← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

လုချင်းချင်း …. မင်းက တိုက်ရိုက်တပည့်တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ခွင့်မလွတ်နိုင်တဲ့ အပြစ်တွေကို အခါခါကျူးလွန်ခဲ့တယ်။ ဒီနေ့ကစပြီး မင်းရဲ့သိုင်းပညာတွေ အကုန်လုံးက ပျက်ဆီးသွားပြီ။ ဒါကြောင့် မင်းကို ဂိုဏ်းကနေ ထုတ်ပယ်ရမယ်။ စောဒက တက်စရာ ရှိသေးလား။"

လေးနက်သည့်အသံတစ်ခု သည် တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းတစ်ခုထဲတွင် ပျံ့နှံ့သွားသည်။

အဓိက ဟောခန်းထဲတွင် ဒူးထောက်လျက် ရှိသော လုချင်းချင်းသည် သူမ၏ ဦးခေါင်းကို ငုံ့၍ အေးစက်စက် ပြောလိုက်သည်။ "ဘာတစ်ခုမှ ပြောစရာ မရှိပါဘူး။"

"သူမကို အပြစ်ပေးဖို့အတွက် နှိပ်စက်ခန်းထဲကို ခေါ်သွား။"

တပည့်များအားလုံး၏ မျက်လုံးအောက်မှာတော့ သူမသည် နှိပ်စက်ခြင်း အခန်းထဲသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

"တစ်နေ့မှာ လုချင်းချင်း ဒီလိုပုံစံနဲ့ ဖြစ်လိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့ဘူး။"

"အကြီးအကဲကြီး အသက်ရှိစဉ်တုန်းက သူမကို အရမ်းအရေးပေးခဲ့တယ်။ အခုတစ်ခုခု ဖြစ်တော့ သူမကို ဘယ်သူမှ မကာကွယ်ရဲတော့ဘူး။”

“သူမက အမြဲတမ်းအေးစက်စက် ဖြစ်နေတတ်တယ်။ အားလုံးက သူမဆီက ပိုက်ဆံချေးထားရတဲ့မျက်နှာမျိုးနဲ့ မော်ကြွားနေတာပဲ။” “

“အကြီးအကဲကြီးသာမဟုတ်ရင် သူမကို ဘယ်သူမှ တိုက်ရိုက်တပည့်ဖြစ်အောင် ခေါ်ယူခဲ့မှာ မဟုတ်ဘူး။"

ဂိုဏ်း၏ ဂိတ်တံခါးဝမှာတော့ လုချင်းချင်းသည် သူမ၏ဆံနွယ်တွေကို အနောက်သို့ လြှမ်းလျှောက်ထွက်ခွာလာ၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့လျက်ရှိသည်။

"အစ်မ ချင်းချင်း"

သာမန်ထက်ပိုသော အသွင်အပြင်နှင့် အမျိုးသမီးတစ်ယောက်သည် ဂိတ်တံခါးဝတွင် ရပ်၍ လက်ဝေ့ယမ်းပြသည်။ သူမသည်ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရပြီဆိုတော့ မိုးကောင်းကင် အအေးနှလုံးသား နန်းဆောင် က ကျွန်မ အပိုင် ဖြစ်သွားပြီပေါ့။"

လုချင်းချင်း ထူးမခြားနားသလို ပြောလိုက်သည်။ "ငါ ထွက်ခွာပြီးသွားရင် မင်းအနေနဲ့ ဒါကို ဆက်ခံဖို့ လုံလောက်တဲ့ အရည်အချင်း ရှိခဲ့ရင်ပေါ့။"

အမျိုးသမီး၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွား၏။ သို့ပေမဲ့ သူမသည် သူမ၏ လက်အား အြသာပြောလိုက်သည်။ "ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ စောစောကသာ သိရင် အနီရောင် ပွဲတက် အင်္ကျီတစ်ခုကို ချုပ်ထားပါတယ်။အနီးရောင်ဝတ်စုံနဲ့ဆိုရင် ကျွန်မက အရမ်းလှမယ်လို့ထင်တယ်။ ဟုတ်တယ်မလား။"

လုချင်းချင်း ပြောလိုက်သည်။

"ဝတ်စုံက ဘယ်လောင်လှလှ မင်းရဲ့ ညစ်ပတ်တဲ့ နှလုံးသားကို မဖုံးထားနိုင်ဘူးလေ။"

