← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

လုပ်ကြံသူ ဆယ်ယောက်ကျော်သည် လှိုဏ်ဂူထဲမှ ထွက်လာချိန်မှာတော့ နေကာမျက်မှန်၏ လုပ်ဆောင်နိုင်မှု ကို အခြေခံ၍ ထိုသူတို့၏ အားအင်အဆင့်ကို တစ်မဟုတ်ချင်း သိရှိသွား၏။

သံသယဖြစ်စရာ မလိုပေ။ သိုင်းတပည့် ထိပ်ဆုံးအဆင့်တွင် ရှိသောလူသည် ခေါင်းဆောင်သူ တစ်ယောက်ဖြစ်ပြီး မိုးဆွေအဆောက်အဦ လုပ်ကြံသတ်ဖြတ်သူ လေးယောက်ထဲမှ တစ်ယောက်ဖြစ်မည်ကို သူ သိလိုက်၏။

ရှပ် …. ရှပ် …. ရှပ်။

ရှောင်ကျီသည် ချုံပုတ်ထဲမှ ထွက်ပေါ်လာ၏။ ပြီးနောက် သစ်ပင်တစ်ပင်၏နောက်တွင် ရပ်ကာ တီးတိုး ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော် နောက်တစ်ယောက်ကို သတ်လိုက်နိုင်ပြီ"

ကျွင်းချောင်ရှောင်းသည် ပန်းသီးအား တစ်ကိုက်ကိုက်လိုက်သည်။ ပြီးနောက် အသာလွှင့်ပစ်ကာ ပြောလိုက်၏။ "သေနတ် ငါ့ကိုပေး။"

ရှောင်ကျီသည် စနိုက်ပါရိုင်ဖယ်အား ကျွင်းချောင်ရှောင်းဆီသို့ ကမ်းပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စနိုက်ပါရိုင်ဖယ်အား ကမ်းယူလိုက်ပြီး လက်နှစ်ဖက်နှင့်ကိုင်ကာ ရှစ်ဆမှန်ဘီလူးမှ တစ်ဆင့် လင်းယုန်ငှက်၏ ခန္ဓာကိုယ်ဆီသို့ ချိန်ရွယ်လိုက်သည်။ သူသည် မိုးဆွေအဆောက်အဦး လုပ်ကြံသတ်ဖြတ်သူ လေးယောက်ထဲမှ တစ်ဦးအား ရှင်းလင်းပစ်ရန် စဉ်းစားထား၏။

ထိုမှသာ တစ်ခြားသူများသည် ကြောက်ရွံ့ထိပ်လန့်သည့်အပြင် စိတ်ဓာတ်လည်း ပျက်ရွင်းသွားပေလိမ့်မည်။

"ငါခေါင်းကိုပစ်ရင် ကောင်းမလား ၊ ရင်ဘတ်ကို ပစ်ရင်ကောင်းမလား။" ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်သည်။

"သူက မိုးဆွေအဆောက်အဦ ရဲ့ ခေါင်းဆောင်ငယ်လေးတစ်ယောက်ပါပဲ။ ဒီတော့ သူ့ကို သက်တောင့်သက်သာ သေခွင့်ပေးလိုက်မယ်။" ဆုံးဖြတ်ချက် ချပြီးသည့်နောက် သူသည် ရင်ဘတ်နေရာသို့ ချိန်တွယ်လိုက်၏။

ဒိုင်း။

ကျည်ဆံသည် တည့်တည့်ပင် ထွက်ပေါ်သွားသည်။

“ဟင်။”

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လင်းယုန်နက်သည် လှိုဏ်ဂူထဲမှ ထွက်ခွာချင်းမှာပဲ လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရ၏။ သူ၏ မျက်စိသူငယ်အိမ်များ ကြုံ့ဝင်သွားသည်။ နှလုံးသားထဲမှာတော့ အားကောင်းလာသည့် သေခြင်းတရား၏ အရိပ်အယောင်များကို ခံစားမိလိုက်၏။

