← Chapters

အခန်း (၁၃၀)

Vol. 9 Ch. 130

အခန်း (၁၃၀)

Vol. 9 Ch. 130

ညအချိန်တောနက်ထဲမှာတော့ ပိုမို၍ တိတ်ဆိတ်ငြိမ်သက်နေပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းနေ သည်။

ပိန်းပိတ်အောင် မှောင်မဲနေသော ညအချိန်တွင် လေတိုးသံကိုပင် ခြောက်ခြားဖွယ်ရာ ကြားနေရ၏။

တောကြောင် နှင့် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ လေးယောက်တို့သည် အမှောင်ကို အကာအကွယ် ယူ၍ လှုပ်ရှားလာကြသည်။

လက်ရှိအချိန်တွင်တော့ မှောင်မဲနေသည်မို့ ရှောင်ကျီသည် ပတ်ဝန်းကျင်အား မမြင်ရချေ။

အမှောင်ထဲတွင် လှုပ်ရှားလာကြသော မိုးဆွေအဆောက်အဦ ၏ လုပ်ကြံသတ်ဖြတ်သူများသည် အလွန်အမင်း ကျွမ်းကျင်ကြသည်။ အစောကတည်းက ဤကဲ့သို့ လှုပ်ရှားကြမည် ဆိုလျှင် သူတို့၏ အဖော်များသည် အရေအတွက် များများ အသတ်ဖြတ်ခံရမည် မဟုတ်ချေ။

တောကြောင် နှင့် သူ၏ တပည့်များသည် နေရာများအား ဖြန့်ကျက် သွားလာရင်း သူတို့၏ ရန်သူအား ရှာဖွေနေကြသည်။

ဤနှုန်းအတိုင်းဆိုလျှင် ကျွင်းချောင်ရှောင်း တို့ နေထိုင်နေရာ လှိုဏ်ဂူ အား ရှာတွေ့ရန် အချိန်နှစ်နာရီလောက်သာ ကြာလိမ့်မည်။

ဂီး .. ဂီး…။

ညနက်ထဲမှာတော့ ငှက်အော်သံများကိုသာ ရံဖန်ရံခါ ကြားနေကြသည်။

တောနက်ကြီးထဲတွင် ထိုသို့သော ငှက်ဆိုးထိုးသံများထွက်ပေါ်နေသည်မှာ ရင်ထိတ်စရာ ကောင်းလှ၏။

လှိုဏ်ဂူထဲတွင် ခြေချိတ်ထိုင်နေသော ကျွင်းချောင်ရှောင်းသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် အား လှည့်ပတ်ရင်း မိုးဆွေ အဆောက်အဦ အား မည်သို့ ဖျက်ဆီးပစ်ရမည် ဆိုသည်ကို တွေးတောလျက်ရှိသည်။

“စတိုးထဲမှ လက်ပစ်ဗုံးလို အရာမျိုး ရှိလား” သူ မေးလိုက်သည်။

စနစ် က ပြောလိုက်သည် “ရှိတယ်။ ဒါပေမဲ့ refresh လုပ်ရမယ်။”

ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်၏ “ဒါကိုသာ ရှာတွေ့ရင် ရန်သူရဲ့ လှိုဏ်ဂူထဲ ပစ်ထည့်လိုက်ရုံပဲ။”

သူ့အမြင်အရဆိုလျှင် စတိုးထဲတွင် လက်ပစ်ဗုံးကို ရှာတွေ့နိုင်ပါက သာမာန်လက်ပစ်ဗုံးထက် ပို၍ အားကောင်းပေလိမ့်မည်။ လှိုဏ်ဂူ တစ်ခု မပြောနှင့် တောင်တစ်ခုလုံးကိုပင် ဖောက်ခွဲပစ်နိုင်မှာ သေချာသည်။

နောက်ဆုံးအကြိမ် သူ refresh လုပ်ခဲ့တုန်းက တန်ဖိုးရှိအသုံးဝင်သော နေကာမျက်မှန်အား ရရှိခဲ့သည်။ ကျန်သော ပစ္စည်းများသည် အသုံးမဝင်သောကြောင့် refresh လုပ်ရန် လိုအပ်လာသည်။

သူ စတိုးအား ဖွင့်၍ refresh လုပ်လိုက်၏။

“ဒင် … ဂိုဏ်းစုဆောင်းမှတ် - ၃၀၀ / ၅၀၀”

