← Chapters

အခန်း (၁၂၅)

Vol. 9 Ch. 125

အခန်း (၁၂၅)

Vol. 9 Ch. 125

ရီရှင်းချန်သည် သူ၏ စိတ်ဝိညာဉ်အမြစ် အရည်အသွေးအား ဖုံးကွယ်ထားရန် စဉ်းစားခဲ့သည်။ ထို့အပြင် ထိုက်ရွှမ် ကျင့်စဉ်သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် နှစ်ခုထဲမှ တစ်ခုပင် ဖြစ်၏။

တခြားသော လျှို့ဝှက်ချက်မှာ သူပြန်လည်၍ ဝိညာဉ်ကူးပြောင်းလာခြင်း ဖြစ်သည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အမှန်ကို ပြောရသည်မှလွဲ၍ တခြား ရွေးချယ်ခွင့် မရှိပေ။ သူသာ အဆင့်နိမ့် ဆေးရည်ကို ရမည် ဆိုလျှင် သူ၏ စိတ်ဝိညာဉ်အမြစ်အတွက် အသုံးဝင်မည် မဟုတ်ပေ။

ထိုက်ရွှမ်ကျင့်စဉ်ကို ပိုမိုနားလည်အောင် လေ့လာကျင့်ကြံနိုင်မည် ဆိုလျှင် စိတ်ဝိညာဉ်အမြစ်သည် ပိုမို၍ အားကောင်းလာလိမ့်မည်။ သို့ပေမဲ့ အချိန်ကာလ တစ်ခုတော့ ကြာနိုင်သေး၏။ ရီရှင်းချန်သည် ဖြစ်နိုင်သမျှ အမြန်ဆုံး သူ၏ စိတ်ဝိညာဉ်အမြစ်ကို အဆင့်တိုးတက်ချင်မိသည်။

ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ သေမျိုးအဆင့် စိတ်ဝိညာဉ်ရှိတယ် ဆိုတောာ့ င့ါရဲ့ ဂိုဏ်းစုဆောင်းမှတ် တွေ ထပ်ကုန်တာပေါ့ကွာ။

“ရော့ … ယူလိုက်”

သူ သေမျိုးအဆင့် သာမာန် စိတ်ဝိညာဉ်အမြစ်အတွက် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်အား ကစ်ပေးလိုက်သည်။

ရီရှင်းချန်သည် အသာဖမ်းယူပြီးနောက် သတိအပြည့်နှင့် မေးလိုက်သည် “ဂိုဏ်းချုပ် .. ဒီဆေးကို သောက်ပြီးရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်မလား။”

ဤမေးခွန်းသည် အလွန်ပဲ မေးထိုက်သည့် မေးခွန်းဖြစ်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် အား တိုးစေနိုင်သော ဆေးလုံးရှိသည် ဆိုလျှင် တစ်သက်လုံး ဆေးသောက်၍သာ အဆင့်တိုးအောင် ပြုလုပ်နေပေလိမ့်မည်

မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်စေချင်သည် ဆိုလျှင် အားကောင်းလှသော ဆေးလုံးများကို သောက်ရန်တော့ လိုအပ်သည်။ မဟုတ်လျှင် ကျင့်ကြံခြင်းအမြန်နှုန်းမှာ အလွန်တရာ နှေးကွေးလှ၏။

ကျွင်းချောင်ရောင်း ပြောလိုက်သည် “စိတ်ပူနေရင်လည်း မသောက်နဲ့တော့လေ။ ပြန်ပေး …”

ရီရှင်းချန်သည် ဘာတစ်ခုမှ ပြန်မပြောပေ။ လေ့ကျင့်ရေး ခန်းမဆီမှ လျှောက်ထွက်သွားပြီး သူ၏ အိပ်ခန်းဆီ ပြန်လိုက်သည်။ ပြီးနောက် တံခါးပိတ်က လက်ထဲရှိ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်အား သေချာ ကြည့်လိုက်၏။