ကျည်ဆံသည် တိုက်ရိုက်ဆိုသလိုပဲ ပစ်မှတ်ဆီသို့ လာရောက်ထိမှန်တော့သည်။

ကျွင်းချောင်ရှောင်း၏ ကော့တက်ကာ ပြုံးနေသည့် နှုတ်ခမ်းများသည် ရုတ်တရက်ဆိုသလိုပဲ အေးခဲသွား၏။

မှန်ဘီလူးမှ ကြည့်လိုက်သည့်အခါ ကျည်ဆံသည် ထိုလူနှင့် နီးကပ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ သို့ပေမဲ့ စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ကဲ့သို့ အကာအကွယ် အစီအရင်သည် ကျည်ဆံကို တားဆီးထားလေသည်။

ဒိုင်း။

"ဘာတွေဖြစ်ကုန်တာလဲ။"

စနစ်မှ ပြောလိုက်သည်။ "ရန်သူသည် အတားအဆီးအစီအရင်တစ်ခုကို အသက်သွင်း၍ ကျည်ဆံအား တားဆီးခဲ့ခြင်းဖြစ်သည်။”

ဟုတ်ပေသည်။

လင်းယုန်နက်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းတန်းများနှင့် စီးဆင်းလျက် ရှိပြီး စိတ်ဝိညာဉ် စွမ်အင်ကဲ့သို့ ရတနာတစ်ခုက အသက်ဝင်သွားပုံပေါ်သည်။

ဤအကာအကွယ်သည် အလယ်အလတ်အဆင့် ရတနာတစ်ခုဖြစ်ပြီး ပိုင်ရှင်သည် အတွေးတစ်ချက်နှင့် ထိုရတနာအား အသက်သွင်း၍ ရသည်။ ထိုအကာအကွယ်အား လင်းယုန်နက်သည် တာဝန်တစ်ခုကို ထမ်းဆောင်ပေးသည့်နောက် ရရှိခဲ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အရေးအကြောင်းရှိလျင် သုံးလို့ရအောင် သူ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။

ကျယ်လောင်လှသောအသံကို ကြားပြီးသည့်နောက်မှာတော့ သူသည် သေခြင်းတရား၏ အရှိန်အဝါကို ခံစားမိလိုက်၏။

ထို့ကြောင့် နှောင်နှေးမနေဘဲ အတားအဆီးအား အသက်သွင်းလိုက်သည်။

ကံကောင်းစွာဖြင့် ပစ်ခတ်လိုက်သည့် အကွာအဝေးသည် အလွန်ဝေးကွာသောကြောင့် သူသည် အတားအဆီးကို အသက်သွင်းရန် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံလောက်သာ လိုအပ်ခဲ့သည်။ ထို့ကြောင့် အချိန်ကောင်းကောင်း ရသည်ဟု ဆိုရမည်။

အကယ်၍ ကျွင်းချောင်ရှောင်းသည်သာ မီတာနှစ်ရာ သုံးရာအကွာအဝေးမှ ပစ်မည်ဆိုလျှင် သူ ကျိန်းသေပေါက် အတားအဆီးအား အသက်သွင်းနိုင်လိမ့်မည် မဟုတ်ချေ။

အကာအကွယ် အစီအရင် အသက်ဝင်သွားခဲ့သည် ဆိုသော်လည်း သူတို့ရှိသည့်နေရာသည် ထီးထီးကြီး ရှိနေကြောင်း ခံစားမိလိုက်၏။

ဘုတ်။

လင်းယုန်နက်သည် ချက်ချင်းဆိုသလိုပဲ မြေပေါ်တွင် ထိုင်၍ သုံးသပ်လိုက်မိ၏။ သူ၏နဖူးပေါ်မှ အေးစက်သော ချွေးစီးများကျဆင်းလာသည်။

သူ၏ ကျောတစ်ခုလုံး စိမ့်တက်သွား၏။ တစ်စက္ကန့်အတွင်းမှာပဲ သူသည် သေခြင်းတရားကို ကြုံတွေ့ခဲ့ရ၏။