အမျိုးသမီး၏ အပြုံးသည် ချက်ချင်းဆိုသလိုပဲ ရပ်တန့်သွားသည်။ သူမသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ "ရှင်က ရေခဲလိုသန့်စင်တယ်။ ကျောက်စိမ်းလို သန့်စင်တယ်။ နှင်းလိုသန့်စင်တယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ သိုင်းပညာတွေ အားလုံးပျက်စီးသွားခဲ့ရပြီမဟုတ်လား။ နောက်ပြီးတော့ ဂိုဏ်းကနေ ထုတ်ပယ်ခြင်းခံရတယ်။အ ခုချိန်မှာ သနားစရာ လမ်းဘေးခွေးတစ်ကောင်လိုတောင် ဖြစ်နေပြီ။"

လုချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။

"ငါ့ဆီမှာ နတ်ဘုရား စိတ်ဝိညာဉ်အမြစ်ရှိတယ်။ ဒါပေမဲ့ မင်းဆီမှာ မရှိဘူး။ ငါ့ဆီမှာ ထိုက်ရွှန် အအေးသားဂိုဏ်း ခန္ဓာကိုယ် ရှိတယ်။ ဒါပေမဲ့ မင်းဆီမှာ မရှိဘူး။ ဒီတော့ ငါက ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတယ်ဆိုရင်တောင် မင်းက ငါ့ရှေ့မှာ အမှိုက်တစ်ခုလိုပဲ။"

"ရှင် …."

အမျိုးသမီးသည် မျက်နှာတွေ နီမြန်းသွားသည်အထိ ဒေါသတွေ ထွက်သွားခဲ့သည်။

လုချင်းချင်းသည် အသက်ကိုပြင်းပြင်းရှူပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည် ။ ပြီးနောက် တီးတိုး ရေရွတ်လိုက်မိသည်။ "အပြင်ကမ္ဘာကြီးက အရမ်းကို ကျယ်ပြောတယ်။ ဒီနေရာက ငါ့ကို မလိုအပ်ဘူး ဆိုရင်တောင် ငါ့ကို လိုအပ်တဲ့နေရာတစ်ခုရှိနေလိမ့်မယ်။”

“ဂိုဏ်းရဲ့ နှလုံးသားကျင့်စဉ် မရှိဘဲနဲ့ ရှင့်ရဲ့ ထိုက်ရွန်အအေးဓားခန္ဓာကိုယ်က ဘာတစ်ခုမှ သုံးလို့ရမှာ မဟုတ်ဘူး။ အမှိုက်လိုပဲ။ ဒါကိုတောင် မသိဘဲ တစ်ခြားသူတွေရှေ့မှာ ဆရာကြီးလိုလိုလုပ်နေတယ်။" အမျိုးသမီးသည် နှာခေါင်းရှုံ့လိုက်၏။

လုချင်းချင်းသည် ပြောဆိုရမှ ရပ်တန့်၍ သူမ၏ လေးလံအားနည်းနေသော ခန္ဓာကိုယ်ကို အတင်းအားတင်းကာ လှေကားထစ်မှ တဆင့် ဖြေးဖြေးချင်း ဆင်းသက်သွားတော့သည်။

ထိုနေ့မှာ နှင်းများသည်းသည်းမဲမဲ ကျဆင်းလျက်ရှိပြီး မြစ်တွေ ချောင်းတွေပင် နှင်းမှုန်များဖြင့် ပြည့်နက်သွားတော့သည်။ ဆောင်းမဝင်ခင် ထိုကဲ့သို့ ဖြစ်ပျက်နေသည်ဆိုသည်မှာ သာမန်ထက် ထူးခြားသည့် အခြေအနေမျိုးကြောင့်ပင် ဖြစ်လိမ့်မည်။

ဝိညာဉ်နှင့် သရဲများကို ယုံကြည်သော ရွာသူရွာသားများသည်သာ ဤသို့ဆိုးရွားနေသော ရာသီဥတုထဲတွင် လမ်းလျှောက်နေသော အမျိုးသမီးကို တွေ့ပါက သေမျိုးကမ္ဘာထဲသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဟု ထင်မှတ်ကြမှာ သေချာသည်။

