ့်ဆီမှ အဆင့်မြင့်ဆီသို့ ရောက်ရှိရမည့် နည်းလမ်းများ ရှိနေသည် မဟုတ်လား။

ဒေါက်။

သူသည် တံဆိပ်တုံးအား ထုလွှတ်လိုက်၏။

[ဒင်။

ဂိုဏ်းသား ၁၀၃/၅၀၀

ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၃၀၂/၅၀၀]

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ချင်းယန် မင်းရဲ့ ဂျူနီယာညီလေးကို အထဲခေါ်သွား။ ပြီးတော့ အခန်းတစ်ခု စီစဉ်ပေးပြီး ဂိုဏ်းအဝတ်အစားတွေလည်း ပေးလိုက်။ သြော် … ပြီးတော့ မမေ့နဲအုံး။ ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်း စာအုပ်ကိုလည်း သူ့ကို သေချာဖတ်ခိုင်းလိုက်။"

"ကောင်းပါပြီ။"

လီချင်းယန်သည် လုံကျိရန်အား ဂိုဏ်းထဲသို့ ခေါ်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် တပည့်သစ်မျာ စာရင်းလာပေးသည်ကို စောင့်နေရင်းမှာပဲ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်လျက်ရှိ၏။

မကြာခင်မှာပဲ ဗလတောင့်တောင့်နှင့် လူတစ်ယောက် တက်လာသည်။

ထိုသူသည် နဖူးပေါ်ရှိ ချွေးများအား သုတ်ကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဒီနေရာမှာ လူသစ်ခေါ်သေးလား။"

"ခေါ်သေးတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ထိုသူသည် သူ၏လက်နှစ်ဖက်အား စားပွဲပေါ်တင်၍ မောကြီးပန်းကြီးဖြင့် ပြောလိုက်သည်။ "ကျွန်တော် သံမဏိအရိုးဂိုဏ်းထဲ ဝင်ချင်လို့ပါ။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေ့စေ့အား အသာပွတ်သပ်၍ ထိုလူငယ်အား ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "မင်းရဲ့ ခန္ဓာကိုယ်က မဆိုးဘူးပဲ။ဒါပေမဲ့ တောင်ပေါ်တက်လာတာကို ဘာလို ဒီလောက် မောကြီးပန်းကြီး ဖြစ်နေရတာလဲ။"

"ကျွန်တော် …. ကျွန်တော်။"

ထိုလူသည် အသက်ကို ပြင်းပြင်းရှူ၍ ပြောလိုက်သည်။ "ဟူရန်မြို့ကနေ ဒီကို တောက်လျှောက်ပြေးလာတာပါ။"

ကျွင်းချောင်ရှောင်း တုန်လှုပ်သွားမိ၏။

သံမဏိအရိုးဂိုဏ်းသည် ဟူရန်မြိုနှင့် မီတာရာပေါင်းများစွာ ဝေးကွာသောနေရာတွင်ရှိသည်။

လမ်းတစ်လျှောက် တစ်ခါတည်း ပြေးလာသည်ဆိုသည်မှာ ခန္ဓာကိုယ် အလွန်အမင်း အားကောင်းမှ ဖြစ်မည်။

"နာမည် - ရန်ယုဟွာ။"

သူသည် ဗလခပ်တောင့်တောင့်နှင့်ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်သော်လည်း နာမည်မှာ ကျက်သရေရှိ၍ နူးညံ့သည့်ပုံ ပေါ်နေ၏။

“အသက်-ဆယ့်ငါးနှစ်။”

ကျွင်းချောင်ရှောင်းသည် ခေါင်းမော့၍ ထိုသူ၏ ခန္ဓာကိုယ်အား ခေါင်းအစကိုယ်အဆုံး ကြည့်လိုက်၏။ ပြီးနောက် လေးထောင့်ကျလှသော မျက်နှာအား ကြည့်ကာ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "မင်းက အသက်ဆယ့်ငါးနှစ်ပဲရှိသေးတာလား။"

ရန်ယုဟွာသည် ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်။ အိုတဲ့ပုံစံပေါက်နေလို့လား။"

"မင်းက အိုတဲ့ပုံစံမပေါက်ဘူး။ တော်တော် ဟောင်းတဲ့ပုံစံတောင် ပေါက်နေပြီ။"