လုပ်ကြံသတ်ဖြတ်သူများသည် သေခြင်းတရားကို မကြောက်ရွံခဲ့ပေ။ သို့ပေမဲ့ သေမင်းသည် သူ၏ ပုခုံးပေါ် ခွထိုင်သည်ကို ကြုံဆုံလိုက်ချိန်မှာတော့ ထိတ်လန့်ကြောက်ရွံမှုများသည် သူ၏ နှလုံးသားတစ်ခုလုံးကို စိုးမိုးသွားတော့သည်။

ဒိုင်း။

ကျွင်းချောင်ရှောင်းသည် သေနတ်မောင်းခလုတ်ကို ထပ်မံဆွဲလိုက်တော့သည်။ အလင်းတန်းတစ်ခုသည် ဖြတ်သန်းရောက်ရှိသွားတော့သည်။

ငရဲ၏တံခါးဝဆီမှ ထွက်လာနိုင်ပြီဟုတွေးထားသော လင်းယုန်နက်သည် ကျယ်လောင်လှသော အသံကြီးကို ထပ်မံကြားလိုက်၏။ သူ၏ ဒူးတစ်ခုလုံးသည် ခွေထွက်သွားတော့၏။

"ပြီးသွားပြီ။ …မဟုတ်ဘူး ငါအသက်ရှင်ချင်သေးတယ်"

သူ၏နှလုံးသားထဲတွင်ရှိသော အသက်ရှင်သန်ချင်စိတ်များသည် အလွန်အမင်း အားကောင်းလာ၏။

ရုတ်တရက်ဆိုသလိုပဲ သူသည် သူ၏ ဘေးတွင်ရှိသော အဖော်ပါလာသည့်တပည့်အား ရှေ့သို့ ဆွဲယူပြီး ကာလိုက်၏။ ထိုသို့ဆိုလျင် သူ၏တပည့်သာလျင် သေဆုံးသွားမည်ဖြစ်ပြီး သူ သေဆုံးသွားမည် မဟုတ်ချေ။

သို့ပေမဲ့ ရောက်ရှိလာသော အလင်းတန်း၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။

ထို့ကြောင့် သူသည် သူ၏ တပည့်အား ဆွဲယူရန် ပြင်ဆင်လိုက်ချိန်မှာပဲ ဒိုင်းဟူသော အသံနှင့်အတူ အလင်းတန်းသည် သူ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားတော့သည်။

လင်းယုန်နက်သည် သူ၏ ခေါင်းကို ငုံ့၍ ထွင်းဖောက်ခံလိုက်ရသော သူ၏ ရင်ဘတ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် အမြင်အာရုံများ ပျောက်ကွယ်လာ၏။

ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

မိုးဆွေအဆောက်အဦ ၏ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော သူသည် လုပ်ကြံသတ်ဖြတ်ရေး တာဝန် ငါးရာကျော်ကို ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

သူ၏ သတ်ဖြတ်တတ်သည့် အလေ့အထမှာ ရန်သူအား သူ၏ ချွန်ထက်လှသော လင်းယုန်ငှက်၏ လက်သည်းများဖြင့် ရန်သူ၏ ရင်ဘတ်အား ထိုးစိုက်ခြင်းပင်ဖြစ်၏။

ပြီးနောက် အညာအတာကင်းမဲ့စွာဖြင့် ရန်သူ၏ ရင်ဘတ်ရှိ နှလုံးသားကို ဆွဲထုတ်တတ်သည် ။ သတ်ဖြတ်ပြီးနောက် သူသည် တဆတ်ဆတ် တုန်လျက်ရှိသော နလုံးသားကိုကိုင်၍ ရက်စက်လှသည့် အမူအရာဖြင့် မေးလေ့ရှိသည်။ "နှလုံးမရှိတဲ့လူက ဘယ်လို ခံစားရလဲ။"

လင်းယုန်ငှက်သည် အရင်တုန်းက ထိုခံစားချက်ကို နားမလည်ခဲ့ချေ။ သို့ပေမဲ့ ယခုအချိန်တွင် သူ အလုံးစုံ နားလည်သွားခဲ့ပြီဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အလင်းတန်း၏ သူ၏နလုံးသားအား တိုက်ရိုက်ဖောက်ထွင်း သွားသောကြောင့်ဖြစ်သည်။ ခံစားလိုက်ရသော နာကျင်မှုသည် သူ၏ အရေပြားတစ်ခုချင်းစီကို လှီးဖြတ်လိုက်သကဲ့သို့ပင် ဖြစ်၏။

