← Chapters

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း (၁၂၈)

Vol. 9 Ch. 128

"ရှပ် ရှပ် ရှပ်"

တောနက်ထဲမှာတော့ စစ်အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ရှောင်ကျီသည် ကျောက်တုံးပုံထဲမှ ခုန်ထွက်လိုက်၏။

သူသည် နောက်ထပ် သေနတ်တစ်ချက်ပစ်လိုက်ချိန်မှာတော့ မိုးဆွေအဆောက်အဦ ၏ လုပ်ကြံသတ်ဖြတ်သူတစ်ယောာက်သည် ချက်ချင်းပဲ သေဆုံးသွားတော့သည်။

ရှောင်ကျီသည် ဝိညာဉ်တစ်ကောင်ကဲ့သို ဖြစ်နေပြီး သူ့အား ရှာဖွေရန် ခက်ခဲလှ၏။

အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော ကျွင်းချောင်ရှောင်းသည် တစ်ချက်လေးမှ မလှုပ်ရှားချေ။ သူ့အထင်အရဆိုလျှင် ဤသို့သော သဘာဝပတ်ဝန်းကျင်မျိုးသည် ရှောင်ကျီအား လေ့ကျင့်ပေးရန် အကောင်းဆုံး အခွင့်အရေးဖြစ်နေသည်။

သေနတ်သံတဒိုင်းဒိုင်း ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ မိုးဆွေအဆောက်အဦ ၏ လူခြောက်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်၏။

ထိုအရာသည် မိုးဆွေအဆောက်အဦးတစ်ခုလုံးကို ဒေါသအလွန်ထွက်စေသည်။ အဆောက်အဦ အတွင်းမှနေ၍ လုပ်ကြံသတ်ဖြတ်သူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။ အားလုံးသည် အယောက် သုံးဆယ်မှ ငါးဆယ်နီးပါးခန့်ပင် ရှိလိမ့်မည်။

ထိုသူများထဲတွင် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူများလည်း ပါဝင်လျက်ရှိသည်။

သူတို့အား ခြုံခိုတိုက်ခိုက်လျက်ရှိသောလူသည် လက်နက်ပုန်းတစ်မျိုးကို အသုံးပြုနေပြီး အမှောင်ထဲတွင် ပုန်းအောင်းနေသည်ကို သူတို့ အတပ်သိကြ၏။

ထို့ကြောင့် ရှာဖွေရာတွင် သူတို့သည် ညီညီညာညာဖြင့် ထောင့်စေ့အောင် ရှာဖွေလျက်ရှိသည်။ သို့ပေမဲ့ အသုံးမဝင်လှချေ။

သူတို့သည် ရှောင်ကျီအနားသို ကပ်ရန် စဉ်းစားမိချိန်မှာတော့ ရွှေရောင်အဆင့် လုပ်ကြံသတ်ဖြတ်သူသည် ကျယ်လောင်လှသော အသံတစ်ခုကို ကြားလိုက်ရ၏။

ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ၏ရင်ဘတ်တွင်းသို့ လက်နက်တစ်ခုသည် ဖောက်ဝင်သွားတော့ သည်။

စနိုက်ပါရိုင်ဖယ်၏ ပစ်ချက်သည် အလွန်အမင်း ကြမ်းတမ်းလှ၏။

ကျွင်းချောင်ရှောင်း ခဏလောက်တွေးလိုက်သည်။ "ဒါမျိုး ပစ်နိုင်တဲ့လူ သုံးလေးယောက်လောက်ရှိရင် ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ။"

"ဒိုင်း …. ဒိုင်း"

တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် သေနတ်ဆယ်ချက် ပစ်လွှတ်လိုက်ပြီဖြစ်ပြီး လူဆယ့်တစ်ယောက်အား သတ်ဖြတ်ပြီး ဖြစ်သည်။ တစ်ချက်ကလေးမှ မလွဲချော်ခဲ့ပေ။

သို့ပေမဲ့ စနိုက်ပါရိုင်ဖယ်၏ အားနည်းချက်မှာ အလွန်အမင်း အသံကျယ်လောင်လှခြင်းဖြစ်သည်။

သေနတ်တစ်ချက်ပစ်ပြီးသည့်နောက်တွင် နေရာတစ်ခုအား ပြောင်းလဲနေရ၏။

သူသာ တည်နေရာတစ်ခုထဲတွင် ရပ်တန့်နေမည် ဆိုပါက ကျိန်းသေပေါက် ရှာဖွေတွေ့ရှိသွားနိုင်သည်။