………

ဟူး။

သူမ၏ အခန်းထဲသို့ ပြန်ရောက်ချိန်မှာတော့ လုချင်းချင်းသည် အတွေးများအားလုံးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ပြတင်းပေါက်ဆီသို့ လမ်းလျောက်သွားကာ ကျယ်ပြောလှသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ပြီးနောက် တွေးလိုက်သည်။ "တိုင်ကျန်းလုံ …. ကျွန်မ ဒီလိုမျိုး ထုတ်ပယ်ခံရမှာကို ကြိုတင် သိနေတာမို့ ထိုက်ရွှန်အအေးနှလုံးသား ကျင့်စဉ်ကို ကြိုတင်ပြီးပေးထားခဲ့တာလား။"

အဓိက ဟောခန်း၏ အပြင်ဘက်တွင်ရှိ ကြွက်သားတည်ဆောက်ခြင်းအခန်းရှေ့တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် မအိပ်သေးဘဲ ပြတင်းပေါက်နား ရပ်လျက်ရှိသော အမျိုးသမီးအား မြင်လိုက်ရသည်။ သူသည် ခေါင်းကို ခါယမ်းလိုက်သည်။ "ငါ့ရဲ့တပည့်ကြီး မင်းရဲ့ အေးစက်စက်အမူအရာတွေကို ဘယ်တော့မှ ပြောင်းလဲမှာလဲ။"

……..

"မနက်ခင်း စောစောစီးစီး အိပ်ရာကထ .. လေ့ကျင့်ရေးမှာ အားအင်စိုက်ကြ ….. ရည်မှန်းချက်ကို မပျောက်ပျက်စေဖို့ …."

နတ်ဘုရား တေးဂီတသည် ကွင်းပြင်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့လျက်ရှိသည်။

တပည့်များသည် သူတို့၏ နေ့စဉ်လေ့ကျင့်ခန်းကို ပြုလုပ်လျက် ရှိ၏။

ကျွင်းချောင်ရှောင်းသည် အားလုံး၏ ရှေ့တွင် ရပ်လျက် ဦးဆောင်ကာ ကခုန်နေသည်။

လုံကျိရန် ၊ ရန်ယုဟွာနှင့် တစ်ခြားသောသူများသည်လည်း အသားကျလာခဲ့ပြီဖြစ်သည်။ သူတို့သည် ရှက်ရွံ့စိတ်များကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ပြီး တစ်ခြားသူများနှင့်အတူ ပျော်ရွှင်စွာ ကခုန်သည့် လုပ်ငန်းစဉ်အား လုပ်ဆောင်နေကြပြီဖြစ်၏။

မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တစ်ချက်တီးကာ ပြောလိုက်သည်။ "ချင်းယန် … ဂိုဏ်းထဲဝင်မယ့်လူတွေကို မင်းခေါ်ပြီးပြီလား။"

"ဂိုဏ်းချုပ် သူတို့ရောက်နေပါပြီ။" လီချင်းယန် ပြောလိုက်သည်။

ကျွင်းချောင်းရှောင်းသည် သူ၏ဆံပင်တွေကို နောက်ဘက်သို့ ယမ်းခါပြီးအော်လိုက်သည်။ "စုချောင်မို ….. တံခါးဖွင့်လိုက်။"

ကျွီ ကျွီ။

စုချောင်မိုသည် အနီရောင်ဂိတ်တံခါးကြီးရှေ့တွင် အသာရပ်၍ ဂိတ်တံခါးကြီးအား ဖွင့်လိုက်သည်။

တံခါးဖွင့်ဖွင့်လိုက်ချင်းမှာပဲ အေးစက်သောလေပြေတစ်ခု သည် ရုတ်တရက် တိုက်ခတ်လာ၏။

ဝှစ်။

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်ကို လှမ်းလျှောက်၍ ချက်ချင်းဆိုသလိုပဲ သူ့ဆီ ဦးတည်လာနေသော ဘောလုံးအား ဖမ်းထားလိုက်၏။ ပြီးနောက် ရုတ်တရက်ဆိုသလိုပဲ လီဖေး၏မျက်နှာအား ချိန်ကာ ကန်ချလိုက်တော့သည်။

"အမှိုက်ကောင် … ဒီတစ်ခါ ငါ့အလှည့်ပဲ"

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တစ်ဖြောင်းဖြောင်းတီး၍ သူ၏ အင်္ကျီအား အသာပုတ်ကာ ဖြင့် ပြောလိုက်သည်။ "မင်း ငါ့ကို မကန်ခင် ငါမင်းကို အရင်ကန်ရမယ်။"

ပြောပြီးသည့်နောက် သူသည် ဂိုဏ်းထဲမှ အသာထွက်လာသည်။

စုချောင်မိုသည် ဘေးတစ်ဖက်ဆီမှ အသာရပ်၍ လက်မထောင်ပြလိုက်၏။ "ဂိုဏ်းချုပ် ကန်ချက်က ကောင်းတယ်။"