“အဆင့်”

ရန်ယုဟွာ အသာပြောလိုက်သည်။

“စွမ်းအင်ဖွင့်ခြင်း အဆင့်သုံး။”

သူသည် ခန္ဓာကိုယ်ထားကြိုင်းလှသည် လမ်းတွင် တစ်ချက်ကလေးမှ မနားဘဲ သံမဏိအရိုးဂိုဏ်းရှိရာသို့ ပြေးလာခဲ့၏။

သို့ပေမဲ့ စွမ်းအင်ဖွင့်ခြင်းသုံးသာ ရှိနေသည်။ ကြည့်ရသည်မှာ ခန္ဓာကိုယ်သည် အလွန်အမင်း အားကောင်းလှပြီး စိတ်ဝိညာဉ်အမြစ်သည် အားနည်းပုံပေါ်သည်။

"အစ်ကိုကြီး ကျွန်တော် ဂိုဏ်းထဲဝင်လို့ရလား။" ရန်ယုဟွာသည် အားပျော့စွာဖြင့် ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်တံဆိပ်အား အသာထုနှက်ကာ တံခါးဆီသို့ ညွှန်ပြလိုက်သည်။ "ဒီဖောင်ကို ယူသွားပြီး အထဲကို ဝင်လိုက် ။ လူရောက်လာပြီး မင်းကို အရာအားလုံး စီစဉ်ပေးလိမ့်မယ်။"

[ဒင်။

ဂိုဏ်းသား ၁၀၄/၅၀၀

ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၃၀၃/၅၀၀]

ရန်ယုဟွာသည် ဝင်ခွင့်ဖောင်အား ယူဆောင်၍ ဂိုဏ်းအတွင်းသို့ ဝင်သွားသည်။ ပြီးနောက် သူသည် ပြန်လှည့်လာပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။"

"ကောင်လေး …"

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် စည်းတံဆိပ်တုံးကို ကိုင်ထားတဲ့ဟာကို မင်းငါ့ကို ဘာလို့ အစ်ကိုကြီးလို့ ခေါ်နေတာလဲ။"

“ဟမ်။”

ရန်ယုဟွာသည် ချက်ချင်းပဲ မြန်မြန်ဆန်ဆန် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် အစ်ကို … အဲ …. ဂိုဏ်း …ဂိုဏ်းချုပ်။"

မကြာခင်မှာပဲ တခြားသူများသည် ထပ်ရောက်လာပြီး စာရင်းပေးသွင်းကြ၏။

ကျွင်းချောင်ရှောင်းသည် ထိုသူများ၏ အခြေအနေအားမူတည်၍ ဂိုဏ်းအတွင်း လက်ခံသင့် ၊ လက်မသင့်ဟူသည်ကို ဆုံးဖြတ်ချက် ခဲ့သည်။

ယနေ့မှာတော့ လုံကျိရန်နှင့် ရန်ယုဟွာတို့အပြင် လူဆယ်ယောက်လောက်ကျော်တို့သည် စာရင်းလာပေးသည်။ သို့ပေမဲ့ ဂိုဏ်းသည် တပည့်ငါးယောက်ကိုသာ လက်ခံခဲ့၏။

ကျန်သည့်ငါးယောက်လုံးကို လက်မခံခဲ့ချေ။ သူသည် တပည့်အဖြစ် လက်မခံလိုခြင်း မဟုတ်ပေ။

သို့ပေမဲ့ တစ်ချို့သော သူများသည် ဆိုးဆိုးဝါးဝါး အခြေအနေနှင့် ရောက်ရှိလာခြင်း ဖြစ်၏။

ဥပမာအားဖြင့် တစ်ယောက်ဆိုလျှင် အသက် ခုနစ်ဆယ် ၊ရှစ်ဆယ်လောက်ရှိသော အဘိုးအို တစ်ယောက်ဖြစ်နေ၏။ ဂိုဏ်းသားအဖြစ် ခေါ်ယူပြီး ဘာလုပ်ရမည်နည်း။ ညတိုင်းဦးချ အိပ်ရန်သာ ရှိတော့သည်။