တောနက်ထဲတွင် ရီရှင်းချန် နှင့် အတူ လေ့ကျင့်ပြီးသည့်နောက် သူသည် တောနက်အတွင်း၌ တိုက်ခိုက်ခြင်းကို ပိုမို၍ အသားကျလာခဲ့သည်။

တစ်ချို့သောအချိန်များတွင် ခြုံပုတ်ထဲတွင် မှောက်လျက် ပုန်းအောင်းလျက်ရှိသောကြောင့် လုပ်ကြံသတ်ဖြတ်သူများအနေဖြင့် သူ့အား ရှာဖွေတွေ့ရှိရန် ခက်ခဲလှ၏။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "စနိုက်ပါရိုင်ဖယ်ရဲ့အားအင်က မဆိုးဘူး။ဒါပေမဲ့ အသံကျယ်လွန်းတယ်။ အသံတိတ် ခေါင်းတွေဘာတွေ တပ်နိုင်ရင် ပိုကောင်းမယ်။"

"ကျွီ" ရှောင်ကျီသည် သစ်ကိုင်းတစ်ခုပေါ်သို့ တက်ထိုင်လိုက်၏။

သူသည် လက်ထဲတွင်ရှိသော သလင်းအမြုတေတစ်ခုအား စွမ်းအင်များ ထုတ်ယူပြီး သေနတ်ကျည်ဆံ ဖြည့်ဆည်းလိုက်၏။ သူ၏လှုပ်ရှားမှုများသည် အလွန်အမင်း ကျွမ်းကျင်လှသည်။

"သစ်ပင်ပေါ်မှာ တစ်ယောက်ရှိတယ်။"

ရွှေရောင်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် ချက်ချင်းဆိုသလိုပဲ ရှောင်ကျီရှိနေသည်ကို ခံစားမိသောကြောင့် လှမ်းအော်လိုက်တော့သည်။ သို့ပေမဲ့ သူသည် သေချာပင်မအော်ရသေးပေ။ တပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။

"ဆွစ် …… ဆွစ်"

ရွှေရောင်အဆင့် လုပ်ကြံသတ်ဖြတ်သူသည် သိုင်းတပည့်အဆင့်အဆင့်သုံး ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် စက္ကန့်ပိုင်းအတွင်း သူ၏လှုပ်ရှားမှုများကို ထုတ်ဖော်နိုင်စွမ်းရှိသည်။

"ဆွစ် … ဆွစ်"

အအေးအလင်းသုံးခုသည် မတူညီသော တည်နေရာသုံးခုဆီမှတစ်ဆင့် ရှောင်ကျီဆီသို့ရောက်ရှိလာသည်။

ရှောင်ကျီသည် သေနတ်အား မှန်ဘီလူးကပင် မကြည့်ဘဲ ချက်ချင်းဆိုသလို ပစ်လွှတ်လိုက်တော့၏။

ထူးဆန်းလှသော အလင်းတန်းများသည် အလွန်တရာ လျင်မြန်လှသော နှုန်းထားနှင့် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ ရင်ဘတ်ကား ထွင်းဖောက်သွားတော့သည်။

ရှောင်ကျီသည် ပုခုံးမှာထောက်၍ သေနတ်ကို ပစ်လိုက်ခြင်းဖြစ်သောကြောင့် ဖြစ်ပေါ်လာသော တွန်းကန်အားသည် သူ့အား သစ်ပင်ကြီးဆီမှ လွင့်စင်သွားသည်။ သို့ပေမဲ့ ရှောင်ကျီသည် လေထဲတွင် ကျွမ်းတစ်ချက်ပစ်လိုက်ပြီး မြေပေါ်သို့ သက်တောင့်သက်သာ ကျဆင်းလာ၏။

ပြီးနောက် တောရိုင်းကြောင်တစ်ကောင်ကဲ့သို့ပင် ချုံပုတ်ထဲသို့ လှစ်ခနဲ တိုးဝင်သွားတော့သည်။

သူထွက်ခွာသွားပြီးပြီးချင်းမှာပဲ များပြားလှသော လုပ်ကြံသတ်ဖြတ်သူများ ရောက်ရှိလာကြသည်။ သို့ပေမဲ့ သူတို့သည် သူတို့၏အဖော်အလောင်းကိုသာ မြင်လိုက်ရ၏။ သစ်ပင်ပေါ်တွင် တစ်ခြားမည်သည့်အရာကိုမျှ မမြင်ကြပေ။

