← Chapters

အခန်း (၁၃၅)

Vol. 10 Ch. 135

အခန်း (၁၃၅)

Vol. 10 Ch. 135

မိုးဆွေအဆောက်အဦ ပိုင်ရှင်သည် တည်ငြိမ်စွာဖြင့် လမ်းလျှောက်လာခဲ့သည်ဆိုသော်လည်း သူမသည် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။

သူမသည် ကျွင်းချောင်ရှောင်း ထက်ပို၍ သန်မာအားကောင်းလှသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းအား အနိုင်မယူနိုင်ပေ။

ပြောရမည်ဆိုလျှင် သူမလို သိုင်းဆရာအဆင့်ငါး ကျင့်ကြံသူတစ်ယောက်အနေနှင့် အဘယ့်ကြောင့် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်အား ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသနည်း။

အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သူ၏သေနတ်အား ရှောင်ကျီ ဆီ ပေးပြီးသည့်နောက် မှာတော့ အားအင်တိုးတက်ခြင်းအဆောင်အား ချိုးဖျက်ခဲ့၏။

သူ၏အားအင်အဆင့်သည် ရုတ်တရက်ဆိုသလိုပဲ ငါးဆထိတိုးတက်သွားခဲ့သည်။

မိုးဆွေ အဆောက်အဦ ပိုင်ရှင်သည် ဓားမြောင်များအား ပစ်လွှတ်လိုက်ချိန်မှာတော့ အလွန်အမင်း အားကောင်းသည်ကို သူခံစားမိ၏။

ထို့ကြောင့် သေနတ်နှင့် ရင်ဆိုင်မည်ဆိုပါက အသုံးမဝင်နိုင်သည်ကို သူသိသည်။

အားအင်တိုးတက်ခြင်းအဆောင်ကို အသုံးပြုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့် သည် ငါးဆတိုးတက်သွားခဲ့၏။

ပုံမှန်အားဖြင့် သူ၏အားအင်အဆင့်သည် ဂျင်သုံးသောင်းနီးပါးလောက် ရှိသည်ဆိုသော်လည်း ချက်ချင်းဆိုသလိုပဲ ဂျင်တစ်သိန်းခွဲနီးပါးထိ တိုးတက်သွားခဲ့သည်။

ထို့ကြောင့် မိုးဆွေအဆောက်အဦ ပိုင်ရှင်သည် သူနှင့် လက်နက်ချင်းယှဉ်ခုတ်ချိန်မှာ လက်တစ်ခုလုံး ထုံကျင်သွားခဲ့ခြင်းပင် ဖြစ်၏။

လှုပ်ရှားမှုနည်းစနစ်နှင့် ပတ်သက်၍ သူသည် ဝိညာဉ်ခြေလှမ်းအား ထိပ်ဆုံးအဆင့်သို့ နားလည်ထား၏။ လက်နက်အရဆိုလျှင် သူ၏အအေးဓားသည် ပိုမို၍ ကောင်းမွန်၏။ အားအင်အရဆိုရင်လည်း မိုးဆွေအဆောက်အဦ ပိုင်ရှင်ထက် သူသည် အဆမတန်ပို၍ အားကောင်းသွားသည်။

အဆင့်ကွာဟချက် ကြီးမားသည် ဆိုလျှင်တောင်မှ ဤအရာတွေအားလုံးသည် အနိုင်ယူနိုင်စွမ်းရှိစေသော အရာများ ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အမျိုးသမီး၏ ချီလမ်းကြောင်းများအား စည်းခတ်၍ သူမ၏နောက်ကြောအား ကန္ဓာရလင်းယုန်ဖြင့် ချိန်ကာ ခပ်တည်တည်ပြောလိုက်သည်။ "သွားကြစို့ …."