သူ သောက်ရမလား၊ မသောက်ရမလား ဇဝေဇဝါ ဖြစ်မိနေသည်။

“ရီရှင်းချန် … ရီရှင်းချန် … မင်းဆီမှာ ထိုက်ရွမ်ကျင့်စဉ် ရှိနေတာတောင်မှ ပင်ကိုယ်စွမ်းရည် ပြောင်းလဲစေတဲ့ ဆေးလုံးကို သောက်ဖို့ စဉ်းစားနေပြီလား။…”

တီးတိုးရေရွတ်ပြီးနောက် ပုလင်းကို ဖွင့်ကာ မော့သောက်လိုက်တော့၏။

ဝှစ် .. ဝှစ် … ။

ဆေးရည်တွေသည် သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးသည့်နောက် သူ၏ မရီဒန် ၊ သွေး၊ ကြွက်သား နှင့် ခန္ဓာကိုယ် အရေပြား တစ်ထောက်ချင်းစီတိုင်းသည် တိုးတက်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်အမြစ်သည် သာမာန်အဆင့်မှ အလယ်အလတ် အဆင့်သို့ ရောက်ရှိသွားတော့သည်။

သူသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်တွင် ရှိနေသည်မို့ စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး တိုးတက်ပြီးနောက်တွင် အဆင့်မတက်ခဲ့ပေ။ သူ့အနေနှင့် စွမ်းအင်ဖွင့်ခြင်း အဆင့် ဆယ့်နှစ်ကို ကျော်ဖြတ်ရန် ဒန်ထျန်တွင်း၌ ချီလေပွေ တစ်ခုကို ဖန်တီးရမည် မဟုတ်လား။

ရီရှင်းချန် တုန်လှုပ်စွာဖြင့် ပြောလိုက်၏ “မယုံနိုင်စရာပဲ”

ထိုက်ရွှမ်ကျင့်စဉ်သည် တစ်စုံတစ်ယောက်၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်ကို တိုးတက်လာစေနိုင်သာည်။ အဘယ့်ကြောင့် ဆိုသော် နတ်ဘုရားအဆင့်ထက် ကျော်လွန်သည့် ကျင့်စဉ် တစ်ခု ဖြစ်နေသောကြောင့်ပင်။ ယခု ဆေးလုံးတစ်ပုလင်းသည် စိတ်ဝိညာဉ်အမြစ်ကို တိုးတက်သွားစေခဲ့သည်။ ထိုအရာသည် သူ၏ ဆေးပညာ ဗဟုသုတဘောင်အတွင်းတွင် မရှိတော့ချေ။

“အထက်နယ်မြေတွေရဲ့ မိုးကောင်းကင်ဆေး များလား။” ရီရှင်းချန် ခန့်မှန်းလိုက်၏။

အထက်နယ်မြေ ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပိုမို မြင့်မားသော တည်ရှိမှု တစ်ခုဖြစ်ပြီး သိုင်းအင်ပါယာ နှင့် တည်နေရာကို ဖြတ်သန်းသွားလာနိုင်သော ကျွမ်းကျင်သူတွေသာ သွားနိုင်သည်။

ပိုမိုကျယ်ဝန်းပြီး အဆင့်မြင့်သော လောက ကမ္ဘာတစ်ခု ဖြစ်ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးအဆင့်တွင်ရှိသော သူပင်လျှင် ထိုကမ္ဘာ၌ ပုရွက်ဆိတ် တစ်ကောင်သာသာ ဖြစ်၏။

သို့ပေမဲ့ ရီရှင်းချန် သည် ထိုနေရာသို့ သွားနိုင်ရန် မျှော်လင့်နေတုန်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် အထက်နယ်မြေတွင် မသေမျိုး၏ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ ပြောကြခြင်းကြောင့်ပင်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး နှင့် တခြားသော ကျင့်ကြံခြင်း ကမ္ဘာများ၏ လူ့သက်တမ်းသည် အလွန်ရှည်လျားသည်။ သို့ပေမဲ့ မီးစာကုန် ဆီခမ်းသော အချိန်ရောက်လာမှာ သေချာသည်။ ထို့ကြောင်္ငံ့ ထာဝရအသက်ရှင်သန်ခြင်းကို မျှော်လင့်တောင်တကြသည်မှာ မဆန်းပေ။