"ဒီကောင်လေးက သေနတ်ရဲ့ ပြန်ကန်အားကိုတောင် အသုံးပြုပြီး အေးအေးဆေးဆေး ထွက်ပြေးသွားနိုင်တယ်။ တကယ့်ကို သဘာဝရဲ့ စနှိုက်ပါသမားတစ်ယောက်ပဲ။" ကျွင်းချောင်ရှောင်း ချီးကျူးလိုက်၏။

"ဒီမှာတစ်ယောက်ရှိတယ်ဟေ့။" ရုတ်တရက်ဆိုသလိုပဲ သစ်ပင်၏အနောက်ဆီမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒိုင်း"

ကျွင်းချောင်ရှောင်းသည် ကန္ဓာရလင်းယုန်အား မြှောက်၍ ချက်ချင်းဆိုသလို ပစ်လွှတ်လိုက်၏။

"နားငြီးလိုက်တာကွာ။"

"ဘုတ်"

ပြီးနောက် သူသည် မြေပြင်ပေါ်ခြေတစ်ချက်ဆောင့်၍ သူရှိနေရာနေရာဆီမှ အဝေးဆီသို့ ထွက်ပြေးသွားလိုက်၏။

နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော ရှောင်ကျီသည် ကျည်ဆံနှစ်ခါထည့်ပြီးဖြစ်ပြီး လုပ်ကြံသတ်ဖြတ်သူ နှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်တော့ပဲ အခြေအနေအား ငြိမ်ငြိမ်သက်သက်နှင့် စောင့်ကြည့်လျက်ရှိ၏။

မိုးဆွေအဆောက်အဦ တစ်ခုလုံးသည် အလွန်အမင်း ဒေါသထွက်လျက်ရှိသည်။

သူတို့သည် သတ်ဖြတ်သူ ငါးဆယ်ကျော်အား ထပ်မံ၍ စေလွှတ်လိုက်သည်။ သို့ပေမဲ့ အမှောင်ထဲမှာရှိနေသော လူအား ရှာဖွေမတွေ့ခဲ့ပေ။

သူတို့သည် သေနတ်သံ ထွက်ပေါ်ရာနေရာကို အခြေပြု၍ စက်ဝိုင်းပုံစံမျိုးဝိုင်းပတ်ပြီးဖမ်းရန် ပြင်ဆင်နေကြ၏။

သူတို့၏ စက်ဝိုင်းကြုံ့လာသည်နှင့် တစ်ပြိုင်နက် လုပ်ကြံသတ်ဖြတ်သူအား သူတို့ ရှာဖွေတွေ့နိုင်လိမ့်မည် တထစ်ချ တွက်ချက်ထားကြသည်။

"ဂီး…. ဂီး"

ငှက်အော်သံတစ်ချို့အား ကြားလိုက်ရ၏။

သေနတ်ပစ်ရန် ပြင်ဆင်လျက်ရှိသော ရှောင်ကျီသည် သူ၏စနိုက်ပါသေနတ်ကိုသိမ်း၍ ရန်သူများ၏ ဝိုင်းပတ်ထားခြင်းမှ ငြိမ်ငြိမ်သက်သက်ဖြင့် အသာထွင်းဖောက်၍ ထွက်ပြေးလာခဲ့သည်။

သူသည် မိုင်အနည်းငယ်အဝေးတွင်ရှိသော လိုဏ်ဂူတစ်ခုတွင် ပုန်းအောင်းလျက်ရှိ၏။

မကြာခင်မှာပဲ ကျွင်းချောင်ရှောင်း ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်" ရှောင်ကျီသည် လုံးဝနားမလည်ပေ။ "ဘာလို့နောက်ပြန်ဆုတ်ခိုင်းတာလဲ။"

ကျွင်းချောင်ရှောင်းသည် အသာထိုင်၍ သူ၏ဆေးပြင်းလိပ်အား ထုတ်ကာ သောက်လိုက်၏။

"သတ်ဖြတ်သူတွေ က လူတွေကိုသတ်ဖြတ်ပြီးရင် ဆက်တိုက် ထပ်ပြီးသတ်ဖြတ်တတ်တဲ့ အကျင့်ရှိလား။"