သူမ၏ ကျင့်ကြံခြင်း စွမ်းအင်များကို ထုတ်ဖော်၍ မရနိုင်တော့သလို သေနတ်ဖြင့်လည်း အချိန်ခံရသည် ဖြစ်သောကြောင့် မိုးဆွေအဆောက်အဦ ပိုင်ရှင်သည် ပြောစကားအား လိုက်နာရုံသာ တတ်နိုင်တော့သည်။

"သြော် … ဟုတ်ပြီ။ ခင်ဗျားရဲ့ နောက်လိုက်နောက်ပါတွေ အားလုံးကို ရှိရှိသမျှသော လက်နက်ပုန်းတွေ အကုန်လုံးကို လွှတ်ပစ်ဖို့ ပြောလိုက်။ ပြီးတော့ အားလုံးခေါင်းပေါ်ကို လက်တင်ပြီး တန်းစီပြီး ထိုင်ကြ။"

မိုးဆွေအဆောက်အဦ ပိုင်ရှင်သည် အမိန့်ပေးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ပြောတဲ့အတိုင်း လုပ်လိုက်ပါ။"

"ချလွမ် … ချလွမ် ….. ချလွမ်"

လုပ်ကြံသတ်ဖြတ်သူများသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားကြသော လက်နက်ပုန်းများ အားလုံးကို အောက်သိုပစ်လွှတ်လိုက်ကြ၏။ ပြီးနောက် သူတို့သည် တရားခံများကဲ့သို့ လက်ကို ခေါင်းပေါ်သို့တင်ကာ ညီညီညာညာဖြင့် ပုံစံ ထိုင်လျက်ရှိ၏။

ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူများဖြစ်သော မြွေဟောက် နှင့် တောကြောင်တို့ အပါအဝင် မိုးဆွေအဆောက်အဦ ၏ ရှိရှိသမျှသော လူအားလုံးတို့သည် ရှောင်ကျီ၏ စောင့်ကြပ်ကြည့်ရှုမှုအောက်မှာပဲ သံမဏိအရိုးဂိုဏ်းဆီသို့ ဦးတည်သွားကြတော့သည်။

သူတို့သည် လမ်းကြိုလမ်းကြားမှတစ်ဆင့် အချိန်ယူကာ သွားခဲ့သောကြောင့် မည်သူမှ သူတို့အား သတိမပြုမိကြပေ။

ညရောက်ချိန်မှာတော့ သူတို့သည် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။

"ဝမ် … ဝမ်"

မိုးဆွေအဆောက်အဦးပိုင်ရှင် နှင့် သူမ၏ နောက်လိုက်နောက်ပါများ အားလုံးသည် ဂိုဏ်း၏ အကာအကွယ် အစီအရင်ကို ဖြတ်သန်း၍ လေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်လိုက်ကြ၏။

အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသော လူပေါင်းများစွာ ဝင်ရောက်လာကြသည်ကိုမြင်တော့ လီချင်းယန် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒီလူတွေက …. "

"မိုးဆွေအဆောက်အဦ ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေပဲ။" ကျွင်းချောင်ရှောင်းပြောလိုက်၏။

ရှောင်ကျီက ထပ်ပြောလိုက်သည်။ "ဒုတိယစီနီယာအစ်ကို … ဒါတွေအားလုံးက မိုးဆွေအဆောက်အဦ ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေပဲ။ သူတို့ရဲ့ခေါင်းဆောင်လည်းပါတယ်။"

"အားလုံးအပြင် ခေါင်းဆောင်ပါပါတယ် ဟုတ်လား။"

လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။

လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းအား ရှင်းလင်းသည့်ကိစ္စသည် ရိုးရှင်းသည့် ကိစ္စတစ်ခုတော့မဟုတ်ပေ။

ထို့ကြောင့် ဂိုဏ်းချုပ်နှင့် သူ၏ဂျူနီယာညီလေးတို့ တစ်ခုခုဖြစ်မည်ကို အစဉ်တစိုက် စိတ်ပူနေမိ၏။

ယခုအားလုံးကို ဖမ်းဆီးလာခဲ့ပြီဖြစ်သောကြောင့် သူစိတ်ပူခဲ့မိသည်မှာ အလကားဖြစ်နေကြောင်း နားလည်သွားမိသည်။

စားသောက်ခန်းထဲတွင် ရှိလျက်ရှိသော ရီဟိုင်နဲ့ အားဟိုင်တိုသည် ပြတင်းပေါက်မှတစ်ဆင့် မိုးဆွေအဆောက်အဦ၏ ခေါင်းဆောင်အား မြင်လိုက်ရချိန်မှာတော့ မျက်လုံးတွေ ကျွတ်ထွက်တော့မတတ် တုန်လှုပ်သွားကြသည်။

"ကောင်းကင်ဘုံ …"

မိုးဆွေအဆောက်အဦ ၏ ခေါင်းဆောင်သည် ဂိုဏ်းချုပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။

အားဟိုင်သည် မယုံကြည်နိုင်စွာဖြင့်သူ၏မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။

"ငါအိပ်မက်များ မက်နေတာလား။"

"ဖြန်း"

ရီဟိုင်သည် ရုတ်တရက်ဆိုသလိုပဲ အားဟိုင်၏ မျက်နှာအား ဖြတ်ရိုက်လိုက်၏။

"နာလား။"

"နာတယ်"

"နာရင် အိပ်မက်မဟုတ်ဘူး အစစ်ပဲ။"

……..