ရန်သူ၏ နှလုံးသားအား အပျော်တမ်းအနေဖြင့် ထုတ်ယူ သတ်ဖြတ်သတ်သူသည် ထိုနည်းလမ်းအတိုင်း သေဆုံးသွားခဲ့ရသည်။

ဤအရာသည် အကြောင်းရှိ၍ အကျိုးဖြစ်ခြင်း သို့မဟုတ် ဝဋ်လည်ခြင်းဟု ဆိုရမည်။

အဝေးတစ်နေရာရှိ သစ်ပင်ပေါ်တွင်ရှိနေသော ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "တစ်ချက်နဲ့ ပစ်လိုမရဘူးလား။ ဒါဆိုရင် နှစ်ချက်ပစ်ရမှာပေါ့။"

"အစ်ကိုကြီး။"

လင်းယုန်ငှက်၏ သေခြင်းတရားကို မြင်နေရသော လုပ်ကြံသတ်ဖြတ်သူများသည် ဝမ်နည်းစွာဖြင့် အော်လိုက်ကြသည်။

သို့ပေမဲ သူတို့အစ်ကိုကြီး အလောင်းအား လမ်းဘေးခွေးကဲ့သို့ပင် ပစ်ထားခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် လှိုဏ်ဂူဆီသို့ ထွက်ပြေးသွားကြတော့၏။

"ထွက်ပြေးသွားချင်တာလား။"

ဒိုင်း….. ဒိုင်း ………ဒိုင်း။

ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလိုပဲ သေနတ်ခုနစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ထိုကျည်ဆံခုနစ်ခုသည် သူ၏ သေနတ်ထဲတွင် ရှိသော ကျည်ဆံ အကုန်ပင်ဖြစ်သည်။

သူသည် သေနတ်၏ ပြန်ကန်အားကို မခံနိုင်သောကြောင့် နောက်ဘက်သို့ လွင့်စင့်သွားရ၏။

လှိုဏ်ဂူဆီသို့ ပြေးလွှားသွားခဲ့သော လုပ်ကြံသတ်ဖြတ်သူ ဆယ်ယောက်မှ ခုနစ်ယောက်တို့သည် တမဟုတ်ချင်း သေဆုံးသွားခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းမှာပဲ လိုက်လံရှာဖွေနေကြသော လုပ်ကြံသတ်ဖြတ်သူ တစ်ဒါဇင်တို့သည် သေနတ်သံကို ကြားသောကြောင့် အလျင်အမြန်ပြေးလာကြသည်။

သူတို့သည် သေနတ်သံ ထွက်ပေါ်ရာနေရာသို့ ရောက်ရှိမှာတော့ ကျွင်းချောင်ရှောင်းနှင့် ရှောင်ကျီတို့အား မတွေ့ရှိခဲ့ချေ။ ကိုက်ဝါးထားသော ပန်းသီး တစ်လုံး ကိုသာ မြေပေါ်၌တွေ့လိုက်ကြရ၏။

မိုးဆွေအဆောက်အဦ ၏ လုပ်ကြံသတ်ဖြတ်သူ လေးယောက်ထဲမှ တစ်ယောက်သည် နှလုံးသားကို ထိုးနှက် သတ်ဖြတ်ခံလိုက်ရပြီး သူ၏ မိစ္ဆာဆန်သောဘဝကို အဆုံးသတ်ခံခဲ့ရသည်။

ကင်းမြီးကောက်နှင့် တစ်ခြားသော အကြီးအကဲနှစ်ယောက်တို့သည် ထိုသတင်းကို ကြားရှိချိန်မှာတော့ အလွန်အမင်း ဒေါသထွက်သွားကြသည်။

လုပ်ကြံသတ်ဖြတ်သူများသည် ခံစားချက်ကို ဂရုမစိုက်ကြပေ။ သို့ပေမဲ့ လင်းယုန်နက်သည် ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်သလို မိုးဆွေအဆောက်အဦး၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်၏။