"မရှိပါဘူး။" ရှောင်ကျီပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒီတော့ ဒီနေ့က မိုးဆွေအဆောက်အဦ ကို တွေ့ဆုံခြင်း လက်ဆောင်ပေးတာပဲ။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေက နောက်ပိုင်းမှာထပ်ဖြစ်လာလိမ့်မယ်။"

လုပ်ကြံသတ်ဖြတ်သူများသည် သူတို့၏ပစ်မှတ်ကို သတ်ဖြတ်နိုင်သည် ဖြစ်စေ၊ မသတ်ဖြတ်နိုင်သည်ဖြစ်စေ လှုပ်ရှားပြီးသည်နှင့် ဆက်လက်၍ မတိုက်ခိုက်တော့ပေ။ ချက်ချင်း ပျောက်ကွယ်သွားတတ်ကြ၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား အသာနောက်သို့ ဆုတ်ခိုင်းလိုက်ခြင်းဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူများအား သူတိုဖော်သည့်ဆေး သူတို့ပြန်ပြီးတော့ သောက်စေရန် အချိန်ပေးလိုက်ခြင်း ဖြစ်၏။

မိုးဆွေအဆောက်အဦ ၏ ဌာနချုပ်သည် ခန်းမဆောင် တစ်ခုကဲ့သို့ တည်ဆောက်ထားခြင်းမဟုတ်ပေ။

ရေတံခွန်နှင့် မနီးမဝေးတွင်ရှိသော တောင်တစ်ခုပေါ်တွင်ရှိသော သဘာဝလိုဏ်ဂူကြီးတစ်ခုဖြစ်သည်။ သူတို့သည် အင်အားကြီးဂိုဏ်းတော်တော်များများကို ဆန့်ကျင်သတ်ဖြတ်ခဲ့သည် ဖြစ်သောကြောင့် တည်နေရာအတည်တကျဖြင့် နေထိုင်၍ မရချေ။

ရှုပ်ထွေးလှသော သဘာဝလိုဏ်ဂူကြီးများထဲတွင် နေထိုင်ကြခြင်းဖြစ်ပြီး ထိုမှသာ ရှာဖွေဖျက်ဆီးရန် ခက်ခဲမည် မဟုတ်လား။

သို့ပေမဲ့ ဤနှစ်ရက်အတွင်းမှာတော့ မိုးဆွေအဆောက်အအုံသည် အလွန်အမင်း စိတ်တိုလျက်ရှိကြ၏။

သူတို့သည် အမှောင်ထဲတွင် ပုန်းအောင်း၍ အခြားသူများအား သတ်ဖြတ်သည့်နေရာ၌ အလွန်အမင်း ကျွမ်းကျင်သူများ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ သူတို့သည် သားကောင်များကဲ့သို့ ဖြစ်လျက်ရှိသည်။

တစ်ဖက်လူ သည် အချိန်တိုင်းဆိုသလိုပဲ ပေါ်ပေါ်လာပြီး သူတို့၏အဖွဲဝင်များအား သတ်ဖြတ်သွားခဲ့သည်။

"ချီးတဲ့မှကွာ"

ဌာနချုပ်လိုဏ်ဂူထဲမှာတော့ မိုးဆွေအဆောက်အအုံ၏ ဒုတိယစီမံအုပ်ချုပ်သူဖြစ်သော ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ ကင်းမြီးကောက်ဆိုသူသည် သူ့ရှေ့တွင်ရှိသော ကျောက်ပြားကြီးအား ထိုးနှက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါတို့ကို ချောင်းမြောင်းပြီး တိုက်ခိုက်နေတာ ဘယ်သူလဲ။"

မိုးဆွေအဆောက်အဦ ရှိ သူတို့၏အဖွဲအဝင်များသည် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရသည်။

ဤအရာသည် သူတို့အား ဒေါသအမျက်ချောင်းချောင်း ထွက်စေ၏။

ထို့အပြင် မိုးဆွေအဆောက်အဦ တွင် လုပ်ကြံသတ်ဖြတ်သူများသည် များများစားစား ရှိလှသည် မဟုတ်ပေ။ ထိုသူတို့ကို လေ့ကျင့်ပေးရသည်မှာ အလွန်တရာ ခက်ခဲလှသည်။

လူနှစ်ဒါဇင် ၊ သုံးဒါဇင်ကျော် သေဆုံးခြင်းမျိုးမပြောနှင့်။ လူသုံးလေးယောက်လောက် သေဆုံးခြင်းကပင် သူတို့အတွက် ကြီးမားသည့် ဆုံးရှုံးမှု တစ်ခုဖြစ်၏။