ဂိုဏ်း၏ အပြင်ဘက်တံခါးဆီမှာတော့ အသက်အရွယ်မျိုးစုံနှင့် လူများသည် စိတ်လှုပ်တရှားဖြင့် စောင့်လျက် ရှိကြသည်။

သူတို့သည် ကျွင်းချောင်းရှောင်း ထွက်လျောက်လာသည်ကိုမြင်တော့ စိတ်လှုပ်ရှား ပျော်ရွှင်လာကြသည်။

"ဂိုဏ်းချုပ်ကျွင်း … ကျွန်တော့်နာမည်က လီထန်းရှန်ပါ။ ကျွန်တော်ကောင်းကင်ကို သွားချင်တယ်။ ကျေးဇူးပြုပြီး အတောင်ပံ တစ်စုံပေးပါ။"

အလွန်အမင်း အားနည်းပုံပေါ်သော လူငယ်သည် ပထမဦးဆုံး အော်ဟစ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် စာရင်းပေးသွင်းရာ စားပွဲခုံရှေ့တွင် ထိုင်၍ သူ၏မေ့စေ့အား ပွတ်သပ်လိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ဆို အတော်ပံတောင် မလိုဘူး။ လေပြင်းပြင်း တစ်ချက်တိုက်လိုက်တာနဲ့ ကောင်းကင်ပေါ်ကို ရောက်သွားမှာပဲ။"

“ဟား …… ဟား …… ဟား”

စာရင်းလာသွင်းသော တပည့်များအားလုံးသည် ရယ်မောလိုက်ကြသည်။

အမြဲတစေ တည်တည်ငြိမ်ငြိမ် နေတတ်သော လီချင်းယန်သည်ပင်လျှင် ဂိုဏ်းချုပ်နောက်မှ မတ်တပ်ရပ်ရင်း ထရယ်လိုက်မိတော့သည်။

"ခင်ဗျားတို့ ဘာရယ်တာလဲ။"

လီထန်းရှန် ဟုခေါ်သော လူငယ်လေးသည် အားလုံးကို စူးစိုက်ကြည့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်သံမဏိအရိုးဂိုဏ်းထဲကို ဝင်ပြီး အိမ်မက်တွေကို ဖန်တီးချင်တယ်။"

ကျွင်းချောင်ရှောင်းသည် ဆက်ပြောဟူသော အမူအယာအား လုပ်ပြလိုက်သည်။

လီထန်းရှန် ဆက်ပြောလိုက်သည်။ "ကျွန်တော့်ရဲ့အိမ်မက်က အားအင်ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာဖို့ပါ။"

ငယ်ရွယ်စဉ်တွင် အားအင်ကောင်းအောင် လုပ်ချင်သည် ဆိုသည်မှာ အမှန်တကယ် ဖြစ်သင့် ဖြစ်ထိုက်သော အိမ်မက်မျိုးပင်ဖြစ်သည်။

ဘာအလုပ်မှမလုပ်ဘဲ အိပ်လိုက်စားလိုက်လုပ်မည်ဟူသော ရည်မှန်းချက်သာ ရှိမည်ဆိုပါက ဆားနယ်ခံရသော ငါးသေကြီးတစ်ကောင်နှင့် ဘာကွာလိမ့်မည်နည်း။

ဤကလေးသည် အနည်းငယ် ကြောင်တောင်တောင် နိုင်သည်ဟု ကျွင်းချောင်ရှောင်း ခံစားမိ၏။ သို့ပေမဲ့ ဦးနှောက်ကောင်းပုံတော့ ပေါ်သည်။

အခြေခံအချက်အလက်များကို မေးပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းချုပ် စည်းတံဆိပ်တုံးအား ထုနှက်ကာ အော်လိုက်သည်။ "နောက်တစ်ယောက်။"

ဒုတိယရောက်ရှိလာသော သူမှာ မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။

သူမသည် ရိုးရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆင်းရဲသည့်မိသားစုမှ ပေါက်ဖွားလာဟန်ပေါ်၏။