“ဟင်း ….လီချင်းယန်ပြောတာ မှန်လိမ့်မယ်။ဂိုဏ်းက လက်ရှိမှာ အခက်အခဲတွေကြားထဲမှာ ရှိနေတယ်။ ဒါကြောင့် ဒီဂိုဏ်းထဲကို ဝင်ရဲတဲ့ သိုင်းပညာရှင်က တော်တော်နည်းတာပဲ။"

ဆယ်ရက်လောက် ကြာပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် တပည့် လေးဆယ့်ခြောက်ယောက် ကိုသာ လက်ခံနိုင်ခဲ့၏။

ကျွင်းချောင်းရှောင်းသည် ဂိုဏ်း၏ ကိစ္စဝိစ္စများကို လီချင်းယန်ဆီ လွှဲအပ်သွားပြီး စုချောင်မို၊ ထန်းချီနှင့် လီဖေးတို့အား ခေါ်၍ လေ့ကျင့်ရေးခန်းမဆီသို့ ဝင်လိုက်၏။

"မင်းတို့ရဲ့ လေ့ကျင့်ရေးနဲ့ စိတ်နေစိတ်ထားကို သဘောကျတယ်။ ဒါ့ကြောင့် မင်းတို့ကို အခု ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်းပေးမယ်။"

"ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည် ဟုတ်လား။" စုချောင်မိုသည် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ် အဲ့ဒါက ဘာလဲ။"

"ဒါကို သောက်ပြီးသွားရင် မင်းတိုရဲ့ မူလစိတ်ဝိညာဉ်အမြစ်က အဆင့်တစ်ဆင့်ကို တိုးသွားလိမ့်မယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူသည် သာမန်ကာလျှံကာ ပြောလိုက်သည်ဆိုသော်လည်း တပည့်များသုံးယောက်သည် သူ၏ စကားကို ကြားချိန်မှာတော့ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးထွက်သွားကြ၏။

စုချောင်မို၏ စိတ်ဝိညာဉ်အမြစ်သည် သာမန်ဖြစ်၏။ သူ၏ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်သည် သာမန်အဆင့် ဆေးရည်ဖြစ်၏။

ထန်းချီနှင့် လီဖေးတို့ မှာတော့ အဆင့်နိမ့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို အသုံးပြုရမည် ဖြစ်သည်။

သုံးယောက်သား အခန်းဆီသို့ ပြန်သွားပြီးသည့်နောက် ရတနာတစ်ခုကို ရရှိလိုက်သကဲ့သို့ ခုန်ပေါက်ကခုန်လျက်ရှိကြသည်။ သူတို့သည် ဆေးရည်အား သေသေချာချာ သောက်ကြည့်လိုက်၏။

သူတို့၏ စိတ်ဝိညာဉ်အမြစ် တိုးတက်လာရုံတင် မဟုတ်ဘဲ သူတို့၏ ကျင့်ကြံခြင်းသည်လည်း တိုးတက်သွားခဲ့သည်။

သူတို့သည် သိုင်းတပည့် ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားတော့သည်။

"ဒါက ဆန်းကျယ်လွန်းတယ်။" အားလုံးသည် ပျော်ရွှင်သွားကြ၏။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သူတို့အတွက် ဂိုဏ်းစုဆောင်းမှတ် ၁၅၀ကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ၁၈၅ မှတ်သာ ကျန်ရှိတော့၏။

စနစ်မှ ပြောလိုက်သည်။ "ဂိုဏ်းစုဆောင်းမှတ်တွေကို တပည့်တွေအတွက် အသုံးပြုတယ်ဆိုတာ နည်းနည်း ဖြုန်းတီးသလို ဖြစ်နေသည်။"

ကျွင်းချောင်ရှောင်းသည် မျက်စိတွေ ချာချာလည်သွား၏။ ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "စိတ်ဝိညာဉ်စမ်းချောင်းတောင် မှာတုန်းက သူတို့အားလုံးက နတ်စမ်းချောင်းဂိုဏ်းကို မကြောက်လန့်ခဲ့ကြဘူး။ ဒီလိုမျိုး သေမှာမကြောက်ဘဲ သတ္တိရှိတဲ့တပည့်တွေအတွက် ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုပေးတယ် ဆိုတာ ထိုက်တန်တယ်လို့ ဆိုရမယ်။ ဒီအတွက် ငါ လုံးဝ နှမျောမှာ မဟုတ်ဘူး။"

All Chapters