လှိုဏ်ဂူထဲတွင်တော့ ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူသုံးယောက် ရှိနေကြ၏။ ထိုသူတို့သည် မြွေဟောက် ၊တောကြောင်နှင့် လင်းယုန်နက်တို့ ပင် ဖြစ်သည်။

သူတို့လေးယောက်သည် မိုးဆွေအဆောက်အဦ ခေါင်းဆောင်၏ ညာလက်ရုံးများပင်ဖြစ်ကြသည်။

အလွန်ထူးခြားသည့်တာဝန်များမှလွဲ၍ သူတို့သည် ဌာနချုပ်မှာတင် နေထိုင်ကြပြီး လုပ်ကြံသတ်ဖြတ်သည့် ကိစ္စတော်တော်များများကို အမိန့်ပေးစီမံစေခိုင်းရသည့်အလုပ်မျိုးသာ လုပ်ဆောင်ကြတော့သည့် လူများ ဖြစ်၏။

မြွေဟောက်ဟုခေါ်သော ထိပ်သီးလုပ်ကြံသတ်ဖြတ်သူသည် လေးလေးနက်နက် နှင့် ပြောလိုက်သည်။

"သေဆုံးရတဲ့ အဖွဲ့ဝင်တွေအားလုံးက ရင်ဘတ် မဟုတ်ရင် ခေါင်းကို ထွင်းဖောက်ခံရတဲ့ ဒဏ်ရာတွေနဲ့ဖြစ်တယ် ။တော်တော်ကြီးကို အားကောင်းတဲ့ လက်နက်ပုန်းတစ်ခုနဲ့ ပစ်ခတ်ခံရတာ ဖြစ်လိမ့်မယ်။ မကြာသေးတဲ့အချိန်မှာတုန်းက စိတ်ဝိညာဉ်စမ်းချောင်းတောင်မှာ သံမဏိအရိုးဂိုဏ်းတပည့်တွေ နတ်ဘုရား မီးတောက်ဆိုလား လက်နက်တစ်ခုကို သုံးပြီးတော့ သိုင်းစစ်သူကြီးအဆင့် အနည်းငယ်ကိုတောင်မှ ချိန်းခြောက်ခဲ့သေးတယ်။"

တောကြောင်သည် ခန့်မှန်းလိုက်၏။ "ဒီတော့ အမှောင်ထဲမှာပုန်းအောင်းနေတဲ့လူက သံမဏိအရိုးဂိုဏ်း ကလားမသိဘူး။"

"ဖြစ်နိုင်တယ်။" လင်းယုန်နက်က ပြောလိုက်သည်။

ကင်းမြီးကောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏ "ဒါဆို အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့လူက သံမဏိအရိုးဂိုဏ်းက သေချာတယ်။ငါတို့ မိုးဆွေအဆောက်အဦ က လုပ်ကြံသတ်ဖြတ်သူတွေ တစ်ယောက်ပြီးတစ်ယောက် လွှတ်လိုက်တယ်။ ဒါပေမဲ့ သူတို့က သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကို မသတ်ဖြတ်နိုင်ခဲ့ကြဘူး။ သံမဏိအရိုးဂိုဏ်းက သူတိုရဲ့လူတွေကိုလွှတ်ပြီး ငါတို့လူတွေကိုတောင် ပြန်ပြီးသတ်ခိုင်းတယ်။ ဒီကောင်တွေ တော်တော်ရဲတင်းတာပဲ။"

"ဒုတိယအစ်ကို … ကျုပ်တို့က အလင်းထဲမှာရှိနေပြီး သူတို့က အမှောင်ထဲကနေ ပုန်းပြီးတိုက်ခိုက်နေတာ ။ ဒါက ကာကွယ်ရခက်တယ်။"

လင်းယုန်နက်သည် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် ပြောလိုက်၏။ "ကျုပ်တို့ညီအစ်ကိုတွေအကုန်လုံးကို ခေါ်ပြီး သံမဏိအရိုးဂိုဏ်းကို တိုက်ခိုက်သတ်ဖြတ်လိုက်မယ်ဆိုရင်ကော။"