သူမ၏ မျက်နှာသည် အနည်းငယ် ညစ်ပတ်နေသည်ဆိုသော်လည်း လှပသည့် မျက်နှာ သွင်ပြင်ကိုတော့ ဖုံးကွယ်ထား၍တော့ မဖြစ်နိုင်ပေ။ သူမသည် ခေါင်းကို ငုံ့ကာ ရှက်ဝဲဝဲဖြင့် ပြောလိုက်သည်။ "ကျွန်မ နာမည်က လင်းယွမ်ရွှယ်ပါ။ “

သူမ ဘာလို့ ရှက်ရွံ့နေသနည်း။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းရဲ့ အိမ်မက်ကို ပြော။"

လင်းယွမ်ရွှယ်သည် အားမွေးက ပြောလိုက်တော့သည်။

"အမျိုးသမီးတွေက အမျိုးသားတွေလောက် မကောင်းဘူးလို့ ပြောတယ်။ ဒါကြောင့်မို့လို့ သိုင်းပညာကို လေ့ကျင့်ပြီး အဲဒီ လူ့ဂွစာ ကို သက်သေပြချင်တာ။ မဟုတ်ဘူး ကျွန်မဆိုလိုတာက ဂိုဏ်းချုပ်ကို လူ့ဂွစာ လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။"

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မထားပေ။ သူသည် ဝင်ခွင့်ဖောင်အား လှမ်းယူပြီး ပြောလိုက်၏။

"ထေူးခြားပြီး ထက်မြက်နေတဲ့ ကမ္ဘာကြီးမှာ အမျိုးသမီးတစ်ယောက်ရဲ့ တည်ရှိမှုက နိမ့်ကျနေတာ အထူးအဆန်းတော့ မဟုတ်ဘူး။ မင်းဆီမှာ အိမ်မက်တစ်ခုရှိတယ်ဆိုလျှင် ငါမင်းကို ဟိုးအမြင့် ထိရောက်အောင် တွန်းတင်ပေးမယ်။ မင်းအနေနဲ့ အကောင်းဆုံး ကြိုးစားပေတော့။"

ဒုတ်။

သူသည် ဝင်ခွင့်ဖောင်တွင် တံဆိပ်တုံး ထုနှက်လိုက်သည်။

လီချင်းယန်၏ နှုတ်ခမ်းများသည် တစ်ဆက်ဆက် တုန်ရင်သွားသည်။ ပြီးနောက် တီးတိုးပြောလိုက်၏။ "ဂိုဏ်းချုပ် နာမည်တစ်ခုပဲ မေးရသေးတယ်။ ဒါကြီးက လက်လွတ်စံပယ်မနိုင်ဘူလား။"

ကျွင်းချောင်ရှောင်း တီးတိုး ပြန်ပြောလိုက်၏။

"ဂိုဏ်းက ယောကျာ်းတွေကချည်းပဲ ပြည့်နေတာ။ ယန်ဓာတ်စွမ်းအင်တွေက အရမ်း အားကောင်းနေပြီ။ ငါတို့ အမျိုးသမီးတပည့်တွေကိုလည်း ဝင်ခွင့်ပေးမှ ဖြစ်မယ်။ မဟုတ်ရင် ဂိုဏ်းတစ်ခုလုံး အခြောက်ဂိုဏ်းဖြစ်သွားလိမ့်မယ်။"

"အခြောက်ဂိုဏ်း ဟုတ်လား။"

လီချင်းယန်သည် ဇဝေဇဝါဖြစ်သွားမိသည်။

"နောက်တစ်ယောက်။"

တတိယစာရင်းပေးသွင်းနေသူသည် ရှေ့သို့တိုးလာသည်။ သူသည် အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်လောက်သာ ရှိသော လူတစ်ယောက် ဖြစ်၏။

ခေါင်းကိုကုတ်တာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း သံမဏိအရိုးဂိုဏ်းက သမားတော်များ လိုအပ် သေးလား။"

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"မင်းက သမားတော်လား။"

"ဟုတ်ပါတယ်။"

ကောင်လေးသည် စာများရေးသားထားသော သစ်သားကတ်ပြား တစ်ခုကို စာပွဲပေါ်သို့ တင်လိုက်သည်။

"ဒါက ကျွန်တော် ဘယ်သူလဲဆိုတာပါပဲ။"

ကျွင်းချောင်ရှောင်း ယူ၍ ကြည့်လိုက်သည်။

ဆေးအင်ပါယာ၏ မျိုးဆက် စွန်းပုကုံ။

"ဆေးအင်ပါယာ ဟုတ်လား။" ကျွင်းချောင်ရှောင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။ သူ့အထင်အရဆိုလျှင် အင်ပါယာဟု နာမည်တပ်ခေါ်ရသောလူသည် ဤကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးလူများပင် ဖြစ်၏။