ပစ္စည်းသစ်များ ပေါ်လာသည်။ ကျွင်းချောင်ရှောင်း သည် သေချာကြည့်လိုက်သည် ။သို့ပေမဲ့ လက်ပစ်ဗုံးအား မတွေ့ရှိပေ။ အဲအစား မထင်မှတ်ထားလောက်အောင်ပဲ လင်းကျန့် နတ်ဘုရား ဓားနည်းစနစ် တစ်ခုကို ရရှိခဲ့သည်။

သူ မိတ်ဆက်အား သေချာဖွင့်ကြည့်လိုက်သည်။

ပစ္စည်း - လင်းကျန့် နတ်ဘုရား ဓားနည်းစနစ်။

မိတ်ဆက် - ကမ္ဘာတစ်ခုဆီမှ ဓားအင်ပါယာတစ်ယောက် ဖန်တီးထားသော ဓားနည်းစနစ် တစ်ခု ဖြစ်ပြီး ဓားကွက် သုံးကွက် ပါဝင်သည်။

အစွမ်းသက်ရောက်မှု - ပထမ ဓားကွက်သည် အေးစက်သော ဓားချီ များ ဖြစ်တည်စေသည်။ ဒုတိယ ဓားချက်သည် ဓားအားအင်ကို ပိုမို တိုးတက်လာစေသည်။ တတိယ ဓားကွက်မှာတော့ သက်တန့်ကဲ့သို့ ဓားချီတွေ ထုတ်လွှတ်နိုင်ပြီး မိုင်ထောင်ချီ အဝေးမှ လူ၏ ခေါင်းအား ဖြတ်နိုင်စွမ်းရှိသည်။

အားအင် - သိုင်းတပည့်အဆင့် ကျင့်ကြံသူများ လေ့ကျင့်နိုင်သည်။ ကျင့်ကြံသူ၏ အဆင့်မြင့်တက်သည် နှင့်အမျှ အားအင်လည်း ပိုမို တိုးတက်လာမည်။

အားနည်းချက် - သင်ယူရန် လွယ်ကူသော်လည်း ကျွမ်းကျင်ရန် ခက်ခဲလှသည်။

ဈေးနှုန်း - တစ်ရာ ရာခိုင်နှုန်း။

အဆင့် = အဆင့်မြင့် နတ်ဘုရားအဆင့် ဓားကွက်။

“ချီးတဲ့မှ …”

အဆင့်သတ်မှတ်ချက်ကို မြင်ချိန်မှာတော့ ကျွင်းချောင်ရှောင်း ရုတ်တရက် ထခုန်လိုက်မိ၏ “နတ်ဘုရားအဆင့် ဓားကွက် ဟုတ်လား။ အဆင့်မြင့်လေ”

စနစ်မှ ပြောလိုက်သည် “ခွေးရူးကောင်းစား သကဲ့သို့”

အဆင့်မြင့် နတ်ဘုရား နည်းစနစ်ကို ရရှိဖို့ ဆိုသည်မှာ လက်ပစ်ဗုံး ရရှိရန်ထက်ပင် ခက်ခဲသေးသည်။ ကျွင်းချောင်ရှောင်း၏ ကံတရားသည် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် တည်တည်ငြိမ်ငြိမ် နှင့် သူ၏ မေးစေ့အား ပွတ်သပ်လိုက်၏ “ဒါက နည်းနည်း ဈေးကြီးတယ်။”

စနစ်မှ ပြောလိုက်သည် “အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်ကို ရတယ် ဆိုတာ စနှိုက်ပါ ရဖို့ထက် ပို၍ အလွန်တရာ ခက်ခဲသည်။ လက်ခံသူသည် ဈေးကြီးသည်ဟု ထင်မှတ်ပါက မဝယ်ဘဲ နေနိုင်သည်။”

ကျွင်းချောင်ရှောင်း ဇဝေဇဝါ နှင့်ပြန်မေးလိုက်သည် “ဂိုဏ်းစုဆောင်းမှတ် က တစ်ရာ တူတူပဲ။ ဘာလို့ ဒါက ရဖို့ ပိုခက်တာလဲ”