လုပ်ကြံသတ်ဖြတ်သူများ ထွက်ပြေးလွတ်မြောက်ပြီး ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့် ကျွင်းချောင်ရှောင်းသည် လီချင်းယန်နှင့် စုရှောင်မိုတို့အား ၎င်းတို့၏မရီဒန်များကို စည်းခတ်ပြီး အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထားရန် အမိန့်ပေးလိုက်သည်။

မိုးဆွေအဆောက်အဦ ၏ ပိုင်ရှင်ကတော့ ခြားနားသော ဝန်ဆောင်မှုများကို ရရှိခဲ့၏။ သူမသည် အလင်းရောင်အသင့်အတင့်ရှိသော အခန်းတစ်ခုထဲတွင် ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။

တံခါးများအား သံတိုင်များဖြင့် ပိတ်ဆိုထားသလို ပင်မတံခါးကြီးအားလည်း သံကြိုးများနဲ့ချည်နှောင်ထားသည်။

အကျဉ်းသားတစ်ယောက်လို ဖြစ်နေသော သူမသည် မုန်းတီးစွာဖြင့် တွေးလိုက်မိ၏။ "ကျွင်းချောင်ရှောင်း ငါဒီကနေ လွတ်ပြီဆိုတာနဲ့ နင့်ရဲ့သံမဏိအရိုးဂိုဏ်းတစ်ခုလုံး ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မှာမဟုတ်ဘူး။"

"ဘုတ်"

တံခါး၏အောက်တွင်ရှိသော သေးငယ်သော အပေါက်လေးတစ်ခု ပွင့်လာပြီး ထမင်းပန်းကန်တစ်ခု ရောက်ရှိလာသည်။

………..

စားသောက်ခန်းထဲမှာသော ဂိုဏ်းချုပ်ကျွင်းနှင့် ရှောင်ကျီတို့သည် လျိုဝမ်ရှစ်ပြုလုပ်ပေးသော အစားအစာများအား အားရပါးရစားသုံးလျက်ရှိသည်။

သူတို့သည် ပါးစပ်ပေါက်နှစ်ပေါက် ရှိဖို့ပင် ဆုတောင်းနေမလား မှတ်လောက်အောင် အစားအစာများအား အလုအယက်နှင့် စားသုံးလျက်ရှိ၏။

တောထဲတွင် ရက်အနည်းငယ်ကြာ ပုန်းအောင်းပြီးသည့်နောက်မှာတော့ သူတို့နှစ်ယောက်သည် ထမင်း ချက်ပြုတ်စားသောက်ဖို့ အချိန်မရခဲ့ပေ။

ထို့ကြောင့် သူတို့၏ဆာလောင်မှုကို အာသာပြေစေရန်အတွက် တောထဲတွင်ရှိသော သစ်သီးများကိုသာ စားခဲ့ရ၏။ ချက်ပြုတ်ထားသော အစားအစာဆိုသည်မှာ မည်သည့်အရသာမှန်းဆိုသည်ကိုပင် သူတို့သတိမေ့ ခဲ့ရသည်။

နောက်တစ်ကြိမ် ခရီးရှည်ထွက်မည်ဆိုလျှင် တုတု ပြင်ဆင်ပေးထားသော အစားအစာများအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းသွားရန် ကျွင်းချောင်ရှောင်း တေးမှတ်ထားလိုက်မိသည်။ ဟင်းပွဲအနည်းငယ် ယူသွားမည်ဆိုလျင်တောင် အဆင်ပြေနိုင်သေး၏။

အစားအစာများအား မုန်တိုင်းတိုက်သလို စားသုံးနေသည့် နှစ်ယောက်သားကိုကြည့်၍ လျိုဝမ်ရှစ် ရင်နာနာနှင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်နဲ့ စီနီယာအစ်ကိုတို့ တော်တော်ကြီးကို ပိန်သွားတာပဲ။ပြန်ပြီးတော့ ဖြူဖြူဖွေးဖွေးနဲ့ ဝဝလင်လင် ဖြစ်လာအောင် တုတု ကျိန်းသေပေါက် ချက်ကျွေးမယ်။"