သူတို့နှင့် အချိန်ကြာမြင့်စွာ အလုပ်တူတူ လုပ်ခဲ့သည်။

ထို့ကြောင့်ပင် တစ်စုံတစ်ယောက်၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရခြင်းကို သူတို့ မည်သို့မှ လက်မခံနိုင်ဖြစ်မိနေ၏။

“အား …အား … အား။”

ကင်းမြီးကောက်သည် သူ၏ လက်နှစ်ဖက်အား ပိုက်ပြီး အော်ဟစ်လိုက်၏။ "ငါ အဲ့ကောင်ကိုဖမ်းမယ်။ တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်။"

မြွေဟောက်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "လင်းယုန်နက်ဆီမှာ အကာအကွယ် ရတနာတစ်ခုရှိတယ်။ ဒါပေမဲ့ သူ သတ်ခံလိုက်ရတယ်။ လက်နက်ပုန်းရဲ့ စွမ်းရည်က အရမ်း ကြောက်ဖို ကောင်းတာပဲ။ ကျုပ်တို့ အလျင်စလို လုပ်လို့ မဖြစ်ဘူး။ နံပါတ်သုံး …. အပြင်မှာရှိနေတဲ့ လက်အောက်ငယ်သားတွေ အကုန်လုံးကို အထဲပြန်ဝင်ဖို့ ပြောလိုက်။အမိန့်မရဘဲ ဘယ်သူမှ ဌာနချုပ်ကနေ မထွက်ခွာရဘူး။"

"ကောင်းပါပြီ။"

တောကြောင် သည် အလောတကြီးနှင့် ထွက်ခွာသွားသည်။ ပြီးနောက် တပည့်များအား အထူးဆက်သွယ်ရေးနည်းလမ်းအား သုံး၍ ဌာနချုပ်သို ပြန်လာရန် အမိန့်ပေးလိုက်၏။

အစောကတည်းက ဤသို့ ပြုမူလိုက်မည်ဆိုလျင် သူတိုအနေနှင့် ကြီးကြီးမားမား ဆုံးရှုံးမည်မဟုတ်ပေ။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား အဆင်အခြင်မဲ့ပစ်ခတ်ရန် ခွင့်မပြုထားချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ရန်သူများကို မသတ်ဖြတ်ခင်မှာ ကြောက်ရွံ့မှုကို ခံစားရအောင် ပြုလုပ်ချင်သောကြောင့်ပင်ဖြစ်သည်။

လှိုဏ်ဂူထဲတွင်တော့ ကျွင်းချောင်ရှောင်းသည် သေနတ်ပစ်၍ ထုံကျင် သွားသော သူ၏ပုခုံးကို ခပ်နာနာပွတ်လိုက်၏။

ထုံကျင်မှု နှင့် နာကျင်မှုသည် အတော်ကြာမှ ပျောက်ကွယ်သွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်းသည် သိုင်းတပည့်အဆင့်ရှစ်သို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ထိုထက်မက အားကောင်းလာ၏။

စနိုက်ပါအား နှစ်ချက်ကနေ သုံးချက်ထိ သူ ကောင်းကောင်း ပစ်ခတ်နိုင်ခဲ့၏။ သို့ပေမဲ့ အချက်အရေများများပစ်ခတ်ချိန်တွေမှာတော့ သူ၏ ခန္ဓာကိုယ်သည် ခံနိုင်ရည်မရှိသေးပေ။

ရှောင်ကျီသည် ဂိုဏ်းချုပ်အား ချီးမွန်းသောမျက်နှာဖြင့် ကြည့်လိုက်မိ၏။

စောနတုန်းက မြင်ခဲ့ရသော မြင်ကွင်းသည် အလွန်အမင်း ကြမ်းတမ်းလှ၏။ ဂိုဏ်းချုပ်သည် တစ်ချိန်တည်းမှာပဲ ကျည်ဆံခုနစ်ခုကို ပစ်ခတ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူ ခုနစ်ယောက်လုံးအား သတ်ဖြတ်နိုင်ခဲ့သည်။