ရီရှင်းချန်သည် တည်ငြိမ်စွာ ပြောလိုက်သည် “အထက်နယ်မြေ ရဲ့ အင်မော်တယ် ဆေးဆိုရင် တပည့်တွေကို လက်လွတ်စံပယ် ပစ်ပေးနေတဲ့ အဲဒီ ကျွင်းချောင်ရှောင်း ဆိုသူက ပိုပြီး မဆန်းကြယ်နေဘူးလား”

သူသည် သူ၏ ဂိုဏ်းချုပ်အား ဘယ်တုန်းကမှ အထင်မကြီးခဲ့ချေ။ သို့ပေမဲ့ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို သောက်ပြီး နောက်မှာတော့ အနည်းငယ်သော ခံစားချက်တွေ ရှိလာ၏။

……..

တိုက်ဆိုင်စွာနှင့် ကျွင်းချောင်ရှောင်းသည်လည်း သူ၏ အခန်းထဲတွင် ရီရှင်းချန် အကြောင်း စဉ်းစားခန်းဖွင့်နေသည်။ သူတွေးလိုက်မိသည်။ သူက သာမာန်စိတ်ဝိညာဉ်အမြစ်ရှိတာကို ဖုံးကွယ်ထားတယ် ဟုတ်လား။ ငါ .. သူ့ရဲ့ ဂိုဏ်းချုပ်ကို ငပေါလို့ ဒီကောင်ထင်နေတာလား။

“ယွမ်ဖန် .. မင်း ဘယ်လိုထင်လဲ”

စနစ်သည် ခဏလောက် ငြိမ်သက်သွားပြီး ပြောလိုက်သည် “အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် ကို သာမာန် စိတ်ဝိညာဉ်အမြစ် ဖြစ်အောင် အချိန်တိုအတွင်း လုပ်နိုင်သည် ဆိုခြင်းမှာ မသင်္ကာစရာ ကောင်းလှသည်။”

“ဟုတ်တယ်” ကျွင်းချောင်ရှောင်း ထောက်ခံလိုက်သည်။

စနစ်မှ ပြောလိုက်၏ “ကြယ်ကြွေကုန်းမြေတိုက်ကြီး အကြောင်း လေ့လာချက်များအရဆိုလျှင် ဤကမ္ဘာတွင် စိတ်ဝိညာဉ်အမြစ်အား အဆင့်တက်အောင် လုပ်နိုင်သည့်အရာ မရှိချေ။ တစ်ခုမှ လွဲလျှင် ….”

“ဘာလဲ”

“နတ်ဘုရားအဆင့်နှင့် အထက် ကျင့်ကြံခြင်း နည်းစနစ်…”

“နတ်ဘုရားအဆင့်က ဒီကမ္ဘာမှာ အမြင့်ဆုံး မဟုတ်ဘူးလား” ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

စနစ်မှ ပြောလိုက်သည် “ကြယ်ကြွေကုန်းမြေတိုက်ကြီး တွင် ကျင့်ကြံခြင်း နည်းစနစ်တွေ အများအပြား ရှိသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှာ နောက်ပိုင်းမျိုးဆက်တွေသည် ကျင့်ကြံခြင်းအဆင့်အား ခွဲခြားလိုက် သည်။ သို့ပေမဲ့ ထိုစာရင်းတွင် မပါဝင်ခဲ့သော ကျင့်ကြံခြင်း နည်းစနစ်များလည်း ရှိသည်။”