စိတ်ရှိတဲ့အတိုင်း စားသောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ဝမ်းဗိုက်ကို ပွတ်သပ်ကာ အဓိကဟောခန်းထဲရှိ သစ်သားထိုင်ခုံတွင် ထိုင်လျက်ရှိသည်။

စားသုံးရသောကြောင့် မည်မျှ စိတ်ကျေနပ်နေသည်ဆိုရသော် အားအင်တိုးတက်ခြင်းအဆောင်၏ အစွမ်းသက်ရောက်မှု ကုန်ဆုံးသွားချိန်တွင် ဖြစ်ပေါ်လာသည့် အရိုးအဆစ်များနာကျင်မှုများ ကိုပင် သက်တောင့်သက်သာဖြင့် ခံယူနေနိုင်၏။

စနစ်မှပြောလိုက်၏။ "လက်ခံသူသည် ဤအဆောင်နှင့် ပတ်သက်၍ အသုံးတည့်သည်ဟု သတ်မှတ်ရမည်။ထို့ကြောင့် အချိန်ရလျင် ဝယ်ထားသင့်သည်။"

"ဒီအားအင်တိုးတက်ခြင်းအဆောင်က မဆိုးဘူးပဲ။"

ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်၏။ "ငါ ဝယ်ကိုဝယ်မှဖြစ်မယ်။"

"ဒင်"

"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်အား အသုံးပြု၍ စဦးအဆင့် အားအင်တိုးတက်ခြင်း အဆောင်တစ်ခုကို ဝယ်ယူခဲ့သည်။"

"ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီး ဖြစ်သည်။"

"ဂိုဏ်းစုဆောင်းမှတ် - ၁၅၀/၅၀၀"

"ဂိုဏ်းချုပ်"

လီချင်းယန်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီးပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်း ဂိုဏ်းထဲကိုဝင်ချင်လို့ စာရင်းလာပေးတဲ့လူ အနည်းငယ် ရှိတယ်။ဒါပေမဲ့ သူတို့က ဂိုဏ်းအကာအကွယ် အစီအရင်ကြောင့် အထဲကိုဝင်လို့မရဘူး။ ဒါကြောင့် သူတို့အားလုံးကို ကျွန်တော် ချင်းယန်ရွာမှာ နေလို့ရအောင် စီစဉ်ပေးထားတယ်။"

"မနက်ဖြန်ကျရင် သူတို့ကို ဒီကိုခေါ်ခဲ့လိုက်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီချင်းယန်သည် စာရင်းစာအုပ်တစ်အုပ်ကား လှမ်းပေးကာ ပြောလိုက်၏။ "အတွင်းခြံဝန်း ပြင်ဆင်တဲ့ကိစ္စက မနေ့က ပြီးဆုံးသွားခဲ့ပြီ။စုစုပေါင်း လေးသောင်းသုံးထောင် ကုန်ကျပါတယ်။"

"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး ကြည့်ပါအုံး။"

ကျွင်းချောင်ရှောင်းသည် အဘယ့်ကြောင့် သူ၏ဒုတိယတပည့်ကြီးအား ချစ်ခင်နှစ်သက်သနည်း။ သူ၏ လိင်စိတ်သည် ထူးခြားနေသောကြောင့် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လီချင်းယန်သည် အလုပ်တစ်ခုကို လုပ်သည့်အခါတွင် စည်းစနစ်ကျကျနှင့် သေသေသပ်သပ် လုပ်တတ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် သူ အပြင်ကိုထွက်၍ တစ်ခုခုလုပ်မည်ဆိုလျှင် လီချင်းယန်အား ဂိုဏ်းကိုစောင့်ရှောက်ရန် မှာကြားခဲ့ခြင်းပင်ဖြစ်၏။