ဆေးအင်ပါယာတစ်ယောက်၏ တပည့်သည် အဘယ့်ကြောင့် သူ၏ တပည့်အဖြစ် စာရင်းလာသွင်းရသနည်း။

စွန်းပုကုံသည် သူ၏ ခေါင်းကို ကုတ်၍ ပြုံးကာပြောလိုက်သည်။ "ဆရာက တောင်အောက်ကို ဆင်းပြီး အတွေ့အကြုံယူဖို့ ခိုင်းလိုက်တယ်။ ဒါကြောင့်မို့လို့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ပြီး အတွေ့အကြုံယူဖို့ ဆုံးဖြတ်လိုက်တာပဲ။"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆက်ဆက်နှင့် တုန်ရင်သွားသည်။

"ကောင်လေး …. မင်းအတွေ့အကြုံ လိုချင်ရင် ဆောင်ကြာမြိုင် သွားတာမှ ဟုတ်အုံးမယ်။"

"ဆောင်ကြာမြိုင် ဟုတ်လား။"

စွန်းပုကုံသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "အားနာပါတယ်။ အဲနေရာကို ကြားတောင် မကြားဖူးဘူး။"

ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား ယူ၍ မေးရန်ပြင်လိုက်သည်။

လီချင်းယန်သည် တီးတိုးပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒီလို သစ်သားကတ်ပြားတွေကို ဈေးထဲမှာ ငွေတစ်စ လောက်ပေးလို့ ရှိရင် ရတယ်။ ဆေးအင်ပါယာရဲ့တပည့်မပြောနဲ့ ေရေးပေးကြသေးတယ်။"

“ဟမ်……”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။

"ချီးထဲမှ။ " "ဒီကမ္ဘာမှာလည်း ဒီလိုမျိုးအတုလုပ်လို့ရတာပဲလား။"

စွန်းပုကုံ သည် လီချင်းယန်၏ စကားကို ကြားချိန်မှာတော့ ကြောင်အအဖြင့် သူ၏ခေါင်းကို ကုတ်လိုက်မိသည်။

ပြီးနောက် သူ၏ အိပ်ထဲမှ သစ်သားကတ်ပြားအများအပြားအား ထုတ်ယူ၍ ပြောလိုက်၏။ "ဂိုဏ်းချုပ် ဒါတွေက ကိုယ်ဘာကိုယ် ထွင်းထုထားတာ ။ ဝယ်ထားတာတော့ မဟုတ်ဘူး။ဘာကို ဖြစ်စေချင်လဲဆိုတာ ကိုယ်ဘာကို ရေးလို့ရပါတယ်။ကျွန်တော် ဂိုဏ်းထဲဝင်လို့ရရင် ပြီးပြီ။"

ဓားအင်ပါယာ၏မျိုးဆက် စွန်းပုကုံ။

မိစ္ဆာအုပ်စိုးသူ၏ မျိုးဆက် စွန်းပုကုံ။

နတ်ဆိုးမင်းသား၏ မျိုးဆက် စွန်းပုကုံ။

များပြားလှသော နာမည်များ တေစ်ခုနှင့် တစ်ခုသည် မတူညီလှချေ။ အံ့ဩဖွယ်ရာ ကောင်းလှချေသည်။

"သူ့ကို ဝင်ခွင့်ပေးလိုက်မယ်။"

ကျွင်းချောင်ရှောင်း တံဆိပ်တုံး ထုလိုက်သည်။

ဤလူငယ်ယူဆောင်လာသည့် ကတ်ပြားများမှာ အတုများဖြစ်သည်ဆိုသော်လည်း ဝင်ခွင့်ရရန် ကြိုးစားရာ၌ ဤကဲ့သို့ ကြံရည် ဖန်ရည်ရှိသော လူမျိုးကို သူတကယ်ပဲ နှစ်ကြိုက်မိသည်။

"နောက်တစ်ယောက်။"

ဘုတ်။

ပြောပြီးပြီးချင်းမှာပဲ လူတစ်ယောက်သည် တစ်စုံတစ်ခုအား အမဲရောင်အဝတ်နှင့် ပတ်ထားသော အထုတ် တစ်ထုတ်ကို စားပွဲပေါ် တင်ကာ ပြောလိုက်သည်။ "ဓားကျင့်ကြံသူ … ကျိုးဟုန်။"

All Chapters