“ဥပမာ တစ်ခုပြော ..” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ပြောလိုက်သည် “လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းလောက်က ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပေါ်လာခဲသည်။ သူ့အား ထိုက်ရွှမ် အဘိုးအို ဟု ခေါ်ဆိုသည်။ သူသည် တုနှိုင်းမဲ့ ရတနာဟု သတ်မှတ်သော ကျင့်ကြံခြင်း နည်းစနစ် နှစ်ခုကို ဖန်တီးခဲ့သည်။ တစ်ခုမှာ ထိုက်ရွှမ် အအေး နှလုံးသားနည်းစနစ် ဖြစ်ပြီး တစ်ခုမှာ ထိုက်ရွှမ်ကျင့်စဉ်ဖြစ်သည်။”

“နာမည်တွေက ဆန်းတာပဲ ….” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

စနစ်မှ ပြောလိုက်၏ “လွန်ခဲ့သော နှစ်တစ်သောင်းလောက်က ကံကောင်းလွန်းသော လူတစ်ယောက်သည် ထိုက်ရွှမ် အအေးနှလုံးသား နည်းစနစ်၏ အစိတ်အပိုင်း တစ်ခုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထို တစိတ်တပိုင်းသော နည်းစနစ် အား အောင်မြင်အောင် ကျင့်ကြံရင်း သိုင်းအင်ပါယာ တစ်ယောက် ဖြစ်ခဲ့သည်။ ပြီးနောက် လက်ရှိ အဆင့်တစ် ဂိုဏ်းတစ်ခု ဖြစ်နေပြီ ဖြစ်သော အထွတ်အထိပ် နတ်ဂိုဏ်းအား တည်ထောင်ခဲ့သည်။”

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားမိသည် “ကျင့်ကြံခြင်းနည်းစနစ် ရဲ့ အစိတ်အပိုင်းလေးကို ရခဲ့တာတောင်မှ ပထမအဆင့် ဂိုဏ်းတစ်ခု တည်ထောင်နိုင်တယ် ဟုတ်လား။ တကယ့်ကို အံသြစရာပဲ”

စနစ်မှ ပြောလိုက်သည် “ထိုက်ရွှမ်အဘိုးအိုသည် ဒဏ္ဍာရီလာ ပုဂ္ဂိုဟ်တစ်ယောက် ဖြစ်သည်။ သူ ဖန်တီးခဲ့သော ထိုက်ရွှမ် အအေးနှလုံးသား နည်းစနစ် နှင့် ထိုက်ရွှမ်ကျင့်စဉ်သည် နတ်ဘုရားအဆင့် အထက်တွင် ရှိနေသည်။”

“ထိုက်ရွှမ်အအေးနှလုံးသား နည်းစနစ်ကို ရှာတွေ့ခဲ့တယ် ဆိုပေမဲ့ ထိုက်ရွှမ်ကျင့်စဉ်က ပျောက်နေတာပဲ။ ငါ တောင် ရှာကြည့်ချင်မိတယ်” ကျွင်းချောင်ရှောင်း သူ၏ ဂုတ်ပိုးအား ပွတ်သပ်ပြီး ရယ်ကျဲကျဲ ပြောလိုက်၏။

စနစ်သည် သူ့အား ရင်နာအောင် ပြောလိုက်သည် “ဒီလို ကျင့်ကြံခြင်းနည်းစနစ်မျိုးဆိုတာ ဝတ္တုထဲက အဓိက ဇာတ်ကောင်တွေသာ ရှာတွေ့ကြသည်။ လက်ခံသူ အနေနှင့် စဉ်းစားရန် မလိုချေ။ မိမိဘာသာ စနစ်ကို အားကိုးသင့်သည်။”

“ဟုတ်တာပဲ ….”

ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းနည်းစနစ် အား ရှာဖွေကြည့်မည့် အကြံအစည်အား ဖယ်ရှားလိုက်သည် “ရီရှင်းချန်ရဲ့ စိတ်ဝိညာဉ်အမြစ်က တိုးတက်သွားခဲ့သည်။ ဒီတော့ သူက နတ်ဘုရားအဆင့်နဲ့ အထက် ကျင့်ကြံခြင်း နည်းစနစ်ကို လေ့ကျင့်တာကြောင့် ဖြစ်ရမယ်”

“ဖြစ်နိုင်ချေများသည်” စနစ်သည် တစ်ရာ ရာခိုင်နှုန်း မသေချာသလို ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့အား ပွတ်သပ်ကာ ပြောလိုက်သည် “ဒီခန့်မှန်းချက် အမှန်ဆိုရင် သူ့က တုနှိုင်းမဲ့ ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို ရထားတာပဲ။ ဒါဆို ဝတ္တုထဲက အဓိက ဇာတ်ကောင်ပေါ့”

တစ်ယောက်သည် ပါရမီရှင် အဖြစ်မှ အမှိုက်ဖြစ်သွားသည်။ တစ်ယောက်မှ မည်သူမှ မရနိုင်သော ကျင့်ကြံခြင်း နည်းစနစ်အား ရရှိခဲ့သည်။

အိုက်ယား .. ငါ့ရဲ့ ဂိုဏ်းထဲမှာ အဓိက ဇာတ်ကောင်တွေ ပြည့်နေတာပဲ။ ဒီလိုလူတွေကို လေ့ကျင့်ပေးရတာ တကယ့်ကို သိမ်ငယ်စေတယ်။

စနစ်မှ ပြောလိုက်၏ “လက်ခံသူ အနေဖြင့် ရီရှင်းချန် အား လှည့်စား၍ ကျင့်ကြံခြင်းနည်းစနစ်ကို ရယူ၍ ရသည်။ ထိုသို့ ဆိုလျှင် လက်ခံသူ လေ့ကျင့်၍ ရမည်။”

ကျွင်းချောင်ရှောင်း ပခုံးတွန့်ကာ ပြောလိုက်သည် “မင်းပဲ စောနတုန်းက စနစ်ကိုသာ အားကိုးဆို။ တခြားသူ ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ဘာလို့ ငါ က သင်ယူရမှာလဲ”

“ဒါ .. ဒါက …” စနစ် ဆွံ့အသွားသည်။

ကျွင်းချောင်ရှောင်းသည် ရီရှင်းချန် အား မလှည့်စားချင်ပေ။ အဓိက အကြောင်းအရင်းမှာ ရီရှင်းချန် တွင် တုနှိုင်းမဲ့ ကျင့်ကြံခြင်း နည်းစနစ် ရှိသည် ဆိုလျှင်ပင် သူ ထုတ်ပြောမှာ မဟုတ်တော့ကြောင့်ပင်။

သူသိရှိကြောင်း ရီရှင်းချန် သိသွားပါက သူ့အား ပိုမို၍သတိနှင့် ဆက်ဆံပေလိမ့်မည်။ ကျင့်ကြံခြင်း နည်းစနစ် လုယူခံရမည် စိုးသောကြောင့် ဂိုဏ်းမှ ပင် ထွက်ပြေးသွားနိုင်၏။ ထိုသို့ဆိုလျှင် ရရှိသည်ထက် ဆုံးရှုံးသည်က ပိုများ လိမ့်မည်။

ထို့အပြင် စနစ် တွင် ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ပစ္စည်းများ ရှိနေသည်။ အဘယ့်ကြောင့် ကြောင်တောင်တောင်နှင့် တခြားသူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို သူ စိတ်ဝင်စားရမည်နည်း။

……..