စနစ်မှ ပြောလိုက်သည် “စနှိုက်ပါ သည် အဆင့်မြင့် ထုတ်ကုန် တစ်ခုဖြစ်သည်။ အစွမ်းသက်ရောက်မှုကတော့ အဆင့်နိမ့် သာ ဖြစ်၏။ သိုင်းဘုရင် နှင့် အထက် ကျင့်ကြံသူအား ရင်ဆိုင်ရပါက သေနတ်နှင့် အသုံးပြု၍ မရနိုင်”

“ဘာလို့ သုံးမရတာလဲ” ကျွင်းချောင်ရှောင်း အခြေအမြစ်အား သေသေချာချာ သိချင်မိသည်။

စနစ်မှ ရှင်းပြလိုက်သည် “သိုင်းဘုရင် အဆင့် ကျင့်ကြံသူတွေသည် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းတွေကို ထုတ်လွှတ်ပြီး တည်နေရာ တစ်ခုလုံးကို ဖြန့်ကျက် အာရုံခံနိုင်သည်။ ထို့ကြောင့် လက်ခံသူ ထိုအကွာအဝေး အတွင်း ရှိနေသည်ကို သိသွားနိုင်သည်။”

“တွေ့တော့ရော ဘာဖြစ်လဲ။ ငါ ပစ်လို့ရတယ် မဟုတ်လား” ကျွင်းချောင်ရှောင်း ခေါင်းမာမာ နှင့် ပြန်ပြောလိုက်၏။

စနစ်မှ ပြောလိုက်သည် “သိုင်းဘုရင် အဆင့်များသည် စိတ်ဝိညာဉ်ထောက်လှမ်းခြင်း အလုပ်တင် မဟုတ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်များကို ဖွဲ့စည်းပြီး အကာအကွယ် အဖြစ် ဖန်တီးလို့ရတယ်။ စနိုက်ပါရဲ့အားအင် က ထိုးဖောက်ရန် မဖြစ်နိုင်”

“အဆင့်မြင့် သလင်းအမြူတေကို သုံးပြီး ပစ်ရင်ရော …”

“သေနတ်ဆိုသည်မှာ အဆင့်မြင့်တင်ထားသော ထုတ်ကုန်များသာ ဖြစ်သည်။ လက်ခံသူ အနေနှင့် သေနတ်အား လောင်ချာအမြှောက်ဟု ထင်မှတ်နေသည်လား”

“ငါ နားလည်ပြီ ။ မင်း ဆိုလိုတာ စနိုက်ပါ အသုံးမဝင်ရင်တောင် လောင်ချာနဲ့ တော့ ရတယ် မဟုတ်လား”

စနစ် “…….”

လက်ခံသူ၏ ဦးနှောက်အလုပ်လုပ်ပုံသည် ပုံမှန်မဟုတ်ဟု သူ ထင်မြင်မိသည်။

“ဒီကိစ္စကို ထားလိုက်တောာ့။ စတိုးထဲက သေနတ် တွေ က အဆင့်မြင့်တင်ထားတဲ့ ထုတ်ကုန်ပဲ။ လက်ခံသူ အနေနှင့် ပိုမို အားကောင်းချင်သည် ဆိုလျှင် အဆင့်မြင့် သိုင်းနည်းစနစ် များအား ကျင့်ကြံဖို့ အားစိုက်သင့်သည်။ ထိုနည်းစနစ်များသည် သေနတ်ထက် ပို၍ အားကောင်းသည်”

“ငါ သိပြီ” ကျွင်းချောင်ရှောင်း ရှင်းပြလိုက်၏ “အစောကတည်းက ရှင်းပြထားရင် ငါ သိတာပေါ့”

စနစ်မှ ပြောလိုက်သည် “ဒီတော့ စနစ်ကို အပြစ်တင်နေသည်လား”

“မင်းကိုမှ အပြစ်မတင်ရင် ငါ့ကိုယ်ငါ အပြစ်တင်ရမှာလား”

စနစ်မှ မနေနိုင်တော့ဘဲ ထဆဲလိုက်တော့သည် “ယီး …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စနစ် က ဆဲတယ်ဟ။ ဒီလို ရိုင်းစိုင်းတဲ့ စနစ်ကို ဘယ်သူ ဖန်တီးထားတာလဲ။”

စနစ်သည် ဆဲတတ်ရုံတင် မဟုတ်ဘဲ စိတ်လည်း တိုတတ်သေးသည်။ သူသည် သုံးကြိမ်တိတိ ထပ်ဆဲလိုက်သည် “ယီး … ယီး …. ယီး…”