တည်ငြိမ်အေးဆေး၍ စည်းစနစ်ကျကျနေထိုင်တတ်သော လီချင်းယန်သည် ရှောင်ကျီ၊ရီရှင်းချန်တို့ကဲ့သို အဓိကဇာတ်ကောင်တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး မရှိဘူးဆိုသော်လည်း သန်မာအားကောင်းလှသော ဂိုဏ်းတစ်ခုတည်ဆောက်ရန်အတွက်တော့ မရှိမဖြစ်လိုအပ်သည့် အဓိက ဒေါက်တိုင်မျိုး ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စာရင်းစာအုပ်ကို လှမ်းယူ၍ တစ်ချက်မှပင်မကြည့်ပဲ သိမ်းဆည်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ငါမရှိတုန်းမှာ ဂိုဏ်းမှာတစ်ခုခု ဖြစ်ခဲ့သေးလား။"

လီချင်းယန်သည် တစ်ခုပြီးတစ်ခုအား အစီရင်ခံတော့သည်။

ဥပမာအားဖြင့် ဂျူနီယာညီလေး နှင့် ညီမလေးများ၏ အဆင့်တိုးတက်လာမှုနှင့်အတူ တပည့်သစ်များ၏ တိုးတက်မှုနှုန်းထားများကိုပါ အသေးစိတ်အစီရင်ခံလိုက်၏။

"လုံကျိရန်က မရီဒန်ဖွင့်ခြင်း အဆင့်တစ်ဆယ့်တစ်ကို ရောက်ရှိသွားပြီ ဟုတ်လား။" ကျွင်းချောင်ရှောင်း အံ့အားသင့်သွားမိ၏။

လီချင်းယန် ပြောလိုက်သည်။ "ဂျူနီယာညီလေးလုံက ဂိုဏ်းထဲကိုစပြီးဝင်တာနဲ့တစ်ပြိုင်နက် ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ခဲ့တယ်။ အဆင့်ကမြန်မြန်ဆန်ဆန်ပဲ တိုးတက်နေတယ်။ ကျွန်တော့်အထင် သူက ပျိုးထောင်ပေးလို့ကောင်းတဲ့ မျိုးစေ့ကောင်းတစ်ခုပဲ။"

"သူက တကယ်ပဲ ပျိုးထောင်လို့ သင့်လား ၊ မသင့်လားဆိုတာ သူ့ရဲ့အနာဂတ် လုပ်ဆောင်မှုမှာ မူတည်တယ်။"

ကျွင်းချောင်ရှောင်း လက်ကိုရမ်းခါပြီး ပြောလိုက်၏။ "သွားလို့ရပြီ။"

လီချင်းယန်သည် အသာနောက်ဆုတ်သွား၏။

သို့ပေမဲ့ လုချင်းချင်းသည် အဓိကဟောခန်း၏ တံခါးတွင်မှီကာ ရပ်လျက်ရှိနေသေးသည်။ သူမသည် လက်နှစ်ဖက်ကို ပိုက်၍ ထုံးစံအတိုင်း ခပ်တည်တည်ဖြင့် ပြောလာသည်။ "ဂိုဏ်းထဲကို ပါးစပ်ပေါက်တွေ အများကြီးခေါ်လာတာ ကုန်ကျစရိတ်ကတော့ များတော့မှာပဲ။"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံအား မှီထိုင်ကာ ပြောလိုက်သည်။ "ငါတို့သံမဏိအရိုးဂိုဏ်းက ချမ်းသာတယ်မဟုတ်ပေမဲ့ အကျဉ်းသားတော်တော်များများကို ကျွေးဖို့အတွက်တော့ ပြဿနာမရှိပါဘူး။"

"ဒီအမျိုးသမီးက လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ခေါင်းဆောင်ပဲ။ ဒါကြောင့်မလို့ သူမကို စောစောစီးစီး သတ်ဖြတ်ပစ်ဖို့ ဂိုဏ်းချုပ်ကို အကြံပေးချင်တယ်။" လုချင်းချင်း ခပ်တည်တည် ဖြင့် သတိပေး ပြောကြားလိုက်သည်။

ကျွင်းချောင်ရှောင်း ပြုံးလိုက်မိသည်။

"ငါ … ဖမ်းဆီးထားတဲ့မိန်းမတစ်ယောက်ကို မသတ်ဖြတ်ချင်ဘူး။"

ချလွင်။

လုချင်းချင်းသည် သူမ၏ဓားအား ဆွဲထုတ်လိုက်သည်။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ "ဂိုဏ်းချုပ် မလုပ်ချင်ဘူးဆိုရင် ကျွန်မလုပ်မယ်။"