ညသည် တာရှည်လွန်းသည် ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း အိပ်ချင်စိတ်မရှိချေ။

သူ ကျင့်ကြံနေရာကနေ ရပ်တန့်ပြီး တီးတိုး ရေရွတ်လိုက်သည် “စတိုးကို refresh လုပ်ကြည့်ပြီး ကောင်းတာလေး တစ်ခုခု ရှာတွေ့ဖို့ မျှော်လင့်ရမယ်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၂၂၀ / ၅၀၀”

Refresh လုပ်ပြီး နောက်မှာတော့ ပစ္စည်းသစ်များ ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် တစ်ခုချင်းစီ အား သေချာကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးအကြည့်များသည် နေကာ မျက်မှန်တစ်ခုဆီ ရောက်ရှိသွား၏။

သူ အသေးစိတ်အား ဝင်ဖတ်ကြည့်လိုက်သည်။

ပစ္စည်း - တောက်ပအလင်း နေကာမှန်…။

အစွမ်သက်ရောက်မှု - ဝတ်ဆင်ထားမည်ဆိုလျှင် ပစ်မှတ်၏ စိတ်ဝိညာဉ်အမြစ် ၊ ကျင့်ကြံခြင်းအဆင့် ၊ အားအင်၊ လက်နက်၊ အကာအကွယ် စသော အရာများအား မြင်နိုင်သည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၅၀။

မှတ်ချက် - ဤမျက်မှန်အား လက်ခံသူသာလျှင် အသုံးပြုနိုင်သည်။ လက်ခံသူ၏ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်၍ အားကောင်းလှသော ကျင့်ကြံသူများ၏ အချက်အလက်များကို ကြည့်ရှုမရနိုင်။

ကျွင်းချောင်ရှောင်း ပျော်သွားသည် “မိုက်တယ်ဟ”

စနစ်သည် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်အား သိရှိနိုင်သော်လည်း စိတ်ဝိညာဉ်အမြစ် ၊ လက်နက် နှင့် အကာအကွယ် ပစ္စည်းများအကြောင်းမသိရှိပေ။

“ဝယ်မယ်. …”

သူ ချက်ချင်း ဝယ်ယူမည့် ခလုတ်အား နှိပ်လိုက်တော့၏။

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အား အသုံးပြု၍ တောက်ပအလင်း နေကာမှန်အား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီး ဖြစ်သည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၁၇၀ / ၅၀၀”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ မျက်မှန်အား တပ်ရန် ထုတ်ယူလိုက်သည်။ သို့ပေမဲ့ သူ၏ နားထဲတွင် အသံတစ်ခု ပေါ်လာ၏။

“ဒင် .. သီခြားတာဝန် အသက်ဝင်”

တာဝန်လား။

သူ စနစ်အား ဖွင့်ကြည့်လိုက်၏ “လုပ်ကြံသတ်ဖြတ်သူ အား သတ်ရန် (ဝ/၅)”

တောက် ..

မိုးဆွေအဆောက်အဦ သည် အလျော့မပေးသေးချေ။ လုပ်ကြံသူများအား ထပ်မံစေလွှတ်နေ၏။

ဒိုင်း ..

ဤအချိန်မှာပဲ မျှော်စင်ပေါ်တွင် ရှိနေသော ရှောင်ကျီဆီမှ စနိုက်ပါ ပစ်သံ ထွက်ပေါ်လာသည်။

“ဒင် .. လုပ်ကြံသူအား သတ်ဖြတ်ခြင်း (၁/၅)”

သတိပေးသံ ပေါ်လာလာချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် မျှော်စင်ပေါ်တက်လိုက်သည် ။ပြီးနောက် ပြောလိုက်၏ “နောက်ထပ် လေးယောက်က ဘယ်မှာလဲ”

“အားလုံး ကျောက်တုံးနောက်မှာ” ရှောင်ကျီ ပြောလိုက်၏။

လုပ်ကြံသတ်ဖြတ်သူလေးယောက်တို့သည် ကျောက်တုံးကြီးနောက်တွင် ပုန်းအောင်းပြီး ခေါင်းပင် မဖော်ရဲချေ။ အထူးသဖြင့် သေဆုံးနေပြီဖြစ်သော သူတို့အဖော်၏ အလောင်းကို မြင်ချိန်မှာတော့ သူတို့၏ ကျောရိုးတွေ တစ်ခုလုံး စိမ့်ချမ်းတက်ကာ ဒူးတွေပင် ခွေချင်လာမိကြသည်။

All Chapters