“မင်းသာ လူဆိုရင် ငါ ကျိန်းသေပေါက် ရိုက်တယ်”

“လာလေ.. စနစ်က လက်ခံသူ၏ စိတ်ထဲတွင် ရှိသည်။ သတ္တိရှိပါက ကိုယ့်ခေါင်းကိုယ် ထု။ ယီး …”

“ငါ မလုပ်ရဲဘူး ထင်လို့လား။”

အပြင်ဘက်တွင် လှဲနေသော ရှောင်ကျီသည် တစ်ယောက်တည်း ခေါင်းကို ကိုင်လိုက် ဆဲလိုက် ၊ စိန်ခေါ်လိုက် လုပ်နေသာ ဂိုဏ်းချုပ်အား ကြည့်ရင်း ပဟေဋ္ဌိ ဖြစ်မိနေသည်။ “ဂိုဏ်းချုပ် ကျင့်ကြံနေတာလား။”

…..

“ဖူး …”

ကျွင်းချောင်ရှောင်း စနစ်အား လျစ်လျူရှုပြီး ခေါင်းခါယမ်းကာ ဝယ်ယူမည် ဆိုသော ခလုတ်အား နှိပ်လိုက်သည်။

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်ရာကို အသုံးပြု၍ လင်းကျန့် နတ်ဘုရားဓားကွက် အား ရယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်သည်။”

“ဒင် - ဂိုဏ်းစုဆောင်းမှတ် - ၂၀၀ / ၅၀၀”

ကျင့်ကြံခြင်းလောကတွင် အဆင့်မြင့် သိုင်းကွက်များသည်သာ ပိုမို၍အသုံးဝင်ကြောင်း စနစ် ပြောခဲ့သည်ကို ကြားတော့ သူ ဂိုဏ်းစုဆောင်းမှတ် တစ်ရာအား မနှမျောတော့ချေ။ ဂိုဏ်းစုဆောင်းမှတ် အားလုံးကို သုံးရမည် ဆိုလျှင်ပင် သူ ကျိန်းသေပေါက် ဝယ်ယူမှာ ဖြစ်သည်။

ထို့အပြင် ဓားကွက်၏ တတိယအကွက်သည် မိုင်တစ်ထောင် အကွာရှိ တစ်စုံတစ်ယောက်အား ခေါင်းဖြတ်နိုင်၏။

ထိုဓားကွက်ကို နားလည်ပါက မစ်ဆိုင်း(လိုက်ဒုံးကျည်) နှင့် ပစ်သလိုပင် ထိရောက်ပေလိမ့်မည်။ သူ အဆင့်မြင့် လက်နက်များ ရရှိဖို့ မျှော်လင့်နေသည်ထက် နတ်ဘုရားအဆင့် သိုင်းကွက်များ ရရှိရန် ကြိုးစားသင့်သည်။

သိုလှောင်လက်စွပ်ထဲသို့ ဝင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း ၏ သိစိတ်သည် ဓားနည်းစနစ်အားသေချာ ကြည့်ရှုလိုက်၏။

ပထမ စာမျက်နှာအား လှန်ပြီးနောက် သူ ဖတ်လိုက်သည် “နှစ်ခြောက်ထောင်လောက် ဓားကို ကျွမ်းကျင်စွာ နားလည်ပြီးသည့်နောက် အချိန်၊ တည်နေရာကို ဖြတ်သန်းသွားလာနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ အတိတ်ဖြစ်ရပ်တွေကို ပြန်လည်စဉ်းစားဆင်ခြင်မိတဲ့နောက်မှာ ငါ က အနာဂတ် မျိုးဆက်တွေအတွက် ဒီနည်းစနစ်ကို ချန်ထားခဲ့တယ်။ နည်းစနစ်ကိုအသုံးပြုပြီး လောကြီးမှာ ဒီဓားအင်ပါယာရဲ့ နာမည်ကို ပြန့်နှံ့အောင် ကြိုးစားပါ။”