ဤအမျိုးသမီးသည် အမှန်တကယ်ပင် သူမ၏ဓားကို ဆွဲထုတ်လိုက်၏။

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "ငါ လှပတဲ့မိန်းကလေးတစ်ယောက်ကိုခေါ်လာလို့ မင်း မနာလိုဖြစ်နေတာလား။"

လုချင်းချင်း သူ့အားကြည့်လိုက်၏။ သူကလည်း လုချင်းချင်းအား ပြန်ကြည့်လေသည်။ နှစ်ယောက်သားသည် အကြည့်ချင်းဆုံသွား၏။

"စတာပါ …. စတာပါ။"

ကျွင်းချောင်ရှောင်းသည် ဆက်မကြည့်နိုင်တော့ပဲ အသာမျက်လုံး လွှဲ လိုက်၏။ ပြီးနောက် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "ငါ အချိန်ကာလတစ်ခုထိ မိုးဆွေအဆောက်အဦးရဲ့ ပိုင်ရှင်ကို သတ်ဖြတ်လို့ရမှာ မဟုတ်ဘူး။ သူမကို ငါ သုံးစရာရှိသေးတယ်။"

"ဘာသုံးမှာလဲ။" လုချင်းချင်း မေးလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီကမ္ဘာကြီးမှာ သတင်းအချက်အလက်စီးဆင်းမှုကို တားဆီးပိတ်ပင်ထားသလိုပဲ။ တကယ်တော့ သတင်းအချက်အလက် စီးဆင်းမှုဆိုတာ မယုံကြည်နိုင်လောက်အောင် အရေးပါတယ်။ ငါက သတင်းအချက်အလက် စုဆောင်းခြင်းအဖွဲ့တစ်ခုကို ဖန်တီးချင်တယ်။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို မလွှမ်းခြုံနိုင်ရင်တောင်မှ အနည်းဆုံး ချင်းယန်နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံနိုင်ရင် အဆင်ပြေပြီ။"

လုချင်းချင်း၏ အကြည့်များသည် ထူးဆန်းသွား၏။

ဂိုဏ်းချုပ်တွင် ဤမျှရင့်ကျက်သော အတွေးအခေါ်များ ရှိနေသည်ဆိုသည်က သူမအား အနည်းငယ် အံ့အားသင့်စေသည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စမ်းချောင်းတောင်သို့ သွားစဉ်ကတည်းက သတင်းအချက်အလက် အဖွဲ့တစ်ခုကို တည်ဆောက်ရန် စဉ်းစားမိပြီးဖြစ်၏။ ထိုမှသာ အနာဂတ်တွင် ပြင်ပမှ လှုပ်ရှားမှု တစ်စုံတစ်ရာရှိမည်ဆိုပါက အရင်ဆုံး သိရှိနိုင်ပေလိမ့်မည်။

လုချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်၏။

"ဂိုဏ်းချုပ်က ဒီအမျိုးသမီးနဲ့ သူ့ရဲ့လုပ်ကြံသတ်ဖြတ်သူတွေကို သတင်းအချက်အလက်တွေ စုဆောင်းခိုင်းမလို့လား။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "လုပ်ကြံသတ်ဖြတ်သူတွေက သတင်းအချက်အလက် စုဆောင်းဖို့အတွက် အသင့်တော်ဆုံးသူတွေပဲ။"

လုချင်းချင်း ထူးမခြားနားသလို ပြောလိုက်သည်။ "ဒီအမျိုးသမီးကို ရီဟိုင်နဲ့ အားဟိုင်တို့လို လူမျိုးလို့ ထင်နေတာလား။ တစ်နေ့ကို ထမင်းနှစ်ပန်းကန်လောက် ကျွေးလိုက်ရုံနဲ့ ဂိုဏ်းချုပ်ပြောတာကို နားထောင်မယ်လို့ မထင်မိဘူး။"

ရီဟိုင်နဲ့ အားဟိုင်တို့သာကြားလျှင် ကျိန်းသေပေါက် ထအော်ပေလိမ့်မည်။

စီနီယာအစ်မကြီး ကျုပ်တို့က လျိုဝမ်ရှစ် အတွက် မိုးဆွေအဆောက်အဦးကို သစ္စာဖောက်ခဲ့တာ။ ထမင်းနှစ်ပန်းကန် အတွက် မဟုတ်ဘူးဗျ။