ဂိုဏ်းချုပ်၏ အပစ်အခတ်စွမ်းရည်သည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော် ပိုပြီးတော့ ကြိုးစားမယ်။ မကြာခင်မှာ ဂိုဏ်းချုပ်လို ပစ်ခတ်မှု စွမ်းရည်ကို အမှီလိုက်နိုင်မယ်လို့ ထင်တယ်။"

ကျွင်းချောင်ရှောင်း၏ မျက်နှာ သည် အနည်းငယ် ပျက်ရွင်းသွားသည်။ ပြီးနောက် သူ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ရည်မှန်းချက် ချပြီးပြီဆိုရင် ဖြစ်အောင် လုပ်ရမယ်။"

နောက်တစ်နေ့မှာတော့ သူသည် ရှောင်ကျီအား ပစ်ခတ်ခြင်း လုပ်ငန်းကို မလုပ်ခိုင်းပေ။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်မှ လူများသည် သူတို့၏ အကြီးအကဲ သေဆုံးခဲ့ပြီဖြစ်သောကြောင့် အပြင်ဘက်သို့လည်း ထွက်မလာတော့သောကြောင့် ဖြစ်၏။ ထိုသူတို့သည် ကြောက်လန့်တတ်သော ကြွက်ကလေးများကဲ့သို့ပင် သူတို့၏ တွင်းထဲတွင် ပုန်းအောင်းနေကြ၏။ ထွက်မလာရဲကြချေ။

ကျွင်းချောင်ရှောင်းသည် သူ၏ လည်ပင်းကို ပွတ်သပ်၍ တီးတိုးရေရွတ်လိုက်သည်။ "ဒီတွင်းထဲမှာရှိတဲ့ ကြွက်တွေကို ဘယ်လိုသတ်ရမလဲဆိုတာ ငါတို့ စဉ်းစားရမယ်။"

သူသည် များပြားလှသော အစီအစဉ်များကို စဉ်းစားလိုက်မိ၏။ ဥပမာအားဖြင့် တွင်းကိုပိတ်၍ မီးခိုးမှိင်းတိုက်ခြင်း၊ ဒါမှမဟုတ် ရေတံခွန်မှ ရေများကို ယူ၍ တွင်းထဲသို့ ထည့်ခြင်း ၊ ထိုသို့သော နည်းလမ်းများကို သူ စဉ်းစားမိ၏။

သို့ပေမဲ့ အရာအားလုံးကို သူပယ်ချလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် လှိုဏ်ဂူထဲတွင် တစ်ခြားသော ထွက်ပေါက်တစ်ခု ရှိနေမည်ဆိုလျှင် သူ့အတွက် အချိန်ကုန်ရကျိုးနပ်မည်မဟုတ်ပေ။

မိုးဆွေအဆောက်အဦ ၏ ဌာနချုပ်။

ကင်းမြီးကောက်နှင့် မြွေဟောက်တို့သည် အမှောင်ထဲမှာရှိသောလူအား မည်သို့ ရှာဖွေရမည်ကို စဉ်းစားလျက်ရှိသည်။

ထို့အပြင် သူတို့အနေဖြင့် လှိုဏ်ဂူထဲ ပုန်းအောင်နေခြင်းကလည်း ဖြေရှင်းချက်တစ်ခု မဟုတ်ပေ။

တောကြောင် က ပြောလိုက်သည်။ "ညရောက်လာရင် ကျွန်တော် အနောက်ကနေ ထွက်မယ်။ ပြီးရင် ဖြေးဖြေးချင်း ရှာကြတာပေါ့။ဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ်။"

ကင်းမြီးကောက်က သဘောတူလိုက်သည်။

"ငါတို့က အစတုန်းက ရန်သူကို အထင်သေးခဲ့တယ်။ ဒါကြောင့် လူတွေအများကြီးကို ဒီလောက်လွတ်လိုက်တာ။ တစ်ဖက်လူကို အခွင့်အရေးပေးသလို ဖြစ်သွားခဲ့တာပဲ။ ငါတို့ လူစုခွဲပြီးတော့ အကျိုးရှိရှိလုပ်ကြမယ်ဆိုရင် ကျိန်းသေပေါက် သူတို့ကို ရှာဖွေနိုင်မှာပဲ။

All Chapters