တကယ့် ဓားအင်ပါယာကြီးလား။

ကျွင်းချောင်ရှောင်း ပထမဆုံး တွေးတောမိသည့်လူမှာ တုကူးချူးပိုင် ပင်ဖြစ်တော့သည်။

စနစ်မှ ပြောလိုက်သည် “သေချာဖတ် .. တုကူး ဆိုတဲ့ နာမည် တစ်ခုမှ မပါဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်မိသည်။ ဒီစီနီယာ က အထီးကျန်လွန်းခဲ့တာ ဖြစ်မယ်။ ဒါကြောင့် အားအားယားယား အနာဂတ် မျိုးဆက်တွေ၊ ဘာတွေ လျှောက်ရေးထားတာပဲ။ သူ့ဆီမှာ မိန်းမတစ်ယောက်သာ ရှိရင် ဒါမျိုး တွေးဖို့အချိန်တောင်မရလောက်ဘူး။ ထားလိုက်တာ့ .. ငါ အရင်ဆုံး ကျင့်ကြံရမယ်။

သူ ဒုတိယ စာမျက်နှာအား လှန်လိုက်သည်။ ပြီးနောက် ဓားကွက် နှင့် ဓားမန္တာန်များအား တွေ့လိုက်ရ၏။

ကျွင်းချောင်ရှောင်း၏ သိစိတ် သည် သိုလှောင်လက်စွပ်ထဲတွင် ထိုင်ရင်း မျက်မှောင်ကြုတ်၍ သေချာ ဖတ်ရှုလျက်ရှိသည်။

ခဏလောက်ကြာတော့ သူ ဦးခေါင်းကို နှိပ်ကာ ပြောလိုက်မိ၏ “ဒါက အရမ်းနက်နဲလွန်းတယ်”

စနစ်မှ အသာနှက်လိုက်သည် “ဒါက အဆင့်မြင့် နတ်ဘုရားအဆင့် ဓားကွက်ပါ။ နတ်ဘုရားအဆင့် စိတ်ဝိညာဉ် အမြစ် ၊ ဓားတာအို ကို နားလည်နိုင်သော ပါရမီ တို့ မရှိဘဲနှင့် နားလည်ဖို့ ဆိုသည်မှာ အခွင့်အရေး သုံည ပင် ဖြစ်သည်။”

“ငါ မယုံဘူး….”

ကျွင်းချောင်ရှောင်းသည် စတိုးကိုဖွင့်၍ အသိအမြင် အဆောင်အား ဝယ်ယူလိုက်သည်။

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်ရာအား အသုံးပြု၍ စဦးအဆင့် အသိအမြင် အဆောင် တစ်ခု အား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီး ဖြစ်သည်။”

“ဒင် - ဂိုဏ်းစုဆောင်းမှတ် - ၁၉၀ / ၅၀၀”

စနစ် “……..”

ဂျွတ် ..။

ကျွင်းချောင်ရှောင်းသည် အသိအမြင် အဆောင်အား ချိုး၍ ဒုတိယ စာမျက်နှာတွင် ရှိသော ဓားကွက် နှင့် ဓားမန္တာန်တို့အား ထပ်မံ၍ ကြည့်ရှုလိုက်သည်။

အထူးအထွေ ပြောစရာမလိုပေ။ အဘယ့်ကြောင့် ဆိုသော် အသိအမြင် အဆောင်အား ချိုးဖျက်ပြီးသည့်နောက်တွင် သူ အရင်တုန်းက အတိုင်း ဓားကွက်ကို နားမလည်တုန်းပင် ရှိနေသေးသောကြောင့် ဖြစ်၏။

စနစ်မှ ပြောလိုက်သည် “အသိအမြင်အဆောင် ကို စတိုးထဲမှ သိုင်းနည်းစနစ်များအတွက် အသုံးပြု၍ မရနိုင်ပါ။”

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်းသည် သတိတရဖြင့် ပြောလိုက်သည် “ငါ ဝယ်တုန်းက ဘာလို့ သတိမပေးတာလဲ”

“သတိပေးဖို့မေ့လောက်သည် အထိ လက်ခံသူအား ဒေါသထွက်နေသောကြောင့် ဖြစ်သည်။” စနစ် မှ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ၏ နှလုံးသားလေးသည် ရုတ်တရက် ဆိုသလိုပဲ နာကျင်သွားသည်။ ထို့အပြင် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ် အလကား ကုန်ဆုံးသွားခဲ့သည် မဟုတ်လား။

သူ ဝယ်ယူရုံသာ ဆိုလျှင်ကိစ္စမရှိပေ။ သို့ပေမဲ့ လက်ရှိ၌ အဆောင်အား ချိုးပြီးနေပြီ ဖြစ်၏။