ကျွင်းချောင်ရှောင်း အသာပုခုံးတွန့်ကာ ပြောလိုက်သည်။

"ဒီအမျိုးသမီးကိုမှ ငါ မထိန်းချုပ်နိုင်ရင် ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဘယ်မှာရှိတော့မှာလဲ။ ရှက်လွန်းလို့ မင်းကိုပဲ ဂိုဏ်းချုပ်ရာထူးပေးလိုက်တော့မယ်။"

"အဲလိုဆိုလည်း ကောင်းတာပဲ။" လုချင်းချင်းပြောလိုက်သည်။

ကျွင်းချောင်ရှောင်း အသာမတ်တပ်ရပ်၍ သူမဆီသို့ လျှောက်သွားလိုက်သည်။ ပြီးနောက် သူမ ၏ ရှေ့တည့်တည့်တွင် ရပ်၍ ခပ်တည်တည်ဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်၏။

"လုချင်းချင်း … လုချင်းချင်း …. မင်းက ငါ့အပေါ်မှာ မကောင်းတဲ့စိတ်တွေ မွေးနေတာပဲ။"

လုချင်းချင်းကပြောလိုက်သည်။ "ဒါ ဂိုဏ်းချုပ်ပြောတဲ့ဟာကို ပြန်ပြောတာပဲလေ။"

ကျွင်းချောင်ရှောင်းရပ်တန့်ပြီး ဘေးတစ်ဖက်ဆီသို့ အသာမှီကာ တီးတိုးပြောလိုက်သည်။ "မင်းကဂိုဏ်းချုပ်တော့ ဖြစ်မလာနိုင်ဘူး။ ဂိုဏ်းချုပ်မိန်းမဆိုရင်တော့ မဆိုးဘူး။"

ဤကဲ့သို့ ပြောဆိုခြင်းသည် သေလမ်းရှာခြင်းနှင့်ဆင်တူသည်ဟု သူသိရှိပြီး ဖြစ်သည်။ ထို့ကြောင့် ပြောပြီးသည်နှင့် တစ်ပြိုင်နက် လှစ်ခနဲ အဓိဟောခန်းဆီမှ ထွက်ပြေးလိုက်တော့သည်။

"ဂိုဏ်းချုပ်"

စုရှောင်မိုအလန့်တကြားနှင့် ထအော်လိုက်သည်။

"သတိထား"

ဟောခန်းထဲမှ ပျော်ရွှင်စွာပြေးထွက်လာသော ကျွင်းချောင်ရှောင်းသည် စုရှောင်မို၏ အသံကို ကြားလိုက်တော့ သတိအနေအထား ဖြင့် ရှောင်ရှားရန် ပြင်ဆင်လိုက်သည်။ သို့ပေမဲ့ ဘာမှမလုပ်ရသေးခင်မှာပဲ သူ၏ ပြုံးဖြီးနေသော မျက်နှာအား ဖောင်းဆိုသည့်အသံနှင့်အတူ လောမှန်လေသည်။

ဂိုဏ်းချုပ်ကျွင်း သည် ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ လဲကျသွားတော့သည်။

"လီဖေး ….. မင်းကန်ပြန်ပြီလား။"

"မင်း ရဲ့ ဒီစောက်သုံးမကျတဲ့ ခြေထောက်တွေက ဘာလို့ငါ့ရဲ့ ချောမောလှပတဲ့ မျက်နှာကို နေ့တိုင်းနီးပါး ကန်နေရတာလဲ။"

"ခံရတာတောင်နည်းသေးတယ်။" လုချင်းချင်းသည် ရိသဲ့သံ ပြောဆိုပြီးသည့်နောက် ထွက်ခွာသွားတော့သည်။

သူမ၏တည်ငြိမ်နေသော စိတ်အဆင်သည် ကျွင်းချောင်ရှောင်း၏ စကားလုံးများကို ကြားချိန်မှာတော့ အနည်းငယ် လှုပ်ခါသွားခဲ့သည်။

"ငါ ထိုက်ရွှမ်အအေးနှလုံးသား ကျင့်စဉ် ရဲ့ တတိယအဆင့်ကို ဘယ်အချိန်မှ နားလည်မှာလဲ ။ဒါမှ အေစစ်အမှန်တည်ငြိမ်တဲ့ နှလုံးသားကို ရရှိနိုင်လိမ့်မယ်။"

All Chapters