သူသည် လူငယ်ဖြစ်သောကြောင့် စိတ်ဆန္ဒအား မထိန်းချုပ်နိုင်ပေ။ ထို့အပြင် နုံအသေး၏။

ဂိုဏ်းချုပ်ကျွင်းသည် သူတို့အား လုပ်ကြံသတ်ဖြတ်ရန် စဉ်းစားရဲသည်ဆိုမှတော့ သူ၏ဂိုဏ်းတွင်လည်း ဂိုဏ်းအကာအကွယ်အစီအရင်ကို အသက်သွင်းခဲ့ပြီ ဖြစ်ပေလိမ့်မည်။ ပြီးတော့ သူ၏တပည့်များကို အပြင်မထွက်ရန် မှာကြားခဲ့ပြီ ဖြစ်၏။

သူတို့အနေနှင့် လုပ်ကြံသတ်ဖြတ်သူများကို စုစည်း၍ သံမဏိအရိုးဂိုဏ်းထိ သွားမည်ဆိုလျှင် အလကားသက်သက်သွားရသော ခရီးတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် လမ်းခရီးတွင် ကျွင်းချောင်ရှောင်း၏ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကိုပါ ခံရနိုင်သေး၏။

"ဟင်း"

မြွေဟောက်သည် ခေါင်းကို ခါရမ်းလိုက်၏။

"ခေါင်းဆောင်ရဲ့ ခွင့်ပြုချက်မရပဲနဲ့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်ဖို့ကို လက်မခံပါနဲ့လို့ ကျုပ် အစောကတည်းက ပြောသားပဲ။ဒါပေမဲ့ ခုကြည့် ကျုပ်တို့အားလုံး တကယ့်ကိုခက်ခဲတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရပြီ။ ပြီးတော့ အဖွဲ့ဝင်တော်တော်များများကိုလည်း ဆုံးရှုံးခဲ့သေးတယ်။"

ကင်းမြီးကောက်၏မျက်နှာသည် မဲနက်သွား၏။

သူသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှ လာပေးသော ပိုက်ဆံကို ယူပြီး ကျွင်းချောင်ရှောင်းအား လုပ်ကြံသတ်ဖြတ်မည့် တာဝန်အား လက်ခံခဲ့သူဖြစ်သည်။ သို့ပေမဲ့ ထိုအချိန်တုန်းက အဆင့်ကိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် ဤမျှရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။

သူသည် လုပ်ကြံသတ်ဖြတ်သူများအား တစ်ယောက်ပြီးတစ်ယောက် လွှတ်လိုက်သော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့သည့်အပြင် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ တစ်ချို့ကိုပင် ဆုံးရှုံးခဲ့ရသေး၏။

"ဒိုင်း …"

အပြင်ဘက်ဆီမှ နောက်ထပ်ကျယ်လောင်သည့်အသံကြီးတစ်ခု ပေါ်လာသည်။

သူတို့လေးယောက် စဉ်းစားတွေးကြည့်ရန်မလိုပေ။ အပြင်ဘက်တွင်ရှိသော သူတို၏အဖွဲ့ဝင်နောက်တစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိလိုက်၏။

"ဖောင်း"

လင်းယုန်နက်သည် စားပွဲကြီးအားထုနှက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဒုတိယအစ်ကို ကျုပ်လူတွေကိုခေါ်သွားပြီး လူတွေကို ရအောင်ဖမ်းမယ်။"

မြွေဟောက်ပြောလိုက်၏။ "မင်း သတိထား"

"အင်း"

လင်းယုန်နက်သည် ညဝတ်ဝတ်စုံတစ်ခုကို ကောက်ဝတ်လိုက်၏။ ပြီးနောက် လက်နက်ပုန်းအများအပြားအား သူ၏ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆွဲလိုက်၏။

ပြီးနောက် သူလေ့ကျင့်ပေးထားသော လုပ်ကြံသတ်ဖြတ်သူဆယ်ယောက်ကျော်အား ခေါ်ဆောင်ကာ ဌာနချုပ်မှ ထွက်ခွာ သွားတော့သည်။

လိုဏ်ဂူကြီးအပြင်ဘက် အခြားတစ်ဖက်ရှိ မီတာရာကျော် ဝေးကွာသော သစ်ပင်ကြီးတစ်ခုပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ပန်းသီးတစ်လုံးကို ကိုက်ဝါးရင်း ပြုံးကာပြောလိုက်သည်။

"သိုင်းတပည့် ထိပ်ဆုံးအဆင့် … ငါးကြီးကြီးက နောက်ဆုံးတော့ ထွက်လာပြီပဲ။"

All Chapters