အဆောင်ကို အသုံးပြူ၍ လင်းကျန့်ဓားနည်းစနစ်အား အလုံးစုံ နားလည်အောင် ပြုလုပ်နိုင်ပြီ ဟု တွက်ချက်ထားသော ကျွင်းချောင်ရှောင်း အနေနှင့် နှစ်ဆ ဆုံးရှုံးမှု ဟု ဆိုရမည်။

“ဟင်း …”

သူသည် ကိုယ့်ဘာသာ နားလည်အောင်သာ ကြိုးစားလိုက်ရတော့သည်။

ပြောရမည် ဆိုလျှင် အနည်းငယ်တော့ ထူးဆန်းဖွယ်ကောင်းနေသည် ။ ပထမတုန်းက သူ ဓားကွက်အား ကြည့်ရှုနေချိန်တွင် တစ်ခုမှ နားမလည်ခဲ့ချေ။ သို့ပေမဲ့ ဆယ်မိနစ်ကျော်ကြာ ကြည့်ရှုပြီးချိန်မှာတော့ တဖြည်းဖြည်းနှင့် နားလည်လာသည်။ သူ၏ ဦးနှောက်ထဲတွင် ပိုမို၍ ရှင်းလင်းလာ၏။

သူ အအေးဓားကို ထုတ်ယူပြီး မန္တာန်ကို ရွတ်ဖတ်ကာ ဓားအတွင်း စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်း၍ အသာ လွှဲယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပဲ ဓားအလင်းတစ်ခု ဖြစ်တည်လာသည်။

“ရ သွားပြီလား” ကျွင်းချောင်ရှောင်း အံ့အားသင့်သွားမိ၏။

စနစ်မှ ပြောလိုက်သည် “လင်းကျန့်ဓားကွက်သည် သင်ယူရန် လွယ်ကူသော်လည်း ကျွမ်းကျင်ရန် ခက်ခဲသည်။ လက်ခံသူ အနေနှင့် ကျွမ်းကျင်ရန် မိုင်ထောင်ပေါင်းများစွာ လိုအပ်နေသေးသည်။”

ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုရင်း တတိယ စာမျက်နှာအား လှန်လိုက်သည်။

“ဂိုဏ်းချုပ် ….”

ထိုအချိန်မှာပဲ ရှောင်ကျီသည် အလောတကြီး နှင့် အနားရောက်လာပြီး တီးတိုးပြောလာ၏ “အပြင်မှာ လူတွေ ရောက်လာတယ်လို့ ခံစားမိတယ်”

“အွန် …”

ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ ထွက်လျှောက်ကြည့်လိုက်တော့ မြင်ကွင်းတစ်ခုလုံး မဲမှောင်နေသည်ကိုသာ မြင်လိုက်ရ၏။ ပုံမှန်မဟုတ်သော ပြောင်းလဲမှု တစ်ခုမှ မရှိချေ။

သူ လက်ကိုဆန့်တန်းပြီး ပြောလိုက်သည် “ငါ့ကို သေနတ်ပေး”

ရှောင်ကျီသည် စနိုက်ပါ အား ကမ်းပေးလိုက်၏။

ကျွင်းချောင်ရှောင်သည် သေနတ်ကိုမြှောက်ကာ ရှစ်ဆ မှန်ဘီလူးအား သေချာကြည့်လိုက်သည်။ သူ ဂိုဏ်းစုဆောင်းမှတ် ငါးမှတ်အား အသုံးပြု၍ မှန်ဘီလူးအား အသက်သွင်းလိုက်သည်။

ခဏလောက် လှည့်ပတ်ကြည့်လိုက်တော့ နှစ်ကီလိုမီတာ အဝေးတွင် ရှိနေသော လုပ်ကြံသတ်ဖြတ်သူ ငါးယောက်တို့အား မြင်လိုက်ရ၏။

တကယ့်ကို လူတွေ ရှိနေတာပဲ။

နေကာမျက်မှန်အား ကောက်တပ်ကာ မှန်ဘီလူးမှ တဆင့် လှမ်းကြည့်လိုက်ချိန်မှာတော့ ထိုလူတွေထဲတွင် သိုင်းတပည့် ထပ်ဆုံးအဆင့် တစ်ယောက် ပါနေကြောင်း သိလိုက်ရသည်။

ကျွင်းချောင်ရှောင်း အေးစက်စက် ပြုံးလိုက်သည် “နောက်ထပ် ငါးကြီးကြီး တစ်ကောင် ထပ်လာပြီ”

All Chapters